27/06/2026
အချစ်လမ်းညွှန် အပိုင်း50 shortcut
သား၏ ကျောင်းအင်္ကျီအဖြူများ
ကို အဖြူတွေချည်း သပ်သပ် အဝတ်
လျှော်ပျဉ်ချပ်ပေါ် ဇဉ် အရင် ပစ်ချ
လိုက်သည် ။ ကျောက်စည်ဘေး
အောက်ခြေမှာ ကပ်ထောင်ထား
သည့် အဝတ်လျှော်ဆပ်ပြာမှုန့်ထုပ်
ကို ယူပြီးအသင့်ရေထည့်ထားသော
ကော်ဇလုံတည်း ဖြူးထည့်သည် ။
နန်းပေးကို ဇဉ့်အပေါ်ဝတ်အင်္ကျီ
တွေနဲ့သားရဲ့ အနွေးထည်နှင့် ဇဉ့်
အနွေးထည်တွေလောက်ပဲ လျှော်
စေသည် ။
ဒီလို သားလုပ်သူရဲ့ အင်္ကျီအဖြူတွေနှင့်
အတွင်းခံတွေ ၊ ဇဉ့်ခါးအောက်ပိုင်းက
ထမိန်တွေဘာတွေကိုတော့ ကိုယ်တိုင်
လက်နှင့်သာလျှော်သည် ။
“ဗွမ် ..ဗွမ် ..”
အဝတ်တွေထည့်လိုက်တော့ ရေစုပ်
သွား၍ ဇလုံ ထဲရေသိပ်မကျန် ။ ထို့ကြောင့်
ဖလားနဲ့ထပ်ခပ်ထည့်ပြီးမှ
စီးထားသည့် ကတ္တီပါဖိနပ်အား
ချွတ်လိုက်သည် ။ ဆောင့်ကြောင့်
ထိုင်ချဖို့ ထမိန်စအား သေချာပြင်
ပြီးမှ အိမ်ဘက်ကခေါ်သံကြောင့်
ဇဉ်ပြန်ထရသည် ။
“ အစ်မလာပြီညီမ ..!ခဏလေး ..”
ဝက်စတူးဟင်းရည် မီးဖိုပေါ် ဇဉ်
တင်ခဲ့တာဖြစ်သည် ။ ဒါကို နန်းပေး
က အိမ်လှေကားမှ “ အစ်မရေ ..
ဝက်စတူးအိုးချပြီး သရက်သီး
ခြောက်ချက် ချက်လိုက်တော့မယ်
နော်” ဟုအော်သည် ။
ဇဉ် အဖြေချက်ချင်းမပေးပဲ လူ
ထလာရခြင်းက ဝက်စတူးဟင်းရည်
၏ အခြေအနေကို သိချင်သောကြောင့်
ပင် ။
“ ကျွီး ..”
အရင်ကလမ်းဘက်ကိုဖောက်ထွင်းမြင်
ရသော ခြံစည်းရိုးမဟုတ်တော့တာ
မို့ ဇဉ်သေချာကြည့်နေရသည် ။ ပျဉ်ချပ်
ခြံစည်းရိုးကြားက ထိုမဲမဲ သဣာန်ဆီ
ခြေစုံရပ်အာရုံရောက်သွားတာမို့ လှေ
ကားမတက်ဖြစ် ။
“ ဟင် ..”
ဇဉ့်မျက်လုံးများကြောင်ဝိုင်းသွား
သည် ။ စေ့ရုံစေ့ထားသော ပျဉ်တံခါး
အား ဆွဲဖွင့်၍ ခပ်တည်တည်နဲ့ဝင်လာ
သူသည် ..
“ အစ်ကို ..”
နက်ပြာရောင်ရှပ်လက်ခေါက်ဝတ်ထား
သောသူသည် ဇဉ်ရှိရာသို့သာတစိုက်မတ်
မတ် ..
“ မမြင်ဖူးဘူးလား ..”
လှေကားထိပ်က နန်းပေးကိုမေ့ပြီး
ဇဉ်ရင်ခွင်ထဲ တိုးဝင်မိသည် ။ ခါး
ကိုဖက်လိုက်တော့ ဖြန့်ချထားသော
သူမဆံပင်ရှည်တွေကိုရောပွေ့ပိုက်
ထားသလိုဖြစ်သွားတာ ကြောင့်
သူ့လက်ကြားနဲ့ သူမကျောပြင်ကြား
မှာ ထိုဆံပင်ရှည်များသည် ခွေဝိုက်
မို့တက်နေသည် ။
နှစ်ဦးသားဟာ စက္ကန့်တွေအကြာကြီး
အထိ ခပ်တင်းတင်းဖက်ထားကြဆဲ .. ゚ #ထိုင်း #ဂျပန် #ဝတ္ထု #မလေးရှား