Popa Sakawar

Popa Sakawar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Popa Sakawar, Satbir Hotel Apartments LLC, Dubai.

Yangon > Dubai
Dubai > Yangon

✈️ Air Cargo ✈️
💵 Money Transfer 💵

Call & WhatsApp
+971566059670
+959423742760

Call & WhatsApp
+971543353407
+959780480484 ( Viber )

27/11/2026

ကလေးကောင်းမှ လူကြီးကောင်းမယ်တဲ့
အရင်နေ့ညက ကျမ ရန်ကုန်အိမ်မှာ ရှိနေတုန်း အချိန်ကတော့ ည10 နာရီလောက်ဖြစ်မယ်
အိမ်ရှေ့မှာ ကလေးတွေ ဆူညံ လာဆော့နေကျတာ
ကိုယ်ကလည်း မကြည့်မိလိုက်
သူတို့ဘက်
ခနနေတော့ အိမ်ရှေ့မှာထားတဲ့
ကား အဝင်/ အထွက်ရှိသည် ဆိုတဲ့ ဆိုင်းဘုတ်
မရှိတော့ဘူးတော်
လပြည့်ညပြီးတော့ နောက်တစ်နေ့ည
CCTV ပြန်ကြည့် သူတို့အဖွဲ့ထဲက ကလေးတစ်ယောက် ယူသွားတာတွေ့တယ်
မိန်းကလေး
နောက်နေ့ည အဲ့အဖွဲ့အလာကို စောင့်ပြီးမေး
ဘယ်ကလေးမှန်း မမှတ်မိ
CCTV ပြန်ပြမှ
သူတို့ချင်း ပြန်ဖော်
သမီးတို့ မခိုးဘူးနော်တဲ့
ကျမ ဦးလေးကလည်း နင်တို့ကို ခိုးတယ်မပြောပါဘူး
ဘယ်မှာ ဖွက်ထားလည်းပဲ ပြောတဲ့ 😄
သမီးတို့ သိတယ် သားတို့သိတယ်တဲ့
ယူတဲ့သူက ဘယ်သူပါပေါ့
အဲ့အစ်မက အဲ့နေ့က ဂျာစီအင်္ကျီ ဝတ်ထားတာတဲ့
သမီးတို့ သွားခေါ်ပေးမယ်တဲ့
( ရယ်စရာ ကောင်းတာက နောက်မှပြန်သိရတာက
အခုန အဖွဲ့ထဲကပဲ ဆိုင်းဘုတ်ယူသွားတဲ့ ကလေးက ပါနေပြီးသား 🤣 )
ဝန်မခံဘူး
ယူသွားတဲ့ကလေးက
ဘယ်လမ်းက ဘယ်နေရာမှာ သမီးတွေ့တယ်
ယူလာခဲ့ပေးမယ်တဲ့
ပြန်ယူလာပေးတယ်
အခုတော့ ပြန်ရပါပြီ
လူကြီးတွေက မကောင်းတဲ့နည်းလမ်းပြတော့ ကလေးတွေက အတုခိုး လိုက်လုပ်
သူခိုးကြီးညဆိုပြီး ခေါင်းစဥ်တပ်
သူများ အိမ်တွေ ဆိုင်တွေက ဆိုင်းဘုတ်တွေ ဖြုတ် လိုက်ရွှေ့ ပန်းအိုးတွေ ဖျက်စီး အမှိုက်ပုံတွေ လမ်းလယ်ချ
ဘာလုပ်တာလဲ အဲ့ဒါတွေ
ဒါတွေကိုပဲ အပျော်သတ်မှတ်ပြီး လိုက်ပျော်နေတဲ့သူတွေ အံ့သြတယ်
သူများတွေ စိတ်အနှောက်အယှက်ဖြစ်တာကို ပျော်တာတဲ့
ပတ်ဝန်းကျင် ပစ္စည်း ဖျက်စီးတာတွေ နိုင်ငံတော် ပစ္စည်း ဖျက်စီးတာတွေ မကြိုက်ပါဘူး
ကလေးပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ်
ဆိုင်းဘုတ်ပျောက်တော့ လိုက်ရှာရ
ဆိုင်းဘုတ်တွေ ပန်းအိုးတွေ ဖျက်စီးတော့ အသစ်ပြန်လုပ်ရ ဝယ်ရ
အမှိုက်ပုံတွေ စည်ပင်ဝန်ထမ်းတွေက ပြန်ရှင်းပေးရ
လူတွေကို စိတ်ရော ကိုယ်ရော ဒုက္ခပေးတာတွေ
အပျော်မဟုတ်ဘူး အပျက်တွေပါ
တစ်ချို့ဓလေ့ထုံးစံတွေ ခွင့်မပြုသင့်ဘူး
ပံ့သကူပစ်တယ်ဆိုပြီး ပိုက်ဆံကြဲတာတွေ ကားပေါ်ကနေ
နောက်ကားလာရင် တိုက်ရော
မီးပုံးပျံလွှတ်ပြီး သူများအိမ် သူများဆိုင်ပေါ် ကျ မီးလောင်ပြာကျတာတွေ
အဓိပ္ပာယ်မရှိဘူးပဲ မြင်မိတယ်

27/11/2026

Fri, Nov 27
Aed to Kpay 72
Kpay to Aed 67

✈️ ဒူဘိုင်း မှ ရန်ကုန်သို့ Cargo  ✈️☘️ 01/12 /2026 ☘️🚨ပစ္စည်းလာမအပ်ခင် Post Detail သေချာဖတ်ပြီး Cargo စည်းကမ်း သဘောတူမှသ...
25/11/2026

✈️ ဒူဘိုင်း မှ ရန်ကုန်သို့ Cargo ✈️
☘️ 01/12 /2026 ☘️

🚨ပစ္စည်းလာမအပ်ခင် Post Detail သေချာဖတ်ပြီး Cargo စည်းကမ်း သဘောတူမှသာ ပစ္စည်းလာအပ်ပါရန်

⛔ ပစ္စည်းဖွင့်စစ်မခံသော ပစ္စည်းများအား လက်မခံပါ
ဘာပစ္စည်းဖြစ်ဖြစ်

⭕ တန်ဖိုးကြီး ပစ္စည်းများ မူရင်းဘောင်ချာပါရမည်
ပုံဖြင့်ပြသော amount များလက်မခံပါ
တစ်ချို့ပစ္စည်းများကို လက်ရှိပေါက်ဈေးဖြင့်သာ ဆုံးဖြတ်၍ ကိုယ်ယူနိုင်သော ဈေးဖြင့် သတ်မှတ်သည်

UAE အတွင်း Delivery Service အပ်ပေးပြီး
ပစ္စည်းလာယူပေးပါတယ်ရှင့် နေရာအနှံ့
( 3 ရက်ကြိုအပ်ပေးပါရန် )

နယ်နှင့် တခြားမြို့များသို့ ကားဂိတ်တင်ပေးခြင်း
Royal Express ဖြင့် ပြန်လည်အပ်ပေးခြင်း Service ပေးပါသည်ရှင့်
( အသွားအပြန် Taxiခ ရှိသည် )

❌ kg ခမပေးပဲ အသိပေး၍ ထည့်ထားခြင်းမဟုတ်သော ပစ္စည်းများအတွက် cutsoms တာဝန်မယူသလို ပစ္စည်းပြန်ပေးမည် မဟုတ်ပါ ❌
( ပစ္စည်းထည့်ပေးချင်လျှင် kg ခပေးရမည် )

⚠️ဖုန်းအခွန် CEIR မဆောင်ပေးပါ သယ်ပဲသယ်ပေးပါတယ်ရှင့်
( ဖောင်စာရွက် ဘာညာလည်း ယူမပေးပါ )

1 kg မှစ၍လက်ခံသည် အကယ်၍ 1 kg မပြည့်လည်း 1 kg စာယူပါသည် ( 1 kg ပြည့်အောင် ဖြည့်နိုင်သည် )

💢ကြာချိန်တစ်ရက်
02 ရက်နေ့ မနက် 9 နာရီမှစ၍ ရန်ကုန်တွင် ပစ္စည်းထုတ်လို့ရသည်

29/30 နှစ်ရက် ဒူဘိုင်းမှာ ပစ္စည်းစလက်ခံသည်
ပစ္စည်းလာမပို့ခင် ကြိုဖုန်းဆက်/စာပို့ပေးပါရန်

◾ရေမွှေး 1 kg - 200 AED
( အများဈေး ရှိသည် kg ပေါ်မူတည်၍ )
◾Cosmetic 1 kg - 160 AED
( အများဈေး ရှိသည် )
◾အဝတ်အထည် /ချောကလက် / အစားစာ
1 kg - 85 AED
◾အိတ်/ဖိနပ်/နို့မှုန့်ဗူး နှင့် အပွပစ္စည်းများ 1 kg - 95 AED
ဗူးလက်မခံပါ
◾ဆေး 1 kg - 130

☑️ 10 kg နှင့်အထက် 1 kg 10 AED
( Reduce Price )

🔘Brand ပစ္စည်းများ တန်ဖိုးရဲ့ - 10%
( 700 AED အထက် ) weight ပေါ်မူတည်၍ kg ခသတ်မှတ်သည်
အိတ်၊ဖိနပ်၊အဝတ်အစား၊ရေမွှေးနှင့်
တခြားပစ္စည်းများ

🔲စာရွက်စာတမ်း /မှတ်ပုံတင်/ sim card / ကားမောင်းလိုင်စင် - တစ်ရွက်ချင်း တစ်ခုချင်း 60 AED
ဖိုင်အထူတွေ လက်မခံပါ
ပလတ်စတစ် ဖိုင်အကြည်သာ လက်ခံပါသည်
- သုံးရွက်နှင့်အထက် 55 AED
- ငါးရွက်နှင့်အထက် 50 AED
- ဆယ်ရွက်နှင့်အထက် 45 AED

⚫ဖုန်း /Laptop /IPad / Tablet / Macbook / Camera

◾နာရီ ( without box ) - အနည်းဆုံး 70 AED စယူသည်
( with box ) - အနည်းဆုံး 100 AED မှ စယူသည်
1000 AED အထက် 10%

🔳Used ဖုန်း/Tablet - 150 ( ဗူးမပါ တန်ဖိုး 2000 AED အောက် )
အသစ် ဖုန်း /Tablet - 200 ( ဗူးပါ တန်ဖိုး 2000 AED အောက် )

2000 AED အထက် 10% ယူပါမည်

🔳Used Laptop/ IPad / Macbook - 250 AED ( ဗူး အိတ် cover မပါ )
အသစ် Laptop/IPad / Macbook - 350/400 AED ( accessories အစုံ )

✅( ဖုန်းထဲ sim card ထည့်ပေးပါက sim card အတွက် charges သပ်သပ်ဆောင်ရမည် )

✨ရွှေ - ဘောင်ချာရဲ့ 10%
လက်ရှိ ရွှေပေါက်ဈေးဖြင့် တွက်ယူသည်
( ဘောက်ချာမပါလျှင် လက်မခံပါ )

💯% ပျောက်ဆုံး /ပျက်စီး ပစ္စည်း တန်ဖိုးအတိုင်းပေးလျော်မည်
( ပစ္စည်းတန်ဖိုးနှင့် kg ခအပါအဝင် )
✔️ကိုယ်တိုင်သယ်သော Cargo Brand တစ်ခုဖြစ်သောကြောင့် အပြည့်အဝ တာဝန်ယူပါသည်

Satbir Hotel Apartments LLC , Room (107),
1 Floor , Near Al Rigga Metro Station Exit 1
Dubai , United Arab Emirates

📞0566059670 , 0543353407

ပုပ္ပါးစကားဝါ Air cargo
အမှတ် ( ၈၄ ) , မြေညီထပ် , အနောက်ဈေးဟောင်းလမ်း , ဆရာစံအနောက်မြောက်ရပ်ကွက် , ဗဟန်းမြို့နယ် , ဈေးကွေ့မှတ်တိုင် နှင့် မင်းလမ်းမှတ်တိုင်ကြား
( ဦးချစ်မောင်လမ်းမကြီးပေါ်က အနောက်ဈေးဟောင်းလမ်း အတွင်းထဲ အဆုံးထိ ဝင်ရမည် )

09792707855
09780480484 , 09423742760

☘️ Have a lovely Day ☘️

  to   ပစ္စည်းလေးတွေ ရောက်ပါပြီရှင် မနေ့က 25 flight နဲ့ 26 မနက် 9 နာရီမှ စ၍ ပစ္စည်းလေးတွေ လာထုတ်ယူလို့ ရပါပြီရှင် ပစ္စည်...
25/11/2026

to ပစ္စည်းလေးတွေ ရောက်ပါပြီရှင် မနေ့က 25 flight နဲ့
26 မနက် 9 နာရီမှ စ၍ ပစ္စည်းလေးတွေ လာထုတ်ယူလို့ ရပါပြီရှင်
ပစ္စည်းများ တစ်ခါတည်းစစ်ယူပါ
နောက်မှ အပိုအလို အပျက်အစီး အပျောက်အရှ
လုံးဝ တာဝန်မယူပေးပါရှင်

ရန်ကုန်တွင်း နှင့် တခြားမြို့နယ်များသို့ ပို့ပေးရမယ့် ပစ္စည်းလေးတွေ ပို့ပေးပါ့မယ်ရှင်

Popa Sakawar ရဲ့ Customer များအားလုံး ကျေးဇူးပါရှင် 🙏💓

The Next Flight : >
01/12/2026
29/30 နှစ်ရက် ပစ္စည်းလက်ခံပါတယ်ရှင့်

ပုပ္ပါးစကားဝါ Air cargo အမှတ် ( ၈၄ ) , မြေညီထပ် , အနောက်ဈေးဟောင်းလမ်း , ဆရာစံအနောက်မြောက်ရပ်ကွက် , ဗဟန်းမြို့နယ် , ဈေးကွေ့မှတ်တိုင် နှင့် မင်းလမ်းမှတ်တိုင်ကြား
( ဦးချစ်မောင်လမ်းမကြီးပေါ်က အနောက်ဈေးဟောင်းလမ်း အတွင်းထဲ အဆုံးထိ ဝင်ရမည် )

09792707855
09780480484 , 09423742760

24/11/2026

ဒီ $ ဈေးနဲ့ကတော့ Aed ကိုင်ထားတဲ့သူပဲ ဆရာကြီး
မြန်မာငွေတွေ ကိုင်ထားသူတွေ ငြီးနေကြပြီ
စီးပွားရေးသမားတွေလည်း ငွေကြေးဖောင်းပွလို့
လုပ်ငန်းတွေ မနည်းလည်ပတ်နေရတယ်
အခုဆို mmk to Aed တွေ လဲချင်သူတွေများ
လဲပေးမယ့်သူ မရှိ လက်ထဲ မြန်မာငွေတွေ ထားလေ ရှုံးလေ ဖြစ်နေလို့ hold မထားရဲဘူး

✈️ Myanmar ⛱️ UAE  ✈️  28/11 /2026 ( Transit Flight ) MAI + Emirates Airline ⚠️Kg ခအပြောင်းအလဲရှိသည် Post အားသေချာဖတ်ပြီ...
24/11/2026

✈️ Myanmar ⛱️ UAE ✈️
28/11 /2026 ( Transit Flight )
MAI + Emirates Airline

⚠️Kg ခအပြောင်းအလဲရှိသည်
Post အားသေချာဖတ်ပြီး သဘောတူမှသာ kg လာပို့ပါရန်
🚫( kg ခဈေးနှုန်းစစ်ခြင်း သည်းခံပါရှင် )

🎂General item
အဝတ်အစား / အစားစာ / ဖိနပ်/ အိတ် / စာအုပ်
1 kg - 75,000 MMK / 68 AED
5 kg - 73,000 MMK / 66 AED
10 kg - 70,000 MMK / 63 AED
20 kg နှင့်အထက် - 68,000 MMK / 60 AED

🎂ဆေး 1 kg - 120,000 MMK / 95 AED
မြန်မာဆေး အင်္ဂလိပ်ဆေး
( တစ်ယောက်သုံးစာ နှစ်ကဒ် သုံးကဒ် တစ်ဗူးနှစ်ဗူးသာ
ယူပေးပါမည် ) တရားဝင်ဆေး
ခြောက်လစာ တစ်နှစ်စာ လက်မခံပါ
❌ကိုယ်ဝန်တားဆေး ဖျက်ဆေး လုံးဝ လုံးဝ သယ်မပေးပါ

🎂Cosmetic 1 kg - 90,000 MMK / 75 AED

☔နေ့တိုင်း ရန်ကုန်ရုံးဘက် ပစ္စည်းပို့ထားလို့ရသည်
☔27 ရက်နေ့နောက်ဆုံး

❎အထားမခံသော ဟင်းအစို ငါးဖယ်ကြော်နှင့် ချဥ်ပေါင်ကြော်များ မပို့ပါနဲ့ရှင် ( ငါးဖယ် ကျွတ်အောင် ကြော်ပေးပါ )

✅ Cosmetic Brand များ 8% ယူပါမည်
( ဥပမာ SK-II Skincare နှင့် တခြား တန်ဖိုးကြီး
Brand များ )

☔ကြာချိန်တစ်ရက်
☂️29 နှင့်30 နှစ်ရက် မနက်ဆယ်နာရီမှ ည ဆယ်နာရီထိ ဒူဘိုင်းတွင် ပစ္စည်းထုတ်ပေးသည်

☂️အရင်လာပို့သူသာ အရင်ဦးစားပေး kg လက်ခံပါသည်
kg ချန်မပေးပါရှင်

⛱️အကယ်၍ kg ပြည့်သွားပါက နောက် Flight ဖြင့်
သယ်ပေးပါတယ်ရှင့်

🎂အနည်းဆုံး 1 kg က စတင်လက်ခံပါသည်
1 kg မပြည့်ပါက 1 kg စာ ယူပါသည်
( ပြည့်အောင်ဖြည့်နိုင်ပါသည်ရှင် )
1 kg ကျော်ပါက အရှိအတိုင်းတွက်ယူသည်
2 kg စာမယူပါ

🎂 ရွှေထည် စိန်ထည် လက်ဝတ်ရတနာပစ္စည်း
တန်ဖိုး ရဲ့ - 10%
မူရင်းဘောင်ချာ ပါရမည် (လက်ရှိရွှေပေါက်ဈေးဖြင့် တွက်ယူသည် )
တန်ဖိုး သိန်းငါးဆယ်နှင့် အထက် - 8%
သိန်း တစ်ရာနှင့်အထက် - 7%
( ဘောက်ချာမပါလျှင် လက်မခံပါ )

💍💎ငွေထည်ပစ္စည်း / Fancy / ကျောက်မျက်ရတနာ
- 20 %
( အနည်းဆုံး တန်ဖိုး 3သိန်းမှ စလက်ခံသည် )

စာရွက်စာတမ်း/ မှတ်ပုံတင် / simcard / Bank
card / ကားမောင်းလိုင်စင်Carguုချင်း တစ်ရွက်ချင်းစီ - 65,000 MMK , 60 AED
သုံးရွက်နှင့်အထက် 60,000 MMK , 55 AED

ငါးရွက်နှင့်အထက် 55,000 MMK , 50 AED

ဆယ်ရွက်နှင့်အထက် 5,0000 MMK , 45 AED

ဖုန်း / laptop / နာရီ / ရေမွှေး / ကင်မရာ -
တန်ဖိုးကြီး ပစ္စည်းများ လက်ခံပါသည်
တန်ဖိုးအလိုက် ဈေးနှုန်းသတ်မှတ် ယူပါသည်

✖️ဆေးလိပ် / v**e /ကွမ်း / ကွမ်းယာ/ထုံး /Tattoo နှင့်ပတ်သက်သော အရာ /
မူးယစ်ဆေးဝါး / ဥပဒေနှင့် ဆက်စပ်မှူရှိသည့် ပစ္စည်းများ
အဆောင် ယတျာများ လုံးဝ လုံးဝ ပို့လို့မရပါရှင်

🅾️ တံဆိပ်မပါသည့် အရည်အမျိုးမျိုး/ အရွက်စို/ အရွက်ခြောက် ( လ္ဘက်ခြောက် )
အစေ့အဆန် /ဥအမျိုးမျိုး /အသီးအမျိုးမျိုး/အမှုန့် နှင့် စားစရာ အမျိုးမျိုး သယ်မပေးပါရှင်

☑️ပစ္စည်းများကို မိတ်ဆွေများ၏ ရှေ့တွင် အကုန်ဖောက်စစ်ပါမည်
ပါကင်ထုတ်မလာပါရန် မေတ္တာရပ်ခံပါတယ်ရှင့်

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် Flight Delay ဖြစ်သွားပါက ပုတ်သိုးပစ္စည်း အထားမခံသည့် ပစ္စည်းများအတွက် တာဝန်ယူပေးခြင်း မရှိပါ

မတော်တဆ ပျက်စီးသွားသော General Item များအတွက် လျော်ပေးခြင်း မရှိပါ
( ဥပမာ ဗူးခွံ နည်းနည်းပိန်ရှုံ့ / ခွက် )
လုံးဝပျက်စီး ပြန်သုံးမရပါက ပြန်လျော်ပေးတယ်ရှင့်

💯ပစ္စည်းပျောက်ဆုံး/ ပစ္စည်း customer ထံ မရောက်ရှိပါက ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်သွားပါမည်ရှင်

❌ မိမိသဘောဖြင့် အသိမပေးပဲ ပစ္စည်းကြားထဲတွေ ဖွက်ထည့်ထားပါက Customs တာဝန်မယူပါ ❌

❎❎ Online Delivery လာပို့ပါက
ပစ္စည်းထုတ်ပေါ်တွင် နာမည်နဲ့ ဖုန်းနံပတ် ရေးပြီးမှသာ ပို့ခိုင်းပါရန် / Deli ခ ပစ္စည်းဖိုး စိုက်ရှင်းမပေးပါ

ကိုယ်တိုင် ပစ္စည်းသယ်တဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် အလုပ်လုပ်နေသော Cargo Brand တစ်ခု ဖြင့်ပါသည်ရှင်

အမှတ် ( ၈၄ ) , မြေညီထပ် , အနောက်ဈေးဟောင်းလမ်း , ဆရာစံအနောက်မြောက်ရပ်ကွက် , ဗဟန်းမြို့နယ် , ဈေးကွေ့မှတ်တိုင် နှင့် မင်းလမ်းမှတ်တိုင်ကြား
( ဦးချစ်မောင်လမ်းမကြီးပေါ်က အနောက်ဈေးဟောင်းလမ်း အတွင်းထဲ အဆုံးထိ ဝင်ရမည် )

09792707855
09780480484 , 09423742760

Satbir Hotel Apartments LLC , Room (107),
1 Floor , Near Al Rigga Metro Station Exit 1
Dubai , United Arab Emirates

https://share.google/Qs6LjVIxdx73Q1JfT

📞0566059670 , 0543353407

❄️Have a lovely one❄️

ဒူဘိုင်းရောက်ပါပြီရှင် မနေ့က 22/11/2026  ✈️   to    Air cargo ပစ္စည်းလေးတွေ ဒီနေ့ 23 ရက်နေ့တစ်နေ့လုံး ပစ္စည်းထုတ်ပေးပါတယ...
23/11/2026

ဒူဘိုင်းရောက်ပါပြီရှင် မနေ့က 22/11/2026 ✈️ to Air cargo ပစ္စည်းလေးတွေ ဒီနေ့ 23 ရက်နေ့တစ်နေ့လုံး ပစ္စည်းထုတ်ပေးပါတယ်
မနက် 8 နာရီမှ စ၍ 24hrs
24 ရက်နေ့ ည 9 နာရီထိ နောက်ဆုံးထား လာယူပေးပါရှင်

Kg ပြည့်လျှံနေလို့ မယူပေးရပဲ ထားခဲ့လိုက်ရတဲ့ Customer များကို နောက် Flight 28 ရက်နေ့နဲ့ သယ်ပေးပါ့မယ်ရှင့်

⚠️ပစ္စည်း လာရောက်ထုတ်ယူရာတွင် မိမိပစ္စည်းများကို တစ်ခါတည်း သေချာ စစ်ယူပေးပါရန်
ဘောက်ချာထဲမှာ ရေးပေးထားတဲ့ kg အတိုင်းပြန်ချိန်ပါ
ပစ္စည်းအမျိုးအစား အခုအရေတွက် အတိုင်း ပြန်ရေကြည့်ပါ

❌နောက်မှ ပစ္စည်းအပိုအလို ပျက်စီး ပျောက်ရှ တာဝန်မယူပေးပါရှင်

Abudhabi, Sharjah , Al ain နှင့် Dubai မြို့အတွင်း Deli များလည်း လာပို့ပေးပါ့မယ်ရှင်

✔️မိမိ စေလွှတ်တဲ့ Delivery လာမယူခင် Kg ခ ကြိုရှင်းပေးရန်
Cash on Delivery လက်မခံပါ

Popa Sakawar ကို ယုံယုံကြည်ကြည်နဲ့ ပစ္စည်းပို့ကြသော Customer များအားလုံး ကျန်းမာချမ်းသာ ကြပါစေရှင် ❤️

Satbir Hotel Apartments LLC , Room (107),
1 Floor , Near Al Rigga Metro Station Exit 1
Dubai , United Arab Emirates

https://share.google/Qs6LjVIxdx73Q1JfT

0566059670 , 0543353407

23/11/2026

22 ရန်ကုန်ဘက်က flight နဲ့ ဒူဘိုင်းကို သယ်လာတဲ့ ပစ္စည်းလေးတွေပါရှင်

21/11/2026

ကျမ စာတွေတအားရေးနေပြီ ညဥ့်နက်ထိဆိုရင်
သေချာပြီ သူရှိမနေလို့ ဘေးနား
( သူ့ကို စောင့်မျှော်မိတဲ့အခါ )
ကျမ စာရေးတာ အခုမှမဟုတ်ပါဘူး
ဟိုးအရင့်အရင် မိတ်ဟောင်းဆွေဟောင်းတွေ အားလုံးသိကျပါတယ်
ဘာမှမရေးပဲနေရင်တောင် စာတွေဇွတ်ရေးခိုင်းကြတယ်
ဖတ်ချင်လို့တဲ့ 😋
အသဲကွဲစာတွေ လျှောက်ရေးတာက များများ 😆
အခု အဲ့ဒါတွေ မကြိုက်တော့
ပေါ့ပေါ့ပါးပါး လေးတွေပဲ ရေးတယ်
အိပ်မရ ဟိုကြည့်ဒီကြည့်ရင်း
ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခု က
ကလေးလေးတွေ သီချင်းဆိုကြတာ တွေ့တယ်
ကောင်းလိုက်တာ
တီးဝိုင်းတီးတာလည်း ကျောင်းသား ကျောင်းသူလေးတွေ
ပျော်စရာကြီး
မိုက်နေရောပဲ
ကလေးတွေ ကံကောင်းလိုက်တာ ဒီလိုကျောင်းမျိုးမှာ နေရတာ
စာလည်းတော် ဂီတမှာလည်း ထူးချွန်တာမျိုး
တကယ်အားပေးတယ်
ကိုယ်တွေ မရခဲ့တဲ့ ဘဝ
စာကလည်းညံ့ ktv သွားရင်လည်း သူများအသံဆိုးနဲ့ ဆိုတာပဲ နားမထောင်ချင်ပဲ ထောင်ခဲ့ရ
ကိုယ်မဆိုတတ်လို့
အဲ့ဒါကြောင့် ktv ဘယ်တော့မှမရွေး
Unplugged ပဲသွားတာ 😁
မရွေးလည်း နောက်ကလိုက်ရ
ဆိုလိုက်တော့လည်း မနှင်းဆီတို့ ဗဒင်သီချင်းတို့
လေးနှစ်အရွယ်တူမလေးကတောင် မနှင်းဆီရေ နောက်က harmony လိုက်တတ်
စာညံ့ရတဲ့ အကြောင်းအရင်းက ဦးလေးက သင်္ချာဆရာ
ကျောက်ပန်းတောင်းနားတစ်ဝိုက် နာမည်ကြီး စာအသင်အပြကောင်းလို့
သူ့ကို ကြောက်လို့ သင်္ချာညံ့သွားတာ 😌
စာရေးပုံ ရေးနည်း က ဆယ်တန်းတုန်းက အမျိုးထဲက တက္ကသိုလ် ကထိက ဆရာမတစ်ယောက် သင်ပေးလို့
အိပ်ငိုက်နေတုန်း စာမေး ငိုက်နေရင်း မှန်အောင်ဖြေနိုင်လို့
ဆိုပြီး ချီးကျူးခံခဲ့ရသေးတာ 🤣
ဒီလောက် စာညံ့တာတောင် လာလာပြိုင်ကြပြီး မနိုင်လို့ ခုထိ မခေါ်တော့တဲ့ သူတွေက ရှိသေး အတန်းဖော်တွေ 😅
ထပ်ပြီး ပြိုင်တဲ့သူတစ်ယောက်ရှိ
ရန်ဖြစ်ပြီဆို သူက ဆယ်တန်းတုန်းက သုံးဘာသာ ဂုဏ်ထူးပါတယ်တဲ့
သူ့ကို မှီတဲ့သူ မရှိဘူးတို့ အသားလွတ်ဘဝင်မြင့် ကြွားဝါတတ်သော အိမ်ကယောကျ်ား 😛
သူကသာ လာပြိုင် ကိုယ့်မှာတော့ ဆယ်တန်းတုန်းက 273 လား 5 လားမမှတ်မိတော့ အမှတ်ပေါင်း
နှစ်နှစ်ဖြေရ အဲ့အမှတ်တောင် မြန်မာစာ ကယ်သွားလို့
စာစီစာကုံး ခြောက်ရွက်မက ဖြေခဲ့တာ
ဒီလောက် ညံ့ပါတယ် ဝန်ခံနေတာတောင်
ပြိုင်ချင်သူတွေ တအားများ
ဝိုင်းဝိုင်းလည် 😂

21/11/2026

ရွှေဝယ်တာ စိန်ဝယ်တာနဲ့ပတ်သက်ပြီး ဝယ်ပြီးမှ စိတ်တိုင်းမကျတာ မကြိုက်တာ နောင်တရတာတွေ ဖြစ်ဖူးကြမယ် ထင်ပါတယ်
အစ်မလည်း ဝယ်ပြီးရင် မကြိုက်တော့ဘူး
ဘာမဆို လက်ဝတ်ရတနာမှ မဟုတ်
တခြားပစ္စည်းတွေရော
ကိုယ်တိုင် ဆိုင်ထိ သေချာရွေးဝယ် အကြာကြီး စမ်းဝတ်ကြည့်ပြီးမှ ကြိုက်သလို ထင်ပြီးဝယ်ခဲ့
တစ်ပတ် ဆယ်ရက်လောက်နေမှ အရှုံးခံ ပြန်လဲတာ
တစ်နှစ်ပြည့်အောင် မစောင့်နိုင်
တစ်နှစ်ပြည့်မှ ပြန်လဲရင် အရောင်းအလဲ 0%
တစ်နှစ်မပြည့်ခင် လဲရင် 4%
​ရောင်းရင် 8%
ဆိုင်ရှင်အစ်မ သဘောကောင်းတော့ အပြည့်မယူ
လျှော့ပေး
ပုံပဲ ကြည့်ပြီး ရတနာပစ္စည်း ဝယ်တဲ့သူတွေကို တကယ်ချီးကျူးတယ်
အစ်မဆို ကိုယ့်ကိုယ်ကို ရွှေဘယ်တော့မှ မဝတ်
မလိုက်ဘူးထင်လို့ မလှလို့
အရင်ကတော့ ရွှေတွေ လက်ဝတ်လက်စားတွေ သိပ်စိတ်မဝင်စား
ခုနောက်ပိုင်းအသက်ကြီးလာတော့ ဝတ်ရတာထက်
စုချင်လာတယ်
ဘာမှမစုတာထက် တစ်ခုလေးပဲ စုမိစုမိပေါ့
ရောင်းရင် အမြတ်ရဖို့တော့ သိပ်မမျှော်လင့်ဘူး
ဝတ်ရတာနဲ့ စုမိတာ အမြတ်ပါပဲ
ကိုယ်တိုင်က ရွှေနဲ့မလိုက်တော့
ရွှေဝတ်ထားတဲ့ ကောင်မလေးတွေဆို ငေးကြည့်မိတယ်
လှလွန်းလို့
သဘောကျတယ်
မလိုအပ်တဲ့နေရာတွေမှာ သုံးဖြုန်းမယ့်အစား
သေးသေးလေးတွေက အစ ရွှေစုနော်
အခု ဒူဘိုင်းမှာဆိုလည်း ရွှေဈေးတွေကျ
Making Charges Zero
အဲ့ဆိုင်တွေမှာ ရှာဝယ် အရမ်းတန်
ဒါပေမယ့် 5% တော့ရှိတယ် အခွန်ဆောင်ရ
မြန်မာနိုင်ငံကတော့ 3%
အလျော့တွက် လက်ခ တော့ များတယ်
ပြန်တွက်ကြည့်ရင် ဒူဘိုင်းမှာ ဝယ်တာက ပိုတန်တယ်
တစ်ချို့ကကျတော့ မြန်မာရွှေပဲ ပိုကြိုက်ကြတယ်
နောက်ထပ် နောင်တရတာတွေကတော့
အရင်လျှောက်သုံးခဲ့တဲ့ ပိုက်ဆံတွေကိုသာ ရွှေဝယ်ခဲ့မိရင်
အခုဆို တော်တော်ပိုင်နေပြီလို့ ရွှေတွေ 😃
ဘာမှမပိုင်ခင်တုန်းက ဘာမှ ပိုင်ချင်စိတ်မရှိဘူး
ရွှေတစ်ခုလေးပဲ ဝတ်ကြည့် နောက်တစ်ခု ထပ်လိုချင် ဝတ်ချင်လာလိမ့်မယ်
ရွှေ ရတနာလက်ဝတ်လက်စားရဲ့ သဘောပြောပြတာ
နားကပ်လေးရှိတော့ လက်စွပ်လေးပါလိုချင်
နားကပ်နဲ့ လက်စွပ်ရတော့ ဆွဲကြိုးလေးပါ ဖြည့်ချင်
ပိုပြည့်စုံအောင် ဟန်းချိန်းလေးရော
အစ်မက ရွှေပန်းထိမ်ဆီက တိုက်ရိုက်ယူပါတယ် ရွှေ
တဆင့်ခံ ရွှေဆိုင်က ယူမရောင်းတဲ့အတွက်
အလျော့တွက် လက်ခ သက်သာပါတယ်
လက်ကားဈေးနဲ့ ရလို့
အရင်လို ကိုယ့်ဘောက်ချာနဲ့ကို မရောင်းတော့ဘူး
ရွှေပေါ်က အမြတ်မယူထားပဲ
သယ်ယူခလေးပဲ ယူမယ်
ရွှေပန်းထိမ်ရဲ့ မူရင်းဘောက်ချာကိုပဲ
ဝယ်တဲ့ Customer တွေလက်ထဲ တိုက်ရိုက်ထည့်ပေးပါ့မယ်
အဲ့ဒါဆို ဝယ်ရင်လည်း သက်သာ ပြန်လဲ ပြန်ရောင်း လည်း အဆင်ပြေ
အကယ်၍ အစ်မရွှေပန်းထိမ်က ရွှေဒီဇိုင်းမကြိုက်လည်း
တခြားရွှေဆိုင်တွေကနေ ဝယ်ပြီး အစ်မဆီလာပို့ပါ
သယ်ပေးပါတယ်ရှင့်
တန်ဖိုးအများ အနည်းအလိုက် % ယူပါတယ်
UAE နဲ့ တခြားနိုင်ငံတွေ ရောင်းတဲ့သူတွေအတွက်အစ်မ
အများကြီးသယ်ပါတယ်

Address

Satbir Hotel Apartments LLC
Dubai

Website

Alerts

Be the first to know and let us send you an email when Popa Sakawar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Sponsored

Share