TT made this

TT made this Just a Burmese girl feeding her homesick heart, one dish at a time

အလွမ်းပြေ နန်းကြီးသုပ်လေးရှစ်တန်း၊ ကိုးတန်းတက်တဲ့နှစ်မှာ အိမ်နားကအန်တီရောင်းတဲ့ မနက်စာနန်းကြီးသုပ်ကို တစ်ပတ်ငါးရက်လောက်စ...
09/05/2026

အလွမ်းပြေ နန်းကြီးသုပ်လေး

ရှစ်တန်း၊ ကိုးတန်းတက်တဲ့နှစ်မှာ အိမ်နားကအန်တီရောင်းတဲ့ မနက်စာနန်းကြီးသုပ်ကို တစ်ပတ်ငါးရက်လောက်စားခဲ့တာ အခုချိန်ထိ ကိုယ့်ဘာသာလုပ်စားလည်း အန်တီ့လက်ရာကိုမမှီနေဘူး အန်တီကအုန်းနို့ဟင်းရည်လေးနဲ့ ထည့်သုပ်ပေးတာ ဘယ်ချိန်မဆို အဲ့လက်ရာလေးကိုလွမ်းနေရတာ

ရာသီဥတူပူပူနဲ့ ထမင်းစိတ်ချင်စိတ်ပျောက်နေချိန် နန်းကြီးမုန့်ဖတ်လေးပြုတ်၊ ကြက်သားကို ကြက်သားဖြူ/နီ ဂျင်းလေးနဲ့ အနှစ်ချက်၊ ပဲမှုန့်များများ၊ ဆီချက်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ သံပုရာသီးလေးနဲ့ သုပ်စားလိုက်တာရှယ်ပဲရှင် ဟင်းခါးလေးနဲ့တွဲစား တစ်နေကုန် ထမင်းတောင်မစားဖြစ်တော့ဘူး

#နန်းကြီးသုပ်

ရန်ကုန်မှာနေတုန်းကဆို မိုးလေးနည်းနည်းရွာတာနဲ့ Hot Pot ဆိုင်ပြေးရတာနော်ဒီကဆိုင်တော်တော်များများက မာလာဟင်းရည်အရသာသိပ်မကောင...
21/07/2025

ရန်ကုန်မှာနေတုန်းကဆို မိုးလေးနည်းနည်းရွာတာနဲ့ Hot Pot ဆိုင်ပြေးရတာနော်

ဒီကဆိုင်တော်တော်များများက မာလာဟင်းရည်အရသာသိပ်မကောင်းသလို ဝက်မှိုလုံးလည်း ရှားပါးတော့ အိမ်မှာပဲချက်စားဖြစ်တာများတယ်လေ
Haidilao က မာလာအနှစ်ထုပ်လေးကို ကိုယ်စားချင်တဲ့ အသားလုံးတွေ အရွက်တွေထည့်ပြီး ပြုတ်စားလိုက်ကြတာပဲ (အသားလုံးတွေ ပဲလိပ်တွေနဲ့ hot pot base ဆို Wemart ကနေ ဝယ်ဖြစ်ပါတယ်)

Vacation မသွားခင်လေးဆိုပြီးလည်း ချက်စားဖြစ်တယ် အခန်းဖော်အစ်မမွေးနေ့လည်း hot pot ပဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သံပုရာသီးလေးနဲ့ အချဉ်တောင်ဖျော်လိုက်သေး 😂

အခန်းဖော်တွေနဲ့တူတူ ဟင်းတွေချက်စားရင် အများကြီးပိုစားရတယ်လေ 🤭မိသားစုရဲ့အဝေးမှာ တစ်ယောက်တည်းထမင်းစားရတာထပ် ကိုယ်နဲ့အဆင်ပြ...
18/07/2025

အခန်းဖော်တွေနဲ့တူတူ ဟင်းတွေချက်စားရင် အများကြီးပိုစားရတယ်လေ 🤭

မိသားစုရဲ့အဝေးမှာ တစ်ယောက်တည်းထမင်းစားရတာထပ် ကိုယ်နဲ့အဆင်ပြေတဲ့ အခန်းဖော်အစ်မတွေနဲ့ ထမင်းဟင်းတူတူချက်ပြီး စုစားရတာလေးက ပိုကောင်းတာပေါ့​နော် 🫶🏻

သုံးယောက်လုံးကလည်း အစားမက်ကြလို့တည့်တာထင်ပါတယ် (အငယ်နှစ်ယောက်က ပိုဆိုး 🤣)
အချဉ်ကြိုက်တဲ့သူရယ်၊ အငန်စားတဲ့သူရယ်၊ ချက်သမျှအကုန်ကြိုက်တဲ့ဒို့ရယ် တွေ့ကြတော့ နေ့တိုင်းရှယ်စားနေရပါပြီ 👀

အသားဟင်းတွေထဲမှာဆို ဆိတ်သားဟင်းကို အကြိုက်ဆုံးပဲ 🤍Indian mutton က စားနေကျဆိတ်သားနဲ့ တော်တော်လေးကိုတူတာ အသားကလည်း အနူးမြန...
17/07/2025

အသားဟင်းတွေထဲမှာဆို ဆိတ်သားဟင်းကို အကြိုက်ဆုံးပဲ 🤍

Indian mutton က စားနေကျဆိတ်သားနဲ့ တော်တော်လေးကိုတူတာ အသားကလည်း အနူးမြန်တယ်
သေချာအညှီပျောက်အောင် ဆေးကြော၊ အရသာနှပ်ထားပြီး ဆီသတ်ရွက်၊ ဂျင်း၊ ကြက်သွန်ဖြူ/နီ၊ မဆလာတွေနဲ့ ဆီပြန်ဟင်းလေးချက်လိုက်တာ အိမ်မှာမေမေတို့ ချက်ကျွေးနေကျအတိုင်းလေးပဲ အိမ်ကိုတောင်သတိရသွားတယ် 🥹
နောက်တစ်ခေါက် ထပ်ချက်စားချင်ရင်တော့ Indian mutton sale ရှိတဲ့အချိန်​လေး ပြေးဝယ်ရမယ် Nesto မှာ 1 kg - 36.99 aed နဲ့ ဈေးချထားလို့ 500 g ဝယ်လာတာ မှန်သွားတယ်ရှင် 😂

အရင်တစ်ခေါက်ကဆို Kenya mutton ဈေးချလို့ 1 kg ဝယ်ပြီး နှစ်ခါချက်စားတာ Lemon တွေ Vinegar တွေနဲ့သေချာဆေးတာတောင် အသားအတွင်းထဲကနေ ညှီနံ့ရနေလို့ စားရတာအရမ်းအဆင်မပြေခဲ့ဘူး (အမဲသားမစားတဲ့သူမို့လို့လည်း ပါမယ်ထင်တယ်)

Address

Dubai

Website

Alerts

Be the first to know and let us send you an email when TT made this posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share