Aussie Burmese Mum

Aussie Burmese Mum 🇲🇲 Burmese mum | 🇦🇺 Sydney life
🍳 Cooking & quick family meals
👶 Kids, chaos & outings
💡 Tips, hacks & weekend adventures

🇦🇺ဩစတြေးလျရောက်မှ ကြားဖူးတဲ့ Daylight saving ဆိုတာ..🍀ကိုယ့်အတွက်ကတော့ ဒါလေးက အခုထိထူးဆန်းနေတုန်းဘဲ😅🍀Daylight Saving ကြော...
04/10/2026

🇦🇺ဩစတြေးလျရောက်မှ ကြားဖူးတဲ့ Daylight saving ဆိုတာ..

🍀ကိုယ့်အတွက်ကတော့ ဒါလေးက အခုထိထူးဆန်းနေတုန်းဘဲ😅

🍀Daylight Saving ကြောင့် နာရီက ရှေ့ ၁ နာရီ ခုန်သွားတော့ ညက ၁ နာရီ လျော့အိပ်လိုက်ရတယ်... ပိတ်ရက်မှာမသိသာပေမယ့် Morning shift အတွက် မနက် ၅ခွဲထတော့ အိပ်ရေးမဝလို့ မျက်လုံးတောင် မပွင့်ချင်ဘူး

🍀Daylight Saving ဆိုတာ ဘာလဲ? ဘာလို့ အချိန်တိုးကြတာလဲ?
- နွေရာသီရောက်ရင် နာရီကို ၁ နာရီ ရှေ့တိုးလိုက်တာ
- နွေရာသီမှာ နေထွက်စောတော့ မနက်ပိုင်း အလင်းရောင်ကို အလကား မဖြစ်စေဘဲ ညနေဘက်အထိ သဘာဝအလင်းရောင် ကြာကြာရအောင်လို့တဲ့. ညနေပိုင်း အလင်းရောင် ပိုရတော့ မီးဖိုချောင်/အိမ်သုံး လျှပ်စစ်သက်သာတယ်. ညနေဘက် ကလေးတွေနဲ့ အပြင်ထွက် ဆော့လို့ရတယ်. လမ်းလျှောက် အပန်းဖြေဖို့ အချိန်ပိုရတယ်

🍀 ဒီနေ့မနက်တော့ ခန္ဓာကိုယ်ကြီးက Adjust မဖြစ်သေးဘဲ iced Caramel frappe အားကိုးလိုက်ရတယ်
အားလုံးရော ဒီနေ့မနက် ၁ နာရီ လျော့အိပ်လိုက်ရလို့ အိပ်ရေးဝကြရဲ့လားဟင်? ကိုယ်ကတော့ ညဘက်ကလေး latch လုပ်တော့ ပုံမှန်နေ့လည်း အိပ်ရေးမဝတော့ ဒီနေ့တော့ ဘာပြောကောင်းမလဲပေါ့နော်

🦐 Sunday Morning Shift အပြန် ကလေးတွေကို ကစားကွင်း ခေါ်သွားပေးရင်း Coles ခဏဝင်တာ Tiger Prawn လတ်လတ်ဆတ်ဆတ်လေးတွေ တွေ့တာနဲ့...
04/10/2026

🦐 Sunday Morning Shift အပြန် ကလေးတွေကို ကစားကွင်း ခေါ်သွားပေးရင်း Coles ခဏဝင်တာ Tiger Prawn လတ်လတ်ဆတ်ဆတ်လေးတွေ တွေ့တာနဲ့ ဝယ်ခဲ့တယ်

🍀အပြင်မှာစားရင် $60 လောက်ကုန်မယ်. ဘာစားချင်လည်းမစဉ်းစားချင်တော့ ပုဇွန်ဝယ်ချက်လိုက်တာ မနက်ဖြန်အတွက်ပါ ဟင်းပိုသေးတာ

🍀၁ ကီလိုကို $28 ပေးရတယ်.အကောင်ကြီးတာမို့ ၂၅ ကောင်လောက် ပါလာတယ်.မနက်ဖြန် အလုပ်အတွက် ထမင်းဘူးပြင်ရင်း မုန်လာဥချဉ်ဟင်းလေးရယ်. ပုဇွန် ကြက်သွန်နီအနှစ်များများနဲ့ အချိုဆီပြန်လေးရယ် ချက်လိုက်တာ ကလေးရော လူကြီးရော စားလို့ရပြီး ကောင်းမှကောင်းပဲ

🍀Tiger Prawn ကြိုက်ကြလားရှင့်… ဘယ်လိုလေးတွေ ချက်စားကြလဲဟင်? အိမ်မှာတော့အချိုချက်တယ်. တစ်ခါတစ်လေ မရမ်းပြားခြောက် ငရုပ်သီးစိမ်းနဲ့ကြော်စားတယ်

Sydney မှာ ဘယ်နှစ်ခါသွားသွား မရိုးနိုင်ဘဲ ကလေးရော လူကြီးပါ ကြိုက်ကြတဲ့ Manly Beach Day Trip 🌊🚢🍀စင်ကာပူမှာ ဆယ်ကျော်သက် တည...
01/10/2026

Sydney မှာ ဘယ်နှစ်ခါသွားသွား မရိုးနိုင်ဘဲ ကလေးရော လူကြီးပါ ကြိုက်ကြတဲ့ Manly Beach Day Trip 🌊🚢

🍀စင်ကာပူမှာ ဆယ်ကျော်သက် တည်းက ခင်လာကြတဲ့ သူငယ်ချင်းတွေ... အခုတော့ အသက် ၃၀ ကျော်လို့ ကလေး ၁ ယောက်/၂ ယောက်နဲ့ အမေတွေတောင် ဖြစ်ကုန်ကြပြီ. သူငယ်ချင်းမိသားစုက တခြား State ကနေ လာလည်တော့ ဒီတစ်ခေါက် Re-union လေးက ပိုပြီး လူစုံ. ကလေးတွေကလည်း ကိုယ်တွေလိုပဲ သူငယ်ချင်းတွေ ပြန်ဖြစ်ကြပေါ့ 😅

🍀ညဘက် မြို့ထဲက သူငယ်ချင်းအိမ်မှာ Hotpot လုပ်စား. ရှမ်းကိုးမီးဆော့. လက်ဖက်သုပ်လေးစား 🍻စားရင်းသောက်ရင်း လူကြီးတွေ ဝိုင်းဖွဲ့ မနက်ဖြန်အတွက် "Beach သွားချင်ရင် စောစောအိပ်" လို့ ကလေးတွေကို ကြိုခြိမ်းခြောက်ထားရသေးတယ်!

🍀မနက်ကျ သူငယ်ချင်းချက်ကျွေးတဲ့ ရှမ်းခေါက်ဆွဲ မနက်စာစား. ကော်ဖီလေးဝင်ဝယ်ပြီး ခရီးစဉ်လေး စတာပေါ့
Wynyard ကို ရထားစီး
Circular Quay ကို Lightrail စီး
Manly ဆို Ferry စီး
ကလေးတွေလည်း Feeling အမျိုးမျိုးနဲ့ ပျော်လို့!

🍀Manly ရောက်တော့ Pho ပူပူလေး စားပြီး ရေကစား.သဲဆော့ကြတယ်.ရေချိုးပြီး Manly Ferry နဲ့ ပြန်စီးလာတာ. View လေးကော Ferry စီးရတဲ့ အရသာရော တကယ်ကို မိုက်လွန်းပါတယ်

🍀Darling Harbour ရောက်တော့ အမောပြေ အဖေတွေက B**r သောက်.ကလေးတွေက Fish & Chips စား.အမေတွေကတော့ Pizza & Garlic Cheese Bread လေး အဆာပြေစား. ပြီးမှ Darling Harbour Playground မှာ ကလေးတွေ ထပ်ဆော့ကြသေးတယ်

🍀ညစာကို Haymarket က ထိုင်းဆိုင်မှာ သောက်ကြစားကြပြီး မြို့ထဲလမ်းလျှောက်ရင်း ကလေး လူကြီးကြိုက်တဲ့ School Holidays Activity လေးပေါ့ ❤️

School holidays D3-D4🍀သူငယ်ချင်းအိမ်မှာ စုပြီးသွားအိပ်ကြတယ်. ဆော့ကြတယ်. Hotpot လုပ်စားတယ်🍀Manly beach ကို Ferry စီး🍀Manl...
30/09/2026

School holidays D3-D4
🍀သူငယ်ချင်းအိမ်မှာ စုပြီးသွားအိပ်ကြတယ်. ဆော့ကြတယ်. Hotpot လုပ်စားတယ်
🍀Manly beach ကို Ferry စီး
🍀Manly beach မှာဆော့ကြ
🍀Fish & Chips date
🍀Playground date at Darling Harbour
🍀Thai dinner with friends and family

သူတော့မသိဘူး အဖေနဲ့အမေတော့ တော်တော်လေးမောသွားပြီ😅

School holiday D2Mecca breakfast date with my boys😍တစ်ယောက်သောသူက Babycino ၂ခွက်သောက်တယ်ကွယ်😅
28/09/2026

School holiday D2
Mecca breakfast date with my boys😍
တစ်ယောက်သောသူက Babycino ၂ခွက်သောက်တယ်ကွယ်😅

School holiday D1ကစားကွင်းပို့မယ်မျှားပြီး အိမ်စာတွေဖြိုခိုင်း😅Year 1 ကျောင်းသားရေးထားတဲ့ sentence structure ရယ်. Handwr...
28/09/2026

School holiday D1
ကစားကွင်းပို့မယ်မျှားပြီး အိမ်စာတွေဖြိုခိုင်း😅
Year 1 ကျောင်းသားရေးထားတဲ့ sentence structure ရယ်. Handwriting ရယ်.Spelling ရယ်. Punctuation ရယ်ကြည့်ပြီး ငါသွေးတက်.
မာမားရေ သားသား imaginary sentence ရေးတာ တဲ့😅

🍀အငယ်လေးထိန်းရင်း အကြီးနဲ့ homework လုပ်ပေးရတာရယ်.
🍀အငယ်လေး nap ချိန် ကိုယ်ထမင်းစား အကြီးလေး lunch ကျွေးရတာတွေ အရမ်းတွေပျော်နေပါပြီ

Sunday က သူငယ်ချင်းတွေစုပြီး ကြာဇံကြော်ဝက်သားဒုတ်ထိုးလုပ်စားကြတယ်အူပိတ် အူချို နားရွက် နှလုံး လျှာ ခေါင်းသား အစုံ $100 ဖ...
28/09/2026

Sunday က သူငယ်ချင်းတွေစုပြီး ကြာဇံကြော်ဝက်သားဒုတ်ထိုးလုပ်စားကြတယ်
အူပိတ် အူချို နားရွက် နှလုံး လျှာ ခေါင်းသား အစုံ $100 ဖိုးကို လူ ၁၂ ယောက်လောက် အဝစားရတာတောင် ပိုသေးတယ်

🍀ကျန်တဲ့အူအစုံကို ကြက်သွန်စိမ်း အချဉ်ရည်လေးနဲ့ တရုတ်ဆိုင်က အူစုံသုပ်လို သုပ်စားပြီး ထမင်းဖြူနဲ့စားလည်း သိပ်ကောင်းတာ

🍀ချက်ကျွေးလို့ thank you ပါ ယောင်ဘော🥰

🇦🇺 ဩစတြေးလျရဲ့ ဒူးရင်းသီးစျေး😅ဒီနေ့ Heymarket night market မှာ ကိုယ့်အကြိုက်ဒူးရင်းသီးတွေ့လို့ . စျေးကိုလည်းကြည့်အုံး $3...
26/09/2026

🇦🇺 ဩစတြေးလျရဲ့ ဒူးရင်းသီးစျေး😅
ဒီနေ့ Heymarket night market မှာ ကိုယ့်အကြိုက်ဒူးရင်းသီးတွေ့လို့ . စျေးကိုလည်းကြည့်အုံး

$39.99/kg

25/09/2026

ဒီနေ့ညတော့ ကလေးတွေအကြိုက် El Jannah Charcoal Chicken မှာစားဖြစ်တယ်

🍀သူတို့ရဲ့ Iconic Garlic Sauce (Toum) က အသက်နော်. ကြက်သားနဲ့ ကြက်သွန်ဖြူဆော့စ် တို့စားလိုက်ရင် ရှယ်🧄

🍀သူက ဒီမှာ လူကြိုက်များပြီး နာမည်ကြီးတဲ့ Lebanese-style Charcoal Chicken

🍀Famous Garlic Sauce (Toum)
El Jannah ရဲ့ အဓိက အမှတ်အသားတဲ့. ကြက်သွန်ဖြူ.ဆီ. သံပုရာရည်နှင့် ဆား ခပ်ပျစ်ပျစ် Toum ကြက်သွန်ဖြူဆော့စ်

🍀Classic Combo
ကြက်သားကို Garlic Sauce. Flatbread .Pickle. Chips နဲ့တွဲစားကြတယ်

🍀ကြိုက်ကြလားဟင်. ကိုယ်ကတော့ ကြိုက်တယ်. မီးသွေးတူတာအရမ်းများတဲ့အခေါက်ကျရင်တော့ မကြိုက်ဘူး နည်းနည်းခါးလို့လေ.

Address

Yangon

Telephone

+959753055196

Website

Alerts

Be the first to know and let us send you an email when Aussie Burmese Mum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share