12/04/2026
.🌿 အက္ခရာတို့ 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 လောကမှာတော့... "𝗔𝗴𝗲𝗻𝗰𝘆/𝗔𝗱𝗺𝗶𝗻 အပ်ကြတဲ့အခါ"
ကိုယ်ကျွမ်းကျင်တဲ့ 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗗𝗲𝘀𝗶𝗴𝗻 ကိုပဲ အခြေခံပြီး တစိုက်မတ်မတ် လုပ်ပေးတတ်တဲ့အဖွဲ့ 🎨
စျေးကွက်မှာ ဘယ်သူမှ သေသေချာချာ မလုပ်ပေးသေးတဲ့ 𝗡𝗶𝗰𝗵𝗲 𝗠𝗮𝗿𝗸𝗲𝘁 ကို လိုက်ရှာပြီး ထုတ်တဲ့သူက တစ်ဖွဲ့ 🔍
"ခုတလော ဒါတွေဒါတွေ 𝗧𝗿𝗲𝗻𝗱 ဖြစ်နေတယ်" ဆိုပြီး 𝗧𝗿𝗲𝗻𝗱 နောက်ကိုပဲ လိုက်နေတဲ့အဖွဲ့ (𝗧𝗶𝗸𝗧𝗼𝗸 မှာ ကနေကြပြီလားဟိဟိ) 💃😜
ကိုယ်ပိုင် 𝗦𝗲𝗿𝘃𝗶𝗰𝗲 တစ်ခု ထုတ်ရပြီးရောဆိုပြီး အမြန်တင်လိုက်တဲ့အဖွဲ့ 🤭
ဘယ်သူအပ်အပ် မအပ်အပ် ငါကြိုက်တဲ့ 𝗔𝗿𝘁 ကို ငါဖန်တီးမယ်၊ အနုပညာသမားစိတ် အပြည့်နဲ့အဖွဲ့ 🎨🤣
သူများတွေ 𝗣𝗮𝗴𝗲 𝗔𝗱𝗺𝗶𝗻 လုပ်ပြီး အောင်မြင်နေတာမြင်ရင် "ငါလည်း လုပ်ဦးမယ်" ဆိုပြီး စိတ်ကူးယဉ်နေတဲ့အဖွဲ့ 😁
"𝗖𝗼𝗻𝘁𝗲𝗻𝘁 က ဖတ်လို့ အဆင်ပြေပြေ မပြေပြေ၊ ဓာတ်ပုံရိုက်ရင် လှဖို့ပဲ အဓိက" ဆိုပြီး 𝗩𝗶𝘀𝘂𝗮𝗹 ကိုပဲ အားကိုးတဲ့အဖွဲ့ 😉
"အရမ်းကြီး စဉ်းစားမနေနဲ့၊ 𝗣𝗶𝗻𝘁𝗲𝗿𝗲𝘀𝘁 က ပုံကို ပြပြီး ဒီအတိုင်း ကူးဆွဲလိုက်မယ်" ဆိုတဲ့ ကူးချအဖွဲ့ 👌
"ပထမဆုံး ပို့စ်တင်ဖို့ ပြင်နေတာ တစ်လရှိပြီ၊ တစ်ပုံမှ စိတ်တိုင်းမကျသေးဘူး" ဆိုတဲ့ 𝗣𝗲𝗿𝗳𝗲𝗰𝘁 ဖြစ်မှ တင်ချင်တဲ့အဖွဲ့ 🤭💪
"ရောင်းအားကျနေတဲ့သူတွေ တက်စေရမယ်" 𝗼𝗿 "လုပ်ငန်းသစ်စမယ့်သူတွေအတွက်" ဆိုပြီး ပြဿနာတစ်ခုခုကို တည့်တည့်ဖြေရှင်းပေးတဲ့ 𝗣𝗿𝗼𝗯𝗹𝗲𝗺 𝗦𝗼𝗹𝘃𝗲𝗿 အဖွဲ့ 🌟
ဒီဇိုင်းက ရိုးရိုးလေးပဲ၊ ဒါပေမဲ့ 𝗦𝘁𝗼𝗿𝘆𝘁𝗲𝗹𝗹𝗶𝗻𝗴 တွေ၊ ပုံပြင်တွေနဲ့ စာစီစာကုံး ရေးပြီးမှ တင်တတ်တဲ့ အဖွဲ့ (ဒါကတော့ အက္ခရာတို့အဖွဲ့ပေါ့) 🫠
ပို့စ်ဒီဇိုင်းထက် 𝗖𝗮𝗽𝘁𝗶𝗼𝗻 ပေးဖို့ကို ပိုအားစိုက်တဲ့အဖွဲ့ (နာမည်လေးတွေကတော့ နန်းဆန်နေရောပဲ ဆိုတာမျိုး ခိခိ) 🤭🤭
𝗖𝗼𝗻𝘁𝗲𝗻𝘁 က ဘာမှန်းမသိသေးဘူး၊ ဘယ် 𝗠𝗼𝗱𝗲𝗹 နဲ့ ရိုက်မယ်၊ ဘယ်နေရာမှာ 𝗦𝗵𝗼𝗼𝘁 မယ်ဆိုတာကို အရင်စဉ်းစားတဲ့ 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 အဖွဲ့ 😉😉
"𝗖𝗼𝗻𝘁𝗲𝗻𝘁 က ဘာဖြစ်ဖြစ် အရေးမကြီးဘူး၊ စျေးအပေါဆုံးဖြစ်ဖို့ပဲ အဓိက" ဆိုပြီး 𝗣𝗿𝗶𝗰𝗲 𝗪𝗮𝗿 ခင်းတဲ့အဖွဲ့ 😬🤭
ဝန်ဆောင်မှုကတော့ ရိုးရိုးပဲ၊ ဒါပေမဲ့ 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 လှလှလေးနဲ့ ထုပ်ပိုးပြီး ဈေးကို အမြင်ကတ်အောင် တင်ရောင်းကြတဲ့အဖွဲ့ 🙏🏻😁
နောက် ဘယ်အဖွဲ့တွေ ရှိသေးလဲဟင်? ဟိဟိ
ကျွန်မကတော့ အပေါ်ကအဖွဲ့တွေအားလုံးမှာ အစုံပါတဲ့ "အစုံသုတ်" အဖွဲ့ကပါရှင်။ 🤣🤣
ရှင်တို့ကော... ဘယ်အဖွဲ့မှာ ပါကြလဲ?
"တကယ်တော့ လုပ်ငန်းရှင်တစ်ယောက်မှာ ဒီအချက်တွေ အကုန်လုံး နည်းနည်းစီ ရှိနေရတာပါ။ ကိုယ့်ပညာကိုလည်း ယုံကြည်ရမယ်၊ စျေးကွက်ကိုလည်း မျက်ခြေမပြတ်ရဘူး၊ 𝗧𝗿𝗲𝗻𝗱 ကိုလည်း နားလည်ရသလို... တစ်ခါတလေလည်း ဘယ်သူဝယ်ဝယ် မဝယ်ဝယ် ငါကြိုက်လို့ ငါဖန်တီးတာဆိုတဲ့ 'အနုပညာသမားစိတ်' လည်း ရှိနေမှ 𝗕𝗿𝗮𝗻𝗱 က အသက်ဝင်တာမျိုး" ✨🌿
အောင်မြင်တဲ့ လုပ်ငန်းရှင်လေးတွေ ဖြစ်ကြပါစေရှင်။
ချစ်တဲ့
အက္ခရာ
#𝗔𝗸𝗸𝗵𝗮𝗿𝗮 #𝗗𝗶𝗴𝗶𝘁𝗮𝗹𝗚𝗮𝗿𝗱𝗲𝗻 #𝗔𝗱𝗺𝗶𝗻𝗟𝗶𝗳𝗲 #𝗖𝗼𝗻𝘁𝗲𝗻𝘁𝗖𝗿𝗲𝗮𝘁𝗼𝗿 #𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 #𝗥𝗲𝗹𝗮𝘁𝗮𝗯𝗹𝗲𝗣𝗼𝘀𝘁