Just Sharing

Just Sharing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Just Sharing, Food & Drink, Bristol.

အရသာကောင်းမွန်ထူးကဲတဲ့ တိုဟူးနွေး အိမ်မှာ ချက်စားကြရအောင် ပါဝင်ပစ္စည်းတွေက လွယ်လွယ်ဝယ်လို့ရတယ်နော်ပဲမှုန့် အစိမ်း ကြက်သာ...
29/10/2024

အရသာကောင်းမွန်ထူးကဲတဲ့ တိုဟူးနွေး အိမ်မှာ ချက်စားကြရအောင်

ပါဝင်ပစ္စည်းတွေက လွယ်လွယ်ဝယ်လို့ရတယ်နော်
ပဲမှုန့် အစိမ်း
ကြက်သား
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ငရုတ်သီးခြောက် (မထည့်လဲရ)
ခရမ်းချဉ်သီး
ပဲငံပြာရည် အချို
သကြား
ဆား
ငရုတ်သီးမှုန့်
အရောင်တင်မှုန့်
နနွင်းမှုန့်
ကြက်သားမှုန့်
ငံပြာရည်

၂ပွဲစာ ပြင်ဆင်ပုံ
ကြက်သားဟင်းချက်နည်းကတော့ အရင်တစ်ခါ မုန့်တီသုပ်ချက်နည်းလေးတုန်းကနဲ့တူတူပဲနော်
ကြက်သားနှပ်ထားတာက စမယ်နော်
ကြက်သားလေးတွေ အတုံးသေးသေးလေးတွေလှီးပါ
ပြီးရင် ငရုတ်သီးမှုန့် နဲ့ အရောင်တင်မှုန့် ၂ ဆ ၁ ဆ ရယ်
နနွင်းမှုန့်လေး အနည်းငယ်ရယ်
ဆား၊ ငရုတ်ကောင်းမှုန့် (မပါလဲရ) နဲ့ ကြက်သားမှုန့် (မပါလဲရ) ဖြူးပြီး နှံ့စပ်အောင်နယ်ထားပါ

ကြက်သွန်နီလေး အရွယ်လတ် ၄လုံးလောက် အစိတ်လေးတွေစိတ်ထားပါမယ်
ခရမ်းချဉ်သီး အလုံးကြီးရင် ၂လုံး အလတ်ဆို ၃လုံးလောက်
အစိတ်လေးတွေစိတ်ထားပါမယ်
ကြက်သွန်ဖြူ အမွှာမွှာ အခွံခွာ၊ ဂျင်းလဲ အခွံလေးတွေဓားနဲ့လှီးပြီးဖယ်ထုတ်နော်
ပြီးရင် ကြက်သွန်ဖြူ ၊ဂျင်း နဲ့ငရုတ်သီးခြောက် လေးတွေ ရောထောင်းထားလိုက်ပါမယ်

ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီပူလာရင် မီးအလယ်အလတ်ညှိပြီး ကြက်သွန်နီစိတ်ထည့်ကာ ကြက်သွန်နွမ်းလာသည်ထိ တည်ပါ
ပြီးရင် ကြက်သွန်ဖြူ ဂျင်း ငရုတ် ရောထောင်းထားတာလေး ထည့်ပါ
ခဏ ရောမွှေပြီးရင် ခရမ်းချဉ်သီးစိတ်များ ထည့်ပါ
ခရမ်းချဉ်သီး နွမ်းလာသည့်အခါ ကြက်သားထည့်ပါ
ကြက်သားထည့်ပြီးခဏမွှေပေးပြီးရင် ငရုတ်သီးမှုန့်၊အရောင်တင်မှုန့် (၂:၁)ဆ နဲ့ ငံပြာရည် ၁၀ပေါက်လောက် ထည့်ပါ
ပြီးရင်တော့ ရောမွှေပေးပြီး အဖုံးအုပ်ထားပါ
မကြာမကြာမွှေပေးပြီး ကြက်သားဆီပြန်လာရင် ဟင်းကျက်ပါပြီ

တိုဟူးနွေး အနှစ်ပြင်ဆင်ပုံကတော့ လွယ်လွယ်လေးပါ
တိုဟူးပြင်တဲ့အခါ ပဲမှုန့်မြန်မာတံဆိပ်သုံးရင် တချို့က ရေခဏစိမ်ပြီး ချက်ကြပေမယ့် ကျွန်မကတော့ မြန်မာတံဆိပ်ဖြစ်ဖြစ် နိုင်ငံခြားတံဆိပ်ဖြစ်ဖြစ် ၃နာရီလောက် တော့အနည်းဆုံး​ရေစိမ်ပါတယ်
ပဲမှုန့်စိမ်း၂ ဆ ရေ ၁ ဆ ထည့်ရပါမယ်
ပဲမှုန့်အစိမ်း ၂ခွက် ရေ၄ခွက်ထည့်ပြီး ပဲမှုန့်အားလုံးကျေသွားသည်ထိ လက်နဲ့ခြေပေးပါ
ပြီးခါမှ အဖုံးလေးအုပ်ပြီး အနည်ထိုင်သည်ထိ ၃နာရီလောက်ထားထားပါမယ်

၃နာရီလောက်ကြာပြီဆို ဒယ်အိုးမကပ်တာလေးကို မီးအေးအေးလေးပေါ်တင်ပါ
ပြီးရင် ပဲမှုန့်စိမ်ထားတဲ့အပေါ်ယံအရည်လေး နည်းနည်းအရင်ထည့်ပြီး အဆက်မပြတ်မွှေပေးပါ
အရည်တွေကော အနှစ်တွေကော အကုန်တစ်ခါထဲမထည့်ဘဲ အပေါ်ယံအရည်လေးကနေစပြီး ဖြေးဖြေးချင်း ထည့်လိုက်မွှေလိုက် ထပ်ခါထပ်ခါ လုပ်ရပါတယ်
အဲ့လိုတိုဟူးကျိုနေစဉ် သကြား လက်ဖက်ရည် ၂ဇွန်းမှ ၃ ဇွန်း ဆား လက်ဖက်ရည်ဇွန်းလေးတစ်ဝက်လျော့လျော့ ထည့်ရောကျိုပါ
တိုဟူးနွေးအနှစ်ချက်နေစဉ် တိုဟူးအရောင်လှအောင် နနွင်းမှုန့်လေးလဲ ချင့်ချိန်ဖြူးပါ
တိုဟူးနွေး အနှစ်အနေအထား မပျစ်မကျဲ ဆိုင်မှာမြင်ဖူးနေကျ အနေအထားလေးရပြီး ၂ပွဲစာပမာဏရရင် တိုဟူးနွေး ရပါပြီ

ခေါက်ဆွဲပြင်ဆင်မှုကတော့ ကြာဇံလို ရှမ်းခေါက်ဆွဲအသေး ဒါမှမဟုတ် ရှမ်းခေါက်ဆွဲအပြား လိုရာဝယ်ပြုတ်ပါ
စားခါနီးမှပြုတ်ပြီး တမ်းစားပါနော်
ကြိုပြုတ်ထားပြီး ရေအေးနဲ့လောင်းထားရင် အေးအေးကြီး စားမကောင်းတတ်လို့ပါ

တိုဟူးနွေး ပွဲပြင်ပုံ
ရှမ်းခေါက်ဆွဲလေး ပန်းကန်ထဲထည့်ပါ
တိုဟူးနွေးကို ခေါက်ဆွဲဖုံးအောင်ထိ ထည့်ပါ
ကြက်သားဟင်း အသားလေးပဲ ယူထည့်ပါ
ပဲငံပြာရည်အချို လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ
နိုင်ငံခြားနေသူများ lee k*m kee ငရုတ်ဆီchilli oilဝယ်လို့လွယ်ရင် အဲ့တာလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ
အိမ်မှာ ကိုယ့်ဘာသာ chilli oilလုပ်ချင်ရင်လဲလွယ်ပါတယ်
ဆီပူအောင်တည်ပြီး ငရုတ်သီးခွဲခြမ်းပေါ် ဆီပူလောင်းထည့်ပါ ဒါဆို ငရုတ်ဆီရပါပြီ
ပြီးရင် နယ်စားလိုက်ဖို့ပဲကျန်ပါတယ်
oishi

မုန့်တီသုပ် ကောင်းကောင်းတစ်ပွဲ ဘယ်လိုချက်မလဲ? မင်္ဂလာပါ ဒီနေ့တော့ ကြက်သားမုန့်တီသုပ် လေးကို အဆီအနှစ်ပြည့်ပြည့်ဝဝအရသာရှိရ...
24/10/2024

မုန့်တီသုပ် ကောင်းကောင်းတစ်ပွဲ ဘယ်လိုချက်မလဲ?

မင်္ဂလာပါ ဒီနေ့တော့ ကြက်သားမုန့်တီသုပ် လေးကို အဆီအနှစ်ပြည့်ပြည့်ဝဝအရသာရှိရှိ ဘယ်လိုချက်ရမလဲ ပြောပြပေးမယ်နော်

ပါဝင်ပစ္စည်းတွေကလဲ ဝယ်ရမခက်လို့ အိမ်မှာ ကိုယ့်ဘာသာမချက်ဖူးသေးရင် ချက်ကြည့်ပါရှင့် ချစ်တို့ရေ
ရိုးရှင်းတဲ့ပါဝင်ပစ္စည်းများ
(လူ2ယောက်စာ 2နပ် စား အချိုးအစား or ၄ပွဲစာ)
ကြက်သား
ကြက်သွန်နီ အရွယ်လတ် ၃လုံး
ကြက်သွန်ဖြူ ၁လုံး
ဂျင်း လက်တစ်ဆစ်
ခရမ်းချဉ်သီး အရွယ်လတ်၃လုံး
ငရုတ်သီးခြောက် (အစပ်ကြိုက်သလောက်ချင့်ချိန်ထည့်
ရန်)
ငရုတ်ခွဲခြမ်းမှုန့် (လှော်ပြီးသားဆိုပိုကောင်း)
သံပုရာသီး ၂လုံး

ကြက်သားနယ်တာကနေ စလိုက်ရအောင်
ကြက်သားကို ပထမဆုံး အတုံးသေးသေးလေးတွေ တုံးထားပါမယ်
ကြက်သားနယ်တာ လူအမျိုးမျိုး အရသာနှပ်နည်းအမျိုးမျိုး ရှိကြတယ်
ကျွန်မကတော့ ကြက်သားကိုအရောင်လှလှလေးလဲဖြစ် အရသာများများပါဝင်အောင်
ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့် ၂:၁ အချိုးအစား ထည့်တယ်
ပြီးရင်တော့ ဆနွင်းလေး နည်းနည်းဖြူးတယ်
ကြက်သားမှုန့်လေးရှိရင် ကြက်သားမှုန့်ကောထည့်
မရှိလဲရတယ်
ဆားနဲ့ ငရုတ်ကောင်းမှုန့်ကတော့ အဓိကပေါ့ ဒါလေးတွေအကုန်ရောပြီး ကြက်သားကိုနယ်ပြီး အချိန်ခဏလောက်နှပ်ထားရပါမယ်

ဟင်းစမချက်ခင် ဟင်းအနှစ်အတွက်ပြင်ဆင်ကြရမယ်နော်
ကြက်သွန်နီ ၃လုံးလောက်ကိုအခွံပြီး အစိတ်လေးတွေစိတ်ထားပါ
ကြက်သွန်ဖြူ ၁လုံးကို အမွှာနွင်ပြီး အခွံခွာပါ
နောက် ဂျင်းလက်တစ်ဆစ်ခန့် ကိုယူ အပေါ်ယံအခွံတွေဓားနဲ့လွှာပြီး အထဲက အသားပဲယူသုံးမယ်
ပြီးတော့ခါကျမှ ကြက်သွန်ဖြူနဲ့ဂျင်း သန့်ထားတာလေးတွေကို ငရုတ်ဆုံ ထဲထည့်ပါ
မထောင်းခင် အစပ်ကြိုက်တတ်တဲ့သူဆို ငရုတ်သီးခြောက် လိုချင်သလောက် ငရုတ်ဆုံထဲ ရောပြီး
အားလုံးကိုထောင်းထားလိုက်ပါ
(မြန်မာပြည်မှာ ငရုတ်သီးခြောက် စပ်တာ ရှာလို့လွယ်ပေမယ့် ပြည်ပနိုင်ငံမှာဆို bird eyes ငရုတ်သီးခြောက်ဆိုပြီး အာရှဆိုင်တွေမှာ ရှာဝယ်ပါနော်)
နောက်ဆုံး ပြင်ဆင်မှုကတော့ ခရမ်းချဉ်သီး ၃ လုံးကို အစိတ်လေးတွေစိတ်ထားရုံပဲ

ကဲ ဟင်းစချက်ပြီ
ဒယ်အိုးထဲ ဆီများများထည့်ပြီး ဆီပူလာရင် ကြက်သွန်နီထည့် ဆီသတ်ပါ
ကြက်သွန်နီလေးတွေ နွမ်းစပြုရင် ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးခြောက် ရောထောင်းထားတာလေး ထည့်ပါမယ်
အားလုံးရောထည့်မွှေပေးပြီး ခဏနေရင် ခရမ်းချဉ်သီး စိတ်ထားတာလေးတွေထည့်ပါ
ခရမ်းချဉ်သီးလေး နည်းနည်းနွမ်းရင် ဟင်းအနှစ် ရပြီနော်
ခရမ်းချဉ်သီးနည်းနည်းနွမ်းစပြုတာနဲ့ ကြက်သားနှပ်ထားတာလေး ရောထည့်ပါ
ကြက်သားရောပြီးတာနဲ့ အဓိကနဲ့နောက်ဆုံးအဆင့်အနေနဲ့ အရသာလေးတွေထပ်ဖြူးပေးရပါမယ်
စောစောက ကြက်သားနှပ်တုန်းကလိုပဲ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့် ၂:၁ အချိုးအစား နည်းနည်းထပ်ဖြူးပါ
ငံပြာရည်များများထည့်ပါ
ဟင်းတစ်ခွက်မှာ ငံပြာရည်က အရေးကြီးတယ်နော်
ငံပြာရည်ပုလင်းထဲက ထည့်ပေါက်တာဆို ၁၀ ပေါက်လောက် ထည့်ပေးလိုက်ရင်ရပြီ
ပြီးရင်တော့ အားလုံးရောမွှေထားပြီး တည်ထားရုံပဲ
အဖုံးလေးဖုံးထားပြီး မကြာမကြာတော့ အဖုံးဖွင့်မွှေပေးပါ
ကြက်သားဟင်းလေး အရည်ပြန်လာရင် ကျက်တာကကျက်ပြီ
ဒါပေမယ့် ဆီပြန်ဟင်းလေးမှ အားလုံးကြိုက်ကြတာဟုတ်
ဒီတော့စိတ်ရှည်ရှည်နဲ့ ဆီပြန်တဲ့ထိ စောင့်ပြီး ဟင်းတည်ပေးနော်
ဆီတွေအပေါ်တက်လာပြီး ဆီပြန်ပြီဆို ကြက်သားဟင်းလေး ရပါပြီ

ခုမုန့်တီဖက် လုပ်နည်းလေးပြမယ်နော်
မြန်မာပြည်မာဆိုရင်တော့ လတ်လတ်ဆတ်ဆတ်မုန့်ဖက် ဝယ်သုပ်ရုံပဲ
ပြည်ပမှာဆိုရင်တော့ udon noodles ဆိုပြီး ready made packages လေးတွေ အာရှဆိုင်တွေမှာ ဝယ်ပါ
ဟင်းချက်နေတုန်း မုန့်တီခေါက်ဆွဲ စပြင်ထားချင်တယ်ဆိုရင်
udonခေါက်ဆွဲကို ရေထဲ ၃ မိနစ် ၄မိနစ်လောက် ထည့်ပြုတ်ပါ
ပြီးရင်ရေစစ်ပြီး ခေါက်ဆွဲပေါ်ရေအေးလေး လောင်းပေးပါ
ရေစစ်ပြီးသားခေါက်ဆွဲတွေကို ဆီနည်းနည်း ထည့်ပြီးနယ်ထားပါ
ဒါမျိုး ရေအေးလောင်းပြီး ဆီသုတ်ပေးတဲ့အခါ ခေါက်ဆွဲသားလေးက အရမ်းမမာမပျော့ စားကောင်းပါတယ်
မဟုတ်ရင် ခေါက်ဆွဲသားအပူကိုဒီတိုင်းထားတဲ့အခါ ခေါက်ဆွဲတွေထွေးသွားတတ်လို့ပါ
တကယ်လို့ ဟင်းချက်ပြီး ပွဲပြင်ခါနီးမှ ခေါက်ဆွဲပြုတ်ရင်တော့ ပြုတ်ပြီးပြီးချင်း ရေစစ်ကာ ပွဲပြင်စားသုံးလို့ရပါတယ်

မုန့်တီသုပ်မပြင်ခင် မုန့်တီသုပ်ထဲထည့်မယ့် ဆီနီ လုပ်နည်းလေး ပြောပြပါ့မယ်
ဆီကိုဒယ်ထဲထည့်ကာ ဆီပူအောင်တည်ပါ
ပန်းကန်လုံးအသေးတစ်ခုထဲ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့် ၂:၁ အချိုးအစားထည့်ပြင်ဆင်ပါ
ဆီပူလာရင် ပန်းကန်လုံးထဲက အမှုန့်တွေပေါ် ဆီပူလောင်းထည့်ပါ
ဒါဆို ဆီနီရပြီ အပေါ်ယံဆီပဲသုံးမယ်နော်
အမှုန့်တွေ ခပ်သုံးစရာမလိုပါ

မုန့်တီပြင်ဆင်ပုံ
မုန့်တီဖက်ကို ပန်းကန်ထဲ တစ်ပွဲစာ ထည့်ပါ
ကြက်သားဟင်း လိုချင်သလောက်ထည့်ပါ
ဆီနီ နည်းနည်းလေးသာ ဆမ်းပါ
ပဲမှုန့်အကျက်ရှိရင် ထည့်ပါ (မရှိလဲ ပဲမှုန့်မပါလဲ စားကောင်းပါသည်)
အစပ်ကြိုက်သူများငရုတ်သီးလှော်မှုန့် ဖြူးပါ
ငံပြာရည်မွှားမွှားထည့်ပါ (ပုလင်းထဲကနေ၂ပေါက်ခန့်)
သံပုရာသီးကိုအရည်ညှစ်ထည့်ပါ
ဒါဆိုရင်တော့ နယ်ပြီးစားလိုက်ဖို့ပဲကျန်ပါတယ်
အားလုံးစားကောင်းကြပါစေနော်
သိပ်မခက်တာမလို့ အိမ်မှာလုပ်စားကြည့်ကြပါဦးလို့

Mingalar Par
Today I would like to share how to cook Burmese style Udon noodles salad "Mont T"

ingredients
-chicken tighs or breast
-onions (3 if it is medium sized)
-garlic (1)
-ginger (just about an inch long)
-tomatoes
-dried chilli (optional)
-chilli flakes (optional)

How to season chicken
Cut chicken into small pieces first. Then, season it with chilli powder ans paprika (2:1) , just a bit of turmeric powder, abit of chicken powder (optional), salt and pepper. Mix them well and let it sit for a while

How to prepare vegetables
Cut onions and tomatoes into pieces.
Peel garlic cloves and cut the outer layer of ginger
grid them together (add dried chilli and grind together if you like).

How to cook the curry
Put oil into the pan or pot and wait until it's hot. Then, reduce the heat to medium and put onion pieces. Wait until the onion slices change the color slightly golden. Then, put the mixed garlic, giner and chilli into the pot. Later after mixing them, put the tomatoes slices and mix them again. When tomatoes are half-cooked, add the seasoned chicken.
For the last step, u need to add some more chilli powder and paprika powder(2:1) and some fish sauce.
You can add like 10 drops of fish sauce from the bottle.
After that, mix them well, put a lid on the pot and let it cook until the oil comes up to the surface.
U need to mix often while waiting it finishs cooking.
The curry is ready when it becomes oily.

How to prepare the noodles
U can use 1 pack of undon noodles per 1 person serving.
Remove the package and boil it in the hot water for 3 to 4 minutes.
After that, stain the water.
If you prepare the nooldes in advance while waiting for curry, u need to pour some cold water onto noodles after staining it from boiling water.
Then, u need to also put abit of oil onto noodles and mix them so noodles would not stick each other.

How to make chilli oil for the salad
It's very simple.
Boil some oil and put the boiled oil on a mixture of
chilli powder anx paprika powder(2:1) in a bowl

How to make the Burmese style udon salad
put one portion of udon noodles on a plate or in a bowl
add chicken curry as much as u like
add just a half tea spoon of chilli oil that u just made
add 2 drops of fish sauce
squeeze one or two slice of fresh lime or lemon onto the salad
add some roasted chickpea powder if you have some(optional)
After mixing them altogether, your Mont T is ready to eat
Enjoy!

Address

Bristol

Website

Alerts

Be the first to know and let us send you an email when Just Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category