Spring Support Store UK

Spring Support Store UK UK-based non-profit supporting humanitarian needs in Myanmar.

UK အရောက် 14£တဲ့preorder only
05/10/2026

UK အရောက် 14£တဲ့
preorder only

ဆရာကြီးနေဝင်းအောင်နှင့်တကွ မြင့်မြတ်စွာ အသက်ပေးသွားသော ရဲဘော်များကို အလေးပြုပါတယ်။
25/09/2026

ဆရာကြီးနေဝင်းအောင်နှင့်တကွ မြင့်မြတ်စွာ အသက်ပေးသွားသော ရဲဘော်များကို အလေးပြုပါတယ်။


ခုတလော ကိုယ့်ဘာသာ အလုပ်ကိစ္စရှုပ်နေလို့ pageကို ပစ်ထားသလိုဖြစ်။ဒီတပတ်ထဲ အချိန်နည်းနည်းရတုန်း fund raising လုပ်ဖို့ ချက်ဖ...
16/09/2026

ခုတလော ကိုယ့်ဘာသာ အလုပ်ကိစ္စရှုပ်နေလို့ pageကို ပစ်ထားသလိုဖြစ်။
ဒီတပတ်ထဲ အချိန်နည်းနည်းရတုန်း fund raising လုပ်ဖို့ ချက်ဖြစ်တာလေး။
တနင်္ဂနွေနေ့ ဒံပေါက်ချက်ဖို့ ကြက်သားဟင်းနှင့် အမဲသားဟင်းချက်ထားပြီ Frozen သိမ်းမယ်။
Sunday ကြ ကိုယ့်သူငယ်ချင်းက mini gathering သူ့အိမ်မှာလုပ်ဖို့ orderမှာလို့။ ကိုယ်တိုင်လည်း အဲ့ပွဲသွားစားမှာ😊။
ရသမျှ အရင်းရော အမြတ်ပါ "အသက်" ကမ်ပိန်းမှာလှူမှာမို့ သူငယ်ချင်းအချင်းချင်းလည်း ပြန်ရောင်းတာပဲ။(အလကားကျွေးတဲ့ အချိန်တွေတော့ရှိပါတယ် 😂)
အမဲသားနှပ်နှင့် Brownie တော့ လက်ဆောင်ပေးမှာ သူငယ်ချင်းအရင်းမို့
။
ပုံလေးတွေကတော့ ပြင်ထားတာ အမြင်လှအောင်လို့။
အရသာကတော့ရှယ် ပစ္စည်းကောင်းတွေပဲ သုံးထားတာ
။

အသက်ကမ်ပိန်းတဲ့။အသက်မှာမှ နေပြည်တော်တပ်ရင်းအတွက်ဆိုတော့ သဘောပေါက်ကြ ပိုလှူ ပိုကူကြဖို့ လိုပါတယ်။ကိုယ်တွေကလေးဘဝက သတ္တဝါလေ...
07/09/2026

အသက်ကမ်ပိန်းတဲ့။
အသက်မှာမှ နေပြည်တော်တပ်ရင်းအတွက်ဆိုတော့ သဘောပေါက်ကြ ပိုလှူ ပိုကူကြဖို့ လိုပါတယ်။
ကိုယ်တွေကလေးဘဝက သတ္တဝါလေးတွေဖမ်းမိလို့ ပြန်လွှတ်ရင်တောင် နင့်အသက်တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်ဆိုပြီး ဆုတောင်းကြတယ်မလား။
ခု သက်ကယ်ကန်ပိန်းမှာပါရင် အဲ့ထက်မက ဆုတောင်းတွေပြည့်မယ် ပြည်တော် ပြန်ဝင်ဖို့လည်းနီးမယ်လေ။
NUG pay. SDB, UK bank တွေနှင့် လှူလို့ရတယ်။
အသေးစိတ်ကို မန့်မှာပြထားမယ်။
တပ်ရင်း pageမှာတိုက်ရိုက် သွားကူလည်းရတယ်။

https://www.facebook.com/share/18MZFgh1Vn/?mibextid=wwXIfr

ဥဒေါင်းစစ်သည် ရှေ့သို့ချီ

စာရှည်ပါတယ် အချိန်ရရင်ဖတ်ပါ လူလိမ်မခံရအောင်။ကိုယ့်ဘာသာ Nights dutyတွေများပြီး နေ့ညမှားလို့ ဂါနေပါတယ်ဆိုမှ $ လူလိမ်တွေက တ...
27/08/2026

စာရှည်ပါတယ် အချိန်ရရင်ဖတ်ပါ လူလိမ်မခံရအောင်။

ကိုယ့်ဘာသာ Nights dutyတွေများပြီး နေ့ညမှားလို့ ဂါနေပါတယ်ဆိုမှ $ လူလိမ်တွေက တမျိုး။
အမေအောင့်အကောင့်တုနှင့်လိမ်တာ။
ဦးလေးသက် Live လွှင့်ရင် အမေအောင်က မဲကူရောင်းပေးတယ်။
ဒါကို အကောင့်တုကောင်က Liveထဲက ဝယ်မယ်ပြောတဲ့သူတွေကို သူကဦးအောင် လိုက်ရောင်းတာ။
မနေ့က Night အပြန် ခဏပဲအိပ်လို့ရတယ် ချက်ချင်း အိပ်မပျော်တာရယ် သူငယ်ချင်း နှုတ်ဆက်ပွဲညနေသွားရမှာရယ်မို့ ညနေအိပ်ရာပြန်ထ။
အဲ့အချိန် ကိုယ့်ပါရမီဖြည့်ဖက်က ဦးလေးသက် Live လွှင့်နေတယ် အမေအောင်ရော သောင်ရင်းက ညည်းမောင်လေးတွေလည်းပါတယ်ဆိုလို့ ဝင်ကြည့်။
အမေအောင့်ကိုစာပို့ ကိုယ့်အတွက်တစောင် ပိုက်ဆံပြီးမှယူလို့ မြန်မာငွေက ဘယ်လောက်ထည့်ထည့် ကိုယ့်ဆီလက်ကျန်ဘယ်တော့မှ လက်ထဲမရှိလို့။

အဲ့အချိန်မှာ ကိုယ်ဘာရောင်းရောင်းဝယ်နေကြ မမတယောက်က နဝရတ်ဆီက လက်မှတ်ဝယ်ချင်လို့ ဝယ်ပေးမလားလာမေးတယ်။ နတ်ပေးမရဘူးပြောလို့တဲ့။
ရပါတယ် ပေးလိုက်ပါဆိုပြီး အမေအောင့် နတ်ပေးQR ပို့။
အဲ့ မမငွေပို့တဲ့ SSကို အမေအောင့်ပေး အမေအောင်က နံပါတ် ၃ ခုပြန်ပို့။
ကိုယ်လည်း အိပ်ချင်မူးတူး တစောင်ဝယ် ၃ စောင်ရောင်းကူလိုက်တယ်ပေါ့။

ခဏနေ သူငယ်ချင်းတွေနှင့်ရှိနေတုန်း ခုဏက လက်မှတ်ဝယ်တဲ့မမက forward messages တွေလာပို့ အမေအောင်က နတ်ပေးလက်မခံတဲ့သဘောပေါ့။
ဒါပေမဲ့စိတ်ထဲ အမေအောင့် အရေးအသားမဟုတ်ပါဘူး ဘာတွေလဲပေါ့ ပွဲမှာဆိုတော့ ကိုယ်လည်း ဘာမှ အထွေအထူးမပြောတော့ဘူး။

ကိစ္စကလည်း ကိုယ်နှင့်အမေအောင်ကြားမှာရှင်းရှင်းလေး ၃ စောင်ဖိုးပို့တယ် နံပါတ် ၃ ခုပြန်ပေးတယ် ဒီ့ထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး။

ညကတော့ ပင်ပန်းလွန်းလို့ ကိုယ့်ဘာသာအိပ်ရာတန်းဝင်။ မနက်အလုပ်သွားတော့ အမေအောင့်ဆီ အသံဖိုင်လှမ်းပို့ (မဟုတ်မှန်းသိပေမယ့် ကိုယ့်အချင်းချင်းပြန် confirm).
အမေအောင်က ဘာပြသနာမှ မရှိဘူးနော် လာဝယ်တဲ့မမဆီ သူ နတ်ပေးပို့တယ် သူ့ကို replyမပြန်ထားဘူးဆိုတဲ့ SS ပြ။
ဒါနှင့် လက်မှတ်ဝယ်တဲ့မမကို အမေအောင်နှင့်ပြောထားတဲ့ SS ပြဆိုမှ လူလိမ်သူတောင်းစား khaw ထက်ယုတ် တော်လှန်ရေးမှာလာလိမ်တဲ့ အမေအောင့်အကောင့်တု နာမည်က Nawrt Aug Aug ပုံက အမေအောင်ခုသုံးနေတဲ့ Profile သူက လက်မှတ်ဝယ်မယ့်သူကိုသွားလိမ်နေတာ။

ဒီဖက်မှာ ကိုယ့်အချင်းချင်းက ဝယ်လို့ရောင်းလို့ပြီးတော့ သူက Kpay မရလို့ ဒေါတွေခီးနေတာ။ ငွေပြန်အမ်းမယ်တွေ ဘာတွေနှင့် အလှူရှင်ကိုလည်း ငေါက်သေးတာ။

Phar ဂေါင်းရဲ့ ထိုင်းဘဏ်က Moe Thura Kyaw, SCB Bank, 4141472538.
Kpay နာမည်က Htet Wai Yan.(6455နှင့်ဆုံးတဲ့ နံပါတ်)

ပြည်သူ့အလှူငွေ တော်လှန်ရေးအတွက်မတရားစားချင်တဲ့ out တန်းစားရေ ဖြစ်လေရာ ဘဝ လူမွှေးလူတောင်မပြောင်ပါစေနှင့်။ Apin စို့ပါစေ။
ပင်ပန်းရတဲ့ကြားထဲစာအရှည်ကြီးရေးရပြန်ပြီ။
ပုံတွေတပုံချင်းကြည့်ပါ။ ဒုတိယပုံတခုပဲ အမေ့အောင့်ဆီကအစစ်။

ဒါမျိုးတော့ နောက်ကျခံလို့ ဘယ်ဖြစ်မလဲ။ တော်လှန်ရေးထဲက တီးဝိုင်း တော်လှန်အနုပညာရှင်တွေစုစည်းထားတဲ့ သောင်ရင်းသုခုမ ရေရှည်ရပ...
27/08/2026

ဒါမျိုးတော့ နောက်ကျခံလို့ ဘယ်ဖြစ်မလဲ။
တော်လှန်ရေးထဲက တီးဝိုင်း တော်လှန်အနုပညာရှင်တွေစုစည်းထားတဲ့ သောင်ရင်းသုခုမ ရေရှည်ရပ်တည်ရေးအတွက် တတပ်တအား။



ငှက်စာကျွေးတဲ့အထုပ်ကပါလာတဲ့ နေကြာစေ့လေးတွေကိုစိုက်ထားတာ။နေကြာပန်းပုံ ဆက်လျှောက် ခြေအိတ်လေးရောင်းပေးမယ်နော်။Preorder prep...
23/08/2026

ငှက်စာကျွေးတဲ့အထုပ်ကပါလာတဲ့ နေကြာစေ့လေးတွေကိုစိုက်ထားတာ။
နေကြာပန်းပုံ ဆက်လျှောက် ခြေအိတ်လေးရောင်းပေးမယ်နော်။
Preorder prepaid UK အရောက် တစုံ 5£, free size.
ပုံလေးတွေ မန့်မှာကြည့်လို့ရ။

Address

London

Website

Alerts

Be the first to know and let us send you an email when Spring Support Store UK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category