Butter Bloom by Nway

Butter Bloom by Nway Home baking, pastry school, and the journey toward my dream pâtisserie.

Sharing every sweet step along the way. ✨
お家でのお菓子作りと製菓学校での学び。
将来のパティスリー開業を目指して、成長の過程を発信しています🍓

08/08/2026

🫶🫶

#foryoupageシ

06/08/2026

🍫 Éclair (အီကလဲ) 🍫
Choux Pastry ကို အပြင်ဘက်ရွှေရောင်သန်းအောင် ဖုတ်ပြီး တော့အတွင်းကို Chocolate Cream ဖြည့်။ အပေါ်ကို Chocolate Glaze နဲ့ ဖုံးအုပ်ထားတာကြောင့် စားချင်စဖွယ်ကောင်းသောပါ။
အပြင်ဘက်က နူးညံ့တဲ့ Pastry၊ အတွင်းက Chocolate Cream နဲ့ အပေါ်က Chocolate Glaze တို့ ပေါင်းစပ်ထားတဲ့အတွက် အချိုကြိုက်တဲ့ သူ အတွက် တစ်ကိုက်ချင်းစီမှာ ချိုမြိန်ပြီး နူးညံ့တဲ့ အရသာကို အပြည့်အဝခံစားရစေလို့ စားပြီးရင်းစားချင်ပါပဲ 😋 ☕🍫✨ ゚

05/08/2026

🍐 カレ・オ・ポワール (Carré aux Poires)
ပြင်သစ်ရိုးရာ Pear Tart တစ်မျိုးပါ
Poire ဆိုတာပြင်သစ်ဘာသာဖြင့် Pear (သစ်တော်သီး) ကို ဆိုလိုတာပါ။ကြွပ်ရွတဲ့ Tart Crust ပေါ်တွင် Crème d’Amande (Almond Cream) အရင်ထည့်ပြီးသစ်တော်သီးကို စိတ်ကြိုက် decoration လုပ်ပြီးဖုတ်ထားသော အချိုပွဲလေးပါ🫶ဖုတ်ပြီးနောက် Apricot Glaze ကို လိမ်းပေးထားလိူ့ အပေါ်ယံ glassလို တောက်ပြီး အချိုမကဲ အမြင်လှ စားချင်စားဖွယ်လေးပါ😻😻 #foryoupageシ aux Poires ́plongeant

03/07/2026

ABC COOKING STUDIO နဲ့ Confectionery School ကွာခြားချက် ကိုယ့်ရဲ့ အမြင်ပြောပြချင်းပါရှင့် piza လေးစားကြပါအုန်း🫶🫶နောက်ကျရင်တော့ cooking studio က recipe အကြောင်းပါပြောပြမယ်နော် #foryoupageシ #東京製菓学校

29/06/2026

🥮 Madeleine (မဒလိန်း)
Madeleine ဟာ ပြင်သစ်ရိုးရာ မုန့်များထဲက လူသိအများဆုံး gâteau sec (မုန့်ခြောက်အမျိုးအစား) တစ်မျိုးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေက ရိုးရှင်းပေမယ့် quality ကောင်းတဲ့ Madeleine တစ်လုံးရဖို့အတွက် နည်းစနစ်နဲ့ အသေးစိတ် Step by step တိုင်းကအရေးကြီးပါတယ်။
အဓိကပါဝင်ပစ္စည်းတွေက ကြက်ဥ၊ သကြား၊ cake flour ၊ ထောပတ်၊ Baking Powder တို့ဖြစ်ပါတယ်။ သို့သော် ကြက်ဥမွှေတာ၊ ကိတ်ဂျုံထည့်တာကအစ batter ကိုဘယ်လောက်အနားပေးသလဲ၊ ထောပတ်အပူချိန်၊ မီးအပူချိန် စတဲ့အချက်တိုင်းက အရသာ၊ အနံ့၊ အရောင်နဲ့ texture ကိုဆုံးဖြတ်ပေးပါတယ်။
Madeleine ကောင်းတစ်လုံးမှာ အပေါ်ယံက ရွှေရောင်လေးလိုလှပပြီး အလယ်မှာ Bossu (အဖု/အုံ) လို့ခေါ်တဲ့ ဖောင်းတက်မှုရှိရပါတယ်။ အဖုလေးတွေက batter ကို အနားပေးပြီး အပူမြင့်နဲ့စတင်ဖုတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ Madeleine ရဲ့ အမှတ်အသားတစ်ခုပါ။☺️
အပြင်ဘက်က အနည်းငယ်မာပြီး အတွင်းပိုင်းက နူးနူးညံ့ညံ့ထောပတ်အနံ့မွှေးမွှေးလေး taste ရျစပါတယ်။Lemon zest၊ Orange zest၊ Vanilla သို့မဟုတ် Honey တို့ထည့်ရင် ကြက်ဥအနံ့လို အနံတွေပျောက်စေပြီး စားရတာ ပိုနူးညံ့စေပါတယ်။ #foryoupageシ #東京製菓学校

Madeleine ဟာ ရိုးရှင်းတဲ့မုန့်လို့ထင်ရပေမယ့် အခြေခံ pastry technique များစွာ ပါဝင်နေတဲ့အတွက် ပရော်ဖက်ရှင်နယ် Pastry Chef တွေနဲ့ Pastry Student တွေ အမြဲလေ့ကျင့်လေ့ရှိတဲ့ အရေးကြီးတဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။

✨ “Simple ingredients, perfect technique.”
ဒါက Madeleine ရဲ့ အလှအပနဲ့ အရသာကို ဖန်တီးပေးတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ #東京製菓学校

27/06/2026

Poundcake မှာပြုလုပ်နည်း အဓိက ၃ မျိုးအမျိုးမျိုးရှိပါတယ်
✨ Pound Cake တစ်မျိုးတည်းဖြစ်ပေမယ့် ပြုလုပ်နည်းပေါ်မူတည်ပြီး Texture နဲ့ Taste ကွာခြားနိုင်ပါတယ်။
🥮 Flour Batter Method
Butter နဲ့ Sugar ကို အရင်ရောပြီး Flour ကိုထည့် ပြီးနောက်ဆုံး Egg ထည့်တဲ့နည်းဖြစ်ပါတယ်။
အသားစိတ်ပြီး နူးညံ့စိုပြေတဲ့ Pound Cake ရရှိပါတယ်။
🥮 Sugar Batter Method
Butter နဲ့ Sugar ကို ရောအောင်လုပ်ပြီး မှEgg ကို အနည်းငယ်စီထည့်ကာ နောက်ဆုံး Flour ထည့်တဲ့နည်းဖြစ်ပါတယ်။
ပေါ့ပါးပြီး Volume ကောင်းတဲ့ Pound Cake ရရှိပါတယ်။
🥮 All-in-One Batter Method
ပါဝင်ပစ္စည်းအားလုံးကို တစ်ခါတည်းရောစပ်တဲ့နည်းဖြစ်ပါတယ်။
အချိန်ကုန်သက်သာပြီး အိမ်တွင်လည်း လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်ရှင့်🫶🫶🫶
#foryoupageシ

26/06/2026

ကိတ်ကျောင်းရွေးဖို့ ခတ်နေတဲ့ သူတွေအတွက် ရည်ရွယ်တဲ့ vlogလေးပါ ပြီးတော့ ကိုယ်တိုင်လဲ အတွေ့အကြံု နည်းသေးတာ​မို့ youtuber pastry chefs များရဲ့စကားတွေ နားထောင်း​ပြီးပြန်ပြောပြထားတာလေးပါ ရှင့် #foryoupageシ #東京製菓学校 #foryoupageシ #foryoupageシ

📸🍮 Custard Pudding  (favorite dessert 🍨)Puddings ထဲက အခြေခံလုပ်နည်းလိူ့ပြောလို့ရပါတယ်။ဒီနေ့ ကျောင်းမှာ သင်ယူရင်း လုပ်ဖြစ...
24/06/2026

📸🍮 Custard Pudding (favorite dessert 🍨)
Puddings ထဲက အခြေခံလုပ်နည်းလိူ့ပြောလို့ရပါတယ်။ဒီနေ့ ကျောင်းမှာ သင်ယူရင်း လုပ်ဖြစ်ခဲ့တဲ့ Custard Pudding 🍮
ကြက်ဥ၊ နို့၊ သကြား သုံးမျိုးကနေ နူးညံ့ချောမွေ့အိစက်တဲ့ Custard Pudding😻🫶✨
Caramel ရဲ့ ခါးချိုချိုအရသာနဲ့ Custard ရဲ့ နူးညံ့ချိုမြိန်မှုက လိုက်ဖက်ညီပြီး Classic Dessert တွေရဲ့ အလှကို ပြသပေးပါတယ် 🤎
🍮🤍 #foryoupageシ

23/06/2026

ဒီcakeလေးက အထဲမှာလဲ Kiwifruit လေးတွေနဲ့ decorateလုပ်ထားတာပါ ညမလေးတယောက်က သူ့ကောင်လေးမွေးနေ့အတွက်လက်ဆောင်ပေးချင်တယ်ပြောလို့ လုပ်ပေးထားတဲ့ကိတ်လေးပါ #foryoupageシ #foryoupageシ #foryoupageシfypシ

住所

Fuchu, Tokyo

ウェブサイト

アラート

Butter Bloom by Nwayがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー