Memories by Zaw

Memories by Zaw Die with memories, not dreams.

The unbeatable beauty of Kyoto
08/04/2026

The unbeatable beauty of Kyoto

ထရမ့်ကြီး အီရန်နဲ့ စစ်ဖြစ်နေရလို့ မအားဘူးထင်နေတာ၊ သူက တစ်ကယ်တော့ Only Farms ထောင်နေတာ🥲
28/03/2026

ထရမ့်ကြီး အီရန်နဲ့ စစ်ဖြစ်နေရလို့ မအားဘူးထင်နေတာ၊ သူက တစ်ကယ်တော့ Only Farms ထောင်နေတာ🥲

ကိုယ်တွေ ၁၉၉၀/၂၀၀၀ generation တွေက နှစ်ပေါင်း ၁၀၀ ကနေ ၅၀၀ လောက်နေမှကြုံတွေ့ရတဲ့ Covid-19 လို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေ...
25/03/2026

ကိုယ်တွေ ၁၉၉၀/၂၀၀၀ generation တွေက

နှစ်ပေါင်း ၁၀၀ ကနေ ၅၀၀ လောက်နေမှကြုံတွေ့ရတဲ့ Covid-19 လို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေး ကိုလည်း ကြုံတွေ့ခဲ့ကြရတယ်

နှစ်ပေါင်း ၅၀ ကနေ ၁၀၀ ကြားမှ ဖြစ်တတ်တဲ့ ကမ္ဘာလုံးရာသက်ရောက်မှုကြီးတဲ့ စစ်ပွဲ (ရုရှား-ယူကရိန်း၊ အစ္စရေး-ဟားမတ်စ်) တွေကိုလည်းမျက်ဝါးထင်ထင်တွေ့ခဲ့ကြရတယ်၊ တွေ့နေရဆဲ

နှစ်ပေါင်း ၂၀ ကနေ ၃၀ ကြာမှ တစ်ခါဖြစ်လေ့ရှိတဲ့ oil/energy crisis ကိုလည်း အခု နဖူးတွေ့ဒူးတွေ့ တွေ့နေကြရပြန်ပြီ

ဒီလို ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုး တွေကြား ဘုရင်ရူးခွေးရူးပြန်တဲ့ရောဂါရဲ့ ဒဏ်တွေကို မြန်မာနိုင်ငံသားဖြစ်တဲ့ ကိုယ်တွေက သီးသန့် ခံကြရသေးတာ

ဒီလို သြချရလောက်တဲ့ ကပ်ဘေး အစုံကို ဆယ်စုနှစ် တစ်စု မကြာတဲ့ အချိန်အတိုင်းအတာလေးထဲမှာ ပြုံပြီး ခံကြရတာ

Generation အကုန် တစ်ပြိုင်တည်းခံကြရတာဆိုပေမဲ့
စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုကတော့ ၁၉၉၀/၂၀၀၀ ခုနှစ်ဖွားတွေ အတွက် အကြီးမားဆုံး၊ အခက်ခဲဆုံး ဖြစ်မယ်ထင်တယ်

၁၉၉၀ ခုနှစ် ဖွားတွေအတွက်ကတော့ အတောင်စပေါက်လို့ အပျံသင်ပြီး တစ်ကယ်စပျံကြည့်တော့မဲ့ အချိန်ကြမှ ကိုယ်ပျံသန်းရမဲ့နေရာက စိတ်ကူးထဲ တွေးထားသလို ရေမြေတောတောင်စိမ်းစိုတဲ့နေရာ မဟုတ်ပဲ ပူပြင်းခြောက်ကပ်တဲ့ စစ်တလင်းမြေ ဖြစ်နေတော့တယ်

၂၀၀၀ ခုနှစ် ဖွားတွေအတွက်ကတော့ အတောင်မပေါက်ခင်လေးမှာပဲ ရိုက်နှက်ထုထောင်းခံရတဲ့ ငှက်ငယ်လေးတွေလို အတောင်လည်း ကောင်းကောင်း ဆက်မထွက်နိုင်၊ အပျံလည်း ကောင်းကောင်းမသင်ရသေးပဲ စစ်တလင်းမြေထဲ မျက်စိသူငယ် နားသူငယ်နဲ့ စုံလုံးကန်းပြီး ရောက်လာခဲ့ကြရတယ်

တစ်ချိန်ထဲမှာပဲ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းက ကိုယ်တွေအပေါ် ထားတားတဲ့ မျှော်လင့်ချက်တွေကိုလည်း ထမ်းပိုးထားရပြန်တယ်

🎓အသက် ၂၀ စွန်းစွန်းဆို ဘွဲ့ရမယ် ပြီးရင်
💼 အတည်တကျ အလုပ်အကိုင် ကောင်းလေး တစ်ခုလုပ်ရမယ်
🏡မိဘ မိသားစုကို တတ်နိုင်သလောက် ပြန်ကြည့်ပြီး အသက် ၃၀ လောက်ဆိုရင် ကိုယ်ပိုင် အတည်တကျ မိသားစုတစ်ခုတည်ထောင် နိုင်ဖို့ကြိုးစားရမယ်

ဒါတွေက ကျတော်တို့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက စံသတ်မှတ်ထားတဲ့ ပုံစံခွက်ပဲ

လူတိုင်းကတော့ ဒီ ပုံစံခွက်ကြီးအတိုင်း လိုက်ရမယ်လို့ မတွေးထားကြလောက်ပေမဲ့ ဒါက ဟိုးငယ်ငယ်လေးတည်းက သိခဲ့ကြရတဲ့ မြန်မာ့လူနေမှုပုံစံဆိုတော့ အဲ့ဒီ timeline ကို အမှီမလိုက်နိုင်တာနဲ့အမျှ၊ တစ်နေရာရာမှာ ချော်သွားတာ၊ တစ် နေတာနဲ့အမျှ မသိစိတ်ကနေ pressure တွေကို ပုံစံမျိုးစုံနဲ့ ရနေတော့ကြတော့

ဒီလိုအခက်အခဲတွေ ကပ်ဘေးတွေကြားကနေ ကြိုးစားနေကြလည်း ခေတ်ကိုက အခြေအနေ မျက်နှာသာမပေးပြန်ဘူး

ဒီလို ကပ်ဘေးတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းတွေပိုဖြစ်လာတယ်
ငွေကြေးဖောင်းပွမှုအဆမတန်မြင့်တက်လာတယ်
အိမ်ရာ နေထိုင်မှုကုန်ကျစရိတ်တွေ နိုင်ငံတိုင်းလိုလိုမှာ ခေါင်ခိုက်အောင်တက်

အလုပ်အကိုင်စျေးကွက်ကျုံ့ပြီး လူငယ်အလုပ်လက်မဲ့တွေတိုးလာတယ်

နည်းပညာတော်လှန်ရေးတွေ၊​ ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးနဲ့တော်လှန်ရေး (environmental revolution) တွေကလည်း အနာဂါတ်အလုပ်အကိုင်တွေအတွက် မရေရာ မသေချာမှုတွေ အများကြီး ပိုတိုးလာနေတယ်

လက်ရှိအလုပ်အတွက် စိတ်ပူနေရင်းကနေ နောက် ၁၀ နှစ်အတွက်လည်း ကြိုတွေးပြီး လိုအပ်တဲ့ skills တွေကလည်း ဖြည့်ဖို့လုပ်ရသေးတယ်

အဲ့ဒီတော့ ဒီလူငယ်တွေမှ depression တွေ, quarter-life/mid-life crisis တွေ, anxiety တွေ၊​ burnout တွေ မရရင် ဘယ်သူတွေက ရတော့မလဲ

ဒီလို လှိုင်းထန်တဲ့ ကာလကြီးထဲမှာ အခုထိ ကြိုးစားပြီး ကူးခတ်လာခဲ့ကြတဲ့ လူငယ်တွေအားလုံး အသိအမှတ်ပြု ခံရဖို့ ထိုက်တန်ပါတယ်။ ဆက်လက်ပြီးတော့လည်း အချင်းချင်းဖေးမကူညီကြရင်း ရှေ့ဆက်ကြရအောင်။

သင့်ဘေးနားမှာရှိတဲ့ လူငယ်တွေကိုလည်း ပိုပြီးစာနာ နားလည်ပေးကြပါ။

တစ်လောက Social Sciencs ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလို့ အလုပ်အကိုင်ပိုပေါတဲ့ STEM (Science...
21/03/2026

တစ်လောက Social Sciencs ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလို့ အလုပ်အကိုင်ပိုပေါတဲ့ STEM (Science, Technology, Engineering, and Mathematics) ဘာသာရပ်တွေကို လူငယ်တွေပိုပြီး လိုက်စားကြဖို့ အကြံပေးတဲ့ ပို့်စ်တစ်ခုတက်လာတယ်။​

တစ်ချို့ကလည်း Humanities & Social science (Sociology, Political Science, IR, Law, Economics, Anthropology etc) ဘာသာရပ်တွေကသာလျှင် နိုင်ငံတွေရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေ လည်ပါတ်စေတဲ့ စနစ်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ အလုပ်အကိုင်တွေကို ရစေနိုင်တာဆိုပြီး ပြန်ပြီးချေပကြတတာတွေ့ရတယ်။​ ဒါကလည်း မမှားပါဘူး။​

ဒါပေမဲ့ လက်တွေ့အခြေနေကို ပြန်ကြည့်မယ်ဆိုရင် Social Sciences ဘာသာရပ်နဲ့ အခြေပြုပြီးလုပ်ရတဲ့ အလုပ်အကိုင်တွေက STEM နယ်ပါယ်နဲ့ယှဥ်ရင် ပိုရှားပါးတာ၊​ entry barriers ပိုကြီးတာ၊ ရှင်းလင်းတိကျတဲ့ carrer pathways မရှိတာ တွေ့ရတယ်။​ အဲ့တာကြောင့် လက်တွေ့မှာ အလုပ်ရှာရတာလည်း ပိုခက်တဲ့အနေအထားမှာရှိတယ်။​

အဲ့ဒီရှိပြီးသား အခက်အခဲတွေအပြင်ကိုမှ မြန်မာလူငယ်တွေအနေနဲ့ ထပ်ပြီးကြုံတွေ့ရတဲ့အခက်အခဲတစ်ခုက ကိုယ်နဲ့မရင်းနှီးတဲ့ job market ထဲမှာ အလုပ်ရှာရတာပဲ။​

လက်ရှိနိုင်ငံရပ်ခြားမှာ ပညာသင်၊​ ကျောင်းတက်နေကြရတဲ့ မြန်မာလူငယ်တွေရဲ့ အားလုံးနီးပါးက ကျောင်းပြီးတာနဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး အလုပ်ရှာကြရတာမဟုတ်ပဲ မြန်မာနိုင်ငံပြင်ပ Job markt ထဲမှာပဲ အလုပ်ရှာကြနေကြရတာပါ။​

အဲ့တာတင်လား ဆိုတော့မဟုတ်သေးဘူး
Humanities and Social Sciences အလုပ်အကိုင်တွေက တစ်ခြား STEM roles တွေထက် cross-cutting ပိုဖြစ်တယ်၊ သက်ဆိုင်ရာ အလုပ်ရဲ့ skills set တွေအပြင်ကိုမှ ဘာသာစကား၊ network, contextual and institutional knowledge အပိုင်းတွေမှာ လိုအပ်ချက်က က ပိုမြင့်တယ်။​

ဥပမာ ပြောရရင် STEM ဘာသာရပ်နဲ့ ကျောင်းပြီးတဲ့သူက နိုင်ငံရပ်ခြားမှာ အလုပ်ရှာတဲ့အခါ သက်ဆိုင်ရာအလုပ်တစ်ခုရဲ့ technical skills နဲ့ communication အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကို intermediate level လောက် တတ်ထားရင် များသောအားဖြင့် လုံလောက်ပြီ။​

တစ်ဖက်မှာ Humanities and Social Sciences နဲ့ပါတ်သက်တဲ့အလုပ်တွေမှာက သက်ဆိုင်ရာ အလုပ်အကိုင်ရဲ့ technical skills အပြင် ဘာသာစကားဆိုလည်း advanced or business level proficiency ရှိမှ၊ သူလုပ်ရှာတဲ့ နိုင်ငံ၊ ဒေသရဲ့ local political economy, cultural & social dynamics, institutional and governance systems တွေအပြင်ကိုမှ institutional and stakeholders networking လည်း ကောင်းကောင်းရှိထားဖို့လိုသေးတယ်။​

အဲ့လို ကိုယ့်ရဲ့ technical skills အပြင် အပိုထပ်ဆောင်းလိုအပ်တဲ့ အချက်တွေက ကိုယ့်နိုင်ငံထဲမှာဆိုရင် ကိစ္စမရှိပေမဲ့ ကိုယ့်နိုင်ငံပြင်ပ တစ်နေရာရာမှာ ဖြစ်နတဲ့အခါ အဲ့ဒီ gap ကို ဖြည့်ဖို့က တော်တော်ခက်သွားတယ်။ ဖြည့်နိုင်ပြန်ရင်လည်း အဲ့နိုင်ငံရဲ့ local talents တွေနဲ့ ယှဥ်ဖို့ အတော်ကို ခက်ခဲတယ်။
အဲ့လို အထပ်ပေါင်းများစွာ ခံနေတဲ့ အခက်အခဲတွေကြောင့် Humanities and Social Sciencs - HSS (နောက်ပိုင်း HSS လို့ပဲ သုံးသွားပါမယ်) နဲ့ပါတ်သက်တဲ့ အလုပ်တွေက ရှာရတာ ပိုခက်ခဲနေတာဖြစ်တယ်။​

HSS ဘာသာရပ်နဲ့ ကျောင်းပြီးရင် အလုပ်ရှာရခက်လို့ အဲ့ဒီဘာသာရပ် စိတ်ဝင်စားတဲ့သူတွေကို STEM ဘာသာရပ်တွေကို ပြောင်းပြီး လေ့လာကြပါလို့တိုက်တွန်းတာထက် HSS ဘွဲ့တွေကို ကိုင်ပြီး traditional non-governmental sectors တွေမှာအပြင် corporate, consulting, tech firms တွေမှာ လုပ်ဖို့ ဘယ်လိုမျှော်မှန်းလို့ရလဲ၊ လက်တွေ့ကျတဲ့ ဘယ်လိုပြင်ဆင်မှုမျိုးတွေ လုပ်သင့်လဲဆိုတာ ဝေမျှပေးချင်ပါတယ်။​

အပေါ်မှာပြောတဲ့ အခက်အခဲတွေ ရှိနေတာမှန်ပေမဲ့ တစ်ဖက်မှာလည်း အရင်က မရှိဖူးတဲ့နယ်ပါယ်တွေမှာ HSS ဘာသာရပ် ကျွမ်းကျင်သူတွေအတွက် အလုပ်အကိုင် အခွင့်အရေး အသစ်တွေ ပိုတိုးလာနေတာလည်း ရှိပါတယ်။​

များသောအားဖြင့် HSS ဘာသာရပ်နောက်ခံနဲ့ လုပ်လို့ရတဲ့အလုပ်တွေက I/NGOs, Multilateral Development Bank (MDB), think tanks, academia နယ်ပါယ်တွေမှာပဲ ခေါ်လေ့ရှိပါတယ်။​ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး နဲ့ နည်းပညာနယ်ပါယ်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ကြီးမားတဲ့ အပြောင်းအလဲ structural major shift တွေ ရှိလာတာကြောင့် HSS နဲ့သက်ဆိုင်တဲ့ skills set & competecies တွေကို ပိုကျယ်ပြန့်တဲ့ လုပ်ငန်းနယ်ပါယ်တွေမှာလည်း လိုအပ်လာနေတာ ရှိပါတယ်။

✅ AI နည်းပညာ ကျယ်ပြန့်လာတာနဲ့အတူ AI driven tech revolution တွေနဲ့ Digital transformation တွေ အရှိန်အဟုန်မြင့်လာတာကြောင့် နည်းပညာ ကုမ္ပဏီကြီးတွေက အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပိုတိုးပြီး ဆက်ဆံလာရတာတယ်။ ။​ ဥပမာ နည်းပညာ ကုမ္ပဏီကြီးတွေက အစိုးရတွေအနေနဲ့ သူတို့ကို တင်းကျပ်တဲ့ မူဝါဒတွေနဲ့ ချုပ်နှောင်မှုကနေ ဖြေလျှော့ဖို့ advocate လုပ်ရတာ၊​ အစိုးရရဲ့ digital tranformation activities တွေမှာ သူတို့နည်းပညာတွေကိုအသုံးပြုလာအောင် ရောင်းရတာ၊​ ဒေသခံ လူထု အစိုးရနဲ့ သဟဇာတာဖြစ်တဲ့ ethical framworks, regulations တွေရေးဆွဲရတ စတဲ့ soical aspects တွေကို တိုးပြီးလုပ်လာကြရတာကြောင့် HSS ဘာသာရပ်ကျွမ်းကျင်သူတွေကို လိုအပ်လာနေကြပါတယ်။​

✅ Climate Transition, Decarbonization လို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ megatrend တွေကြောင့်နဲ့ နယ်ပါတ်တိုင်းက လုပ်ငန်းတော်တော်များများက သူတို့ရဲ့ လုပ်ငန်း ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ စနစ်ကြီးတစ်ခုလုံးကို adjust ပြန်လုပ်လာကြရတဲ့အခါ အစိုးရတွေနဲ့ အဓိကထိတွေ့ဆက်ဆံရုံလောက်ပဲ လိုအပ်တဲ့အချိန်မှာ အလုပ်ဖြစ်ခဲ့တဲ့ Public Relations, Communications role လောက်နဲ့ပဲ မရတော့ပဲ ဒီ government regulatory environment, governance practices, local political economy တစ်ခုလုံးကို ထဲထဲဝင်ဝင် နားလည်ပြီး အလုပ်လုပ်နိုင်တဲ့ roles တွေက corporate တွေမှာ အရင်ကထက် ပိုတိုးပြီး လိုအပ်လာနေပါတယ်။​ အဲ့လို ကော်ပိုရိတ်အကြီးကြီးတွေမှာ Government Relations, Stakeholder Engagement, Public Policy Department, Sustainability Department စတဲ့ ဌာနတွေ တိုးချဲ့ပြီး HSS talents တွေကို တိုးပြီးအလုပ်ခန့်လာရတဲ့ အခြေနေတွေလည်း ဖြစ်လာနေပါတယ်။

✅ နောက်တစ်ခါ ကမ္ဘာပထဝီနိုင်ငံရေးမှာ အုပ်စုဖွဲ့မှုတွေက ပိုပြီး အစိတ်စိတ်အမွှာမွှာ (fragmented) ဖြစ်လာတာ၊ ရေတို အကျိုးစီးပွားကိုပဲ ကြည့်ပြီး ရန်သူမဟုတ် မိတ်ဆွေမဟုတ်ဆက်ဆံရေးများတွေလာတာ၊​ ကုန်သွယ်ရေး စစ်ပွဲတွေ ကြာရှည်လာတာနဲ့အမျှ မိမိတို့ အကျိုးစီးပွားကိုကာကွယ်ရေးမူဝါဒ (self-protectionism) ကြီးစိုးလာတာ၊​ စီးပွားရေးလုပ်ငန်းတွေ နိုင်ငံ စျေးကွက် တစ်ခုတည်းမှာပဲ ပုံအောပြီး မမှီခိုနေရေး (deresking) မူဝါဒကို နိုင်ငံတွေ ပိုမိုကျင့်သုံးလာကြရတာနဲ့အမျှ ကမ္ဘာ့ပထဝီနိုင်ငံရေးကို ကျွမ်းကျင်သူတွေဟာ ကုန်သွယ်ရေး စီးပွားရေး နယ်ပါယ်မှာ အရေးတကြီးလိုအပ်လာနေတယ်။

ဒါက အမြင်သာဆုံး ဥပမာ တွေပဲရှိပါသေးတယ်။ HSS talents တွေကို စီးပွါးရေးနယ်ပါယ်မှာ ပိုပြီးလိုအပ်လာရတဲ့ အကြောင်းအရင်းတွေ များစွာရှိပါသေးတယ်။​

ဒါကြောင့် ဒီ လူမှုသိပ္ပံဘာသာရပ်တွေ စိတ်ဝင်စားနေတဲ့သူတွေ၊​ ကျောင်းတက်လက်စလူငယ်တွေ၊ ကျောင်းပြီးတော့မဲ့လူငယ်တွေ လက်တွေ့ကျကျ ဘယ်လိုပြင်ဆင်ထားလို့ရလဲ အနည်းအကျဥ်း ဒီကနေ မျှဝေချင်ပါတယ်။​

📈Data and Analytical Skills

Social sciences ကျောင်းသားတော်တော်များများက data and analytical skills အားနည်းတာ တွေ့ရတယ်။ ဒါကလည်း ကျတော်တို့ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်နဲ့အတော်လည်းဆိုင်ပါတယ်။​ Math, Statistic လိုဘာသာရပ်တွေကို ကြောက်ကြတာကြောင့်လည်း သေချာ မလေ့လာဖြစ်ကြတာ ဖြစ်နိုင်တယ်။​ လက်တွေ့လုပ်ငန်းခွင်မှာတော့ လူမှုသိပ္ပံ သီအိုရီတွေကို နားလည်ရုံအပြင် ကိန်းကဏာန်းအချက်အလက်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်မှ entry level role တွေမှာ အဆင်ပြေမှာပါ။​

Data and analytical skills ကို ပိုင်နိုင်အောင်လေ့ကျင့်ထားသင့်တာက data analyst ဖြစ်ဖို့အတွက်မဟုတ်ပဲ ကိုယ်အထူးပြုတဲ့ သက်ဆိုင်ရာ ဘာသာရပ် မူဝါဒဆိုင်ရာ analyst တစ်ယောက်လမ်းကြောင်းပေါ်ကို လျှောက်နိုင်ဖို့အတွက်လည်းဖြစ်သလို လက်တွေ့လုပ်ငန်းခွင်မှာ တန်းပြီး အသုံးချလို့ရမဲ့ skills set တစ်ခုဖြစ်တာကြောင့်ပါ။​

ကိုယ်ကျောင်းတက်နေတဲ့အတောအတွင်းမှာ သိရုံလေးပဲ မဟုတ်ပဲ တစ်ကယ်ကို အသုံးချနိုင်တဲ့အဆင့်ထိ သေသေချာချာ လေ့လာထားဖို့နဲ့ ဖြစ်နိုင်ရင် solid certificate တစ်ခုခုယူထားဖို့ အကြံပြုချင်ပါတယ်။ ဥပမာ - IBM Data Analyst Professional Certificate, Meta Data Analyst Professional Certificate, Microsoft Power BI Analyst, Google Data Analytics Certificate

📊Monitoring and Evaluation

M&E ကတော့ ဟိုး junior roles ကနေ senior/executive roles တွေအထိ အတော်ကို အသုံးဝင်တဲ့ skills set တစ်ခုပါ။ သူက cross-cutting လည်းပိုဖြစ်တယ်။​ လုပ်ငန်းတိုင်း field တိုင်းမှာလည်း လိုအပ်ပြီးတော့ မတူညီတဲ့ field တွေမှာ ကူးရတာလည်း flexible ဖြစ်လို့ ဒါနဲ့ပါတ်သက်တဲ့ skills set/certification ရှိထားရင် သေချာပေါက် အလုပ်လျှောက်တဲ့ နေရာမှာ အထောက်အကူအများကြီးဖြစ်နိုင်တယ်။​

M&E မှာ အရေးကြီးတဲ့ concept တွေဖြစ်တဲ့ Impact evaluation methods, Logical frameworks (logframe), KPI and results measurement, Program evaluation အဲ့လောက်ကို နားလည်ဖို့အတွက် online course တွေကနေ ဖြည်းဖြည်းချင်းလေ့လာထားလို့ရပါတယ်။​ ဥပမာ Coursera, edX, Online University, UN/IOM စတဲ့ platforms တွေမှာ short course training နဲ့ အပေါ်ကပြောခဲ့တဲ့ Google, IBM, PowerBI လို certification တွေနဲ့ပေါင်းလိုက်ရင် သေချာပေါက် အကျိုးရှိမှာပါ။​

🏛️Environmental & Sustainability Analysis

Environmental & Sustainability Analytical skills ကလည်း အခုနောက်ပိုင်းမှာ တော်တော်လေးကို အရေးပါတဲ့ skills set တစ်ခုဖြစ်လာနေပါတယ်။ အပေါ်မှာ ပြောခဲ့သလို NGOs အလုပ်တွေအပြင် corporate အကြီးကြီးတွေ၊ Financial institutions တွေ၊ နည်းပညာကုမ္ပဏီတွေကပါ ESG reporting, SDGs, Corporate sustainability strategy, Green financing, Sustainable supply chain စတဲ့ issues တွေအတွက် concepts တွေနားလည်ရုံလောက်မဟုတ်ပဲ တစ်ကယ် technical reporting, emission analysis, adaptation analysis လုပ်နိုင်တဲ့ သူတွေပိုပြီး လိုအပ်လာနေတယ်။​

ဒီအတွက်လည်း technical certification တွေ အများကြီးရှိပါတယ်။ ဥပမာ- CFA Sustainable Investing Certificate, GRI Sustainability Reporting ။ တစ်ချို့ဟာတွေက တအား technical ဖြစ်ပြီး certification တွေလည်း စျေးကြီးတာဖြစ်နိုင်ပါတယ်။ ဒါကတော့ environmental studies ပိုင်းသွားတဲ့သူတွေအတွက် ပိုသင့်တော်ပေမဲ့ sociology, public policy လို general scopes လေ့လာနေသူတွေလည်း စိတ်ဝင်တစားနဲ့ ပြင်ဆင်ထားသင့်တဲ့ နယ်ပါယ်ဖြစ်တယ်။

⚠️Risk Analysis & Strategic Foresight

စီးပွားရေးလုပ်ငန်းတွေအတွက်က အရင်လို economic risk and financial risks နာလည်တဲ့သူတွေလောက်နဲ့ပဲ လည်ပါတ်ဖို့ မလုံလောက်တော့ပါဘူး။ အပေါ်မှာပြောခဲ့သလို geopolitical fragmentation, trade fragmentation, self-protectionism တွေ ပိုတိုးလာတာနဲ့အမျှ သူတို့လုပ်ငန်းတွေရဲ့ geopolitical risk ကို တွက်ချက်နိုင်တဲ့နိုင်ငံရေး၊​ လူမှုရေး၊ ကုန်သွယ်ရေး ကိစ္စရပ်တွေကို ကိုနားလည်တဲ့သူတွေကို ပိုပြီးလိုအပ်လာနေပါတယ်။ အဲ့တာကြောင့် Political Sciences, IR ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍက စီးပွားရေးလုပ်ငန်းတွေမှာ သိသိသာသာ တိုးလာနေတာပါ။​

ဒီနေရာမှာ ကမ္ဘာ့နိုင်ငံရေးကို သုံးသပ်ပြတတ်ရုံနဲ့တော့ မလုံလောက်ပါဘူး။​ ဖြစ်နေတဲ့အခင်းအကျင်းကို ဒေတာနဲ့ အချက်အလက်နဲ့ စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး လုပ်ငန်းအတွက် လိုအပ်တဲ့ recommendation တွေပေးနိုင်ဖို့ဖြစ်ပါတယ်။​ အခုနောက်ပိုင်း geopolitical risk analyst role တွေ တော်တော်များများလည်း တွေ့လာရတယ်။​

ဒီအတွက်ကတော့ သီးသန့် certification ရယ်လို့မဟုတ်ပဲ ကိုယ်ရဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတ ကျွမ်းကျင်မှုအပြင် Risk management, Project/Investment risk management, Risk modeling, risk forecasting စတဲ့ skills တွေက ပြင်ထားနိုင်ရင် များစွာအသုံးဝင်နိုင်ပါတယ်။

ပြန်အကျဥ်းချုပ်ရရင်တော့ ကိုယ့်ရဲ့ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို Data ကို ပေါင်းစပ်ပြီး ကိုင်တွယ်နိုင်တဲ့ skills set ကို AI ခေတ်ရဲ့ လုပ်ငန်းခွင်တွေက ပိုပြီးလိုအပ်လာနေကြတယ်။​ Data skills တစ်ခုတည်းပဲ လိုအပ်ရင်တော့ Data Analyst တွေရှိကြပါတယ်။ အခုဟာက Data တစ်ခုပဲ ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်တဲ့ သူတွေကို လိုအပ်တာမဟုတ်ပဲ နိုင်ငံရေးဖြစ်စဥ်တွေ၊​ အစိုးရတွေ အဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်ပုံ၊​ လူမှုပါတ်ဝန်းကျင်ကြီးတစ်ခုလုံးရဲ့ အပြောင်းအလဲဖြစ်စဥ်တွေကို သေချာသပေါက်နားလည်ပြီး ဒေတာနဲ့ ရှင်းလင်းတင်ပြပြီး စနစ်တကျခွဲခြမ်းစိတ်ဖြာတတ်တဲ့၊ နိုင်တဲ့ Humanities and Social Sciences professionals တွေကို ပိုပြီးလိုအပ်လာနေကြတာပါ။​

ဒါကြောင့် အခုပြောထားတဲ့ skill sets တွေ ကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့ Humanitis and Social Sciences ကျောင်းသားတွေအတွက် traditional non-governmental sectors နဲ့ academia တွေမှာအပြင် corporate, consulting, tech firms တွေမှာပါ ယုံကြည်မှု ရှိရှိ ဝင်တိုးနိုင်မှာဖြစ်ပါတယ်။



ခက်ခဲတဲ့ကာလမျှ ကျောင်သားအားလုံး မျှော်လင့်ချက်ကိုယ်စီနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။

16/03/2026

တိုကျိုမှာ နှင်းကျတာတွေ့ရခဲပေမဲ့ ဒီနေ့တော့ မှတ်မှတ်ရရ နှင်းကျတဲ့နေ့နဲ့ ရုံးတက်ဖြစ်တဲ့နေ့ တိုက်ဆိုင်သွားပါတယ်။

ဂျပန်မှာ ဂျပန်စာ/စကား မရပဲနဲ့ English စာတစ်ခုတည်းနဲ့ပဲ လစာကောင်းတဲ့ ဘယ်လို အချိန်ပိုင်းအလုပ်တွေ လုပ်မလဲJapan မှာ ကျောင်း...
13/03/2026

ဂျပန်မှာ ဂျပန်စာ/စကား မရပဲနဲ့ English စာတစ်ခုတည်းနဲ့ပဲ လစာကောင်းတဲ့ ဘယ်လို အချိန်ပိုင်းအလုပ်တွေ လုပ်မလဲ

Japan မှာ ကျောင်းတက်နေတဲ့သူတွေ၊ အခုမှ ကျောင်းနဲ့လာခါစသူတွေအတွက် အချိန်အပိုင်း အလုပ်ရှာကြတဲ့အခါ connection မရှိရင်၊ ဘယ်က ရှာရမှန်း မသိရင် အစပိုင်းမှာ အတော်ခက်ခဲတတ်ပါတယ်။​

အထူးသဖြင့် Japan စာလည်း ကောင်းကောင်းမရသေးတဲ့အချိန်မှာပေါ့

Japan စာလည်း လုံးဝမရသေးဘူး ဒါပေမဲ့ English စာတော့ ကောင်းကောင်းရတယ်ဆိုရင် အကောင်းဆုံး ရွေးချယ်မှုကတော့ part-time english teaching job တွေပါပဲ

Teaching job ဆိုတာနဲ့ အားလုံးက TEFL တို့ TESOL တို့လို teaching certificate တွေ ရှိမှ ရမှာပေါ့လို့ ထင်တတ်ကြပေမဲ့ အဲ့လို certificate တွေမရှိလည်း သေချာပေါက် အလုပ်ရှာလို့ ရနိုင်ပါတယ်။​

Japanese University တွေမှာ English Program နဲ့ လာတက်ကြတဲ့ မြန်မာကျောင်းသားတွေ အကုန်နီးပါးက English စာကောင်းကြပြီးသားပါ။​

ဒါပေမဲ့ အချိန်ပိုင်း အလုပ်ရွေးချယ်တဲ့နေရာမှာ ကိုယ်တတ်ထားတဲ့ အ၈်လိပ်စာအရည်အချင်းကို အသုံးမချပဲ​ ပုံမှန် အလုပ်တွေမှာပဲ လုပ်နေတတ်ကြပါတယ်။​ မသိကြတာရော မရနိုင်ဘူးထင်ကြတာရောကြောင့် များပါတယ်။​

ကျတော်ကိုယ်တိုင်လည်း ကျောင်းသားဘဝတုန်းက teaching certificate တွေတစ်ခုမှ မရှိပေမဲ့ teaching jobs တွေ အများကြီး ရခဲ့၊ လုပ်ခဲ့ဖူးပါတာကြောင့် sharing လုပ်ပေးလိုက်ပါတယ်။

Teaching job ဆိုပေမဲ့ တစ်ချို့ကျောင်းတွေမှာဆို အင်္ဂလိပ်စာ တစ်ကယ်သင်ပေးရတဲ့ roles တွေရှိသလို တစ်ချို့ကျောင်းတွေမှာတော့ စာသင်ရတာထက် ကလေးတွေရဲ့ learning progress ကို facilitate လုပ်ပေးရတာ, classroom management လုပ်ရတာ၊ ကလေးတွေကို ပုံပြင်ဖတ်ပြရတာ နဲ့ ကလေးတွေနဲ့ activities တွေ အတူတူလုပ်ရတာပဲ ပိုများပါတယ်။​

အဲ့တာကြောင့် တစ်ကယ် စာသင်သလိုကြီး lesson planning တွေ မလုပ်ရသလို English လိုကောင်းကောင်းပြောနိုင်ရုံနဲ့ လုပ်လို့ရပါတယ်။​

တစ်ကယ် စာသင်ရသလောက်ကြီးလည်း မပင်ပန်းပါဘူး။​

လစာအားဖြင့်လည်း ပုံမှန် part-time job တွေမှာ တစ်နာရီကို 1200-1500¥ ပဲ ရတတ်ပေမဲ့ teaching job တွေမှာတော့ ကျောင်းကောင်းရင်ကောင်းသလို တစ်နာရီလုပ်အားခ 1800-2500-3000¥ ထိ ပေးနိုင်ကြပါတယ်​။

Part Time Teaching jobs ရှာလို့ရတဲ့ platform တွေအများကြီးရှိပါတယ်။

အဲ့ အထဲကမှ ကျတော်သဘောအကျဆုံးနဲ့ recommend အလုပ်ချင်ဆုံးက . ပါ
https://jobs.gaijinpot.com/en/

✅ ဒီ website မှာ ကိုယ့်ရဲ့ profile ကို
အစဆုံး တစ်ခေါက်ပဲ ဖြည့်ဖို့လိုပါတယ်။​

✅ဖြည့်ရတဲ့ အထဲမှာတော့ ကိုယ့် educaiton background, work experience နဲ့ 1-2 minutes introduction video တင်ရပါတယ်။​

✅ ပြီးတာနဲ့ပေါ်လာသမျှအလုပ်ကို click တစ်ချက်နဲ့ အကုန်ထိုင်လျှောက်နေရုံပါပဲ။​

✅ Applicaiton process ကလည်း တအားကို မြန်ပါတယ်​။ ကျတော်ရခဲ့ဖူးတဲ့ အလုပ် ၂ ခုစလုံးဆိုရင် လျှောက်ပြီးပြီးချင်း တစ်ပါတ်အတွင်းမှာ အင်တာဗျူးပြီး တန်းခန့်တာပါ။​

နောက်ထပ် platform တွေလည်း အများကြိးရှိပါသေးတယ်။​ အဲ့အထဲကမှ အသုံးများကြတာကတော့ (https://www.daijob.com/en/jobs/detail/1512964) နဲ့
(https://www.careercross.com/en/job-search/result/72761428) တို့ ဖြစ်ပါတယ်။​

ဒီ platform တွေကနေလည်း teaching နဲ့ပါတ်သက်တဲ့ အလုပ်တော်တော်များများကို ရှာလို့ရပါတယ်။​ ဒါပေမဲ့ ကိုယ်တိုင် မသုံးဖူးလို့ process ဘယ်လောက်ကြတတ်လဲ၊​ ဘယ်လိုရှိလဲဆိုတာကိုတော့ အသေးစိတ် မပြောပြတတ်ပါဘူး

Tips:

✅Confident ရှိပါ။ အထူးသဖြင့် teaching jobs တွေမှာက တစ်ခါတစ်လေ တစ်ကယ့် skills ထက် cofident က ပိုအလုပ်ဖြစ်ပါတယ် (skills မရှိရဘူး ပြောတာမဟုတ်ပါဘူးနော်၊ confident ကို highlight လုပ်ချင်လို့ပါ)

✅ ဆရာတွေ၊​ ကျောင်းအုပ်တွေနဲ့ communicate လုပ်တဲ့အခါ ရှက်ကိုးရှက်ကန်း၊​အားတုံ့အားနာ ဆက်ဆံတာမျိုးထက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုဆက်ပါ။​ Be assertive ဖြစ်ပါ။ အဲ့အချက်က ကိုယ့်အပေါ်ရှုမြင်ပုံ အတော်ကွာခြားသွားစေပါတယ်။

✅ ကလေးတွေနဲ့ အလုပ်လုပ်ရမဲ့ ပါတ်ဝန်းကျင်ဖြစ်တာကြောင့် ကလေးတွေနဲ့ အလုပ်တွဲလုပ်လို့ကောင်းတဲ့ personalities မျိုးကို ဖော်ပြပါ။​ အတင်းလုပ်ယူခိုင်းတာမဟုတ်ပဲ​ အရာရာကို ပွင့်ပွင့်လင်းလင်း communicate လုပ်တတ်တဲ့၊​ open minded ဖြစ်တဲ့၊​ cultural sensitivity တဲ့သူမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြသပါ။

✅ အင်္ဂလိပ်စာသင်တဲ့အလုပ်က အဖြူတွေပဲ အလွယ်တကူရကြတာမှန်ပေမဲ့ မှန်မှန်ကန်ကန် approach and apply လုပ်တတ်ရင် ကိုယ်တွေ အင်္ဂလိပ်စကားမပြောကြတဲ့ နိုင်ငံသားတွေလည်း သေချာပေါက် ရနိုင်ပါတယ်။

အားလုံးအဆင်ပြကြပါစေ။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမ...
27/02/2026

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းတင်ပြခွင့် ရခဲ့ပါတယ်။

ချင်းအမျိုးသားနေ့ သမိုင်းကြောင်းကိုပြောကြတဲ့အခါမှာ ပြုစုရေးသားသူအပေါ်မူတည်ပြီး မှတ်တမ်းတစ်ခုနဲ့တစ်ခု ခုနှစ်တွေ၊ လတွေ၊ ရက်တွေ အနည်းစီ ကွဲလွဲတာရှိကြပေမဲ့ ချင်းအမျိုးသားနေ့ဟာ ချင်းလူမျိုးတို့ရဲ့ သူ့ကျွန်မခံလိုသော စိတ်ဓါတ်၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ချစ်မြတ်နိုးသော စိတ်ဓါတ် တို့မှ အရင်းခံ ပေါ်က်ဖွားလာခဲ့တယ်ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်တဲ့ သမိုင်းအချက်အလက် တစ်ခုဖြစ်ပါတယ်။​

(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အား ၈ုဏ်ပြုသောအားဖြင့်

24/01/2026

ဂျပန်မှာ Researcher တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတဲ့ ကျွန်တော့်ရဲ့ ပုံမှန် တစ်နေ့တာလေးဖြစ်ပါတယ်။

31/12/2025

Closing the chapter of 2025.

25/12/2025

ချီးစော်နံတာ ဘာအစားအစာကြီးလဲဆိုလို့ တင်ပေးလိုက်ပါပြီ။

နားမလည်ရင် ယူတို့ listening skills ညံ့လို့နော်..🙂‍↔️🙂‍↔️

ဒီမှာတော့ အခြေနေမကောင်းးဘူးးး ချစ်တို့ရေ..
25/12/2025

ဒီမှာတော့ အခြေနေမကောင်းးဘူးးး ချစ်တို့ရေ..

13/12/2025

Me as a ဖုဘလော်ဂါ



住所

Koto-ku, Tokyo
1350064

ウェブサイト

アラート

Memories by Zawがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する