HKK Bogo Delivery Service

HKK Bogo Delivery Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HKK Bogo Delivery Service, Bago.

ရိုးရာကန်တော့ပွဲလေးနီးလာလို့...​အော်ဒါလေးကြိုကောက်ပေးမယ်နော် #၂၉ရက်နေ့ရပါမယ်ရှင့်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှ...
23/08/2023

ရိုးရာကန်တော့ပွဲလေးနီးလာလို့...​
အော်ဒါလေးကြိုကောက်ပေးမယ်နော်

#၂၉ရက်နေ့ရပါမယ်ရှင့်

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှ.. နံမည်ကြီး

အမှတ်၁၀၀ မှ အီးယားရဲ့တရုတ်ဝက်ကောက်ညှင်းထုပ်နှင့်ကြက်ကောက်ညှင်းထုပ်လေးတွေရမယ်ရှင်

ဖူးကျန့်အရသာစစ်စစ်💯💯💯

သန့်ရှင်းလတ်လတ်ဆတ်ဆတ်.....
#သဘာဝဖက်လေးနဲ့ထုပ်ပီးဂုန်နီကြိုးနဲ့ချည်ထုပ်ပေါင်းပီးမှပို့ပေးတါပါရှင့်ပီးမှပေါင်းပေးထားတာပါရှင့်ပလတ်စတစ်ကြိုးလုံးဝမသုံးပါ

ရှယ် ဝက်ကောက်ညှင်း
#၁ထုပ်၃၅၀၀

ဝက်သား၊ မှို၊ ဝက်အူချောင်း၊ ပုစွန်ခြောက်၊ သီဟိုစေ့၊ ပဲ

ရှယ် ကြက်ကောက်ညှင်း
#၁ထုပ်၃၅၀၀

ကြက်သား၊မှို၊ကြက်အူချောင်း၊ပုဇွန်ခြောက်၊သီဟိုစေ့၊ပဲ တို့ပါပါတယ်(တထုပ်ကို...၂၅ကျပ်သားနီးနီးရှိပါတယ်နော်)

အော်ဒါကြိုတင်ပေးကြပါရှင့်😊

စားဖူးသူတိုင်းထပ်ခါထပ်ခါ..မှာနေလို့...အော်ဒါကြိုကောက်ပေးထါးမယ်နော်

#အချဥ်ထုပ်လေးတွေပါထည့်ပေးပ့မယ်ရှင့်...အချိုမကြိုက်ရင်အချဥ်ထည့်စားလို့ရပါတယ်ရှင့်☺

#ပူပူလေးစားချင်အိမ်ရောက်ရင်ရေနွေးငွေ့လေးပေးပီးပြန်ပေါင်းပီးစားကြည့်ပါနော်☺

ပို့ခ...၈၀၀..၁၀၀၀.မှစအနီးဝေးအလိုက်

#နယ်ပို့ဂိတ်ချခကားခဝယ်သူဘက်ကရှင်းပေးရပါတယ်ရှင့်

Bago Smile Delivery Service ထိုင်းနိုင်ငံကိုCOD စနစ်ဖြင့်ပြန်လည်ပို့ဆောင်ပေးနေပါပြီရှင့်✅✅ပို့ဆောင်နိုင်သောပစ္စည်းများre...
28/02/2023

Bago Smile Delivery Service
ထိုင်းနိုင်ငံကိုCOD စနစ်ဖြင့်ပြန်လည်ပို့ဆောင်ပေးနေပါပြီရှင့်

✅✅ပို့ဆောင်နိုင်သောပစ္စည်းများ

ready made food/ဆေး/အလှကုန်း/အဝတ်အထည်/စာအုပ်/သနပ်ခါး
စားသောက်ကုန်များအား
မယိုမဖိတ်အောင်သေချာလေးထုတ်ပိုးပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့်
⛔⛔ ရွှေ/ပိုက်ဆံ/ဆေးလိပ်များ/မပို့ဆောင်ပေးပါဘူးနော်❌❌

ကြာချိန်7-10ရက်ခန့်(လိပ်စာတိကျမှု့မရှိပါကပုံမှန်ထက်၁ပတ်ခန့်ထပ်ကြာမြင့်နိုင်ပါတယ်ရှင့်)

ပစ္စည်းများအားထိုင်းနိုင်ငံသို့မရောက်ခင်Foxရုံးချုပ်မြဝတီတွင်
စက္ကူဘောက်များဖြင့်သေချာpackingပြန်လုပ်ပေးပါတယ်ရှင့်

kgချိန်ပါတယ်ရှင့်

‼ပဲခူးမြို့တွင်းပစ္စည်းလာကောက်ပေးပါတယ်ရှင့်‼

‼💯ပစ္စည်းလာကောက်ခ service ကြေးပေးရန်မလိုပါ💯

09964510045
09971171724
09890005032
BagoSmileDeliveryService

23/02/2023

အခု ဈေးရောင်းသူ အတော်များများ ပို့စ်တင်လို့ မရဘဲ အကောင့် လော့ကျနေကြတယ်လို့ ပြောနေကြပါတယ်။

အဲဒါက သက်ဆိုင်ရာ ပေ့ခ်ျတွေ ဂရုတွေက ဘန်းနေတာ မဟုတ်ပါဘူး။

ဇူကာဘတ်ရဲ့ လက်ချက်ပါ။

Facebook ကို လူတိုင်းကို အခမဲ့ သုံးစွဲခွင့် ပေးထားပါတယ်။ ဒါဆို သူတို့က ဘယ်ကပိုက်ဆံတွေနဲ့ လည်ပတ်နေလဲဆိုရင် ကြော်ငြာကရတဲ့ ဝင်ငွေနဲ့ပါ။

ဒီတော့ Facebook ဟာ ကုန်ပစ္စည်း ရောင်းလိုသုတွေကို Page ထောင်ခိုင်းပြီး ရောင်းစေပါတယ်။

ကိုယ့် Page မှာ ကိုယ့် ရောင်းကုန်လေးတွေ တင်ရောင်းလို့ရပါတယ်။ ပိုက်ဆံမပေးရပါဘူး။

ဒါပေမဲ့ ဒီလို ကိုယ့် စီးပွားရေး Page မှာ ပို့စ်တင်ဈေးရောင်းတဲ့အခါ Facebook ဟာ လူအများကြီးဆီကို အဲဒီ ဈေးရောင်း ပို့စ်ကို ပြမပေးပါဘူး။

လူအများဆီကို ကိုယ့်ပို့စ်လေး ရောက်စေချင်ရင် Facebook ကို ငွေပေးရပါတယ်။ ဒါကို boost လုပ်တ်ာလို့ ခေါ်ပါတယ်။

ဒီလို စီးပွားရေး ကြော်ငြာတွေကို Boost လုပ်ပေးခြင်းကနေ Facebook ဟာ တနှစ်တစ်နှစ် ဒေါ်လာ ဘီလျံပေါင်းများစွာ ဝင်ငွေ ရှိနေတာမို့ သူ့စားခွက်ကို ပုတ်ချသလို ဖြစ်စေတဲ့ လုပ်ရပ်မှန်သမျှကို မနှစ်မြို့ပါဘူး။

ဥပမာ Facebook ပေါ်မှာ အကြောင်းတမျိုးမျိုးနဲ့ နာမည်ကြီးလာပြီး ဖော်လိုဝါတွေ များလာတဲ့ ဆယ်လီတစ်ယောက်က သူ့အကောင့်ကနေ ကုန်ပစ္စည်းတွေ ကြော်ငြာပေးတာကို Facebook ရဲ့ စည်းကမ်းကို ဖောက်ဖျက်တယ်လို့ သတ်မှတ်ပါတယ်။

စကားပြန်ကောက်ရရင် အခု ရွက်လှ ဂရုတွေ ပန်းဂရုတွေ ပေ့ခ်ျတွေဟာ အပျော်သဘော ဝါသနာရှင်တွေ စုစည်းရာ အဖြစ် တည်ထောင်ထားတာမို့ ပန်းပုံလေးတွေ လာတင်တာက ပြဿနာ မရှိပါဘူး။

ဒါပေမဲ့ ဒီဂရုတွေ ပေ့ခ်ျတွေမှာ ဈေးလာရောင်းတာကိုတော့ သူတို့ လက်မခံပါဘူး။

ဒါကြောက့် အခုတလော ဈေးရောင်းသူတွေကို သူတို့ လော့ချနေကြတာပါ။

ဈေးရောင်းမှန်း ဘယ်လိုသိလဲဆိုတော့ အသိဉာဏ်တု AI နည်းပညာအရ Keywords တွေကို သူတို့အသုံးပု့ပါတယ်။

ဥပမာ ဈေးနှုန်းရေးတာ၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်စသည်၊ ကော်မန့်တွေမှာ ဘ်ာလောက်လဲ မေးတာ ဘာညာကနေ သူတို့ ခြေရာခံပါတယ်။

ဇူကာဘတ်ဟာ ကမ္ဘာ့တတိယ အချမ်းသာဆုံးအဆင့်ထိရောက်ခဲ့ပြီးမှ အခုဆို အဆင့် ၁၆ အထိ ကျဆင်းသွားတဲ့အတွက် သူ့ပိုင်ဆိုင်မှုတွေရော Facebook ရဲ့ ဝင်ငွေရော အတော်ကျဆင်းသွားတဲ့အတွက် သူ့စားခွက်ကို ပုတ်ချနေတဲ့ Facebook account တွေ၊ Page တွေ Group တွေ၊ အခကြေးငွေ ယူပြီး ကှောငြှာပေးနတေဲ့ ဆယ်လီတွေကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။

အတိတ်ကာလတွေတုန်းကလည်း ဆယ်လီတွေရဲ့ ပို့စ်တွေကို လူအများဆီ မရောက်အောင် Reach လျှော့ချတာမျိုး၊ ကြော်ငြာ Page တွေရဲ့ Organic Reach (ငွေမပေးဘဲ အလကား ကြော်ငြာတာမျိုး) ကို လျှော့ချတာမျိုး (ဒါမှ လူအများဆီ ရောက်အောင် သူ့ဆီ ပိုက်ဆံပေးပြီး Boost လုပ်မှာကိုး) တွေ လုပ်ခဲ့ပါတယ်။

ခုတခါကတော့ Page တွေမှာ လူစည်လာတာကို အကြောင်းပြုပြီး ဈေးရောင်းနေကြတာဟာ သူ့ဆီ တပြားမှ ငွေမဝင်တဲ့အတွက် လိုက်ပိတ်ပင်နေတာပါ။

အနှစ်ချုပ်ကတော့ Facebook ကို အပျော်အနေနဲ့ အလကား သုံးလို့ရပါတယ်။

ဈေးရောင်းမယ်ဆိုလည်း စီးပွားရေးလုပ်တဲ့ Page ထောင်ပြီး တင်ရောင်းလို့ ရပါတယ်။ ပိုက်ဆံမပေးရပါဘူး။ ဒါပေမဲ့ သူက ဘ်ာလို ညစ်ထားလဲဆိုတော့ ကိုယ့် Page မှာ ကိုယ့်ပစ္စည်း တင်ရောင်းတာကို လူနည်းနည်းလေးပဲ မြင်ရအောင် လုပ်ထားပါတယ်။ လူများများ မြင်ရစေချင်ရင် သူ့ကို ငွေပေးရပါမယ်။

ဒါကြောင့် အပျော်ထောင်ထားပြီး လူစည်လာတဲ့ Page တွေမှာ ဈေးရောင်းကြတာဟာ ဇူကာဘတ်ရဲ့ စီးပွားရေးကို တုတ်နဲ့ ထိုးသလို ဖြစ်စေပါတယ်။ ဒီအတွက် သူတို့က ဈေးရောင်းသူတွေကို အကောင့်လော့ချပြီး အရေးယူတယ်ပေါ့လေ။ ဒါပါပဲ။

..

Address

Bago

Website

Alerts

Be the first to know and let us send you an email when HKK Bogo Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share