Japan Jive : Eats, Beats & Beyond

Japan Jive : Eats, Beats & Beyond Eats, Beats & Beyond

28/08/2024

❗️တိုင်ဖွန်းမလာခင် အောက်ပါအချက်တွေကြိုတင်ပြင်ဆင်ထားပါ

❗️ပထမတစ်ချက် ရေသန့်ဘူးထဲ ရေအပြည့်ဖြည့်ပီး အခဲခန်းထဲထားထားပါ
👉ခုလိုပူပြင်းတဲ့ရာသီဥတုမှာ လေပြင်းအရမ်းတိုက်လို့ မီးပျက်ခဲ့သည်ရှိသော် ကိုယ်တိုင်အတွက်လဲ အအေးဓာတ်ရစေတယ်။ ရေခဲသေတ္တာထဲက အအေးခံပစ္စည်းတွေအတွက်လဲ အဆင်ပြေစေတယ်။ ရေပြတ်လပ်ခဲ့တဲ့ပြသနာလဲရှိနိုင်လို့ သောက်သုံးရေအဖြစ်လဲအသုံးပြုနိုင်တယ်။

❗️ဒုတိယတစ်ချက်ကတော့ တိပ်ခွေနဲ့ ကတ်ထူပုံးတွေ ပြင်ဆင်ထားပါ
👉 လေပြင်းတိုက်တဲ့အခါ ခေါင်မိုးစတွေလွှင့်လာတာ သစ်ကိုင်းအပိုင်းအစ၊ ထီး၊ ရေဗူး အစရှိတဲ့လမ်းပေါ်ကအရာတွေလွင့်ပီး မှန်တွေကိုလာထိတာ ကွဲကြေလွှင့်စင်ပီး အိမ်ထဲကလူကိုထိခိုက်မိတတ်ပါတယ်
👉 အဲ့လိုမဖြစ်ရလေအောင် မှန်အတွင်းဘက်မှာ ကတ်ထူးပုံးတွေကိုကာပီး တိတ်ခွေနဲ့ ဗီဒိုယိုထဲကလို ကြက်ခြေခတ်ပုံစံကပ်ထားပေးပါ ။ လေပြင်းကြောင့်ပါလာတဲ့အရာတွေမှန်ကိုလာထိပီးကွဲရင်တောင် အိမ်ထဲကလူတွေကိုတော့ မထိခိုက်အောင် ကာကွယ်နိုင်ပါတယ်

❗️ နောက်တချက်ကတော့ အမှိုက်အိတ်နဲ့ကတ်ထူးပုံး
👉 လေကြီးမိုးကြီးပီး ရေတွေအိမ်ထဲဝင်လာမှာမျိုးကိုကာကွယ်ဖို့ အမှိုက်အိတ်ကို နှစ်ထပ်လုပ်ပီး ရေထည့်ပီး ကြိုးဖြင့်စည်းပါ ပီးရင် ဗီဒီယိုထဲကအတိုင်း ကတ်ထူပုံးထဲမှာစီထည့်ပီး တံခါးပေါက်မှန်တွေရှေ့မှာထားထားခြင်းဖြင့် ရေတွေဒလဟောဝင်လာပီး တံခါးပေါက်မှန်တွေကွဲမှာကိုလဲ ကာကွယ်နိုင်ပါမယ်နော်

❗️နောက်ဆုံးအချက်တွေကတော့ ရေပြတ်လပ်တဲ့အခါ အသုံးပြုနိုင်ဖို့ ရေချိုးကန်ကို သန့်နေအောင်ဆေးကြောပီး ရေအပြည့်ဖြည့်ထားပါ

❗️လေကြီး မိုးကြီးရင် မီးပျက်တာမျိုးဖြစ်ပွါးနိုင်လို့ ဖုန်းတွေကို အားအပြည့်သွင်းထားပါ။ ကားတွေကိုလဲ ဆီအပြည့်ဖြည့်ထားကြပါနော်

အခုတခေါက်မုန်တိုင်းကြီးက ဂျပန်ကုန်းတွင်းတလျှောက် တောက်လျှောက်ဝင်လာတာမို့ အားလုံးကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ရင်း ဘေးကင်းစွာဖြတ်ကျော်နိုင်ကြပါစေနော်

住所

Setagaya-ku, Tokyo
154-0000

ウェブサイト

アラート

Japan Jive : Eats, Beats & Beyondがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Japan Jive : Eats, Beats & Beyondにメッセージを送信:

共有する

カテゴリー