Shan Myanmar Food

Shan Myanmar Food I’m from Myanmar Country , North Shan State and Shan Race . I’m intereating in cooking so I want to shear my shan race cooking many way to all .

Shout out to my newest followers! Excited to have you onboard!Noe Noe, Thuza Win, Daw Zin Mar Htay, Khit Khit, Htun Linn...
05/11/2025

Shout out to my newest followers! Excited to have you onboard!

Noe Noe, Thuza Win, Daw Zin Mar Htay, Khit Khit, Htun Linn Aung, Min Thit Maung, Aung Thu, Arakan Aung, Gre Gory, Tin Maung Htut, Han Yan, Ah Dau Homesick, Moe Yan Lay, Mîñ MâHâr Gaming, Nang Ah May, Ai Linn Ni Dym, Soe Thet Hmue, Nyein Chan Aung, Thu Reln Soe, Aung U Tin, Thu Zar Myat Soe, Thinzar Khine, MyatNoe, Htet Wai Yan Koko, Soe Thi Ha Kyaw, Sk Saha Farid, Htay Gyi, Su Yatai Oo, Aung Thi Ha, Thon Thon, Zarchi Aye, U Kyaw Swar Min, Saw Kyaw Day Phaw, Thiha Han Soe, Htwe Naing Naing, Myo Win, Lamin Lamin, Kyaw Min Htun, ရက်အနှပညား ခွန်ပကျောက်ဒေး, Zar Chi Lin, ニャン アウン, Hsu Lay

ကိုယ့်ကိုစောင့်ကြည့်ကြသူလူသစ်များအား ကျေးဇူးတင်ပါတယ်။ လူဟောင်း လူသစ်များအားလုံး CM အမြန်အောင်ကြပါစေ။Shout out to my newe...
05/11/2025

ကိုယ့်ကိုစောင့်ကြည့်ကြသူလူသစ်များအား ကျေးဇူးတင်ပါတယ်။ လူဟောင်း လူသစ်များအားလုံး CM အမြန်အောင်ကြပါစေ။
Shout out to my newest followers! Excited to have you onboard!

Noe Noe, Thuza Win, Daw Zin Mar Htay, Khit Khit, Htun Linn Aung, Min Thit Maung, Aung Thu, Arakan Aung, Gre Gory, Tin Maung Htut, Han Yan, Ah Dau Homesick, Moe Yan Lay, Mîñ MâHâr Gaming, Nang Ah May, Ai Linn Ni Dym, Soe Thet Hmue, Nyein Chan Aung, Thu Reln Soe, Aung U Tin, Thu Zar Myat Soe, Thinzar Khine, MyatNoe, Htet Wai Yan Koko, Soe Thi Ha Kyaw, Sk Saha Farid, Htay Gyi, Su Yatai Oo, Aung Thi Ha, Thon Thon, Zarchi Aye, U Kyaw Swar Min, Saw Kyaw Day Phaw, Thiha Han Soe, Htwe Naing Naing, Myo Win, Lamin Lamin, Kyaw Min Htun, ရက်အနှပညား ခွန်ပကျောက်ဒေး, Zar Chi Lin, ニャン アウン, Hsu Lay

ကျေးဇူးတင်ပါတယ် follower အားလုံးတို့ရေ I've just reached 300 followers! Thank you for continuing support. I could never ...
04/11/2025

ကျေးဇူးတင်ပါတယ် follower အားလုံးတို့ရေ

I've just reached 300 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

03/11/2025

ရှမ်းမြောက်ပိုင်း ဖတ်ကတ်စော ( မုန်ညှင်းချဉ်ရည်ဟင်း)

ရှမ်းမြောက်ပိုင်း မုန်ညှင်းစောဟင်း( မုန်ညှင်းချဉ်ရည်ဟင်း)                            ရှမ်းမြောက်ပိုင်းမှာ မုန်ညှင်းစော (...
03/11/2025

ရှမ်းမြောက်ပိုင်း မုန်ညှင်းစောဟင်း( မုန်ညှင်းချဉ်ရည်ဟင်း)
ရှမ်းမြောက်ပိုင်းမှာ မုန်ညှင်းစော ( မုန်ညှင်းချဉ်ရည်ဟင်း) ချက်တာ ဝက်၃ ထပ်သား၊ ဝက်နံရိုး ၊ ကြံသကာအနည်းငယ်ထဲ့ သက်သတ်လွတ် ဆိုပြီးချက်စားကြပါတယ်။ မုန်ညှင်းစောဟင်းချက်ရာမှာ ဆောင်းတွင်းပေါ်တဲ့ မုန်ညှင်းအညွှန့်အဖူးပါတဲ့ မုန်ညှင်းစိမ်း အပင်ထွားထွားနုနုနဲ့ ချက်တာ စားလို့အကောင်းဆုံးပါ။
အသားထဲ့ချက်မယ်ဆိုရင်် အသားအရိုးကျက်အောင်ရေများများနဲ့ အရင်ချက်ပါ၊ အသားကျက်ရင် မန်ကျည်းသီးစိမ်းထဲ့ပြုတ်ပါ၊ မန်ကျည်းသီးအခွံ ကွဲအက်ကွာလာရင်ဆယ်ထားပါ။ ရေဆေးသန့်စင်ပြီးမုန်ညှင်းညွှန့်ထဲ့ ဆာ ၊ ခရမ်းချဉ်သီးထဲ့ပြီးအဖုံးအုပ် မီးပြင်းပြင်းနဲ့ချက်ပါ။ မုန်ညှင်းရွက် အထက်အောက်လှန်ပါ။ မုန်ညှင်းစောချက်တာ မုန်ညှင်းနူးအောင်ကြာကြာချက်ရပါတယ်။ ဟင်းရည်တဝက်ခန်းထိ မီးအေးအေးနဲ့ ဆက်တည်ထားပါ။ ဟင်းရည် တဝက်နဲ့ မုန်ညှင်းနူးရင် အချဉ် ( မန်ကျည်းသီးစိမ်းပြုတ်ဆယ်ထားတာ ချေ ရေနဲနဲထဲ့ဖျော်ပြီး အနှစ်စစ်ထဲ့ပါ၊ မန်ကျည်းမှည့်ဆိုရင် ရေစိမ် အနှစ်တိုက်ထဲ့ပါ။ အချဉ် ဆား အပေါ့အငံ လိုတိုး ပိုလျှော့လုပ်ပါ။ အသား၊ အရိုး နူးအိပြီး မုန်ညှင်းစော ချဉ်ရည်ဟင်း အလွန်အရသာရှိပါတယ်။ စားခါနီး ဆား ဂျင်း ငရုတ်သီးစိမ်းထောင်း၊ နံနံပင်နဲ့ အတူ ထဲ့စားတာ သိပ်လိုက်ဖက်ပါတယ်။ အသားမပါ မုန်ညှင်းစောဟင်းကို ချဉ်ချိုအရသာဖြစ်အောင် ကြံသကာ (သို့) သကြားအနည်းငယ်ထဲ့ပါတယ်။

゚viralシfypシ゚viralシalシ

゚viralシviralシfypシ゚viralシal

ရှမ်းမြောက်တိုဖူးနွေး သက်သတ်လွတ်                            ဒီတိုဖူးနွေး အသားမပါ သက်သတ်လွတ်ကိုရှမ်းမြောက်ပိုင်းမြို့တိုင...
02/11/2025

ရှမ်းမြောက်တိုဖူးနွေး သက်သတ်လွတ်
ဒီတိုဖူးနွေး အသားမပါ သက်သတ်လွတ်ကိုရှမ်းမြောက်ပိုင်းမြို့တိုင်းမှာရောင်းကြပါတယ်။ အိမ်မှာ အမေ တိုဖူးနွေးလုပ်ရောင်းလို့ ငယ်ကတည်းက စားခဲ့ရသူပါ။ မနက်အိပ်ယာထတိုင်း တိုဖူးနွေးကို ကြက်သွန်ဖြူဆီကျက်၊ ပဲငံပြာရည်၊ နှမ်းထောင်း၊ မြေပဲလှော်ထောင်း ၊ မက်ခါးသီးအမှုန့်ဆီကျက်၊ နံနံပင်ထဲ့စားခဲ့ရတဲ့ အရသာ အကြိုက်ဆုံး။ အခုထက်ထိ တိုဖူးနွေး သက်သတ်လွတ် မကြာခဏလုပ်စားပါတယ်။ အသားထဲ့ တိုဖူးနွေး စစားခဲ့ရစဉ် လုံးဝ မကြိုက်ပါ။ တိုဖူးနွေးအရသာ စိမ့်တာ ပျောက်ဆုံးလို့။ရှမ်းတောင်ပိုင်းမြို့ဘက်ကျောင်းသွားတက်ရတာ ၄ နှစ်။ တောင်ပိုင်းဘက် တိုဖူးနွေး အသားထဲ့ရောင်းကြတာ မကြိုက်ပေမဲ့ မလွှဲသာစားခဲ့ရပါတယ်။ နောက်ပိုင်း မန္တလေးမြို့မှာ အလုပ်ဝင်တော့ တိုဖူးနွေး အမျိုးမျိုးထဲ့စားကြတာ စားခဲ့ရပါတယ်။ တိုဖူးနွေးထဲ ရှမ်းခေါက်ဆွဲ (ဆန်စီး) ၊ ရေစိမ်ခေါက်ဆွဲ ( ခေါက်ဆွဲခြောက်)၊ အီကြာကွေး ၊ ကောက်ညှင်းပေါင်း ၊ တိုဖူးကြော်စတဲ့ ကိုယ်ကြိုက်ရာ ထဲ့စားကြတာ တွေ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ငယ်ကတည်းက အသည်းစွဲ တိုဖူးနွေး သက်သတ်လွတ် သာ အကြိုက်ဆုံး အကောင်းဆုံးပါ။

ရှမ်းမြောက်ပိုင်း မုန်ညှင်းချဉ်အစပ်                               ဒီမုန်ညှင်းချဉ်အစပ်လုပ်နည်းမှာ ၂ နည်းရှိတဲ့အထဲက ကြံသကာ...
31/10/2025

ရှမ်းမြောက်ပိုင်း မုန်ညှင်းချဉ်အစပ်
ဒီမုန်ညှင်းချဉ်အစပ်လုပ်နည်းမှာ ၂ နည်းရှိတဲ့အထဲက ကြံသကာနဲ့ အချဉ်သိပ်နည်းပါ။ ငရုတ်သီးအပွ အခြောက်ကို သေချာ ထပ်ပြီးနေအခြောက်ပြန်လှန်းပြီး အမှုန့် ကြမ်းချောထောင်းထား( မရှိလို့ မထဲ့ရ ၊ ရယ်ဒီမိတ်ငရုတ်မှုန့်များ ဆီထဲ့ကြလို့ သုံးမရပါ) ။ မုန်ညှင်းကို ရေ၃ ထပ်ဆေးပြီး ရေစစ်ထားပါ ။ အတူထဲ့ဖို့ ဂျူးမြစ်ကို ရေဆေးသန့်ပြီး လက်၂ ဆစ်ခန့်လှီးပြီး နေလှန်းပါ၊ မခြောက်တခြောက်အနေထား( ခု ဂျူးမြစ်မရှိလို့ မထဲ့ရပါ) ၊ ကြံသကာ မပျစ်မကြဲကျိုထား။ မုန်ညှင်းရွက် ၂ ကီလိုဆို ကြံသကာ ၂၀၀ ဂရမ်ခန့် ၊ ဆား၊ တရုတ်မဆလာ အနည်းငယ် အသင့်ပြင်ထားပါ။ အားလုံးစုံရင် လက်အိတ်တခါသုံး ၊ မရှိရင် လက်သေချာဆပ်ပြာနဲ့ဆေးပါ။ မုန်ညှင်းအချဉ်သိပ်မဲ့ စဉ့်အိုး၊ ဆလုံ ၊ စင့်နီတုံး၊ ဓါး ၊ ဇွန်း အားလုံး ဆီ မပေ မပါရအောင် သေချာ ဆေးကြောသန့်စင်ပြီးမှ မုန်ညှင်း အချဉ်တည်သိပ်တာလုပ်ရပါတယ်။ ဆီပါရင် မုန်ညှင်းက မချဉ်ဘဲ ပုပ်၊ မှိုတက်တာဖြစ်စေပါတယ်။
ကဲ မုန်ညှင်းရွက်ဆေးကြောသန့်ပြီး ရေစစ်ထားတာကို လက်၂ ဆစ်အရှည်ဖြတ်ပါ( အခုက ခပ်နုတ်နုတ်ဖြတ်ထားပါတယ် စားတဲ့အခါ ဝါးရလွယ်အောင်ပါ) မုန်ညှင်းဖြတ်ပြီး ဆားလ္ဘက် ၂ ဇွန်းခန့်ထဲ့ နယ်ပါ ၊ရေထွက်လာရင် ကုန်အောင်ညစ်ပစ်ပါ။ ပြီးရင်ဂျူးမြစ်၊ ငရုတ်ပွမှုန့် ၊တရုတ်မဆလာထဲ့ နှံအောင်နယ်ပါ။ နောက်ဆုံး ကြံသကာရည်ကျိုထားတာလောင်းထဲ့နယ်ပြီး အချဉ်တည်သိပ်မဲ့စဉ့်အိုး ( သို့ ) ပလပ်စတစ်အိတ်ထူထူထဲ ထဲ့ပါ အိတ်ကိုလေမဝင်အောင်စည်းပါ၊ စဉ့်အိုးဆိုရင် မုန်ညှင်းမျက်နှာပြင်ဖိသိပ်ပေးပြီး အဖုံးလုံအောင်ပိတ်ပါ။ အချဉ်တည်ထားတာ ၁-၂ လကြာမှာ ဖွင့်ကြည့်ပါ၊ စားကြည့်လို့ မချဉ်သေးရင် ပြန်ပိတ်ထားပါ။ ၃ လလောက်ကြာရင် စားကောင်းတဲ့ မုန်ညှင်းချဉ်အစပ် ရပါပြီ။ ငရုတ်သီးမှုန့် မထဲ့ဘဲ သိပ်ထားရင် ငရုတ်သီးမှုန့်ကို မုန်ညှင်းချဉ် တခါစားပမာဏနဲ့ ရောစပ်ပါ။ အိမ်က ငရုတ်သီး အမှုန့် မရှိလို့ အရောင်တင်အမှုန့် နဲနဲ ထဲထားပါတယ်။ ဒီ မုန်ညှင်းချဉ်အစပ်နဲ့ ရှမ်းခေါက်ဆွဲ တွဲဖက်စားရင် သိပ်လိုက်ပါတယ်။
゚viralシfypシ゚viralシalシ

゚viralシviralシfypシ゚viralシal

住所

東京杉並区  3-5-5/308
Suginami-ku, Tokyo
167-0043

ウェブサイト

アラート

Shan Myanmar Foodがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する