28/01/2025
မဖြစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
မချစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
ရေစက်ကုန်လို့ ဝေးကြရတဲ့အခါ
ဘယ်သူ့အပေါ်မှ အပြစ်မမြင်ပါဘူး
ကိုယ်လည်း တစ်ချိန်က သူ့ကြောင့် ပျော်ရွှင်ခဲ့ဖူးတယ်
သူလည်း တစ်ချိန်က ကိုယ့်ကြောင့် ပျော်ရွှင်ခဲ့ဖူးမှာပါ..