BAKER SHWE

BAKER SHWE ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ

မင်္ဂလာပါရှင်BAKER SHWE Page မှကြိုဆိုပါတယ်         လှော်စာ 😋ကောက်ညှင်းဆန်,တစ်ဗူးတဆေး,ဆေးလုံး တစ်လုံးသကြား,အနည်းငယ်ကောက်...
08/06/2026

မင်္ဂလာပါရှင်
BAKER SHWE Page မှကြိုဆိုပါတယ်

လှော်စာ 😋

ကောက်ညှင်းဆန်,တစ်ဗူး
တဆေး,ဆေးလုံး တစ်လုံး
သကြား,အနည်းငယ်
ကောက်ညှင်း ရေဆေး,ရေခဏစိမ်
ပေါင်အိုးနဲ့ရေတစ်ဗူးထည့်ပေါင်း
ကျက်ရင်,ရေဆေး စကာနဲ့စစ်
ဗူးသန့်နဲ့ထည့်
လှော်စာ,ဆေးလုံးအမှုန့်ကြိတ်ထားတာနဲ့ရောနယ်ပါ
အခန်း,အပူချိန်မှာထား ၂ရက်ဆိုရပြီ
သကြားအရည်ကျို, အချို,လိုသလောက်ထည့်စားပါ
အမှန်တော့ လုပ်စားတာကြာပါပြီ
ကိုယ်တစ်ယောက်ထဲစားတာဆိုတော့ အများကြီး မစားနိုင်လို့ပါ
လှော်စာ လုပ်စားကြည့်ပြီးပြီဆိုတဲ့ အမှတ်တရ တစ်ခုအနေနဲ့သာ တင်ရခြင်းပါ

ဆရာကြီး,ဦးကျော်ရွှေရဲ့နည်းပါ 🙏
သင်ဆရာ,မြင်ဆရာများကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်

ကျောက်ကျောအမဲအထုတ်လေး ကျိုကြည့်တာကောင်းပါတယ်စားရ,အဆင်ပြေတယ်
07/06/2026

ကျောက်ကျောအမဲ
အထုတ်လေး ကျိုကြည့်တာ
ကောင်းပါတယ်
စားရ,အဆင်ပြေတယ်

အရမ်းမချို,စိမ့်စိမ့်မွမွလေးစားရတဲ့ ကွတ်ကီး          ကွတ်ကီး လုပ်နည်း၁/အထွေထွေသုံးဂျူံ၁၈၀,ဂရမ်၂/သကြားမှုန့် ၇၀,ဂရမ်၃/နို...
10/05/2026

အရမ်းမချို,စိမ့်စိမ့်မွမွလေးစားရတဲ့ ကွတ်ကီး

ကွတ်ကီး လုပ်နည်း

၁/အထွေထွေသုံးဂျူံ၁၈၀,ဂရမ်
၂/သကြားမှုန့် ၇၀,ဂရမ်
၃/နို့မှုန့် ၃၀ ဂရမ်
၄/ဆီ ၁၅၀ ဂရမ်
၅/ဆား ၃,ဂရမ်

အားလုံးရောနယ် ကြိုက်ရာပုံစံသွင်းပီး
ဗန်းကိုဆီသုတ် ဆီစိမ်စက္ကူခင်းပီး မုန့်သားတွေနေရာခြားပီး,ထည့်ပါ
၁၀ မိနစ် ကြိုပီး,အပူပေးထားတဲ့ Oven မှာ အထက်မီး,အောက်မီး ၁၆၀ ဒီဂရီ စင်တီဂရိတ်ဖြင့် မိနစ် ၃၀ ခန့်,ဖုတ်ပေးပါ
ဖုတ်ချိန် ၁၅ မိနစ်ပြည့်ပါက မုန့်‌ဗန်းကို မုန့်အကျက်ညီစေဖို့,အရှေ့အနောက်လှည့်ပီးဖုတ်ပေးပါ

မုန့်သား အပေါ်ယံ အစေ့အဆန် တင်ချင်ပါက ကြိုက်ရာသုံးနိုင်ပါတယ်
မုန့်လုပ်နည်းတင်ပေးပါတဲ့ ညီမလေးတယောက်ကိုကျေးဇူးတင်ပါတယ်ရှင်
❤️❤️

၁၀" ပီဇာ တစ်ချပ်စာ၁/ အထွေထွေသုံးဂျုံ,တဆယ်     သား  ၁၅၀ ဂရမ်၂/ရေ ၈၀ ဂရမ်၃/ တဆေး( yeast) ၃ ဂရမ်၄/ သကြား ၂ဇွန်း၅/ ဆီ,၂ဇွန်း...
19/04/2026

၁၀" ပီဇာ တစ်ချပ်စာ
၁/ အထွေထွေသုံးဂျုံ,တဆယ်
သား ၁၅၀ ဂရမ်
၂/ရေ ၈၀ ဂရမ်
၃/ တဆေး( yeast) ၃ ဂရမ်
၄/ သကြား ၂ဇွန်း
၅/ ဆီ,၂ဇွန်း
၆/ ဆား,ဇွန်းသေး တဝက်
၇/ ကြက်အူချောင်းအဖြူ,ကြက်အူ
ချောင်းအနီ ( ကိုယ်ကြိုက်ရာထည့်
လို့ရ)

အားလုံး ရောနယ် ဂျုံသားချောလာရင်
ပလပ်စတစ်အုပ်ပီး တစ်နာရီအပွခံ
ဂျုံသားပွလာရင် လေထုတ်
ဖုတ်မဲ့ဗန်းကို ဆီ(သို့မဟုတ်)ဂျုံမှုန့်ဖြူးပီး ဂျုံသားကိုပြားပီး,ဖြန့်ပါ
ခက်ရင်းနဲ့အပေါက်ရာပေးပါ
ခရမ်းချဉ်သီးဆော့သုတ်
မရောနိထပ်သုတ် ချိစ်ဖြူးပါ
အပေါ်က ကြက်အူချောင်း,တင်ပါ အော်ရီဂါးနိုးအမှုန့်ဖြူးပါ
ချိစ်ထပ်ဖြူးပါ
အဖုံးအုပ်ပီး ၁၅ မိနစ် ထပ်အပွခံပါ
၁၀ မိနစ်,ကြိုပီး အပူပေးထားသော အာဗန်မှာ ၂၀၀ ဒီဂရီ စင်တီဂရိတ်ဖြင့် ၁၅မိနစ်,၂၀ မိနစ်ဖုတ်ပေးပါ

နေကြာဆီနဲ့မှသာ မရောနိလုပ်လို့ရတယ်လို့ထင်ခဲ့မိတယ်အခုတခေါက်ပဲလုံးဆီနဲ့လုပ်ဖြစ်ခဲ့တဲ့ မရောနိ
18/04/2026

နေကြာဆီနဲ့မှသာ မရောနိလုပ်လို့ရတယ်လို့ထင်ခဲ့မိတယ်
အခုတခေါက်
ပဲလုံးဆီနဲ့လုပ်ဖြစ်ခဲ့တဲ့ မရောနိ

မွှေးဂျုံမှုန့် တထုတ်နဲ့လုပ်ဖြစ်ခဲ့တဲ့ Pizza 🍕🍕
18/04/2026

မွှေးဂျုံမှုန့် တထုတ်နဲ့
လုပ်ဖြစ်ခဲ့တဲ့ Pizza 🍕🍕

နွားနို့ ၅၀၀၀ဖိုးဝယ်ကြက်ဥတလုံးအရွယ်Cheese ရပါတယ်
18/04/2026

နွားနို့ ၅၀၀၀ဖိုးဝယ်
ကြက်ဥတလုံးအရွယ်
Cheese ရပါတယ်

ပီးခဲ့တဲ့ရက်က ကိတ်နှစ်လုံးဖုတ်ခဲ့ပါတယ်ပထမဆုံးကိတ်မှာ ကြက်ဥအကာရည်ဖြင့်ခရင်လုပ်တာ ပုံမှန်အတိုင်းဖြစ်ပေမဲ့ အပျင်းကြီးပီး ခရ...
07/02/2026

ပီးခဲ့တဲ့ရက်က ကိတ်နှစ်လုံးဖုတ်ခဲ့ပါတယ်
ပထမဆုံးကိတ်မှာ ကြက်ဥအကာရည်ဖြင့်ခရင်လုပ်တာ ပုံမှန်အတိုင်းဖြစ်ပေမဲ့ အပျင်းကြီးပီး ခရင်မွှေထားတဲ့ဇလုံကိုမဆေးဘဲ နောက်ထပ်ကိတ်အတွက် ခရင်ထပ်ရိုက်တာမှာ အချိန်သာကြာလာတယ် ခရင်ဖြစ်မလာတာ ကြုံခဲ့ရပါတယ်
အဲ့ဒီ ခရင်အရည်ဖြင့် ကိတ်လုပ်ကြည့်တော့လည်း,ပွပွအိအိကိတ် မဖြစ်ခဲ့ပါ

ကိုယ့်လိုမဖြစ်ရအောင် ပြောပြရခြင်းဖြစ်ပါတယ်ရှင်

ကောက်ညှင်း,ဆနွင်းမကင်းငွေထမင်းမင်္ဂလာပါရှင်BAKER  SHWE  Pageမှကြိုဆိုပါတယ်ကောက်ညှင်း,ဆနွင်းမကင်းကို အလွယ်လုပ်နည်းလေးပါ၁/...
07/02/2026

ကောက်ညှင်း,ဆနွင်းမကင်း
ငွေထမင်း

မင်္ဂလာပါရှင်
BAKER SHWE Page
မှကြိုဆိုပါတယ်

ကောက်ညှင်း,ဆနွင်းမကင်းကို အလွယ်လုပ်နည်းလေးပါ

၁/ ကောက်ညှင်းဆန်အဖြူ,နှစ်ဗူး
၂/ အုန်းနို့မှုန့် အထုတ်သေးတစ်ထုတ်
၃/ သကြား,၈ဇွန်း
၄/ ဆီ,စတီးဇွန်း ၅ဇွန်း
၅/ ဆား,လက်ဖက်စားဇွန်းတစ်ဝက်

အရင်ဆုံး,ကောက်ညှင်းဆန်ရေဆေးပီး ရေနှစ်ဗူးထည့်ပီး စိမ်ထားပါမယ်
၃,နာရီလောက် ရေစိမ်ထားတဲ့ကောက်ညှင်းကို ပေါင်းအိုးနဲ့တည်ပါမယ်
ကောက်ညှင်းကျက်ပါက, အုန်းနို့မှုန့် သကြား,ဆီ,ဆား ထည့်ပီး အားလုံးသမအောင်မွှေပါမယ်
ဖုတ်မဲ့ဗန်းကိုဆီသုတ်,ကောက်ညှင်းထည့် ဘိန်းစေ့လှော်ပီး ကောက်ညှင်းမျက်နှာပြင်‌ပေါ်ကိုဖြူးပါ

၁၀ မိနစ်ပိုပီး,ကြိုတင်အပူပေးထားတဲ့ oven မှာ ၁၈၀' ဖြင့် အပေါ်မီးဖြင့်,မိနစ် ၃၀ ဖုတ်ပါ
၄၀ မိနစ်အပူပေး,၃၀ မိနစ် ဖုတ်ပါ

ကောက်ညှင်းကျက်ပါက,အအေးခံပီး စားသုံးနိုင်ပါပြီရှင်

*ကျက်ပီးသား,ကောက်ညှင်းဖြစ်လို့အပေါ်မီးဖြင့်သာဖုတ်ခြင်းဖြစ်ပါတယ်*

အချိုကြိုက်ပါက,ပိုထည့်ပါ
အခုအနေအထားက,အရမ်းမချိုပါ
အုန်းသီးခြစ်,ညှစ်လုပ်နိုင်ပါက ပိုအရသာရှိပါမည်

11/01/2026

Address

ရန်ကုန်
ရန်ကုန်

Telephone

+959899064230

Website

Alerts

Be the first to know and let us send you an email when BAKER SHWE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share