Unique - 유니크

Unique - 유니크 Korean Foods , Cafe & Drinks

23/12/2024

안녕!👋
Unique ယူနိခ် စားသောက်ဆိုင်လေး ပိတ်လိုက်ပါပြီရှင့်။ ဒီ ၂နှစ်အတွင်း လာယောက်အားပေးကြတဲ့ Customer များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ ဆိုင်မှာ ရိုက်ထားတဲ့ပုံလေးတွေရှိရင် Comment or Chat Boxမှာ ချန်ထားပေးပါအုံးနော်။ အမှတ်တရ သိမ်းထားချင်လို့ပါ🥰
그동안 감사합니다👏

အန်ညော်ဟာဆေယို မင်္ဂလာပါ ယောရော်ဘွန်း🤗ကင်မ်ချီမြေရဲ့ အစားအသောက်တွေထဲက မပါမဖြစ် အဓိကဖြစ်တဲ့ Ingredient တစ်ခုနဲ့ မိတ်ဆက်ပေ...
09/05/2024

အန်ညော်ဟာဆေယို မင်္ဂလာပါ ယောရော်ဘွန်း🤗
ကင်မ်ချီမြေရဲ့ အစားအသောက်တွေထဲက မပါမဖြစ် အဓိကဖြစ်တဲ့ Ingredient တစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော် ~ 🫶
🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

Doenjang(된장 -ဒွယ်န်ဂျန်း) ဆိုတာ ဘာလဲ⁉️

Doenjang ဆိုတာ Fermented Soybean Phase (ပဲပိစပ်အနှစ်) ဖြစ်ပါတယ်။ ပဲပိစပ်နှင့်ဆားကို အသုံးပြုပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။

🔶️ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား⁉️
Doenjang ကို ကိုရီးယားရဲ့အိမ်တိုင်းနီးပါးမှာ တွေ့ရပြီး အဓိက ဟင်းခတ်အမွှေးအကြိုင်များထဲမှ တစ်ခုဖြစ်ပါတယ်။ ဒွယ်န်ဂျန်းမှာ သတ္တုဓာတ်များ၊ ဗီတာမင်များ နှင့် အူလမ်းကြောင်းကျန်းမာစေသော ပရိုဘိုင်အိုတစ်များ ကြွယ်ဝစွာ ပါဝင်လို့ ကျန်းမာရေးနှင့် အထူး ညီညွတ်ပါတယ်။

🔶️ စားသုံးခြင်းရဲ့အကျိုးရလာဒ်က ဘာတွေလဲ❓️

ပဲပိစပ်နှင့် ဆားတို့မှ ပြုလုပ်ထားတဲ့ Doenjang ကို ရိုးရာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါ တိုက်ဖျက်ရေး၊ ကင်ဆာရောဂါနှင့် ရောင်ရမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်များ ပါ၀င်သော ကျန်းမာရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုကြပါတယ်။ Doenjang မှာ ACE inhibitory အာနိသင် ရှိပြီး သွေးတိုးခြင်းကို တားဆီးပေးနိုင်ပါတယ်။

🔶️ ဘယ်မှာသုံးလဲ?
အများအားဖြင့် ပဲပြား၊ ငရုတ်သီး၊ zucchini နှင့် မုန်ညှင်းဖြူ ကဲ့သို့သော ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်တဲ့ နာမည်ကြီး စွပ်ပြုတ် Doenjang Jjigae (ဒွယ်န်ဂန်း ကျီဂဲ) (ခေါ်) ပဲပိစပ်ဟင်းရည် တွင် ဟင်းရည်၏ အစိတ်အပိုင်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။



06/11/2023

ယနေ့ November 6 , 4:00 PM မှစပြီး ယူနိခ် ကိုရီယားအစားအစာဆိုင် ပြန်လည် ဖွင့်လှစ် ရောင်းချသွားပါမယ်ရှင့်~🤗📣

Atomy BB cream - 23000 Ks 💠BB Cream ဆိုတာက မိတ်ကပ်အထူကြီးတွေ မလိမ်းချင်သူတွေ နဲ့ မိတ်ကပ် အဆင့်ဆင့် လိမ်းရတာ မကြိုက်သူတွေ...
10/09/2023

Atomy BB cream - 23000 Ks

💠BB Cream ဆိုတာက မိတ်ကပ်အထူကြီးတွေ မလိမ်းချင်သူတွေ နဲ့ မိတ်ကပ် အဆင့်ဆင့် လိမ်းရတာ မကြိုက်သူတွေ အတွက် ပေါ့ပေါ့ပါးပါး လိမ်းလို့ရတဲ့ ခရင်မ် cream တစ်ခုပါ။

💠Atomy BB cream မှာ SPF 30( sun protection factor) ပါဝင်လို့ နေရောင်ခြည်ကို ကာကွယ်ပေးတယ်။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။ မျက်နှာရဲ့ အစိုဓါတ်ကိုလည်း ထိန်းပေးတယ်။ ဒါ့အပြင် အမဲစက်တွေနဲ့ skin toneကိုပါ ညှိပေးနိုင်ပါတယ်။

Atomy BB Cream ရဲ့ ထူးခြားချက်က ဘာလဲ?🤷‍♀️

1️⃣High Purification Technology
2️⃣Fresh Herb Extraction Biotechnology
3️⃣Fermentation Technology
4️⃣Multiple Capsulation Delivery Technology
စတဲ့ အဆင့်မြင့် နည်းပညာ ၄ မျိုး နဲ့ ဖော်စပ်ထားပါတယ်။

🔹️ တခြား BB cream တွေလို လိမ်းလိုက်ရင် ဖြူစွတ် သွားတာ မဟုတ်ပဲ အဘာဝ အသားရောင်လေးလို ဖြစ်နေစေတယ်။

🔹️ ထူပြစ်ပြစ်ကြီး လိမ်းစရာမလိုပဲ ခပ်ပါးပါးလေး လိမ်းထားရုံနဲ့ အမဲစက်တွေကို ဖုံးကွယ်နိုင်ရုံသာမက နေရောင်ခြည်ဒါဏ်ကို အပြည့်အဝ ကာကွယ်ပေးတယ်။

🔹️ အဆီဓါတ်ကို ထိန်းပေးနိုင်တာတော့ သူရဲ့ အထူးခြားဆုံး ဂုဏ်သတ္တိပါပဲ။ (မျက်နှာ အဆီပြန် တတ်တဲ့သူတွေအတွက် အထူးသင့်တော်သည်။)

🔹️BB cream ကို တခြား skin care တွေဖြစ်တဲ့ toner, moisturizer, essence, nutrition cream စတာတွေ လိမ်းပြီးမှ ထပ်လိမ်းသင့်ပါတယ်။

ဝယ်ယူချင်တယ်ဆိုရင်🧏‍♀️

🏠Unique Korean Foods,Cafe and Drinks
သီရိပစ္စယာ (၄)လမ်း ၊ F.I.T လမ်း ၊ မင်းမြန်မာလက်ဖက်ရည်ဆိုင်ဘေး။

☎️09756038289

ပစ္စည်း ပြတ်နေတဲ့ Fish Cake (Omuk) ,  တော့ပိုကီ( Tteokpokki)နှင့် ထမင်းလိပ် (Kimbap) ယနေ့ မှ စပြီး Unique - 유니크 ဆိုင်မှာ...
07/09/2023

ပစ္စည်း ပြတ်နေတဲ့ Fish Cake (Omuk) , တော့ပိုကီ( Tteokpokki)နှင့် ထမင်းလိပ် (Kimbap) ယနေ့ မှ စပြီး Unique - 유니크 ဆိုင်မှာ ပြန်လည်ရောင်းချပေးနေပြီ ဖြစ်လို့ လာရောက် အားပေးနိုင်ပါပြီရှင့်~ 🤗

안녕하세요 여러분 🤗ကိုရီးယားပစ္စည်း စစ်စစ်ကိုမှ သုံးချင်သူတွေအတွက် Atomy Sunscreen လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။🔹️Korean No.1 bran...
06/09/2023

안녕하세요 여러분 🤗

ကိုရီးယားပစ္စည်း စစ်စစ်ကိုမှ သုံးချင်သူတွေအတွက် Atomy Sunscreen လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

🔹️Korean No.1 brand ဖြစ်တဲ့Atomy ရဲ့sunscream ကတော့ SPF 50+ (Sun Protection Factor) ပါ၀င်တဲ့အပြင် PA+++ (maximum protection rating) ပါ၀င်ပါတယ်။

✔ အစိုဓာတ်ကိုထိန်းပေးပြီး ကာကွယ်မှုအပြည့်ပေးတဲ့နေရောင်ကာခရင်မ်။
✔ UVA/UVB+ ကို နှစ်ဆ ကာကွယ်ပေးပြီး ကျန်းမာသော အသားအရေကို ပိုင်ဆိုင်စေပါတယ်။
✔ စေးကပ်မှုမရှိပဲ လန်းဆန်းပြီး ပေါ့ပါးသော အသွင်အပြင်ကို ရရှိစေပါတယ်။
✔ ချွေးနှင့် အဆီပြန်ခြင်းကို ထိန်းပေးပြီး ခရမ်းလွန်ရောင်ခြည်ကို ကြာရှည်စွာ ထိန်းသိမ်းပေးနိုင်ပါတယ်။

🔹️Atomy Sunscreen သည် Daily Use နေ့စဥ်သုံးရန် ပြီးပြည့်စုံသော သဘာဝနေရောင်ကာခရင်မ်ဖြစ်ပါတယ်။

🔹️ အနံ့ကလေးက သင်းသင်းလေးနဲ့မို့လိမ်းလိုက်ရင် စိတ်ကျေနပ်မှူ ရရှိစေဖို့အာမခံပါတယ်။

🔹️ အရောင်ကတော့ အဖြူရောင် (White) နှင့် မိတ်ကပ်ရောင်(Beige) ဆိုပြီး ၂ မျိုးရှိပါတယ်။

🔹 စျေးနှုန်းလေးက ️
Atomy Sunscreen (60mL) - 23,000 ကျပ်

🧏‍♀️Atomy Sunscreen ကို ဝယ်ယူချင်တယ်ဆိုရင် Unique - 유니크 ဆိုင်မှာ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။

🧏‍♀️အရေအတွက်အများကြီးမပါလို့ မြန်မြန်လေး လာရောက်ဝယ်ယူအားပေးကြပါလို့~

ဆိုင်လိပ်စာလေးက👇

🏠 သီရိပစ္စယာ (၄)လမ်း ၊ F.I.T လမ်း ၊ မင်းမြန်မာလက်ဖက်ရည်ဆိုင်ဘေး။

☎️09756038289

အန်ညော်ဟာဆေယို ယော်ရော်ဘွန်း~ 🙊မင်မင် ကိုယ်တိုင်လဲသုံးပြီး အရမ်းကြိုက်တဲ့ ATOMY Cosmetic ပစ္စည်းလေးတွေ ဆိုင်မှာ ရောင်းပေ...
04/09/2023

အန်ညော်ဟာဆေယို ယော်ရော်ဘွန်း~ 🙊
မင်မင် ကိုယ်တိုင်လဲသုံးပြီး အရမ်းကြိုက်တဲ့ ATOMY Cosmetic ပစ္စည်းလေးတွေ ဆိုင်မှာ ရောင်းပေးပါမယ်နော် ~
ကိုရီးယားနိုင်ငံမှ တိုက်ရိုက်မှာယူပြီး ရောင်းချပေးတာဖြစ်လို့ ပစ္စည်းမစစ်မှာ စိတ်ပူစရာမလိုတော့ဘူးနော်~
စျေးနှုန်းလဲ သင့်တင့်ပြီး မြန်မာလူမျိုးတွေရဲ့ အသားအရည်နဲ့ ကိုက်ညီတဲ့ပစ္စည်းလေးတွေမို့လို့ သေချာပေါက် အသုံးပြုသင့်တဲ့ Brand လေးလဲဖြစ်ပါတယ်~
အရေအတွက်အများကြီးမပါလို့ စိတ်ဝင်စားရင် ဒီ Unique ဆိုင်ရဲ့ Page လေးကနေတဆင့် ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်~
အရောင်းပို့စ်လေးကိုလဲ မကြာခင်တင်ပေးသွားပါမယ်နော်~

19/06/2023

မင်္ဂလာပါ ယူနိခ် K-Food ချစ်သူတို့ရေ ~🤗

ယနေ့ June 19မှ စပြီး ယူနိခ် ဆိုင်ကို 4:00 PM မှ 8:00 PM အထိ ညနေပိုင်းအချိန်ပြောင်းလဲ ဖွင့်လှစ်ရောင်းချ ပေးသွားမှာဖြစ်လို့ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်နော်~

အမြဲ အားပေးကြတဲ့ K-Food Lovers အားလုံးကို ကျေးဇူးအထူးတင်ပါတယ်~ 🤗

ဆာရမ်းဟယ်ယို 🫰

ဆိုင်ဖွင့်ချိန် - ညနေ 4:00 မှ ည 8:00 အထိ

🏠 F.I.T လမ်း ၊ မင်းမြန်မာ လဖ္ဘက်ရည် ဆိုင်ဘေး

☎️09756038289

10.6.23 (စနေ) မှ 17.6.23 (စနေ) အထိ ဆိုင် တစ်ပတ် ပိတ်ကြောင်း အသိပေး ကြေငြာပါရစေရှင့်~
10/06/2023

10.6.23 (စနေ) မှ 17.6.23 (စနေ) အထိ ဆိုင် တစ်ပတ် ပိတ်ကြောင်း အသိပေး
ကြေငြာပါရစေရှင့်~

Review အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင့် ~리뷰 감사합니다 ~ 또 오세요 🤗
02/05/2023

Review အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင့် ~
리뷰 감사합니다 ~ 또 오세요 🤗

★★★★★ "바간에 한국 식당이 있어서 놀랐어요. 음식도 맛있네요 한국 음악이 나오고 한국 물건이 전시 되어 있어 한국 분위기를 내려고 노력한 모습이 보입니다."

Address

Thiri Pyitsaya 4th Street
Bagan
05231

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Wednesday 11:00 - 20:00
Thursday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00

Telephone

+959756038289

Website

Alerts

Be the first to know and let us send you an email when Unique - 유니크 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category