01/08/2026
ပြီးခဲ့သည့် ဇူလိုင်လ (၂၇) ရက်နေ့က "သုတရပ်ဝန်း" နှင့် "သပြေ ပညာရေးဖောင်ဒေးရှင်း" တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ ဘူလယ်အင်းကျေးရွာရှိ "ဘူလယ်အင်း မူလွန်ကျောင်း" သို့ သွားရောက်ကာ ကျောင်းသား/သူ (၂၅၀) ဦးအား "ဝမ်းပျက်ဝမ်းလျောနှင့် သွေးလွန်တုပ်ကွေး ရောဂါ အကြောင်းသိကောင်းစရာ" ကျောင်းကျန်းမာရေး ဟောပြောပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 👏👏👏
🙌ဟောပြောပွဲတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ကာကွယ်နည်းနှင့် ဆောင်ရန်ရှောင်ရန်များကို မျှဝေပေးခဲ့သည့်အပြင် ကျောင်းသား/သူများနှင့် အပြန်အလှန် အမေးအဖြေပြုလုပ်ခြင်း၊ ပျော်ရွှင်ဖွယ် ဂိမ်းကစားပွဲများ ထည့်သွင်းကျင်းပပေးခြင်းတို့ကြောင့် ကလေးငယ်များအနေဖြင့်လည်း အလွန်ပင် ပျော်ရွှင်တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
📕 ထို့ပြင် ကျောင်းသား/သူများ စာဖတ်ရှိန် မြင့်မားပြီး ဗဟုသုတ တိုးပွားစေရန်အတွက် သပြေ ပညာရေးဖောင်ဒေးရှင်းမှ သရုပ်ပြ အထွေထွေဗဟုသုတဆိုင်ရာ စာအုပ်များကို ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းပေးအပ်ခဲ့ပါတယ်။
သုတရပ်ဝန်းမှလည်း ကလေးများအတွက် အရသာရှိသော ခေါက်ဆွဲကြော် အာဟာရဒါနများ ကျွေးမွေးခဲ့သည့်အပြင် အမှတ်တရ ကော်ဖီဆပ်ပြာများကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ 💝
ယင်းအပြင် ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများအတွက် ဝမ်းပျက်ဝမ်းလျောနှငိ့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုပါ စနစ်တကျ ဝေငှပေးနိုင်ခဲ့ပါတယ်။ 🥰
ရှေ့လျှောက်တွင်လည်း ဘူလယ်အင်းကျေးရွာနှင့် မူလွန်ကျောင်းလေး တိုးတက်ရေး၊ ကျောင်းသား/သူများ၏ အနာဂတ် လှပစေရေးတို့အတွက် မိမိတို့ တတ်နိုင်သည့် ဘက်မှ စဉ်ဆက်မပြတ် ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ကျေးလက်ဒေသ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ မြှင့်တင်ရာတွင် အတူတကွ ပူးပေါင်းပါဝင်လိုကြသော စေတနာရှင် မေတ္တာများအားလုံးကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။ 🙏🙏🙏