FRESH-Local Food Supplier

FRESH-Local Food Supplier Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FRESH-Local Food Supplier, Food Wholesaler, Banmaw.

မနက်ဖြန် မန်းလေးမြို့တွင်းအိမ်အရောက်ပို့ ခေါပုတ် ကြွေမုန့် ဆီတိုဟူး ငါးဖယ်ချဉ် ငါးကြီးချဉ် ငါးလေးချဉ်ရပါမယ်ရှင်ခေါပုတ် 5...
23/03/2026

မနက်ဖြန် မန်းလေးမြို့တွင်းအိမ်အရောက်ပို့
ခေါပုတ် ကြွေမုန့် ဆီတိုဟူး ငါးဖယ်ချဉ် ငါးကြီးချဉ် ငါးလေးချဉ်ရပါမယ်ရှင်
ခေါပုတ် 50သား .....7500
ကြွေမုန့် 25သား .....7000
ဆီတိုဟူး အတုံးကြီး သုံးတုံးပါ တဗူး...6000
ငါးဖယ်ချဉ် ...ငါးကြီးချဉ် ...ငါးလေးချဉ် တထုပ်...3500

09400057338
09685506679

25/02/2026

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဒီးဒူးကုန်း ကျေးရွာ ရဲ့ ချောင်းဘေး မှာ တဲအိမ်လေးတွေရယ် ငါးဖမ်းစက်လှေတွေရယ် တန်းစီ ရပ်ထားတဲ့ ရှုခင်းတွေက ကိုယ့်အတွက်တော့ အရမ်းကို နှစ်သက်မိခဲ့တဲ့ နေရာ ညနေခင်းတွေမှာ နေ့တိုင်း သွားကြည့်ချင်မိတဲ့ နေရာလေး ဖြစ်ခဲ့တယ်
တကယ့်ကို Favorite Place လေးပေါ့
#ဧရာဝတီတိုင်း
#ငပုတောမြို့နယ်
#ဒီးဒူးကုန်းရွာ

24/02/2026

ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင်ကျေးရွာရဲ့
ပင်လယ်ပြင်မှာ ငါးပိုက်ဆွဲနေတာ သွားစပ်စုလာတာ
ငလိပ်ကျောက် အပြင်မှာ မမြင်ဖူးတော့ အမေးဇင်းဆိုပီး ဖြစ်ရသေး ရွာခံဦးလေး ပြောပြတာတော့ ငါးလိပ်ကျောက်ကို တကောင်ထဲ အချိန်၈၀ ရှိတာ အထိ ဖမ်းမိဖူးတယ်တဲ့ ကုန်းမြေမှာ ပဲ တသက်လုံး နေခဲ့ပီး
အခုမှ ဒါမျိုးတွေ မြင်ရတော့လဲ အထူးဆန်းတွေ ဖြစ်မိတာပေါ့လေ😅

#ငါးလိပ်ကျောက်
#ဧရာဝတီတိုင်း
#ငပုတောမြို့နယ်
#ပြင်ခရိုင်

16/02/2026

မန်းလေး ရန်ကုန် အမြန်ရထား
မနက်5နာရီ မန်းလေးကစထွက်ပီး
ရန်ကုန် ဘူတာကြီးကို ည7ခွဲဝင်ပါတယ် ရထားလက်မှတ်ခက ရိုးရိုးတန်း 15000 ...အထူးတန်း 25000...ရိုးရိုးတန်းနေနေ အထူးတန်းနေနေ အဲကွန်းမပါပါဘူး ပန်ကာပါပါတယ် ထိုင်ခုံနေရာ တွေက
Express တွေ ထက်တော့ နေရာကျယ်ပါတယ် နေ့ခင်းဖက်တော့ ရထားထဲတော်တော်ပူပါတယ်
ရထားက အရမ်းတော့ မမြန်ပါဘူး
ရထားပေါ်မှာ အစားအသောက်လာရောင်းကြတဲ့ ဈေးသည်တွေလဲ အတော်စုံပါတယ် ဆေးလိပ် ကွမ်းယာ ကြက်ဥပြုတ် ငုံးဥပြုတ်က အစ ထမင်း လက်ဖက်ရည် ကော်ဖီ အသုပ်စုံတွေထိ လာရောင်းကြပါတယ် ...ပဲခူးကို ညနေ 6နာရီ ရောက်ပါတယ် ပဲခူးကနေ ရန်ကုန် စထွက်တဲ့အချိန် က နေဝင်ပီးစ အချိန် မို့ ကောင်းကင်က ရဲနေပီး လယ်ကွင်းတွေမှာက မြူတွေ ဆိုင်းနေတော့ ရှုခင်းတွေက လုံးဝ အမေးဇင်းပါပဲ
ရထားအစအဆုံး စီးရတာ အဆင်မ‌ပြေဘူးဆိုပီး ခံစားခဲ့ရပေမဲ့ ဒီရှုခင်း‌တွေ မြင်ခဲ့ရပြန်တော့လဲ အရမ်းကျေနပ်ခဲ့ရပါတယ်
နေပြည်တော် ရန်ကုန် ရထားတွေကတော့ အတော်လေး ကောင်းမွန်ပီး အဲကွန်းလဲ ပါတယ် သပ်သပ်ရပ်ရပ်လဲ ပိုရှိတော့ အဆင်ပြေမှာပါ
မန်းလေး ရန်ကုန် ရထားကတော့
ခြုံပြောရရင် သဘောမကျတာ ပိုများပါတယ်
#မြန်မာ့မီးရထား
#မန်းလေးရန်ကုန်ရထား

10/02/2026

ငါးဘတ်ရည်ကြိုလေးချက် မုန်ညင်းစိမ်းချဉ် မုန်လာဥချဉ်ကို ငရုတ်သီးစိမ်း နံနံပင်တွေနဲ့ သုပ် ကြက်ဥမွှေကြော်ရယ် စားတာ ထမင်းမြိန်စားကောင်းလိုက်တာမှကွယ် အရမ်းနော်🥰
မုန်ညင်းစိမ်းချဉ် မုန်လာဥချဉ်နဲ့ ဗန်းမော်ဒေသအစားအစာလေးတွေ မှာယူချင်ရင် အောက်က linkထဲ ဝင်ကြည့်ပေးနော်👇
https://www.facebook.com/share/p/1AYE37hN5k/

#မုန်ညင်းစိမ်းချဉ်
#မုန်လာဥချဉ်


06/02/2026

ကျမတို့ ဗန်းမော်မြို့ကနေ စစ်ဘေးရှောင်ရင်း မန်းလေးမှာ ဆိုင်ဖွင့်ထားတဲ့ ဗန်းမော်နကွင်း ခေါက်ဆွဲဆိုင်‌လေး
ဗန်းမော်မှာတုန်းကလဲ အရသာကောင်း နာမည်ကြီး ခဲ့သလို မန်းလေးမှာလဲ နာမည်ရနေတုန်း လက်‌ရာကောင်းနေဆဲ 🥰 ဆန်စီးအသုပ် ကို ဝက်သားသီးသန့်ကြော်ထားတာလေး နဲ့ ပဲရွက်နုနုလေးတွေရယ် စားလို့ ကောင်းလိုက်တာမှ အရမ်းပဲ😋 ပွက်ပွက်ဆူနေတဲ့ အိုးကြီးထဲက ကြက်ခြေထောက် မာလာ ကိုလဲ လမ်းကြုံရင် ဝင်ကို စားစေချင်တယ် ရှင်တို့ရယ် ကြက်ခြေထောက်တွေဆိုတာ နူးအိပီး မာလာအရသာ ပြည့်ဝ နေတော့ တကိုက်ဆို တကိုက် ထိမိ ဂွိ ပါပဲ အေ🤭

ဗန်းမော်ဒေသအစားအစာလေးတွေ မှာယူချင်ရင် အောက်က linkထဲ ဝင်ကြည့်ပေးနော်👇
https://www.facebook.com/share/p/1AYE37hN5k/

#ဗန်းမော်နကွင်းခေါက်ဆွဲ
#ကြက်ခြေထောက်မာလာ


မနက်ဖြန် မန်းလေး အိမ်အရောက်ပို့ နဲ့ သဘက်ခါ ရန်ကုန် အိမ်အရောက်ပို့ အတွက် ပေါင်းတင်း .....အဖြူ......2ထုပ် ......အမဲ.....5ထ...
04/02/2026

မနက်ဖြန် မန်းလေး အိမ်အရောက်ပို့ နဲ့ သဘက်ခါ ရန်ကုန် အိမ်အရောက်ပို့ အတွက်
ပေါင်းတင်း .....အဖြူ......2ထုပ် ......အမဲ.....5ထုပ်
ငါးဖယ်ချဉ်....7ထုပ် ...ငါးကြီးချဉ် ....8ထုပ် ရပါမယ်ရှင်

ပေါင်းတင်း... တထုပ်... 10000
ငါးဖယ်ချဉ် ...ငါးကြီးချဉ်....တထုပ် ...3500

09400057338
09685506679

ဗန်း‌မော်မြို့အလွမ်းပြေ ဗန်းမော်စာလေးတွေစားဖို့ဒေါ်ကြည် ပေါင်းတင်း လက်ထောင်းခေါပုတ် ကြွေမုန့် ငါးဖယ်ချဉ် ငါးကြီးချဉ် ဆန်...
01/02/2026

ဗန်း‌မော်မြို့အလွမ်းပြေ ဗန်းမော်စာလေးတွေစားဖို့
ဒေါ်ကြည် ပေါင်းတင်း လက်ထောင်းခေါပုတ် ကြွေမုန့် ငါးဖယ်ချဉ် ငါးကြီးချဉ် ဆန်စီး ဆန်ဖွယ် ရေစိမ်
ရွှေသမင် ပဲငပိ ချဉ်စော်ခါးသီး မိုင်းခေါင် မျှစ်ချဉ်
မုန်ညှင်းဖူးချဉ် မုန်လာဥချဉ် ဆီတိုဟူး ဆွန်ထန်ခြောက် မျှစ်သွေ့ခြောက် ပိန်းဥ မှိုကပ် ဆာဖြယ်ဖတ် ဆာဖြယ်အချဉ်ရည် မာလာအနှစ်ထုပ်မျိုးစုံ စသဖြင့် ဒေသစာ
စားစရာများကို ရန်ကုန် မန်းလေး အိမ်အရောက်ငွေချေ ဝယ်ယူနိုင်ပါတယ်ရှင် အခြားမြို့များသို့ကားဂိတ်များမှ တဆင့်ပို့ပေးပါတယ် ငွေကြိုလွှဲရပါတယ်ရှင်

ပုံတပုံချင်းစီရဲ့ အောက်မှာ အမျိုးအမည် ဈေးနှုန်း အသေးစိတ် ရေးပေးထားပါတယ်ရှင်

မန်းလေးမြို့ကပါရှင် ဗန်းမော်က စစ်ဘေးရှောင်ပါ
နေစရာ မရှိလို့ ဘုန်းကြီးကျောင်းနေရပါတယ်😔
ဆိုင်ဖွင့်ဖို့ အဆင်မပြေလို့ ဆိုင်မဖွင့်ထားပါဘူးရှင်
လာဝယ်လို့ လာယူလို့ အဆင်မပြေပါဘူးရှင်
(ဘာလို့ အခုလို ရေးတာလဲ ဆိုရင် လာယူမယ် လာဝယ်မယ် ဘယ်နားလဲ ခနခန တယောက်ပီး တယောက်
လာလာပြောကြလို့ မဖြေနိုင်တော့လို့ နော်)

09400057338
09685506679

မနက်ဖြန် ညကားနဲ့ တင်ပီး သဘက်ခါ ရန်ကုန်မြို့တွင်း ‌အရောက်ပို့ ပေါင်းတင်း အဖြူ ...1  (တထုပ်10000)                 အမဲ .......
28/01/2026

မနက်ဖြန် ညကားနဲ့ တင်ပီး သဘက်ခါ ရန်ကုန်မြို့တွင်း ‌အရောက်ပို့
ပေါင်းတင်း အဖြူ ...1 (တထုပ်10000)
အမဲ .....2
လက်ထောင်းခေါပုတ် ....50သား ...3ထုပ်(တထုပ်7500)
ကြွေမုန့် ...25ကျပ်သား ....3ထုပ် (1ထုပ်7000)
ငါးဖယ်ချဉ် ....ငါးကြီးချဉ်.....ငါးလေးချဉ် ....(1ထုပ်3500) ရပါမယ်ရှင်

09400057338
09685506679

19/01/2026

ခေါပုတ်ကြော်ကို ဆီတိုဟူးနဲ့မှ မဟုတ်ဘူး သကြားနဲ့လဲစားမှာပဲ😋
ဗန်းမော်လက်ထောင်းခေါပုတ် ငါးဆယ်သား...7500
ပုတ်သိုးမှိုတက်မဖြစ်စေရန် လေစုတ်အိတ်နဲ့ပိတ်ပေးပါတယ်ရှင်

ရန်ကုန် မန်းလေး အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင်
အခြားမြို့များ ကားဂိတ်တင်ပေးပါတယ် ငွေကြိုလွှဲရပါတယ်ရှင်

မန်းလေးမြို့ကပါရှင် ဗန်းမော်က စစ်ဘေးရှောင်ပါ
နေစရာ မရှိလို့ ဘုန်းကြီးကျောင်းနေရပါတယ်😔
ဆိုင်ဖွင့်ဖို့ အဆင်မပြေလို့ ဆိုင်မဖွင့်ထားပါဘူးရှင်
လာဝယ်လို့ လာယူလို့ အဆင်မပြေပါဘူးရှင်
(ဘာလို့ အခုလို ရေးတာလဲ ဆိုရင် လာယူမယ် လာဝယ်မယ် ဘယ်နားလဲ ခနခန တယောက်ပီး တယောက်
လာလာပြောကြလို့ မဖြေနိုင်တော့လို့ နော်)

ခေါပုတ် နဲ့အတူ အခြား ဗန်းမော်ဒေသစာ များ တွဲဖက် မှာယူနိုင်ရန် အောက်က link ထဲ ဝင်ကြည့်ပေးနော်👇
https://www.facebook.com/share/p/17a8MH7z1t/

https://www.facebook.com/share/p/1DZwFYLuBp/

https://www.facebook.com/share/r/185AiS92RA/

09400057338
09685506679

16/01/2026

Customer တဦးထဲရဲ့ ပေါင်းတင်း ငါးသိန်းသုံးသောင်းဖိုး အော်ဒါလေး 🫶
ဗန်းမော် ပေါင်းတင်း (ခေါ် ) ကောက်ညှင်းကျီတောက်
***တထုပ် 1သောင်းကျပ် ***
ပုတ်သိုးမှိုတက်မဖြစ်စေရန် လေစုတ်အိတ်နဲ့ပိတ်ပေးပါတယ်ရှင်

ရန်ကုန် မန်းလေး အိမ်အရောက်ငွေချေ ပို့ပေးပါတယ်ရှင်
အခြားမြို့များ ကားဂိတ်တင်ပေးပါတယ် ငွေကြိုလွှဲရပါတယ်ရှင်

မန်းလေးမြို့ကပါရှင် ဗန်းမော်က စစ်ဘေးရှောင်ပါ
နေစရာ မရှိလို့ ဘုန်းကြီးကျောင်းနေရပါတယ်😔
ဆိုင်ဖွင့်ဖို့ အဆင်မပြေလို့ ဆိုင်မဖွင့်ထားပါဘူးရှင်
လာဝယ်လို့ လာယူလို့ အဆင်မပြေပါဘူးရှင်
(ဘာလို့ အခုလို ရေးတာလဲ ဆိုရင် လာယူမယ် လာဝယ်မယ် ဘယ်နားလဲ ခနခန တယောက်ပီး တယောက်
လာလာပြောကြလို့ မဖြေနိုင်တော့လို့ နော်)

ပေါင်းတင်း နဲ့အတူ အခြား ဗန်းမော်ဒေသစာ များ တွဲဖက် မှာယူနိုင်ရန် အောက်က link ထဲ ဝင်ကြည့်ပေးနော်👇
https://www.facebook.com/share/p/17a8MH7z1t/

https://www.facebook.com/share/p/1DZwFYLuBp/

https://www.facebook.com/share/r/185AiS92RA/

09400057338
09685506679

Address

Banmaw

Telephone

+959400057338

Website

Alerts

Be the first to know and let us send you an email when FRESH-Local Food Supplier posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share