03/04/2020
အားလုံး မင်္ဂလာပါ ~~အိမ်မှာနေရင်း အတူတူ မုန့်လေးတွေ လုပ်စားကြဖို့ ဖိတ်ခေါ် ပါရစေ👩🍳👩🍳👩🍳
🤔🤔တစ်နေ့တစ်မျိုး မရိုးရလေအောင် မုန့်လုပ်နည်းလေးတွေကို မျှဝေပေးပါမယ်နော်🥙🍔🍟🌭🍕🌮🌯
Holly Molly Handmade Page လေးတော့ Like &Share လုပ်ပေးဖို့ မမေ့နဲ့နော့ 😘😘😘
အုန်းနို့ သာကူပြင် 👏👏
Base သာကူအလွာအတွက်ပါနော်
A သာကူစေ့ -200g
B sugar. -100g
C water. -1 လီတာ
D အုန်းနို့ -200g
C salt. -အနည်းငယ်
အပေါ် ယံ အုန်းနို့အလွာအတွက်ပါ
A အုန်းနို့ -100g
B Milk. -200g
C Sugar. -80g
D ဂျုံမုန့် -30g
ပြုလုပ်ပုံ အဆင့်ဆင့်
A အိုးတစ်ခုတွင် water/salt/sugar တို့ကို ထည့်ပြီး ကျိုပေးပါ ဆူပွက်ပါက သာကူစေ့ထည့်ပါ မီးအနေတော်ဖြင့် သာကူအဆံပျောက်ခါနီးအထိကျိုပေးပါ အဆက်မပြတ်မွေပေးပါ 10mins ကနေ 15minsခန့်ကြာပါတယ်
B သာကူရခါနီး အဆံဖြူပျောက်ခါနီး ရေခန်းလုခန်းခင်တွင် အုန်းနို့ကို ထည့်ပြီး ဆက်ကျိုပေးပါ/ သာကူအဆံ ပျောက်ပြီး ရေခန်းလာပါက ဆီအနည်းငယ် လူးထားသော8" အရွယ် ဗန်းတွင် ထည့်ပြီး အအေးခံထားပါ
C သာကူအအေးခံထားစဥ် အပေါ် ယံအုန်းနို့ အလွာအတွက် ပြင်ဆင်ထားပါ အိုးတစ်ခုတွင် Milk (အုန်းနို့ လျော့ချင်လို့ Milk အစားထိုးထားခြင်းပါ နှစ်သက်ပါက အုန်းနို့ သုံးနိုင်ပါတယ်)Sugar/အုန်းနို့/ဂျုံမုန့် တို့ ထည့်ပြီး မွေတံဖြင့် ကြေအောင် မွေပေးပါ
D ပြီးလျှင် မီးဖိုပေါတင်ပြီး အနေတော်မီးဖြင့် ပျစ်လာသည်အထိ အဆက်မပြတ်မွှေပေးပါ (မခဲပါစေနှင့်)/ပျစ်လာသောအုန်းနို့ အရောကို အအေးခံထားသော သာကူပေါတွင် ဖြန့်ပြီး လောင်းထည့်ပါ
E မျက်နှာပြင် ညီအောင် ညှိပြီး Oven တွင် အပေါ် မီး220°cဖြင့် 15 mins ခန့် ဖုတ်ပေးပါ မုန့်သားရပါက ထုတ်ယူကာ အအေးခံထားပေးပါ /သာကူပြင် လုံးဝ အေးသွားမှ လိုသလို လှီးဖြတ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ 😋😋
Crd # #