MyanDelight Authentic Myanmar taste

MyanDelight Authentic Myanmar taste မြန်မာ့အရသာ အစားအစာ စစ်စစ်များကိုသာရောင်းပါသည်။ Authentic Myanmar taste

သန့် ဆိတ်မွမုံရွာမြို့ရဲ့ နာမည်ကြီးစားသောက်ကုန်သန့်ဆိတ်မွအချို ဆိတ်မွအစပ် ဆိတ်အခက်ချို ဆိတ်သားခြောက်များဝယ်ယူရရှိနိုင်ပါ...
10/12/2025

သန့် ဆိတ်မွ

မုံရွာမြို့ရဲ့ နာမည်ကြီး
စားသောက်ကုန်

သန့်
ဆိတ်မွအချို
ဆိတ်မွအစပ်
ဆိတ်အခက်ချို
ဆိတ်သားခြောက်များဝယ်ယူရရှိနိုင်ပါပြီရှင်။

Viber 09765003576



ဒီတပါတ် မိတ်ဆက်မယ့် မုန့်လေးကတော့ဝက်ခေါက်ကြော် အကိတ်ထုပ်ကြီးနဲ့‌ဂျူးမြေပဲပဲပုတ်ကြော်ဖြစ်ပါတယ်။အစားအစာတွေရောင်းချတဲ့အခါအရ...
09/12/2025

ဒီတပါတ် မိတ်ဆက်မယ့် မုန့်လေးကတော့

ဝက်ခေါက်ကြော် အကိတ်ထုပ်ကြီးနဲ့

‌ဂျူးမြေပဲပဲပုတ်ကြော်

ဖြစ်ပါတယ်။

အစားအစာတွေရောင်းချတဲ့အခါ

အရသာကောင်း၊
သန့်ရှင်း လတ်ဆက်နေဖို့က ပထမ။

မူလဒေသ အရသာမပျောက်ပျက်ဘဲ ထုတ်လုပ်ထားတာကလဲ အဓိကအချက်ပါဘဲရှင်။

MyanDelight က မုန့်လေးတွေမှာယူချင်ရင် chat box ကနေ မှာလို့ရသလို

09765003576 ကိုလဲ ဆက်သွယ်ဝယ်ယူနျုင်ပါတယ်ရှင်။



မင်မင်တို့ ဒီတပါတ်က စ ပြီး ဘန်ကောက်၊ စင်ကပူ စ ပို့ပါပြီနော်။MyanDelight က ထုတ်လုပ်သော မြန်မာအစားအစာမျိုးစုံအပြင်👉မတုတ်မ ...
09/12/2025

မင်မင်တို့ ဒီတပါတ်က စ ပြီး ဘန်ကောက်၊ စင်ကပူ စ ပို့ပါပြီနော်။

MyanDelight က ထုတ်လုပ်သော မြန်မာအစားအစာမျိုးစုံအပြင်

👉မတုတ်မ လက်ဖက်အကြော်
👉အိုဆာကာ ရွှေတောင်ခေါက်ဆွဲ နှင့်ထမင်းသုပ်
👉ယောင်္ကျားကြီး ငပိရည်
👉Smart living မုန့်ဟင်းခါးအနှစ်ထုပ်
👉မွှေးမုန့်ဖတ်ခြောက်
👉ပုန်းရည်ကြီးအနှစ်ကြော်
👉စဉ့်အိုးကြီးငပိလိမ္မာကြော်
👉အဲမီး ရှမ်းခေါက်ဆွဲမျိုးစုံ

ဝယ်ယူရရှိနိုင်ပါတယ်ရှင်။



မောနင်းပါ အသဲလေးတို့ရေမင်မင်တယောက် လက်ဆောင်ခြင်းအတွက်ရောနေ့စဉ်ရောင်းဖို့အတွက်ပါအလုပ်တွေရှုပ်နေရင်းOnline ပိုစ့်တော့ တနေ့...
06/12/2025

မောနင်းပါ အသဲလေးတို့ရေ

မင်မင်တယောက်
လက်ဆောင်ခြင်းအတွက်ရော

နေ့စဉ်ရောင်းဖို့အတွက်ပါ

အလုပ်တွေရှုပ်နေရင်း

Online ပိုစ့်တော့ တနေ့ တခုဘဲ တင်မယ်နော်။

မင်မင်‌လိုင်းပေါ်ရှိနေပါတယ်။

CB က မှာလို့ရပါတယ်နော်။

ရနိုင်မယ့် ပစ္စည်းလေးတွေက

မြေပဲယို/နှမ်းယို
ကျောက်ဖရုံယို
မြေပဲပွကြော်
‌ပြောင်းဖူးကြော်
ကြက်သွန်ပေါင်းကြော်
ချဉ်ပေါင်ဖူးယို
နာနတ်ယို
ရှောက်ယို
ကတွတ်ယို
မရမ်းချို/စပ်
ငှက်ပျောခြောက်ကြော်
ပဲချောင်း
ကရေကယာ
မြေပဲလှော်
မြေပဲ
ဇီးထန်းညက်
ထန်းညက်
မန်ကျီးဖလိတ်
ဝက်ခေါက်ကြော်
ငရုပ်သီးနှမ်းကပ်ကြော်
လက်ဖက်နှမ်းကပ်ကြော်
ကောက်ညှင်းခွက်ကြော်



နေ့တိုင်းတော့ မင်မင်တို့ မုန့်လေးတွေ ရောင်းနေပါတယ်။Online sales register လေးလုပ်ထားဆဲကာလမို့ ပိုစ့်လေးတွေက နေ့စဉ် မတင်သေ...
05/12/2025

နေ့တိုင်းတော့ မင်မင်တို့ မုန့်လေးတွေ ရောင်းနေပါတယ်။

Online sales register လေးလုပ်ထားဆဲကာလမို့ ပိုစ့်လေးတွေက နေ့စဉ် မတင်သေးတာပါ။

ပြီးခဲ့တဲ့တပါတ်က မိတ်ဆက်ခဲ့တဲ့ ချိုချိုချဉ်ချဉ်လေးတွေက out of stock ဖြစ်သွားပြီမို့။
လကုန်ပြန်ရောက်မှ ပိုစ့်တင်ပေးပါမယ်ရှင်။

ဒီနေ့တော့ မင်မင်က မုန့်လေးနာမည်ကို မဖော်ပြတော့ပါဘူး။

မုန့်လက်ဆောင်ခြင်းလေးပြင်ဆင်ပြီးရင်

ပြန်လာခဲ့ပါမယ်နော်။



မင်မင်တို့ဆိုသည်မှာလဲအစားဆို ထိပ်ဆုံးကနော်🫢🫢🫢 မိန်းကလေးတွေပြောပါတယ်။ပိန်ချင်လှချင်တာလဲ သူတို့အပြင် ၂ယောက်မရှိဘူး။ 😊😊😊ဟေ့...
01/12/2025

မင်မင်တို့ဆိုသည်မှာလဲ

အစားဆို ထိပ်ဆုံးကနော်
🫢🫢🫢

မိန်းကလေးတွေပြောပါတယ်။

ပိန်ချင်လှချင်တာလဲ သူတို့အပြင် ၂ယောက်မရှိဘူး။ 😊😊😊

ဟေ့ကမရေ ဟိုမုန့်လေးကဘယ်လို
ဟို ဟော့‌ပေါ့ ဆိုင်က Dis ဆိုတာနဲ့ လင်းလက်တောက်ပလာတဲ့ ပုလဲနုရောင် မျက်လုံးတစ်စုံက

ဒီနေ့တော့ စားလိုက်မယ်လေ

မနက်ဖြန်မှ ဝိတ်ချမယ်ဖြစ်သွားရော 😛😛😛

ချိုချိုချဉ်ချဉ် မုန့်လေးနဲ့ မိတ်ဆက်ပြီးဆိုတော့

ဒီတခေါက် အခါးပေါ့။

ဟုတ်ပါတယ် အစားတလိုင်းလေးတို့ရေ

လက်ဖက်နှမ်းကပ်ကြော်လေးက ခါးစိမ့်စိမ့်အရသာလေးပါနော်။

ကြွယွနေတဲ့ သူလေးက ခါးစိမ့်မှုတွေပေးနေတဲ့

လက်ဖက်နှမ်းကပ်ကြော်လေးပေါ့။



မင်မင် Sunday တရက် Packing လုပ်ထုပ်ပိုး ဆိုင်ပေါ်တင်။အလုပ်ရှုပ်နေတာနဲ့ online post လေး မတင်ဖြစ်ခဲ့ဘူး။ဒီနေ့တော့ အိပ်ငိုက...
01/12/2025

မင်မင် Sunday တရက် Packing လုပ်ထုပ်ပိုး ဆိုင်ပေါ်တင်။

အလုပ်ရှုပ်နေတာနဲ့ online post လေး မတင်ဖြစ်ခဲ့ဘူး။

ဒီနေ့တော့ အိပ်ငိုက်ပြေဆေး

ချိုချိုချဉ်ချဉ်စပ်စပ်
မုန့်လေးနဲ့ မိတ်ဆက်ပေးမယ်နော်။

မန်ကျီးသီးရယ်
ဆားရယ်
သကြားရယ်
ငရုပ်သီးမှုန့်ရယ်

အချိုးကျကျရောစပ်ထားတဲ့

မန်ကျီးစပ်မုန့်လေးပါ။

သူ့အရသာကလေ ချိုချဉ်စပ် အရသာတခါတည်းပါလို့။

ရေသောက်လိုက်
မုန့်စားလိုက်နဲ့

ရပ်မရအောင်ပါဘဲ။

ဓါတုဆိုးဆေးမပါပါဘူးရှင်။



ဒီနှစ်ရဲ့ ရန်ကုန်ဆောင်းကတော့ဆောင်းအငွေ့အသက်လေးပြန်ရတဲ့နေ့လေးပါဘဲ။အညာမှာဆို ဆောင်းတွင်းမီးဖိုပြီး မီးလှုံရင်း ပြောင်းဖူးဖ...
29/11/2025

ဒီနှစ်ရဲ့ ရန်ကုန်ဆောင်းကတော့

ဆောင်းအငွေ့အသက်လေးပြန်ရတဲ့နေ့လေးပါဘဲ။

အညာမှာဆို ဆောင်းတွင်းမီးဖိုပြီး မီးလှုံရင်း ပြောင်းဖူးဖုတ်စားကြတဲ့ အလေ့အထလေး သတိရမိတယ်။

အညာဆောင်းကို မမှီတဲ့ ဒီနှစ်ရန်ကုန်ဆောင်းမှာ

ပြောင်းဖူးမီးဖုတ်အရသာနဲ့ထပ်တူသော

ပြောင်းဖူးပွကြော်လေးနဲ့ ရေနွေးတအိုးကို အဖော်ပြုကြမယ်လေ။

#အညာစာ
#ပြောင်းဖူးပွကြော်

ရှမ်းစကားသံတွေရှမ်းအစားအစာတွေရှမ်းတေးသံတွေမကြားရမမြင်ရ မစားရ မနေနိုင်သူပါ။ဟယ်လို မောနင်းပါ သဲလေးတို့ရေမင်မင်လို့ အစားပုတ...
28/11/2025

ရှမ်းစကားသံတွေ
ရှမ်းအစားအစာတွေ
ရှမ်းတေးသံတွေ

မကြားရမမြင်ရ မစားရ မနေနိုင်သူပါ။

ဟယ်လို မောနင်းပါ သဲလေးတို့ရေ

မင်မင်လို့ အစားပုတ်လေးတွေ ဒီ Page လေးကို see first ထားဦးနော်။

မင်မင်က ဆိုင်ဖွင့်ပွဲ
မုန့်လက်ဆောင်တွေ ပို့ပေးမှာမို့။

SEE FIRST

#ရှမ်းအစားအစာ

27/11/2025
ဒီနေ့တော့ မင်မင်ကရှမ်းပြည်နယ်ရဲ့ထုတ်ကုန်တမျိုးဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ရှမ်းအစားအစာကြက်သွန်ချဉ်လေးနဲ့ မိတ်ဆက်ပေးပါမယ်...
27/11/2025

ဒီနေ့တော့ မင်မင်က

ရှမ်းပြည်နယ်ရဲ့ထုတ်ကုန်
တမျိုးဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ရှမ်းအစားအစာ

ကြက်သွန်ချဉ်လေးနဲ့ မိတ်ဆက်ပေးပါမယ်။

ကြက်သွန်ချဉ်လေးကို
ရှမ်းခေါက်ဆွဲနဲ့တွဲဖက်စားကြသလို နေ့လည်စာထမင်းဟင်းနဲ့လဲတွဲဖက်စားကြပါတယ်။

သူ့ကိုစားရင်ကြွပ်ကြွပ်လေးဖြစ်နေတာက ထပ်ခါထပ်ခါစားမိတာပါဘဲ။

ကဲ လက်နှေးမနေနဲ့တော့နော်။

#ရှမ်းအစားအစာ


ဒီနေ့ မင်မင်ကမိန်းကလေးတွေ အကြိုက်တွေ့စေမယ့် မုန့်လေးတမျိုးနဲ့ မိတ်ဆက်ပေးပါမယ်ရှင့်။ချိုချိုချဉ်ချဉ်စပ်စပ်အရသာသုံးမျိုး တ...
20/11/2025

ဒီနေ့ မင်မင်က

မိန်းကလေးတွေ အကြိုက်တွေ့စေမယ့် မုန့်လေးတမျိုးနဲ့ မိတ်ဆက်ပေးပါမယ်ရှင့်။

ချိုချိုချဉ်ချဉ်စပ်စပ်

အရသာသုံးမျိုး တပြိုင်ထဲ ခံစားရမယ့်

မန်ကျီးစပ် မုန့်လေးနဲ့ မိတ်ဆက်ပေးပါမယ်ရှင်။

အရသာကတော့ မင်မင်အာမခံတယ်နော်။

သေချာလေးမြည့်ကြည့်ပီးမှ ပိုစ့်တင်လိုက်တာမို့

ချိုချဉ်စပ်

စားပြီးရင်းစားချင်။

ဒီမုန့်လေးတွေက
အညာဒေသထွက်
မန်ကျီးသီး
ငရုပ်သီးမှုန့်တို့သာပါဝင်ပြီး ဓါတုပစ္စည်း လုံးဝမပါဝင်ပါရှင်။

အထုပ်နဲ့ ဘူး
ပုံစံ၂မျိုးရပါတယ်ရှင်။

Cb ကနေ မှာယူနိုင်ပါတယ်ရှင်။

စင်ကပူ၊ဘန်ကောက်၊မလေး ပို့ပေးပါတယ်ရှင်။



Address

Ayar Won Main Road
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when MyanDelight Authentic Myanmar taste posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share