Anyar Myay Tea House

Anyar Myay Tea House အညာရနံ့သင်းတဲ့ စားဖွယ်စုံကို သန့်ရှင်းလတ်ဆတ်စွာ သုံးဆောင်နိုင်ဖို့ 'အညာမြေ' က အမြဲအသင့်ရှိနေပါတယ်

📢 အညာမြေရဲ့ ကာကာတွေအတွက် သတင်းကောင်းအညာမြေရဲ့ အစားသောက်အရသာကို အေးအေးဆေးဆေး ခံစားချင်သူတွေအတွက်... 🌿အလုပ်ပိတ်ရက်၊ ကျောင်...
13/04/2026

📢 အညာမြေရဲ့ ကာကာတွေအတွက် သတင်းကောင်း

အညာမြေရဲ့ အစားသောက်အရသာကို အေးအေးဆေးဆေး ခံစားချင်သူတွေအတွက်... 🌿

အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အနားယူရင်း အေးဆေးထိုင်လို့ရအောင် ကျွန်တော်တို့ဆိုင်ကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပါတယ်

"နှစ်ဆန်းတစ်ရက်နေ့ တစ်ရက်သာ ဆိုင်ပိတ်ပြီး ကျန်တဲ့ရက်အားလုံးမှာဖွင့်လှစ်ထားပါတယ်"

နွေအပူကို အန်တုရင်း အေးမြတဲ့ အညာမြေရဲ့အငွေ့အသက် ၊ အရသာကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✨




"ချစ်ခင်ရပါသော Customer များခင်ဗျာ...ဒီနေ့ (၃၁-၃-၂၆) မှာ ကျွန်တော်တို့ဆိုင်က ဝန်ထမ်းလေးတွေကို အနားပေးချင်တာကြောင့် နေ့တစ...
31/03/2026

"ချစ်ခင်ရပါသော Customer များခင်ဗျာ...

ဒီနေ့ (၃၁-၃-၂၆) မှာ ကျွန်တော်တို့ဆိုင်က ဝန်ထမ်းလေးတွေကို အနားပေးချင်တာကြောင့် နေ့တစ်ပိုင်း (1:00 PM)အထိပဲ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မနက်ဖြန်ကျရင်တော့ ပုံမှန်အတိုင်း အားအင်အပြည့်နဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော်။ အဆင်မပြေမှုရှိသွားရင် တောင်းပန်အပ်ပါတယ်ဗျ။ 🙏

🌟 အညာမြေရဲ့ "စားမယ်... ခန့်မှန်းမယ်... အလကားရမယ်" Promotion! 🌟"အညာမြေ" ဆိုတာနဲ့ပူပူနွေးနွေး ဆိုင်ရဲ့signature ထမင်းကြော်...
17/03/2026

🌟 အညာမြေရဲ့ "စားမယ်... ခန့်မှန်းမယ်... အလကားရမယ်" Promotion! 🌟

"အညာမြေ" ဆိုတာနဲ့
ပူပူနွေးနွေး ဆိုင်ရဲ့signature ထမင်းကြော် နဲ့ လက်ပံပြားကြက်ကြော် ရဲ့ အနံ့ကို ပြေးသတိရနေကြပြီး အမြဲအားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်!🤤

💰 "အရသာရှိပြီး ဈေးလည်းသက်သာတယ်" လို့ အသိအမှတ်ပြုပေးကြလို့လည်း ဝမ်းသာရပါတယ်။
သန့်ရှင်းသပ်ရပ်ပြီး ထိုင်လို့ကောင်းတဲ့ ဆိုင်လေးဖြစ်အောင် အမြဲကြိုးစားနေပါတယ် ❤️

အညာမြေကို အမြဲအားပေးနေကြတဲ့ ကာကာလေးတို့အတွက် အထူး Promotion လေး လာပါပြီ။ အညာမြေရဲ့ ထမင်းကြော်နဲ့ ကြက်ကြော်အပြင် နောက်ထပ် ဘယ်လို Menu အသစ်တွေ တိုးလာမလဲဆိုတာ ခန့်မှန်းပေးရမှာပါ။

📌 ပါဝင်ရမယ့် စည်းကမ်းချက်လေးတွေကတော့...
1️⃣ Menu အသစ် (၁) မျိုးကို တစ်ကြိမ်သာ Comment ရေးပေးပြီး like & share ပေးရမှာဖြစ်ပါတယ်
2️⃣ အဖြေမှန်တဲ့ ပထမဦးဆုံး (၅) ယောက်ကို ရွေးချယ်ပါမယ်။
3️⃣ ကံထူးရှင်တွေက အဖြေမှန် Screenshot ကိုပြပြီး ဆိုင်မှာ Free သုံးဆောင်ခွင့် (18/3/26 မှ 20/3/26 အထိသာရရှိမှာဖြစ်ပါတယ်! 🎉

ကဲ... အညာမြေရဲ့ ချစ်သော ကာကာလေးတို့ရေ စလိုက်ကြစို့! 👏👏

Good Luck to all our dears! 🍀





#ဘားအံမြို့

ချစ်ခင်ရပါသော ဧည့်သည်တော်များခင်ဗျာ...'အညာမြေ' (တောထမင်းကြော်နှင့် လဖက်ရည်) ဆိုင်ကို အားပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရ...
09/03/2026

ချစ်ခင်ရပါသော ဧည့်သည်တော်များခင်ဗျာ...

'အညာမြေ' (တောထမင်းကြော်နှင့် လဖက်ရည်) ဆိုင်ကို အားပေးကြတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်🙏

ဆိုင်မှာ မနက်ခင်းတိုင်းဝိုင်းအပြည့်ဖြစ်နေတဲ့အတွက် အချိန်ပေးပြီး စောင့်ဆိုင်းပေးကြတဲ့ ဧည့်သည်တော်များရော၊ နေရာမရလို့ ပြန်သွားရတဲ့ ဧည့်သည်တော်များအတွက်ပါ အထူးပဲ တောင်းပန်ပါတယ်ခင်ဗျာ။ 🙏🙏🙏

'အညာမြေ' အဖွဲ့သားများအနေနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အမြဲကြိုးစားနေပေမယ့် အခုလို အဆင်မပြေမှုလေးတွေ ဖြစ်သွားတဲ့အတွက် နားလည်ပေးကြပါဦးခင်ဗျာ။

မကြာခင်အချိန်အတွင်းမှာလည်း ဧည့်သည်တော်များ ပိုမိုအဆင်ပြေစေဖို့ ဝိုင်းတွေထပ်တိုးပြီး ဆန်းသစ်သော Menu အသစ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တော်များအားလုံးကို အမြဲကြိုဆိုနေပါတယ်ခင်ဗျာ🥰

လေးစားစွာဖြင့်၊
အညာမြေ အဖွဲ့သားများ

05/03/2026

✨ အညာမြေရဲ့ မနက်ခင်း အရသာ ✨

"မနက်ခင်းရဲ့ လန်းဆန်းမှုက အညာမြေ လက်ဖက်ရည်တစ်ခွက်ကနေ စတာပေါ့" ☕️✨
အငွေ့တထောင်းထောင်းနဲ့ လက်ဖက်ရည်ချိုဆိမ့်လေးရယ်၊ အိစက်နေတဲ့ ပလာတာ၊ အီကြာကွေး၊ စမူဆာလေးတွေရယ်... ပြီးတော့ ထမင်းကြော်ပူပူလေးရယ်... ဒီအရသာတွေက ဘယ်လိုမှ ငြင်းလို့မရတဲ့ ပေါင်းစပ်မှုပဲလေ။ 😋🥞

🌟 ဆိုင်ရောက်ရင် မမှာမနေ 'Must Try' Menu - အသားလုံးကြော်/ အလတ်ဆတ်ဆုံး အသားတွေကိုမှ သေချာလေး ပြုလုပ်ထားတာဖြစ်လို့ တစ်ကိုက်စားလိုက်တာနဲ့ လျှာပေါ်မှာ အရသာစွဲနေမှာ အသေအချာပါပဲ။ ❤️🍗

စားသုံးသူတွေအတွက် သန့်ရှင်းမှုနဲ့အရသာ ကို အဓိက ဦးစားပေးထားတာဖြစ်လို့ စိတ်ချလက်ချ အားပေးလိုက်တော့နော် 🥰

🛵 မြို့တွင်း Free Delivery လည်း ရှိတယ်နော်!
(အိမ်မှာပဲ အေးဆေး စားချင်သူများအတွက် အထူးသင့်တော်ပါတယ်)

📍 လိပ်စာ: သီရိလမ်းမကြီးနဲ့ သရဖီလမ်းထောင့်၊ ကန်သာယာအနီး၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့။
📞 ဖုန်း: ၀၉-၆၆၀၀၀၀၃၆၂





#ဘားအံမြို့

အညာမြေရဲ့ အဖွင့်ဦးဦးဖျားဖျား စေတနာလက်ဆောင် ☕🥖'အညာမြေ' လက်ဖက်ရည်ဆိုင်လေးဟာဆိုရင်ဖြင့် ( 1.3.2026 )စတင်ဖွင့်လှစ်မှာဖြစ်ပါတ...
28/02/2026

အညာမြေရဲ့ အဖွင့်ဦးဦးဖျားဖျား စေတနာလက်ဆောင် ☕🥖

'အညာမြေ' လက်ဖက်ရည်ဆိုင်လေးဟာဆိုရင်ဖြင့် ( 1.3.2026 )စတင်ဖွင့်လှစ်မှာဖြစ်ပါတယ် 🙂
စတင်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ လာရောက်အားပေးကြမယ့် ဧည့်သည်တော်များအားလုံးကို

✅ လက်ဖက်ရည် - အခမဲ့!
✅ အီကြာကွေး - အခမဲ့!

စေတနာကို အရင်းခံပြီး အကောင်းဆုံး အရသာတွေနဲ့ ဧည့်ခံမှာမို့ မနက်ဖြန် မနက်အစောကြီး အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ📣📣

အချိန် - နံနက်(၆နာရီ မှ ၁၀နာရီ အထိ)
လိပ်စာ - သရဖီလမ်းနှင့်သီရိလမ်းမကြီးထောင့် ၊ အမှတ် (၄)ရပ်ကွက် ၊ ဘားအံမြို့

🎁 Special Gift:
'အညာမြေ' Page လေးကို Like & Share လုပ်ပြီး Screenshot လေးပြရုံနဲ့ အရသာရှိတဲ့ ပဲပလာတာတစ်ပွဲ ကိုပါ ထပ်မံလက်ဆောင် ရယူနိုင်ဦးမှာပါနော်။





#အညာမြေ
#ဘားအံ

Address

Corner Of Thiri Road & Tharaphi Street, Near Kan Thar Yar Night Market
Hpa-an
13011

Opening Hours

Monday 05:00 - 21:00
Tuesday 05:00 - 21:00
Wednesday 05:00 - 21:00
Thursday 05:00 - 21:00
Friday 05:00 - 21:00
Saturday 05:00 - 21:00
Sunday 05:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Anyar Myay Tea House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category