Crypto King

Crypto King Visa Card အတွက် အယုံကြည်ရဆုံး၊ စိတ်အချရဆုံး Page

ဘုရားပြီး၍ငြမ်းဖျက်သည်ဆိုသော်ငြားထီးတော်ပင် မတင်ရသေးတာမင်းသိရဲ့လား။                            Crypto King
21/08/2026

ဘုရားပြီး၍
ငြမ်းဖျက်သည်ဆိုသော်ငြား
ထီးတော်ပင် မတင်ရသေးတာ
မင်းသိရဲ့လား။

Crypto King

ဒီစာကို ဖတ်ရဲသလား။တချို့ဘဝတွေက ရွေးချယ်စရာမရှိခဲ့ဘူး။
21/08/2026

ဒီစာကို ဖတ်ရဲသလား။
တချို့ဘဝတွေက ရွေးချယ်စရာမရှိခဲ့ဘူး။

21/08/2026

ခင်ဗျားတို့ မတရားဘူး။
ခင်ဗျားတို့ သိချင်တာတွေကျ လာလာမေးတယ်။
ကျုပ်သိချင်တာကျ ဘယ်သူဖြေပေးလို့လဲ။

တယောက်မှမဖြေဘူး။
မသိသလို ဟန်ဆောင်ပြီး လှည့်ထွက်သွားကြတာချည်း။

ကိုင်း... ခုမေးမယ်။
ကျုပ်ကိုချစ်လား။ 😌

(အစစ်မတွေ ဖြေစရာမလိုဘူး။ 🫩)

Facebook မှာ ပုံကြည့်ရင် ကုန်ကျမယ့် Data ပမာဏကို အကြမ်းမျဉ်း တွက်ချက်ကြည့်ရင်-Thumbnail ပုံအသေးလေးတွေကြည့်ရင် 20–100 KB ...
20/08/2026

Facebook မှာ ပုံကြည့်ရင် ကုန်ကျမယ့် Data ပမာဏကို အကြမ်းမျဉ်း တွက်ချက်ကြည့်ရင်-

Thumbnail ပုံအသေးလေးတွေကြည့်ရင် 20–100 KB ခန့် ကုန်ကျတယ်။ ဥပမာ သူများရဲ့ Profile ပုံတက်လာတာမျိုးပေါ့။ အဝိုင်းကွက်လေးထဲကပုံမျိုး။

News Feed မှာတက်လာတဲ့ပုံဆိုရင် 100–500 KB လောက်ကုန်တယ်။

ပုံကိုနှိပ်ပြီးကြည့်လိုက်ပြီဆိုရင်တော့ 300 KB–1 MB+ ဝန်းကျင်ကုန်ကျပြီသာမှတ်။

Quality မြှင့်ထားတဲ့ High Resolution နဲ့ပုံဆိုရင်တော့ 1–3 MB+ လောက်လစ်ပြီသာတွေးထား။

ဆိုတော့ ပျမ်းမျှတွက်ကြည့်ရင် 1GB ဆိုရင် ပုံပေါင်း 3400 လောက် ကြည့်လို့ရမယ်ပေါ့။

အောက်မှာ Data ဆက်သွယ်ချက်တွေ ပြပေးထားပါတယ်။ 1-3MB ++ လောက် အကုန်ခံပြီး ကြည့်ပေးပေါ့နော်... 🫩

20/08/2026

Starlink မှာ ဖြဲခြောက်ယဲခြောက် ဝင်ငွေရှာကြတဲ့ Service ယောင်ယောင် ဘာယောင်ယောင်တွေရှိတယ်။
တချို့ဆိုရင် Admin အကောင့်ပါ အပိုင်သိမ်းတာမျိုးပေါ့။

ပြဿနာက မလေ့လာတဲ့စက်ပိုင်ရှင်ပေါ်လည်းမူတည်တယ်။ လွယ်ကူတဲ့လမ်းကြောင်းကို ချမပြသူလည်းရှိသလို မလေ့လာသူလည်းရှိတယ်။ လေ့လာမိမှာစိုးလို့ တမင်ပိတ်ပင်တဲ့သူလည်းရှိတယ်။ အမျိုးမျိုးပေါ့။

ဆိုတော့ ကဗျာလေးတပုဒ်ရေးလိုက်မယ်။ သိပ်တော့ မရေးတတ်ဘူး။ ကဗျာလေး ကောင်းမကောင်း ဝေဖန်ပေးကြပါဦး။ 🫣

"ဒီလမ်းကသွားရင်
သူတို့ပင် ဝင်ငွေရ။
ဒီလမ်းပိတ် ဟိုလမ်းဖွင့်မှ
ငါတို့ပါရ။"

20/08/2026

ဒီရက်ပိုင်းမှာပဲ လောင်းကစားဆိုက်ပိတ်နည်း သုံးမျိုးရေးပြပြီးပြီ။

(၁) Mikrotik သုံးသူအတွက်
(၂) Ruijie သုံးသူအတွက်
(၃) Starlink တမျိုးတည်းပဲ ရှိသူအတွက်။

နောက်ထပ်သိချင်တာ မန့်ထားခဲ့ပါ။ လူတိုင်း လိုက်လုပ်နိုင်မယ့် လွယ်ကူတဲ့နည်းမျိုးဆိုရင် ချပြပေးပါမယ်။ နောက် လူတိုင်းသိတဲ့ အရမ်းလွယ်ကူလွန်းတဲ့ဟာဆိုရင်လည်း မရေးပေးပါဘူး။ အစွန်းနှစ်ဘက်လွတ်ရင် ချပြပေးပါမယ်။

20/08/2026

အေး... အဆီအနှစ်တွေ ရေးပြရင် မဖတ်ကြဘူး။
ပေါက်ကရရေးရင်တော့ လူစည်တယ်ပေါ့။

တွေ့ကြသေးတာပေါ့ကွာ။
ကျုပ် လင်ရမှ ချစ်ကြည်နူး တစ်တီတူးနေတဲ့ပုံတွေ တဝကြီးတင်ပစ်မယ်။

အစစ်မတွေ အားကျဇမ်း... 🫩

စတားလင့်တခုတည်းနဲ့ လောင်းကစားဆိုက်တွေ ပိတ်ကြမယ်။တချို့က Ruijie, Mikrotik အစရှိတဲ့ Router တွေ Gateway တွေမရှိဘူး။ Starlin...
20/08/2026

စတားလင့်တခုတည်းနဲ့ လောင်းကစားဆိုက်တွေ ပိတ်ကြမယ်။

တချို့က Ruijie, Mikrotik အစရှိတဲ့ Router တွေ Gateway တွေမရှိဘူး။ Starlink ရဲ့ Main Router ကနေ တိုက်ရိုက်သုံးတယ်။

ဒါဆိုရင် လောင်းကစားဆိုက်တွေ ပိတ်မရဘူးလားလို့မေးစရာရှိတယ်။ ရပါတယ်။ အောက်ပါအတိုင်းလုပ်ပါ။

(၁) Browser မှာ NextDNS လို့ရိုက်ပါ။ ပေါ်လာတဲ့ Website ထဲဝင်ပါ။

(၂) Try it now ကိုနှိပ်ပါ။

(၃) Sign up ကိုနှိပ်ပါ။

(၄) ကိုယ်အကောင့်ဖွင့်မယ့် Email နဲ့ ထားချင်တဲ့ Password ထားပြီး Sign up လုပ်ပါ။

(၅) Parental Control အောက်က Add a category ကိုနှိပ်ပါ။

(၆) Gambling ကို Add ပါ။ (ဒီနေရာမှာ ကိုယ်ပိတ်ချင်တာကို Add လို့ရတယ်။ Online Gambling စသည်ဖြင့် ကိုယ်ပိတ်ချင်တာတွေ ရွေးပြီး Add လို့ရပါတယ်။ နမူနာအနေနဲ့ Gambling တခုတည်း ပိတ်ပြထားပါတယ်။)

(၇) Category အောက်မှာ ကိုယ်ပိတ်မယ့်ဟာတွေ တန်းစီပေါ်နေမယ်။

(၈) Setup Tab အောက်မှာရှိတဲ့ Link IP ဆိုတာလေးကိုနှိပ်ပါ။

(၉) DNS Server ဆိုတဲ့ DNS နှစ်ခုကိုမှတ်ခဲ့ပါ။

(၁၀) Starlink App ကိုဖွင့်ပြီး Setting ကိုသွားပါ။

(၁၁) Custom DNS ကိုနှိပ်ပါ။

(၁၂) ခဏတုန်းက မှတ်ခဲ့တဲ့ DNS နှစ်ခုကို Primary DNS နဲ့ First Backup နှစ်နေရာမှာထည့်ပြီး Save လိုက်ပါ။

NextDNS မှာ ကိုယ်သတ်မှတ်ခဲ့တဲ့အရာတွေ သုံးလို့မရတော့ပါ။ ပြန်ဖွင့်ချင်ရင် NextDNS ထဲဝင်ပြီး Remove လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ Starlink App ထဲမှာ Custom DNS ကို Off ခြင်းဖြင့်သော်လည်းကောင်း မူလအတိုင်း ပြန်ထားလို့ရပါတယ်။

အဆင်ပြေကြပါစေ။

GB နဲ့ရောင်းသင့်သလားလို့မေးရင် အဖြေနှစ်မျိုးလုံး ဖြေလို့ရမယ်။(၁) မရောင်းသင့်ဘူး။အကြောင်းရင်းက ‌Rom Unlimited Plan ပဲ ယူထ...
20/08/2026

GB နဲ့ရောင်းသင့်သလားလို့မေးရင် အဖြေနှစ်မျိုးလုံး ဖြေလို့ရမယ်။

(၁) မရောင်းသင့်ဘူး။

အကြောင်းရင်းက ‌Rom Unlimited Plan ပဲ ယူထားပြီး GB နဲ့ရောင်းတာက လုံးဝ အတ္တဆန်တယ်။ Rom Unlimited နဲ့ ဘေလ်ဆောင်ပြီး လိုင်းနှေးခံရရင်လည်း နောက်လဘေလ်အသစ်ပြန်ဆောင်ရင် လိုင်းပြန်ကောင်းပါတယ်။ သတ်မှတ် GB တခုရောက်ပြန်ရင် လိုင်းနှေးခံရပြန်ပါတယ်။ ဒါက လတ်တလောအခြေအနေဖြစ်တယ်။ စတားလင့်ရဲ့ Policy တခုထွက်လာတိုင်း အတ္တကို ရှေ့တန်းတင်ပြီး မတရားစီးပွားရှာနေတဲ့သူတွေကို တကယ် ကြည့်မရဘူး။ 1 GB တစ်သောင်း၊ နှစ်သောင်းတွေ။

မြန်မာနိုင်ငံရဲ့ သောက်ကျင့်လို့ပဲပြောရမလားမသိဘူး။ ဥပဒေတခု၊ ပေါ်လစီတခုဖြစ်ပေါ်လာရင် အဲတာကို ဘယ်လိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာရမလဲဆိုတာပဲ စဉ်းစားကြတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်လာရင် ကုန်ဈေးနှုန်းတက်မယ်။ ကျန်တာအများကြီးပဲ။ ဆက်ပြောရရင် မကောင်းရှိရော့မယ်။

အခုလက်ရှိ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတာ GDP တခုတည်းကြောင့်လို့ထင်နေသလား။ အသေးစိတ် ထုတ်ပြောလိုက်ရင် အနာပေါ်တုတ်ကျ ဖြစ်ကုန်မယ်။

(၂) ရောင်းသင့်တယ်။

ကိုယ်က Priority Plan အနေနဲ့ ဘေလ်ဆောင်နေရင်တော့ ရောင်းသင့်ပါတယ်။ အကောင်းဆုံးမြန်နှုန်းနဲ့ ထိုက်သင့်တဲ့ အခကြေးငွေပေးရတာ တန်တယ်လို့ ယူဆရမယ်။

ဆိုတော့ ဦးနှောက်သုံးကြ။
စာဖတ်ကြ။
တခုခုဆိုရင် Comment မှာ အုပ်စုဖွဲ့ပြီး အော်ကြဆဲကြတာထက် အခြေ‌အနေအမှန် ပြဿနာရဲ့ရင်းမြစ်ကို ဆန်းစစ်နိုင်တဲ့သူတွေဖြစ်အောင်လုပ်ကြ။

အ တဲ့သူတွေ ပေါနေသရွေ့တော့ ခေါင်းပုံဖြတ်တဲ့ အရင်းရှင်စနစ်က ကြီးထွားခွင့်ရနေဦးမှာပဲ။ ပြီးမှ မခံနိုင်ဘူးလို့မပြောနဲ့။

ဒီစနစ်ကိုမကြိုက်ရင် ကိုယ်တိုင်ကလည်း ဒီစနစ်ထဲမှာ ပျော်ဝင်မသွားဖို့လိုတယ်။

19/08/2026

တကယ်တတ်ချင်ရင် Short Cut ကို မမေးနဲ့။
Short Cut ဆိုတာ လတ်တလော ပြဿနာကို ဖြေရှင်းနိုင်တာမှန်ပေမယ့် ဒါဖြစ်ရင် ဒါလုပ်ဆိုတဲ့ ပုံသေနည်းအတိုင်းပဲရမယ်။

ပြဿနာချင်းမတူတော့ရင် စဉ်းစားပြီး လုပ်ကိုင်ရမယ့်ကိစ္စမျိုးဆိုရင် Short Cut သမားက အသုံးမဝင်ဘူး။ သူမကြုံဖူးတဲ့ပြဿနာမျိုးဆိုရင် မဖြေရှင်းတတ်တော့ဘူး။

ဥပမာ Ruijie နဲ့ပတ်သက်ရင် သူများကို လိုက်မေးနေစရာမလိုဘူးရယ်။

Ruijie Myanmar ဆိုတဲ့ page ရော You Tube Channel ပါရှိတယ်။ အဲဒီမှာ Configuration လုပ်နည်းကနေစပြီး ဘောင်ချာထုတ်ဖို့အထိ အဆင့်ဆင့်တွေကို ရှင်းပြထားပြီးသား။ Model မတူရင်တောင် သဘောတရားတွေက အတူတူတွေချည်းပဲ။ နည်းနည်းလေး အားစိုက်ပြီး လေ့လာဖို့ပဲလိုတယ်။

ကိုယ့်ကိုလာမေးရင် ကိုယ်လည်း သူတို့လောက် ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ သူတို့ထုတ်ထားတဲ့ပစ္စည်းအကြောင်း သူတို့ထက် ဘယ်သူကပိုသိနိုင်မှာမို့လည်း။ အားသာချက် အားနည်းချက် သူတို့သိတယ်။ လိုအပ်ရင် သူတို့ကို တိုက်ရိုက်မေးလို့ရသေးတယ်။

Mikrotik မို့ လာမေးတာဆိုရင် ဖြေချင်ဖြေရပါစေဦး။
သူက Officially Support လုပ်ထားတာ နည်းလို့မို့ထားပါတော့။ ဒါလည်း ရှိတယ်နော်။ You Tube Channel တွေရှိတယ်။ အင်္ဂလိပ်လိုနားမလည်လို့ဆိုရင် တမျိုးပေါ့။

ခုဟာက တရားဝင် Channel တွေရှိပါလျက် မလေ့လာဘဲ လာလာမေးတာ Short Cut ပဲရမှာပေါ့။ ဒီမှာမေးမေး ဘယ်မှာမေးမေး Short Cut ပဲရမယ်။

Basic to advanced ထိက တရားဝင် Channel တွေမှာ ပံ့ပိုးထားပြီးသားပါ။ အဲတာတွေကမှ တကယ် တတ်မြောက်စေတာပါ။

Address

Hpakan

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Alerts

Be the first to know and let us send you an email when Crypto King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category