LK MART

Call Website

LK MART ငရုတ်နှမ်းကပ်ကြော် ၊​မြေပဲ၊ငါးလေးနှမ်းကပ်​ကြော်၊ ပိုးတီချဥ်၊မုန်ညှင်းချဥ် လက်လီလက်ကား

သရက်သီးပေါ်ချိန်မှာ စိုင်သီးလေးတွေတွေ့ရင် လက်မလွှတ်တမ်း သနပ်လေး ထည့်ထားကြရအောင်နော်။ ပဲဟင်းပူပူ၊ ငါးကြော်၊ အသားကြော် စတာ...
03/07/2026

သရက်သီးပေါ်ချိန်မှာ စိုင်သီးလေးတွေတွေ့ရင် လက်မလွှတ်တမ်း သနပ်လေး ထည့်ထားကြရအောင်နော်။ ပဲဟင်းပူပူ၊ ငါးကြော်၊ အသားကြော် စတာတွေနဲ့ တွဲဖက်စားသုံးရင် တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းရန်လေးပါ။
လုပ်ရတာ လွယ်ကူသလို ကြွပ်ကြွပ်ရွရွနဲ့ အရသာရှိတာကြောင့် အိမ်မှာပဲ လုပ်စားစား၊ စီးပွားဖြစ် ပြန်ရောင်းဖို့ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
🛒 ပါဝင်ပစ္စည်းများ (သရက်သီး ၁ ကီလိုဂရမ်စာ)
• သရက်သီး (စိုင်သီး): ၁ ကီလိုဂရမ် (သို့) ကြီးလျှင် ၆-၈ လုံး
• ဆား: ထမင်းစားဇွန်း ၂ ဇွန်း (နယ်ရန်)
• ကျောက်ချဉ်မှုန့်: လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (ပိုမိုကြွပ်စေရန် - မထည့်လည်း ရပါသည်)
• မေထီစေ့ (ပဲနံသာစေ့): ထမင်းစားဇွန်း ၁ ဇွန်း (လှော်ပြီး ထောင်းထားပါ)
• နနွင်းမှုန့်: လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးအရောင်တင်မှုန့်: ထမင်းစားဇွန်း ၂ ဇွန်း
• ဇီရာမှုန့်: လက်ဖက်ရည်ဇွန်း တစ်ဝက် (အနံ့မွှေးစေရန်)
• သကြား: ထမင်းစားဇွန်း ၁ ဇွန်း (အချဉ်လျှော့လိုပါက)
• ကြက်သွန်ဖြူ: ၁၀ တက် (အခွံနွှာပြီး အလုံးလိုက် သို့မဟုတ် ခြွဲထားပါ)
• ဆီ: သရက်သီးများ မြုပ်သည်အထိ (ပဲဆီ သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ)
👨‍🍳 အဆင့်ဆင့် ပြုလုပ်နည်း
၁။ သရက်သီး အကြွပ်စိမ်ခြင်း
ဦးစွာ သရက်သီးများကို အစေးစင်ပြီး ကြွပ်သွားစေရန် ရေထဲတွင် နာရီဝက်ခန့် စိမ်ထားပါ။ ထို့နောက် မိမိနှစ်သက်သလို အနေတော်တုံးပြီး ဆားရည်ဖြင့် ၁၀ မိနစ်ခန့် ထပ်မံစိမ်ပေးပါ။
၂။ အဖန်ရည် စစ်ထုတ်ခြင်း
ဆားရည်စိမ်ပြီးသား သရက်သီးများကို ဇကာဖြင့် ရေစစ်ပါ။ ထို့နောက် ဆားနှင့် ကျောက်ချဉ်မှုန့် အနည်းငယ်ထည့်နယ်ကာ အဖန်ရည်များ ထွက်သွားစေရန် ဇကာပေါ်တွင် ၁ နာရီခန့် တင်ထားပေးပါ။
၃။ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ခြင်း
ရေစစ်သွားသော သရက်သီးများကို ဇလုံထဲပြောင်းထည့်ပါ။ ၎င်းထဲသို့ နနွင်း၊ အရောင်တင်မှုန့်၊ လှော်ထောင်းထားသော မေထီစေ့၊ ဇီရာမှုန့်နှင့် သကြားတို့ကို ထည့်ပြီး သမအောင် နယ်ပေးပါ။
၄။ နှပ်ထားခြင်း
နယ်ပြီးသား သရက်သီးများကို အမွှေးအကြိုင်များ အသားထဲစိမ့်ဝင်စေရန် အနည်းဆုံး ၅ နာရီခန့် အဖုံးအုပ်ပြီး နှပ်ထားပါ။
၅။ ဆီထည့်ပြီး သိမ်းဆည်းခြင်း
အချိန်စေ့လျှင် ကြက်သွန်ဖြူများ ထည့်ပါ။ ဆီအေးကို သရက်သီးများ မြုပ်သွားသည်အထိ လောင်းထည့်ပါ။ နောက်ထပ် တစ်ရက်ခန့် နှပ်ထားပြီးနောက် အရသာရှိသော သရက်သီးအစိမ်းသနပ်ကို စတင်စားသုံးနိုင်ပါပြီ။
💡 သိမှတ်ဖွယ်ရာ အကြံပြုချက်များ
• တာရှည်ခံစေရန်: သနပ်ကို ကြာရှည်သိမ်းလိုပါက ဆီမြုပ်နေဖို့ အလွန်အရေးကြီးပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ပိုပြီး အထားခံပါတယ်။
• အရသာ: ကျောက်ချဉ်ကြောင့် သရက်သီးက ပိုကြွပ်နေမှာဖြစ်ပြီး မေထီစေ့ရဲ့ ခါးသက်သက် အနံ့မွှေးမွှေးလေးက ဒီသနပ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။
အိမ်မှာပဲ အလွယ်တကူ လုပ်စားကြည့်ကြဖို့ တိုက်တွန်းပါရစေနော်။ ဒီနည်းလမ်းလေးကို သဘောကျရင် Like & Share လုပ်ပြီး သူငယ်ချင်းတွေကို မျှဝေပေးလိုက်ပါဦး။

တခြား ဘယ်လိုသနပ်မျိုးတွေကို သိချင်သေးလဲဆိုတာကိုလည်း Comment မှာ ပြောခဲ့လို့ ရပါတယ်ရှင်!
#သရက်သီးသနပ်

ဝါခေါင်မိုးနှင့်အတူ ပေါ်လာသော ကောက်လန်းတီမုန့်🌸🌸ဝါဆို ၊ ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ အတိုင်း တောင်သူဦးကြီးတို့မှာ မိုးနှင...
01/07/2026

ဝါခေါင်မိုးနှင့်အတူ ပေါ်လာသော ကောက်လန်းတီမုန့်🌸🌸

ဝါဆို ၊ ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ အတိုင်း တောင်သူဦးကြီးတို့မှာ မိုးနှင့် အပြိုင် စိုက်ကျ ၊ ပျိုးကျ ရတော့ လယ် အလုပ်နဲ့ မအားလပ်တာများပါတယ် ။ သို့ပေမယ့် မုတ်သုံမိုးဖြိုင်ဖြိုင်ကျသည့် ‌ဝါခေါင်လ မျိုးမှာ လယ်ကန်သင်းရိုးများပေါ်တွင် ဖူး‌ပွင့်လေ့ရှိသည့် ကောက်လန်းတီပန်းကလေးများကို ‌ခူးဆွတ်၍ ‌ပြုလုပ်ကြသည့် ‌ကောက်လန်းတီမုန့်မှာ ‌အရောင်အဆင်းအားဖြင့်လည်းကောင်း၊ အနံ့အရသာအားဖြင့်လည်းကောင်း တစ်မျိုးတစ်ဘာသာ ထူးခြားသည့် ရိုးရာ ဓလေ့ မုန့်တွေ ထဲက ကောက်လန်းတီ မုန့်ကိုတော့ လုပ်စားဖြစ်သည် မှာ မလွဲဧကန်ပင် ။

ကောက်လန်းတီမုန့်ကို အနည်းနှင့် အများဆိုသလို ‌မြည်းစမ်းကြည့်ကြဖူးမည်ဖြစ်သော်လည်း ‌ကောက်လန်းတီပင်နှင့် ကောက်လန်းတီပန်းကိုမူ ‌ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတွေ့ဖူးသူ‌နည်းပါးနိုင်ပါသည်။

ကောက်လန်းတီဟု လူသိများသည့် အပင်ကို ကောက်လှိုင်းတီဟုလည်းခေါ်ဆိုကြပြီး ယင်း၏အင်္ဂလိပ်အမည်မှာ Forest Ghost Flower ဟု ခေါ်ဆိုကြသကဲ့သို့ Indian broomrape ဟုလည်းခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Aeginetia indica Linn., ဟုလည်း ခေါ်ဆိုကာ မျိုးရင်း Orobanchaceae တွင်ပါဝင်၏။ ကောက်လန်းတီပင်သည် အာရှနိုင်ငံများ၏ အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအပါအဝင် အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အရှေ့အာရှ၊ အရှေ့တောင် အာရှနိုင်ငံများ၊ ပစိဖိတ်ကျွန်းစုဒေသတို့တွင် သဘာဝအလျောက် ပေါက်ရောက်တတ်သည့်အပင်မျိုးဖြစ်၏။ ယင်းအပင် ကို နယူးဂီနီ Papua New Guinea နှင့် ပစိဖိတ်သမုဒ္ဒရာနှင့် ကျွန်းနိုင်ငံများတွင်လည်း တွေ့ရှိရ၏။

ကောက်လန်းတီပင်တွင် အစိမ်းရောင်ခြယ် ကလိုရိုဖီးလ်ပါဝင်ခြင်းမရှိခြင်းကြောင့် ကိုယ်တိုင်အစာမချက်နိုင်ဘဲ အခြားသော စပါး၊ ကြံ ဝါး၊ မြက်မျိုးနွယ်ဝင်အပင်များ၊ အပင်မျိုးကို ကပ်ပါးပြုပြီး ပေါက်တတ်သော အပင်မျိုးဖြစ်၏။ အမြဲတမ်းစိမ်းလန်းသော တောင်ကုန်း၊ ဝါး၊ စိုစွတ်သောရွက်ကြွေတောများနှင့် ထင်းရှူးတောများ၊ အမြဲစိမ်းသစ် တောများ၊ စိုစွတ်သောမြေနိမ့်မြက် ခင်းတွင်သာမက အခြားသစ်တောများနှင့် လမ်းဘေးများ အထူးသဖြင့် ကျောက်တုံး သို့မဟုတ် ထုံးကျောက်အလွှာပေါ်တွင် ပေါက်တတ်သည့် အမြစ်ကပ်ပါးပင် မျိုးဖြစ်၏။ အပင်ပုလေးများဖြစ်ပြီး အရွက်လုံးဝမရှိသည့်အပင်မျိုးဖြစ်၏။ အပင်ပေါက်လေးများ မြေကြီးထဲမှ ထိုးထိုး ထောင်ထောင်နှင့် ထွက်လာပြီး အပင်၏ ထိပ်ပိုင်းတွင် ပန်းပွင့်၏။ ပန်းပွင့်မှာ သုံးလေးပွင့်အစုမှသည် တစုတဝေးတည်း အခင်းလိုက် ပေါက်ရောက်တတ်၏။ အပင်တစ်ပင်လုံးမှာ ခရမ်းရင့်ရောင်ရှိပြီး အပွင့်ပုံသဏ္ဍာန်မှာ သစ်ခွပန်းပွင့်ကဲ့သို့ရှိ၏။ ဝါဆို၊ ဝါခေါင်လများတွင် ကောက်လှိုင်းတီပင်မှ အပွင့်များကို ခူးဆွတ်ပြီး မုန့်လုပ်ရာတွင် အသုံးပြုကြသည့် ကောက်လန်းတီ (ခ) ကောက်လှိုင်းတီ မုန့် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ကောက်လန်းတီ မုန့် ပြုလုပ်နည်း

၁။ ကောက်လှိုင်းတီပန်းကို ရေအနည်းထည့်ပြီး ကျေသွားသည်အထိ Blender နဲ့ ကြိတ်ပေးရပါမယ်။ Blender မရှိရင် ကောက်လှိုင်းတီပန်းထဲကို ရေထည့်ပြီး ခရမ်းရောင်လေးတွေထွက်သည်အထိ ချေပေးပါ ပြီးရင် အဖတ်တွေဖယ်ပြီးအရည်စစ်ယူထားရပါမယ်။

၂။ ထန်းလျက်ကိုကျေအောင်ထောင်းပြီး ရေနည်းနည်းလေးနဲ့ဖျော်ပြီး ထန်းလျက်ရည်လုပ်ထားပေးပါ။

၃။ ကြိတ်ထားသည့် ကောက်လှိုင်းတီအရည်ထဲကို ဆန်မှုန့် ၁၀သား ပီလောပီနံမှုန့် ၅ကျပ်သား ဆားအနည်းငယ် ထန်းလျက်ရည် ထည့်ပြီး မွှေပေးပါ ( ဆန်မှုန့်နဲ့ ပီလောပီနံမှုန့်က ထက်ဝက်အချိုးကွာရပါမယ် )

၄။ ပေါင်းမည့်အိုးထဲသို့ ထည့်ပြီး နှစ်သက်သောပုံစံခွက် ဖြင့် မိနစ် ၃၀ လောက် ပေါင်းပေးပါ။

၅။ မိနစ် ၃၀ ပြည့်ပြီဆိုရင် တင်းတင်းအိအိလေးဖြစ်နေတဲ့ ကောက်လှိုင်းတီမုန့်လေးရပါပြီ။

၆။ မုန့်ကိုဓါးဖြင့်အတုံးလေးတွေတုံး အုန်းသီးလေးကိုခြစ်ပြီး အပေါ်ကနေဖြူးကာ ကောက်လှိုင်းတီမုန့် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

ကိုးကားချက် - https://www.chetmal.com/2023/08/blog-post_6.html
-----------

ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

အီကြာကွေး လုပ်စားချင်ပေမယ့် တဆေး (Yeast) မရှိလို့ဖြစ်ဖြစ်၊ နာရီပေါင်းများစွာ အချိန်ပေးပြီး နှပ်မထားချင်လို့ဖြစ်ဖြစ် လက်လ...
19/04/2026

အီကြာကွေး လုပ်စားချင်ပေမယ့် တဆေး (Yeast) မရှိလို့ဖြစ်ဖြစ်၊ နာရီပေါင်းများစွာ အချိန်ပေးပြီး နှပ်မထားချင်လို့ဖြစ်ဖြစ် လက်လျှော့ထားရတဲ့ မိတ်ဆွေတွေအတွက် သတင်းကောင်းပါရှင်! ✨

မနက်ခင်းမှာ အငွေ့တထောင်းထောင်းထနေတဲ့ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီလေးနဲ့ အီကြာကွေးပူပူလေး တို့စားရတာက ဘာနဲ့မှမလဲနိုင်တဲ့ အရသာမျိုးပါပဲ။

ဒါပေမဲ့ အပြင်ကဝယ်စားရင် ဆီပြန်တွေ၊ ဓာတုပစ္စည်းတွေ ပါမလားဆိုပြီး စိတ်ပူနေရတယ်မဟုတ်လား?

အခုပြောပြမယ့်နည်းလမ်းကတော့ တဆေး လုံးဝမလိုဘဲ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့တင် မိနစ် ၃၀ အတွင်း ဆိုင်ကအတိုင်း မွမွရွရွလေးဖြစ်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်ရှင်။

✨ လိုအပ်သော ပါဝင်ပစ္စည်းများ
• ဂျုံမှုန့် (All-purpose flour) - ၃၆၀ ဂရမ်
• မုန့်ဖုတ်ဆိုဒါ (Baking soda) - လက်ဖက်ရည်ဇွန်း တစ်ဝက်
• မုန့်ဖုတ်ပေါင်ဒါ (Baking powder) - ထမင်းစားဇွန်း တစ်ဝက်
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ကြက်ဥ - ၁ လုံး
• ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း (မုန့်သား နူးညံ့အိစိမ့်စေဖို့ ဖြစ်ပါတယ်)
• ရေ - ၁၅၀ မီလီလီတာ (ရေကို တစ်ခါတည်း အကုန်မလောင်းဘဲ ခွဲထည့်ရန်)
• ဆီ - ကြော်ရန် လိုအပ်သလောက်

👩‍🍳 ပြုလုပ်ပုံ အဆင့်ဆင့်

၁။ အခြေခံ ဂျုံနယ်ခြင်း

ဦးစွာ ဇလုံတစ်ခုထဲမှာ ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို အရင်ဆုံး သမအောင် ရောမွှေလိုက်ပါ။ ပြီးရင် ကြက်ဥ (၁) လုံးနဲ့ ထောပတ်ကို ထည့်ပြီး တစ်သားတည်းဖြစ်အောင် ထပ်မွှေပေးပါရှင်။

၂။ ရေထည့်၍ နယ်ဖတ်ခြင်း

ပြင်ဆင်ထားတဲ့ ရေ (၁၅၀) မီလီလီတာကို နှစ်ကြိမ်ခွဲပြီး ထည့်ပါ။ ရေကို တစ်ခါတည်း အကုန်မထည့်ဘဲ မုန့်သား အနေအထားကို ကြည့်ပြီး နယ်ပေးတာက ပိုကောင်းပါတယ်နော်။ မုန့်သားက မပျော့လွန်း၊ မမာလွန်းတဲ့ အနေအထား ရောက်တဲ့အထိ လက်နဲ့ နာနာလေး ဖိနယ်ပေးဖို့ လိုအပ်ပါတယ်ရှင်။

၃။ မုန့်သား အနားပေးခြင်း

မုန့်သား ချောမွတ်လာပြီဆိုရင် အလုံးလေးလုပ်ပြီး ပလတ်စတစ်စလေးနဲ့ လေမဝင်အောင် လုံအောင်ထုပ်ပိုးကာ မိနစ် ၃၀ ခန့် ပဲ အနားပေးထားလိုက်ပါ။ ဒါဟာ မုန့်သားကို ပွလာစေပြီး ပုံဖော်တဲ့အခါ ဆွဲဆန့်ရတာ ပိုလွယ်ကူစေပါတယ်ရှင်။

၄။ ပုံဖော်ခြင်းနှင့် အချောင်းလေးများ ဖြတ်ခြင်း

မိနစ် ၃၀ ပြည့်ရင် မုန့်လုံးလေးကို ပြန်ထုတ်ပြီး ဂျုံမှုန့်ဖြူးထားတဲ့ စင်ပေါ်မှာ တလှိမ့်တုံးလေးနဲ့ လေးထောင့်ပုံစံ အပြားလေးဖြစ်အောင် ဖြန့်လိုက်ပါ။ ပြီးရင်တော့ မိမိနှစ်သက်တဲ့ အနေတော် အချောင်းလေးတွေ ရအောင် ဓားနဲ့ ညီညီညာညာ လှီ:ဖြတ်ပေးပါရှင်။

၅။ အချောင်းဆင့်ခြင်း (အရေးကြီးသောအဆင့်)

ဂျုံအချောင်း နှစ်ခုကို မထပ်ခင်မှာ အောက်က အချောင်းလေးတစ်ချောင်းရဲ့ အလယ်ဗဟိုကို ရေစွတ်ထားတဲ့ ဝါးတုတ်လေးနဲ့ အသာလေး ဖိပေးပါ။ ပြီးမှ နောက်ထပ် အချောင်းတစ်ချောင်းကို အပေါ်က ထပ်တင်ပြီး ရေစွတ်ထားတဲ့ ဝါးတုတ်လေးနဲ့ အလယ်ကနေ တစ်ခါထပ်ပြီး ဖိပေးလိုက်ပါ။
ဒါမှသာ ကြော်တဲ့အခါ မပြုတ်ထွက်ဘဲ အလယ်က ကပ်နေမှာ ဖြစ်ပါတယ်ရှင်။ မုန့်သားလေးတွေ ခြောက်မသွားအောင် အပေါ်ကနေ အဝတ်စလေးနဲ့ အုပ်ထားပေးပါဦးနော်။

၆။ စနစ်တကျ ကြော်ခြင်း

ဒယ်အိုးထဲမှာ ဆီကို အီကြာကွေး မြုပ်သည်အထိ ထည့်ပြီး ပူနေအောင် အရင်လုပ်ပါ။ ဆီပူလာပြီဆိုရင် အီကြာကွေးကို နှစ်ဖက်ကနေ ကိုင်ပြီး အနည်းငယ် ဆွဲဆန့်ကာ ဆီထဲကို ဖြည်းဖြည်းချင်း ထည့်ကြော်ပါ။ ဆီထဲ ရောက်တာနဲ့ မုန့်သားက ဖောင်းတက်လာမှာ ဖြစ်ပါတယ်ရှင်။ တစ်ပြေးညီ ရွှေဝါရောင်သန်းပြီး ကြွပ်ရွလာတဲ့အထိ အဆက်မပြတ် လှန်ပေးပြီး ကြော်ပေးလိုက်ရုံပါပဲရှင်။

ဒီနည်းလမ်းလေးက တဆေး (Yeast) မလိုသလို မုန့်သားကိုလည်း နာရီပေါင်းများစွာ နှပ်ထားစရာ မလိုတဲ့အတွက် အချိန်ကုန် အရမ်းသက်သာစေပါတယ်ရှင်။

အိမ်မှာ ကိုယ်တိုင်လုပ်တာ ဖြစ်လို့ သန့်ရှင်းလတ်ဆတ်မှုကတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ပါပဲ။

အတွင်းသား ပွပွလေးနဲ့ အပြင်က ကြွပ်ရွနေတဲ့ အီကြာကွေးပူပူလေးကို အိမ်က မိသားစုဝင်တွေနဲ့အတူ အရသာရှိရှိ သုံးဆောင်နိုင်ကြပါစေရှင်။

ဒီနည်းလမ်းလေးက အသုံးဝင်တယ်ဆိုရင် နောက်တစ်ခါ ပြန်ကြည့်လို့ရအောင် Save ထားဖို့နဲ့ သူငယ်ချင်းတွေပါ သိရအောင် Share ပေးဖို့ မမေ့နဲ့ဦးရှင်! 🥰🥖☕

#အီကြာကွေးလုပ်နည်း #အိမ်လုပ်မုန့် #မနက်စာ #ဟင်းချက်နည်း

မုန့်ပေါင်းလုပ်နည်း—————————* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်** လုပ်နည်းလေးက လွယ်လွယ်လေးပါ*ပါဝင်ပစ္စည်း...
18/01/2026

မုန့်ပေါင်းလုပ်နည်း
—————————

* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်*
* လုပ်နည်းလေးက လွယ်လွယ်လေးပါ*

ပါဝင်ပစ္စည်းများ
————————
၁။ဆန်မှုန့်-၆ ဇွန်း
၂။ကောက်ညှင်းမှုန့်-၂ ဇွန်း
၃။ဆား-လက်ဖက်ရည်ဇွန်း တစ်ဝက်
၄။ရေနွေး-၄ ဇွန်းခန့်
၅။ထန်းလျက်-၄ ခဲ

ပြုလုပ်နည်း
——————
- ကောက်ညှင်းမှုန့် ဆန်မှုန့်နဲ့ ဆားကို နှံ့အောင်မွှေပေးပါ

- ရေနွေးကို တစ်ဇွန်းစီထည့်လိုက် နယ်လိုက် လုပ်ပေးပါ

- ဆန်မှုန့်အခဲလေးတွေကို လက်နဲ့ဆုပ်ချေပြီး ဇကာစစ်ချလို့ ရရင် ရပါပြီ
- (ဒီနေရာမှာ ရေက အတိအကျကြီး မလိုပါဘူးနော် လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်)

- ဆန်မှုန့်အခဲလေးတွေကို ဇကာတိုက်ချပါ

-အစာအတွက် ထန်းလျက်ခဲလေးတွေကို မကြေ့တကြေထောင်းပါ

- ပေါင်းမယ့်ခွက်လေးတွေကို ဆီလေးနည်းနည်းသုတ်ပါ

- ဇကာတိုက်ထားတဲ့ အမှုန့်တစ်ဇွန်းအရင်ထည့်ပါ ပြီးရင် ထန်းလျက်ထောင်းထားတာ တစ်ဇွန်းထည့်ပါ

-အပေါ်ကနေ အမှုန့် နှစ်ဇွန်းခန့် အစာမြုပ်အောင် ထည့်ပါ

- ကဲ အမှုန့်လေးတွေ ကုန်အောင် တစ်ခွက်ပြီးတစ်ခွက် ထည့်ပြီးရင်တော့ ရေနွေးဆူဆူမှာ ၁၀ မိနစ်ပေါင်းပေးပါ

*အခုဆို မုန့်ပေါင်းချိုချို အိအိလေး ရပါပြီရှင်*

Credit:

အိမ်မှာ ဖရုံသီး နဲ့ အာလူးရှိရုံနဲ့လုပ်စားလို့ရတဲ့ ဖရုံသီးအာလူးပန်ကိတ် 👀👀👀ပါဝင်ပစ္စည်းများ 🤫🤫🤫- ဖရုံသီး၊ အာလူး- ကိတ်ဂျုံ-...
09/11/2025

အိမ်မှာ ဖရုံသီး နဲ့ အာလူးရှိရုံနဲ့လုပ်စားလို့ရတဲ့ ဖရုံသီးအာလူးပန်ကိတ် 👀👀👀

ပါဝင်ပစ္စည်းများ 🤫🤫🤫

- ဖရုံသီး၊ အာလူး
- ကိတ်ဂျုံ
- ဆီ
- နှမ်းနက်

ပြုလုပ်ပုံအဆင့်ဆင့် 🧑‍🍳🧑‍🍳🧑‍🍳

- နူးအောင်ပေါင်းထားတဲ့ အာလူးနဲ့ဖရုံသီးကို အားလုံးကျေတဲ့အထိချေ

- ကိတ်ဂျုံ ၃၀ ဂရမ်ထည့်

- မုန့်သားလေးစီးပိုင်သွားတဲ့အထိနယ်မယ်

- လက်ထဲအနည်းငယ်စီယူပြီး ပြားလိုက်

- ဆီသုတ်ထားတဲ့မကပ်အိုးထဲထည့်

- အပေါ်ကနေ နှမ်းလေးဖြူးပြီး မီးအေးအေးလေးနဲ့ကြော်မယ်

- အတွင်းသားကျက်ပြီး အပြင်ခွံလေး‌ရဲ‌လာတဲ့အထိကြော်ပြီးရင်ရပါပြီ

အခုလိုမျိုး မုန့်လုပ်နည်းလေးတွေကို

ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးသွားမှာဖြစ်လို့

Follow နှိပ်ခဲ့ကြဖို့မမေ့နဲ့နော် 😜😜😜

အိမ်မှာလုပ်စားလို့ရတဲ့ လွယ်ကူရိုးရှင်းပြီးအာဟာရလည်းရှိ အရသာလည်းရှိတဲ့မွှေးအိနူးညံ့တဲ့ ကြက်ဥခနုံထုပ် မုန့်လုပ်နည်း.🥚🥥မနက်...
28/10/2025

အိမ်မှာလုပ်စားလို့ရတဲ့ လွယ်ကူရိုးရှင်းပြီး
အာဟာရလည်းရှိ အရသာလည်းရှိတဲ့
မွှေးအိနူးညံ့တဲ့ ကြက်ဥခနုံထုပ် မုန့်လုပ်နည်း.🥚🥥
မနက်စာအဖြစ်လည်းစားလို့ရတယ်နော်😍😍
ပါဝင်ပစ္စည်းများ
ကြက်ဥ-၄လုံး
ဂျုံမှုန့်- ၄ဇွန်း(ထမင်းစားဇွန်း)🥄
(မွှေးတံဆိပ်သုံးပါတယ်)
အုန်းသီး- ၁ခြမ်း🥥
သကြား-၄ဇွန်း(ထမင်းစားဇွန်း)🥄
ရေနွေး-၂ဇွန်း(ဟင်းယောက်ချိုဇွန်း)
ဆား -၂ဇွန်း(လက်ဘက်ရည်ဇွန်း)

ပုံတစ်ပုံချင်းစီမှာပြုလုပ်နည်းလေးတွေရေးပေးထားပါတယ် စားကောင်းကြပါစေ

အာလူး ဆနွင်းမကင်းလုပ်နည်း(ကန်စွန်းဥ/ ရွှေဖရုံသီးလည်းရ)အာလူးဆနွင်းမကင်းအလှူအတွက် အဆင်ပြေတဲ့ မုန့်လေးပါ။ပါဝင်ပစ္စည်း၁။ အာလ...
26/10/2025

အာလူး ဆနွင်းမကင်းလုပ်နည်း
(ကန်စွန်းဥ/ ရွှေဖရုံသီးလည်းရ)

အာလူးဆနွင်းမကင်း

အလှူအတွက် အဆင်ပြေတဲ့ မုန့်လေးပါ။

ပါဝင်ပစ္စည်း
၁။ အာလူး ၃၀ သား
၂။ ဂျုံ ၁၀ သား
၃။ သကြား ၂၀ သား
၄။ ထောပတ် ၁၅ ကျပ်သား
၅။ နွားနို့ ကော်ဖီပန်းကန်လုံး ၁/၂ ခွက် (ကျိုချက်ပြီး)
၆။ နို့စိမ်း ကော်ဖီပန်းကန်လုံး ၁ ၁/၂ ခွက်
၇။ ကြက်ဥ ၂ လုံး
၈။ အုန်းသီးအမှုန့် စားပွဲဇွန်း ၈ ဇွန်း
၉။ ဆား စားပွဲဇွန်း ၁/၂ ဇွန်း
၁၀။ ဆီ အနည်းငယ်
၁၁။ ဘိန်းစေ့ စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ အာလူးများကို နူးအိနေအောင်ပြုတ်ပြီးနောက် အခွံခွာကာ ကြေသွားအောင် ခြေထားလိုက်ပါ။
၂။ ပါဝင်ပစ္စည်းများမှ ထောပတ်ကို မု့န်မျက်နှာပြင်မှာသုတ်ဖို့အတွက် အနည်းငယ်ချန်ထားပေးပါ။ အမှတ်စဉ် ၂။ မှ ၉။ အထိကို ဇလုံကြီးကြီး တစ်လုံးထဲ အားလုံးရောထည့်ပြီး သမသွားအောင်မွှေပါ။ အားလုံးသမသွားရင် ခြေထားတဲ့ အာလူးများကိုပါရောလိုက်ပြီး နှံ့အောင်မွှေလိုက်ပါ။
၃။ မုန့်ဖုတ်မည့်ဘန်းကို ဆီသုတ်ပါ။ oven ကို၂၀၀ ဒီဂရီမှာထားပြီး ၁၀ မိနစ်ကြိုပြီး အပူပေးထားလိုက်ပါ။
၄။ အာလူးပြုတ်အရောအနှောများကို ဘန်းထဲလောင်းထည့်ပြီး မျက်နှာပြင်ကို ညီအောင်ညှိလိုက်ပါ။ နောက်ဆုံးမှာ သန့်စင်ထားတဲ့ ဘိန်းစေ့များကို ဖြူးလိုက်ပါ။
၅။ မုန့်ဘန်းကို oven ရဲ့ အလယ်အဆင့်ထဲထည့်ပြီး မုန့်ဖုတ်ချိန်ကို မိနစ် ၃၀ ပေးကာဖုတ်ပါ။ အချိန်စေ့ကာနီး ၅ မိနစ်အလိုရောက်ရင် မုန့်သားရဲ့ မျက်နှာပြင်ကို ညိုရောင်သန်းဖို့အတွက် ဘန်းကို အပေါ်ဆုံးအဆင့်ကို ပြောင်းထည့်ပြီးဖုတ်ပါ။ ရရင်ချန်ထားတဲ့ ထောပတ်ဆီကို မုန့်မျက်နှာပြင်မှာ သုတ်လိုက်ပါ။
မုန့်အေးရင် လိုအပ်သလိုလှီးနိုင်ပါပြီ။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ အာလူးဆနွင်းမကင်းလေးကို ကြိုက်နှစ်သက်ကြမှာပါရှင့်။

💥ကြက်သွန်မြိတ်ဟင်းထုပ်💥📌သက်သက်လွတ်ဟင်းထုပ်ဖြစ်တဲ့အတွက် လူတိုင်းအလွယ်တကူ လုပ်စားလို့ အဆင်ပြေပါတယ်ပါဝင်ပစ္စည်းများကြက်သွန်...
15/09/2025

💥ကြက်သွန်မြိတ်ဟင်းထုပ်💥

📌သက်သက်လွတ်ဟင်းထုပ်ဖြစ်တဲ့အတွက် လူတိုင်းအလွယ်တကူ လုပ်စားလို့ အဆင်ပြေပါတယ်

ပါဝင်ပစ္စည်းများ

ကြက်သွန်မြိတ်
ဆန်မှုန်
ကောက်ညှင်းမှုန့်
ကြက်သွန်ဖြူ၊
ဆီ
ရေ
💥ကြက်သွန်မြိတ်များလေ ချိုလေ ဖြစ်တဲ့အတွက် များများလေး ထည့်ပေးပါ။
⚡️ဆန်မှုန့်နဲ့ ကောက်ညှင်ူမှုန့်ကို (၄:၁) ထည့်ပါ
⚡️ဆန်မှုန့် ၈ဇွန်း၊ကောက်ညှင်းမှုန့် ၂ဇွန်း
(လူအများစာအတွက်ဆို ပမာဏ ဆတိုးပြီး ထည့်ပေးပါ)
⚡️ရေကတော့ နယ်ရင်း ဖြည်းဖြည်းချင်း ထည့်သွားပေးပါ(၁၅၀ml လောက် ထည့်ထားပါတယ်)
📌ပစ်လွန်းရင် စားမကောင်းပါ။ ရေအနည်းငယ်လေး ကျဲပေးပါရှင်
⚡️ဆား၊အသားမှုန့် အနည်းငယ်ထည့်ပေးပါ။ ဆီထမင်းစားဇွန်း ၁ဇွန်းစာ ထည့်ပေးပါ။
📌ဆီထည့်ခြင်းဖြင့် မုန့်သားက ချောပြီး အိအိစီးစီးလေး ဖြစ်စေပါတယ်
📌ဟင်းထုပ် ထုပ်မည့်အရွက်
ငှက်ပျောရွက်၊ရဲရိုရွက် တို့ထဲကို ထည့်ပြီး မိနစ်၃၀ ပေါင်းခံရင် ရပါပြီရှင်
📌အရွက်မရှိတဲ့သူများကတော့ ပလပ်စတစ်ကိုခင်းပြီးတော့ မုန့်ထည့်ပြီး ပေါင်းပေးပါ💯
✅ပလပ်စတစ်အနံ့လည်း မနံသလ်ို၊ မုန့်သားလည်း မကပ်ပါဘူးရှင့်
ပုံလေးတေကိုကြည့်ရင် သိနိုင်ပါတယ်
⚡️ကြက်သွန်ဖြူဆီချက်၊ငရုတ်သီးကြော်တို့ဖြင့် တွဲစားနိုင်ပါသည်..
Credit to Akari@Diary🍀
#ဟင်းထုပ်
#ကြက်သွန်မြိတ်
#ラップ

🌲နာမည်ကြီး မန္တလေးမြီးရှည် လုပ်နည်း🌲မြို့အစွဲမရှိတဲ့ မြီးရှည်9ပွဲစာလုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အ...
22/08/2025

🌲နာမည်ကြီး မန္တလေးမြီးရှည် လုပ်နည်း🌲

မြို့အစွဲမရှိတဲ့ မြီးရှည်9ပွဲစာ

လုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အမည်ရထားတယ်လို့ ထင်ပါတယ်ရှင်. 😀 ဒါပေမယ့်လည်း လုပ်ပြီးတဲ့နောက် စားရတဲ့အချိန်မှာ ကောင်းလွန်းလို့ နောက်တစ်ကြိမ်ပြန်ပြီးလုပ်စားဖို့ တက်ကြွစေတဲ့ မြီးရှည်လေးပါ။ မြီးရှည်ကို မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံမှာ နည်းလေးတွေ အနည်းငယ်ကွဲပြီး မြို့နာမည်လေးတွေတပ်ပြီး စားသုံးကြပါတယ်။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ

နန်းလတ်မုန့်တီဖတ် 1 cup (250 ml)ခန့်
ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ရေနွေးဖျောထားသော ပဲပင်ပေါက် ထမင်းစားဇွန်း ၂ ဇွန်းခန့်
ကော်ရည် ထမင်းစားဇွန်း ၂ ဇွန်းခန့်
နူးအိနေအောင် ပြုတ်ထားသော ဝက်သုံးထပ်သား ထမင်းစားဇွန်း ၄ ဇွန်းခန့် (များများထည့်ရင် ပိုကောင်းပါတယ်။)
ဆီတိုဟူးကြော် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
ပဲငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ပဲငပိ နှင့် ဆီတိုဟူးကြော်၏ အပေါ့၊အငံပေါ်မူတည်ပြီး လိုအပ်မှ ထည့်ပါ။)
ငရုတ်သီးကြော် နှင့် ငရုတ်သီးကြော်၏ ဆီ ချင့်ချိန်ထည့်ပေးပါ
ပဲငံပြာရည် အကျဲ (thin soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း တစ်ဝက်ခန့်
နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် ထမင်းစားဇွန်း ၁ ဇွန်း
နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် ထမင်းစားဇွန်း တစ်ဝက်ခန့် (ဆီ နှင့် နှမ်းများသာ ထည့်ရမည်)
ပါးပါးလှီးထားသော ကြက်သွန်ပင် ထမင်းစားဇွန်း တစ်ဝက်ခန့်
ဝက်သားပြုတ်ရည် ထမင်းစားဇွန်း တစ်ဝက်ခန့်

လိုအပ်သည့် အမယ်များအားလုံးကို အောက်တွင်ဖေါ်ပြထားသော နည်းများအတိုင်းလုပ်ကာ မြီးရှည် တစ်ပွဲအတွက် အထက်တွင်ရေးထားသော နံပါတ်စဉ်လေးများ အတိုင်း အစီအစဉ်တကျထည့်ပြီး လှလှပပလေး နှင့် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် အတွက် လိုအပ်တာလေးတွေကို အောက်ပါနည်းများအတိုင်း လုပ်ကြရအောင်.

ရိုးရိုးလေးရှမ်းမုန်ညင်းချဉ်ကို ဝယ်၍ မရပါက ဒီ link ထဲက အတိုင်း ၅ ရက်ခန့် စောပြီး ကြိုတင်လုပ်ထားပါ။

ဆီတိုဟူးကြော် အတွက် ဆီတိုဟူး (preserved chilli beancurd 130 g) နှင့် ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖိချေမွှေကာ low heat ဖြင့် ကြော်ပေးပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ကြော်ပေးပါ။ ((ကျွန်မ သုံးသည့် ဆီတိုဟူးဗူးမှာတော့ ရေအတော်လေးပါ၍ ကျွန်မက ရေထပ်မထည့်ပဲ ကြော်ပါတယ်။)

နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် အတွက် အတော်လေးပူသော ဆီ 3/4 cup (180 ml) ထဲ ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) ၅ ခု၊ ပါးကော (နာနတ်ပွင့် (star anise)) ၅ ပွင့်၊ နှမ်းဖြူ အစိမ်း ထမင်းစားဇွန်း ၅ ဇွန်း ကို ထည့်ကာ စက္ကန့်အနည်းငယ် မွှေကြော်ပြီး နှမ်းများ ရွှေဝါရောင် စပြောင်းလာသည်နှင့် မီးဖိုမှချကာ အကျက်မလွန်အောင် ဆက်မွှေပေးပါ။

နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် အတွက် ထောင်းထားသော ကြက်သွန်ဖြူ ( ထမင်းစားဇွန်း ၂ ဇွန်း)၊ နှုတ်နှုတ်စင်းထားသော နံနံပင် (ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ (ထမင်းစားဇွန်း ၃ ဇွန်း)၊ ရှာလကာရည် (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရောဖျော်ပေးပါ။ (တစ်ရက်ခန့်ကြိုတင်ပြီးလုပ်ကာ ရေခဲသေတ္တာထဲသိမ်းပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။)

ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ နူးအိပြဲနေအောင်ပြုတ်ထားသော ဝက်သုံးထပ်သား ၅၀ ကျပ်သား (769 g ) ခန့် ကို ကြိုက်နှစ်သက်သလို လှီးထားပါ။ ဝက်ပြုတ်ရည်ကို မြီးရှည်ထဲထည့်စားရန် နှင့် ကြက်သွန်ပင်၊ အရသာမှုန့်အနည်းငယ်ထည့်ကာ ဟင်းရည်အဖြစ်သောက်ရန် ထားပါ။

ကော်ရည်အတွက် tapioca flour (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရေ (375 ml ) ဖြင့် ကြေအောင်ဖျော်ပြီး အရောင်အားလုံးကြည်သွားအောင် low heat ဖြင့် ကျိုပြီးလျှင် မီးဖိုမှချထားပါ။

ငရုတ်သီးအကြမ်းမှုန့်ကြော် အတွက် အတော်လေးပူနေသော ဆီ (1/4 cup(60 ml)) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။
ပွက်ပွက်ဆူနေသော ရေထဲ ၁ မိနစ်ခန့်စိမ်ထားသော ပဲပင်ပေါက်ကို ဆယ်ထုတ်ကာ ရေအေးထဲ ပြန်စိမ်ပြီး ရေစစ်ထားပါ။
ကြက်သွန်ပင် ပါးပါးလှီးထားပါ။
နန်းလတ်ဖတ်ကို အထုတ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။

ဘာမှလုပ်ထားရန် မလိုသော ပဲငပိ (soy bean paste) ကို ဒီအတိုင်း သုံးပါ။

အားလုံး ပြင်ဆင်ပြီးနောက် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd. ချောစု

မုန့်လုံးရေပေါ်ရဲ့လျှို့ဝှက်ချက်မျှဝေပေးမယ်********************************မုန့်လုံးလေးတွေတခုနဲ့တခုမကပ်အောင်မုန့်လုံးလေး...
29/06/2025

မုန့်လုံးရေပေါ်ရဲ့လျှို့ဝှက်ချက်မျှဝေပေးမယ်
********************************
မုန့်လုံးလေးတွေတခုနဲ့တခုမကပ်အောင်
မုန့်လုံးလေးတွေပြောင်ပြောင်တင်းတင်းလေးနဲ့ ထန်းလျက်ခဲလေးတွေလဲအလွယ်တကူမပေါက်ထွက်အောင်
ပြုတ်မယ့်ရေနွေးအိုးထဲကို ထုံးရည်ကြည်အနည်းငယ်ထည့်လိုက်ပါနော်💛
(ထမင်းစားဇွန်းတစ်ဇွန်းနှဇွန်းဆို ရပါပြီ)
ဒါဆိုဆိုင်ကဝယ်စားသလိုပြောင်ပြောင်အိအိမုန့်လုံးရေပေါ်လေးတွေရပါလိမ့်မယ်💛
မုန့်သားပြုလုပ်ရန်
********************
ကောက်ညှင်းမှုန့် 5ဆ
ဆန်စိမ်းမှုန့် 1ဆ
ဆားပိစိ
တို့ကို ဇလုံတခုထဲ မွှေပါ
ရေကြက်သီးနွေး ကို နည်းနည်းချင်းစီထည့်ပြီး မုန့်သားမပျော့မမာ အနေထားရအောင် မုန့်သားချောမွေ့နေအောင် သေချာနယ်ပါမယ်
နယ်ထားတဲ့မုန့်သားကို ၂နာရီ ၃နာရီ နှပ်ပြီးမှ အသုံးပြုတာပိုစားလို့ကောင်းတယ်
မုန့်သားနှပ်ပြီဆို ကိုယ့်စိတ်ကြိုက်
မုန့်လုံးရေပေါ် မုန့်လုံးကြီးအုန်းနို့စမ်း မုန့်လုံးကြီးကြော် မုန့်ဖြဲသိပ် မုန့်လက်ကောက် နှမ်းကပ်ကြော် ပဲကပ်ကြော် စသဖြင့် အမျိုးမျိုးလုပ်စားနိုင်ပါပြီ 😍
#မုန့်လုပ်နည်းမျိုးစုံ
Credit

Address

Hsipaw

Alerts

Be the first to know and let us send you an email when LK MART posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share