Clinic K Pharmacy Mohnyin

Clinic K Pharmacy Mohnyin ချစ်ခြင်းမေတ္တာရောင်ပြန်လာ တန်ပြန်သက်ရောက်မည်

အေးချမ်းမှု နှင့်ပြည့်နေသောအိမ်.....
10/08/2026

အေးချမ်းမှု နှင့်ပြည့်နေသောအိမ်.....

💥 သွေးလွန်တုပ်ကွေးအတွက် ထိရောက်တဲ့ ကာကွယ်ဆေးအသစ် "Qdenga အကြောင်း "👶 ဘယ်အသက်အရွယ်တွေ ထိုးလို့ရလဲ?ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစ...
11/07/2026

💥 သွေးလွန်တုပ်ကွေးအတွက် ထိရောက်တဲ့ ကာကွယ်ဆေးအသစ် "Qdenga အကြောင်း "

👶 ဘယ်အသက်အရွယ်တွေ ထိုးလို့ရလဲ?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နဲ့ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်အရ Qdenga ကာကွယ်ဆေးကို:
အသက် (၄) နှစ်မှ (၆၀) အတွင်း ရှိသူတိုင်း ထိုးနှံနိုင်ပါတယ်။

💡 ထူးခြားချက်က ဘာလဲ?
ယခင်သွေးလွန်တုပ်ကွေးဆေးတွေလိုမျိုး "အရင်က သွေးလွန်တုပ်ကွေးဖြစ်ဖူးမှ ထိုးရမယ်" ဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူး။ ဖြစ်ဖူးသူရော၊ မဖြစ်ဖူးသေးသူပါ (၄ နှစ်ကနေ ၆၀ အတွင်းဆိုရင်) စိတ်ချလက်ချ ထိုးနှံနိုင်ပါတယ်။

💉 ဆေးထိုးရမယ့် အကြိမ်ရေ

📍အသက် ၄နှစ်ကျော် မှ ထိုးလို့ ရပါမယ်။

📍Qdenga ကာကွယ်ဆေးက စုစုပေါင်း ၂ ကြိမ် ထိုးရပါမယ်။

📍ပထမတစ်ကြိမ် ထိုးပြီး ၃ လ (ရက်ပေါင်း ၉၀) အကြာမှာ ဒုတိယအကြိမ် မြှောက် ထိုးရပါမယ်။

📍ဒီ ၂ ကြိမ် ပြည့်သွားရင် လက်ရှိ ဆေးပညာသတ်မှတ်ချက်အရ နောက်ထပ် ထပ်ထိုးဖို့ မလိုသေးပါဘူး။ (လေ့လာမှုများအရ 7 နှစ်အထိ follow-up data တွေလည်း ရှိလာနေပြီး ကာကွယ်မှုဆက်လက်ရှိကြောင်း ပြထားပါတယ်။)

🛡️ ဘာလို့ ထိုးသင့်တာလဲ?
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး အုပ်စု (၄) မျိုးလုံးကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
ဆေးထိုးထားခြင်းဖြင့် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရမယ့်နှုန်းကို ၈၀% ကျော်အထိ လျှော့ချပေးနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ စမ်းသပ်ချက်တွေအရ သိရပါတယ်။
မိုးရာသီမှာ ကလေးတွေကို ခြင်ကိုက်မခံရအောင် ကာကွယ်ပေးတဲ့အပြင် စိတ်အေးရအောင် ကာကွယ်ဆေးဖြင့် ကြိုတင်မိုင်းကာထားကြစို့။ 🌧️တုပ်ကွေးဘေးမှ ကင်းဝေးကြပါစေ။
(မိမိတို့ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေအလိုက် အသေးစိတ်ကို နီးစပ်ရာ ကလေးအထူးကုဆရာဝန် သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ထိုးနှံပေးပါရန် တိုက်တွန်းအပ်ပါသည်။)

Credit to Nobel Helth Care


#သွေးလွန်တုပ်ကွေးကာကွယ်ဆေး

သင့်မိသားစုကို ရေကျောက်ရောဂါမှ ကာကွယ်ပါရောဂါလက္ခဏာများကို သိထားပါ၊ ကာကွယ်ဆေးထိုးနှံပါရေကျောက်က varicella-zoster virus (V...
16/06/2026

သင့်မိသားစုကို ရေကျောက်ရောဂါမှ ကာကွယ်ပါ

ရောဂါလက္ခဏာများကို သိထားပါ၊ ကာကွယ်ဆေးထိုးနှံပါ

ရေကျောက်က varicella-zoster virus (VZV) ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဘယ်လိုကူးစက်နိုင်သလဲ?

အရည်ကြည်ဖု ၊ သလိပ်အမှုန် ၊ အရိအချွဲ ၊ တံတွေးတို့ကနေတဆင့် ကူးစက်ခြင်း

ရောဂါရှိသူ ကိုင်တွယ်ထားတဲ့ ပစ္စည်းများကို အသုံးပြုခြင်း

ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့

ရေကျောက်လက္ခဏာများ

ဖျားခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း ၊ မောပန်းခြင်း ၊ ယားယံခြင်း ၊ အနိဖု ကနေ အရည်ကြည်ဖု အဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်အနှံ့ပေါက်ခြင်း

အနီဖုကနေ အရည်ကြည်ဖုနဲ့ အနာဖေးအဖြစ်ပြောင်းလဲသွားပြီး အလိုလိုကွာကျခြင်း

ဘယ်သူတွေမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်သလဲ?

အသက် (၁) နှစ်အထက် ကလေးများ - (၆)လခြား (၂)ကြိမ်

အသက် (၁၃) နှစ် နှင့်အထက် ကလေးများ - (၁)လခြား (၂)ကြိမ်

ရေကျောက်ရောဂါရှိသူများကို ပြုစုပေးရသူများ

ရေကျောက်မဖြစ်ဖူးသေးတဲ့ အသက် (၁၂) နှစ်အောက်ကလေးငယ်များ - (၃)လ ခြား (၂) ကြိမ်

ရေကျောက်ရောဂါဟာ သေစေလောက်တဲ့ရောဂါမဟုတ်ပေမယ့် ဦးနှောက်ပိုးဝင်ခြင်းကဲ့သို့ နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားရန် ကာကွယ်ဆေးကြိုတင်ထိုးနှံသင့်ပါတယ်။

လိုအပ်ရင် ခေါ်ပါဒါပေမယ့် မရှိသုံးတော့ မလုပ်နဲ့!!မလိုအပ်ရင် ခေါက်ထားပါဒါပေမယ့်နောက်ထပ် ဘယ်တော့မှထပ်မခေါ်နဲ့!!မကြိုက်တာရှိ...
28/05/2026

လိုအပ်ရင်
ခေါ်ပါ
ဒါပေမယ့်
မရှိသုံးတော့ မလုပ်နဲ့!!

မလိုအပ်ရင်
ခေါက်ထားပါ
ဒါပေမယ့်
နောက်ထပ် ဘယ်တော့မှထပ်မခေါ်နဲ့!!

မကြိုက်တာရှိရင်
ဒဲ့ပြောပါ
ဒါပေမယ့်
နောက်ကွယ်မှာ အတင်းမချနဲ့!!

ဝေဖန်စရာရှိရင် တိုက်ရိုက်ဝေဖန်ပါ
ဒါပေမယ့်
အကြောင်းအရင်းမှန်ကို
မသိပဲ...ဝါလုံးရှည်နဲ့ လာမရမ်းနဲ့!!

မှားတာရှိရင်
ပြောပါ
ဒါပေမယ့်
ကိုယ်ပဲ အမြဲမှန်နေမယ်လို့ မထင်နဲ့!!

မကူညီချင်
နေပါ
ဒါပေမယ့်
မနှောင့်ယှက်ပါနဲ့!!

အရမ်းသည်းခံတတ်လို့
အနိုင်ယူဖို့ပဲ မစဉ်စားနဲ့
ကိုယ်လည်း
သာမန်လူတွေထဲက လူသားပဲ
ခံစားတတ်တယ် ပေါက်ကွဲတတ်တယ်

#ဘဝအတွတ်စာဖတ်ပါ
#ဦးအောင်သင်းစာပေ_ဟိဏ်း
Credit

Clinic K Pharmacy Mohnyin မှ ကြိုဆိုပါ၏။ရရှိနိုင်သော ကာကွယ်ဆေး/ကာကွယ်ဆေးထိုးခြင်းများမှာ....၁)ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေ...
26/04/2026

Clinic K Pharmacy Mohnyin မှ ကြိုဆိုပါ၏။
ရရှိနိုင်သော ကာကွယ်ဆေး/ကာကွယ်ဆေးထိုးခြင်းများမှာ....
၁)ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး (Influvac tetra MM Register)
၂)သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး (Qdenga)
၃)မေးခိုင်ရောဂါ ကာကွယ်ဆေး
၄)ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (Indirab MM register)
၅) B အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေး (Bevac လူကြီး/ကလေး)
၆)B immunoglobulin
၇)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (Gadasil)
၈)ကိုယ်ဝန်သားဆက်တားဆေး(Depo)

ကိုယ်တိုင်လာရောက်၍ဖြစ်စေ ၊ Chat bx မှ ဖြစ်စေ ၊ comment မှဖြစ်စေ သိလိုသည်များလည်း မေးမြန်းနိုင်ပါတယ်ရှင့်
ကာကွယ်ဆေးထိုးဖို့လိုပီဆိုရင် Clinic K ကို သတိရပေးပါနော်ရှင့်.....😍
ဝယ်ယူအားပေးမှုတစ်ခုစီတိုင်းအတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰

ဤနှစ်သစ်မှစ ကျန်းမာချမ်းသာဘေးဘယာဝေးကွာရွှင်လန်းကြပါစေကြောင်းရှင်
13/04/2026

ဤနှစ်သစ်မှစ ကျန်းမာချမ်းသာဘေးဘယာဝေးကွာရွှင်လန်းကြပါစေကြောင်းရှင်

ကလေးတစ်ယောက် ကျန်းမာသန်စွမ်းဖို့ဆိုတာ အာဟာရပြည့်ဝနေဖို့က အဓိကပါပဲ။ ​အဲဒီထဲမှာမှ Lysine (လိုင်စင်း) ဆိုတာ ကလေးတို့ခန္ဓာကိ...
26/03/2026

ကလေးတစ်ယောက် ကျန်းမာသန်စွမ်းဖို့ဆိုတာ အာဟာရပြည့်ဝနေဖို့က အဓိကပါပဲ။

အဲဒီထဲမှာမှ Lysine (လိုင်စင်း) ဆိုတာ ကလေးတို့ခန္ဓာကိုယ်က အလိုအလျောက် မထုတ်လုပ်နိုင်ဘဲ အစားအစာနဲ့ ဖြည့်စွက်စာကနေပဲ ရရှိနိုင်တဲ့ "မရှိမဖြစ်" အမိုင်နိုအက်စစ်တစ်မျိုးပါ။

Lysine က သားသားမီးမီးတို့အတွက် ဘယ်လိုအကျိုးပြုသလဲဆိုရင် -

အစားစားချင်စိတ်ကို မြှင့်တင်ပေးခြင်း - အစာခြေစနစ်ကို ကောင်းမွန်စေလို့ အစားကျွေးရခက်တဲ့ ကလေးလေးတွေ အစားပိုစားလာအောင် ကူညီပေးပါတယ်။

အရပ်ရှည်ထွားပြီး အရိုးအဆစ်သန်မာခြင်း - ခန္ဓာကိုယ်က ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေလို့ အရိုးနဲ့ သွားတွေကို ကြံ့ခိုင်သန်မာစေပါတယ်။

ဒါ့ကြောင့် သားသားမီးမီးတို့အတွက် လိုအပ်တဲ့ Lysine ဓာတ်ကို ပြည့်ပြည့်ဝဝရရှိဖို့ Champs Lysine လေးကို အခုဘဲ လာဝယ်လိုက်တော့နော်.....

𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥 𝐋𝐨𝐰 𝐎𝐬𝐦𝐨𝐥𝐚𝐫𝐢𝐭𝐲 ဓာတ်ဆားကို 𝐖𝐇𝐎 က 𝐍𝐞𝐰 𝐅𝐨𝐫𝐦𝐮𝐥𝐚 (ဖော်မြူလာအသစ်) အချိုးအစားတိုင်း ဖော်စပ်ထုတ်လုပ်ထားပြီး အချိုနှင့်အ...
26/03/2026

𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥 𝐋𝐨𝐰 𝐎𝐬𝐦𝐨𝐥𝐚𝐫𝐢𝐭𝐲 ဓာတ်ဆားကို 𝐖𝐇𝐎 က 𝐍𝐞𝐰 𝐅𝐨𝐫𝐦𝐮𝐥𝐚 (ဖော်မြူလာအသစ်) အချိုးအစားတိုင်း ဖော်စပ်ထုတ်လုပ်ထားပြီး အချိုနှင့်အငန်လျှော့ထားတဲ့အတွက်
❗️ သွေးတိုး၊ ဆီးချိုရှိသော လူကြီးသူမများ နှင့်
❗️ ဝမ်းပျက်ဝမ်းလျှောခြင်း ကြောင့် ဆုံးရှုံးသွားသော ရေနှင့်ဓာတ်ဆားများ ၊
❗️ ကလေးများတွင်လဲ သွေးလွန်တုတ်ကွေးဖြစ်ခြင်းကြောင့် ဆုံးရှုံးသွားသောရေနှင့်ဆားပြန်လည်ဖြည့်ရာတွင် အဓိက သုံးရန် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥 𝐋𝐨𝐰 ဓာတ်ဆားကိုသောက်တဲ့အခါ ဝမ်းသွားနှုန်းကို ၂၀ %၊အန်နှုန်း ကို ၃၀ %၊ အကြောဆေးရည်သွင်းရမည့်နှုန်းကို ၃၃%ထိ လျော့နည်းစေတာကြောင့် ဆေးရုံတက်ကုသရခြင်းနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲရောဂါတွေကိုပါ လျော့ကျစေပါတယ်။
လိမ္မော် အရသာနဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် သောက်ရတာလည်းအဆင်ပြေစေပါတယ်ရှင့်
မှာယူလိုပါက comment ဖြစ်စေ cb ဖြစ်စေ စာချန်ထားခဲ့ပါရှင့်
#ပက်ဒီထရယ်

ကလေး နှင့် သွေးလွန်တုပ်ကွေးကာကွယ်ဆေး••••••••••••••••••••••••••••••သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကိုက်ခံရခြင်းကနေတဆင့်ကူးစက...
18/03/2026

ကလေး နှင့် သွေးလွန်တုပ်ကွေးကာကွယ်ဆေး
••••••••••••••••••••••••••••••
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကိုက်ခံရခြင်းကနေတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပြီး ဖြစ်ပြီဆိုရင် ပြင်းထန်မှုအပေါ်မူတည်ပြီး အသက်အန္တရာယ်ကိုပါခြိမ်းခြောက်နိုင်လို့ မိဘတိုင်းကြောက်ကြတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးမဖြစ်အောင် အဓိက ကာကွယ်တဲ့နည်းလမ်းကတော့ ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးကာကွယ်ဆေးရော ရှိသလား??????
သွေးလွန်တုပ်ကွေးဆိုတာက တခါဖြစ်ထားပြီးရင် နောက်တခါထပ်မဖြစ်ဘူးလို့ပြောလို့မရတဲ့ရောဂါပါ။
အခုနှစ်တွေမှာ မိဘတွေကြားဖူးပြီး ထိုးလာကြတဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကတော့ Qdenga ဖြစ်ပါတယ်။ Takeda ဆိုတဲ့ ကုမ္ပဏီကထုတ်လုပ်ပါတယ်။
Qdenga ဘယ်လိုထိုးရမလဲဆိုရင်တော့
အသက်၄နှစ်အထက် > 0.5mL dose ကို ပထမအကြိမ်
နောက်ထပ်၃လအကြာ 0.5mL dose ဒုတိယအကြိမ် အရေပြားအောက်ထိုးနှံရပါတယ်။ (0-3month) schedule နဲ့ဖြစ်ပါတယ်။
Booster Dose ထပ်မံထိုးနှံဖို့လိုမလားဆိုတာတော့ အခုထိအဖြေထပ်မထွက်သေးပါဘူး။ ဒါကြောင့် လက်ရှိအချိန်အထိတော့ နှစ်ကြိမ်နဲ့လုံလောက်ပြီလို့ဆိုနိုင်ပါတယ်။
ဆေးနှစ်ကြိမ်ထိုးပြီးရင် ကာကွယ်မှုဘယ်လောက်ပေးနိုင်မလဲ?????
တွေ့ရှိချက်များအရ ဆေးနှစ်ကြိမ်ထိုးပြီးရင် သွေးလွန်တုပ်ကွေးမဖြစ်အောင် 80% ခန့်ကာကွယ်ပေးပြီး ဖြစ်ခဲ့ရင်တောင်ဆေးရုံတက်ရနှုန်းကိုတော့ 90%ခန့်ကာကွယ်ပေးနိုင်ပါတယ်။ ဆေးထိုးပြီး နောက်ထပ် ၄နှစ်ခွဲကာလအထိပါ။
သွေးလွန်တုပ်ကွေးကာကွယ်ဆေး လူတိုင်းထိုးနှံလို့ရလား?????
◾ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်
◾ကိုယ်ခံအားစနစ်ကျဆင်းနေသူ
◾Chemotherapy ယူနေရသူ
◾ဆေးမှာပါဝင်ပစ္စည်းနဲ့ဓာတ်မတည့်သူများ ထိုးနှံလို့မသင့်ပါဘူး။

သွေးလွန်တုပ်ကွေးတစ်ခါဖြစ်ဖူးရင်ရော Qdenga ထိုးလို့ရလား??????
သွေးလွန်တုပ်ကွေးက ဒုတိယတစ်ကြိမ်ဖြစ်ခဲ့ရင် ပိုပြင်းထန်တတ်ပါတယ်။ ဒါကြောင့်ထိုးနှံသင့်ပါတယ်။ သို့သော် နေပြန်ကောင်းပြီး ၆လနောက်ပိုင်းမှ ထိုးနှံသင့်ပါတယ်။
ကာကွယ် ဆေးဈေးနှုန်းဘယ်လောက်ရှိသလဲ?????
နှစ်ကြိမ်စာကို ၇-၈သိန်းထိရှိနိုင်ပါတယ်။ (ဈေးနှုန်းကတော့ ခန့်မှန်းရေးပေးထားတာဖြစ်ပါတယ်။)
အဆုံးသတ်ရေးချင်တာကတော့ သွေးလွန်တုပ်ကွေးဆိုတာ ကာကွယ်ဆေးထိုးလိုက်ရုံနဲ့ ၁၀၀% ကာကွယ်တာမဟုတ်တဲ့အတွက် ဆေးမထိုးဖြစ်လည်း စိတ်ပင်ပန်းမခံပါနဲ့။ ကလေးကို ခြင်ကိုက်မခံရအောင်ဂရုစိုက်ဖို့၊ ပတ်ဝန်းကျင်မှာ ခြင်ပေါက်မဖွားအောင် ဂရုစိုက်ဖို့က ပိုအရေးကြီးကြောင်း ထပ်ဆောင်းပြောချင်ပါတယ်ရှင်။
Crd
#သွေးလွန်တုပ်ကွေးကာကွယ်ဆေး

Address

Mohnyin Township, Kachin State
Kachin State

Telephone

+959788343298

Website

Alerts

Be the first to know and let us send you an email when Clinic K Pharmacy Mohnyin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share