17/08/2026
Hennessy X.O ဆိုတာ ဘာလဲ? ဘာလို့ ဒီလောက်တောင် လူကြိုက်များပြီး နာမည်ကြီးနေရတာလဲ? 🥃✨
Cognac လောကမှာ ဒဏ္ဍာရီတစ်ခုလို တည်ရှိနေတဲ့ Hennessy X.O အကြောင်းကို မသိသေးတဲ့ မိတ်ဆွေတို့အတွက် သေချာလေး မိတ်ဆက်ပေးပါရစေ။
"X.O" ဆိုတာ "Extra Old" ကို အတိုကောက် ခေါ်တာဖြစ်ပြီး၊ ၁၈၇၀ ပြည့်နှစ်မှာ Hennessy မိသားစုက မိတ်ဆွေရင်းချာတွေနဲ့ သီးသန့်သောက်သုံးဖို့ စတင်ဖန်တီးခဲ့တာပါ။ အနည်းဆုံး ၁၀ နှစ်မှ နှစ်ပေါင်း ၃၀ အထိ သစ်သားစပါးရှပ်အိုး (Oak Barrels) တွေထဲမှာ သေချာအသက်သွင်း မီးမြှိုက်ထားတဲ့ Eaux-de-vie (စပျစ်အရက်ဆီ) ပေါင်း ၁၀၀ ကျော်ကို စနစ်တကျ ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။
Hennessy X.O ရဲ့ ထူးခြားချက်က သောက်လိုက်တိုင်း အလွှာ ၇ ထပ်စလုံးရဲ့ ခံစားချက်ကို တဆင့်ပြီးတဆင့် ခံစားရတာပါ။
Sweet Notes: စပျစ်သီးခြောက်နဲ့ သီးစုံရဲ့ ချိုအိအိအရသာ
Rising Heat: လည်ချောင်းထဲ ရောက်သွားတဲ့အခါ နွေးထွေးသွားစေတဲ့ ခံစားချက်
Spicy Edge: သစ်ကြံပိုးခေါက်နဲ့ ငရုတ်ကောင်းနက်ရဲ့ သင်းပျံ့တဲ့ အရသာ
Flowing Flame: ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းတက်ကြွသွားစေတဲ့ ခံစားချက်
Chocolate Lull: ကိုကိုးနဲ့ ချောကလက်ခါးသက်သက်ရဲ့ အရသာ ပျံ့လွင့်လာမှု
Wood Crunches: သစ်သားအိုးရဲ့ ရနံ့သင်းသင်းလေး ပါဝင်မှု
Neat - Glass ထဲ သန့်သန့်လေး ထည့်ပြီး အနံ့နဲ့ အရသာကို အပြည့်အဝ ခံစားတာပါ။
On the Rocks - ရေခဲတုံးကြီးကြီး တစ်တုံးထည့်သောက်ရင် အရသာ ပိုမို ငြိမ့်ညောင်းပြီး နူးညံ့သွားစေပါတယ်။
လူကြီးမင်းတို့ရဲ့ အထူးနေ့ရက်တွေ၊ အောင်ပွဲခံတဲ့ ပွဲလမ်းသဘောမျိုးတွေမှာ Hennessy X.O နဲ့ အတူ ဂုဏ်ပြုလိုက်ပါ။ 🥂