24/03/2025
ခေါက်ဆဲန်နမ့်ခိုဝ် ကရှမ်းအရှေ့မှာစားကြတဲ့ ခေါက်ဆွဲတမျိုးပါ။ ရှမ်းကြေးအိုးနဲ့တောဘ ခပ်ဆင်ဆင်လေးပါ။ များသောအားဖြင့် ခေါက်ဆွဲဖက်အဖြူနဲ့စားကြပါတယ်။ အရည်လိုလဲရှိသလို သုတ်စားတာလဲလုပ်စားလို့ရပါတယ်။ Tai mom က ပဲငံပြာရည်ထည့်ဖို့မရိုက်ပြလိုက်ရလို့ပါ။ မစားခင်ပဲငံပြာရည်အကြည်ပါထည့်စားဖို့ညွှန်းချင်ပါတယ်။ သက်သတ်လွှတ်သမားအတွက် အသားအစား ပဲပြားတိုဖူးကြွတ်ကြော်နဲ့ အသားတုတို့ထည့်ပြီး လုပ်စားနိုင်ပါတယ်ရှင့်။