Sein Oo -Rice Shop

Sein Oo -Rice Shop Hello. everyone,
Welcome from our market. To orders ph-09444035449,09942064333

ဖန်သီး သုခ ရှယ်လေး တွေ ရောက်ပြီနော်ကာကာတို့ရေလက်လီ/လက်ကား စျေးနှုန်းချိုသာစွာ ရောင်းချပေးနေပါပြီနော် ။
01/01/2025

ဖန်သီး သုခ ရှယ်လေး တွေ ရောက်ပြီနော်ကာကာတို့ရေ
လက်လီ/လက်ကား စျေးနှုန်းချိုသာစွာ ရောင်းချပေးနေပါပြီနော် ။

အဆီအနှစ် ပြည့်ပြည့်နဲ့ ဆန်မှကြိုက်ပါတယ်ဆိုတဲ့ customerများ၊ အသစ်လေးတွေ ဝယ်ပြီး နှစ်ပါတ်လယ်စာ ထက်ထားချင်တဲ့ customerများ ...
11/12/2024

အဆီအနှစ် ပြည့်ပြည့်နဲ့ ဆန်မှကြိုက်ပါတယ်ဆိုတဲ့ customerများ၊ အသစ်လေးတွေ ဝယ်ပြီး နှစ်ပါတ်လယ်စာ ထက်ထားချင်တဲ့ customerများ အတွက်
ကျွန်တော်တို့ စိန်ဦးဆန်ဆိုင်မှာ
ပဒေသာ အသစ် (ရှယ်)နဲ့
ရွှေသွယ်ယဉ် အသစ်လေးတွေ ရောက်ပြီနော်
ကျောက်ဆည်မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးပြီး ၊အိမ်ရောက်ငွေချေ စနစ်နဲ့ မှာယူနိုင်ပါတယ် ခဗျာ့။ 🎉🎉🎉
🙏🙏🙏
ကျေးဇူးတင်ပါတယ်ဗျာ့။
ဆက်သွယ်ရန်- 09770103832 / 09444035449

ဆိုင်လိပ်စာ - ကျောက်ဆည်မြို့၊ စုကြီးရပ် ၊ သောကြာကြယ် ပရဟိတကျောင်းနှင့် မျက်နှာချင်းဆိုင် ဆိုင်တန်း။

တန်ဆောင်မုန်းလပြည့်ကျော်၈ရက်နေ့ရတနာသုံးပါးပူဇော်ပွဲဝေဘူဆရာတော်ကြီးရဲ့ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ဆွမ်းဆန်လောင်းမည့်အလှူ...
19/11/2024

တန်ဆောင်မုန်းလပြည့်ကျော်၈ရက်နေ့ရတနာသုံးပါးပူဇော်ပွဲ

ဝေဘူဆရာတော်ကြီးရဲ့ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ဆွမ်းဆန်လောင်းမည့်အလှူရှင်များအတွက်

ဆွမ်းဆန်လိုအပ်သူများကို ဆွမ်းလောင်းမည့် မဏ္ဍပ် အရောက် စိန်ဦးဆန်ဆိုင်မှ ပို့ဆောင်ရောင်းချပေးပါတယ် ခဗျာ့🙏🙏

🙏🙏မနောသုခ🙏🙏
🙏🙏ဖန်သီးရှယ်🙏🙏
🙏🙏ပဒေသာ (အိုးဝင်ရှယ်)🙏🙏
🙏🙏မဂျမ်း(အိုးဝင်ရှယ်)🙏🙏
🙏🙏ပေါ်ဆန်း 🙏🙏

ကျေးဇူးတင်ပါတယ်ဗျာ့🙏🙏

👏👏တန်ဆောင်မုန်းလပြည့်နေ့ promotion👏 👏မင်္ဂလာပါဗျာ့👏ကျွန်တော်တို့ စိန်ဦး ( လက်လီ/လက်ကား )ဆန်ဆိုင်မှကြိုဆိုပါတယ်ဗျာ့။ဆန်1ပ...
10/11/2024

👏👏တန်ဆောင်မုန်းလပြည့်နေ့ promotion👏 👏

မင်္ဂလာပါဗျာ့👏
ကျွန်တော်တို့ စိန်ဦး ( လက်လီ/လက်ကား )ဆန်ဆိုင်မှကြိုဆိုပါတယ်ဗျာ့။
ဆန်1ပိုင်းနှင့်အထက် ဝယ်ယူသူများအတွက် 🎁 present 🎁 တွေနဲ့
ကျောက်ဆည်မြို့တွင်း deli free အိမ်တန်ရာရောက် သေချာစီစဉ်ပေးသွားမှာပါဗျာ့။

Customerများရဲ့ လိုအက်ချက်ကို
ဦးစားပေး အကြံပြုရောင်းချပေးသွားမှာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာလာရောက်အားပေးနိုင်ပါပြီဗျာ့။
တာဝန်ယူမူ့/တာဝန်ခံမူ့အပြည့်ဖြင့် ( လက်လီ/ လက်ကား ) ရောင်းချပေးနေပါပြီဗျာ့။
နေရပ် - ကျောက်ဆည်မြို့၊စုကြီးရပ်
မြို့မစျေး (မြောက်ဘက်)၊ သောကြာကြယ်မျက်နှာချင်း ဆိုင် ဆိုင်တန်း။
ရရှိ့နိုင်သော ဆန်များမှာ - မဂျမ်းတော( ကော်ချက်) ၊ ပဒေသာ( ကော်ချက် )၊
ဖန်သီးသုခ(ကော်ချက်)၊ သုခအသစ် ၊ ပဒေသာ (ဆလတ်ကြီး )၊ ပဒေသာ( ဇကွဲ ) ၊
ဆလတ်ကြမ်း ၊ ဖွဲနု အစရှိ့သော ပစ္စည်းများကို အရည်အသွေး ပြည့်မှီစွာ အာမခံ ရောင်းချပေးပါတယ်ဗျာ့။
အသေးစိတ်
ဆက်သွယ်မေးမြန်ရန် - 09770103832

12/09/2024

ရေကြီးတဲ့အခါ သတိထားရမယ့် အချက်များ

✅ မိုးတွင်းရောက်ပြီဆိုတော့ မိုးများတဲ့အခါ ရေကြီးနိုင်ပါတယ်။ ရေကြီးတာက သဘာဝဘေးပဲ ဖြစ်တာကြောင့် တကယ်တမ်း ကြုံလာပြီဆိုရင် အန္တရာယ်များပါတယ်။ ဒါကြောင့် ကိုယ်နေတဲ့ဒေသမှာ ရေကြီးတဲ့အခါ ဘာတွေသတိထားရမလဲ၊ ဘယ်လိုတွေ ပြင်ဆင်ထားသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ရေကြီးတဲ့အခါ ကြုံရနိုင်တဲ့ အန္တရာယ်တွေကတော့

🔸ရေနဲ့အတူ မြောပါသွားတာ
ဒါက အန္တရာယ်အများဆုံးပါပဲ။ NOAAရဲ့ အဆိုအရဆိုရင် ၆လက်မလောက်ပဲ နက်ရင်တောင် ရေစီးအရှိန်ပါနေမယ်ဆိုရင် လူကြီးတစ်‌ယောက်လောက်ကို ကောင်းကောင်းကြီး မြောပါစေနိုင်ပါသတဲ့။ ဒါကြောင့် တိမ်တိမ်လေးပဲဆိုပြီး မစွန့်စားပါနဲ့။

🔸အကောင်ကိုက်ခံရနိုင်တာ
ရေနဲ့အတူ မြွေလိုမျိုး အကောင်တွေ ပါလာနိုင်သလို ရေပြန်ကျသွားရင်တောင် ဟိုကြား ဒီကြားမှာ အောင်းနေနိုင်တာကြောင့် ပစ္စည်းတွေ ရှင်းရင်း၊ သန့်ရှင်းရေးလုပ်ရင်း အဆိပ်ရှိ အကောင်တွေ ကိုက်ခံရနိုင်ပါတယ်။

🔸ကျန်းမာရေးပြဿနာ
ရေမသန့်တာကြောင့် ဝမ်းပြဿနာ၊ အရေပြားရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဓာတုအရည်တွေက ဖိတ်စင်ပြီး လူသုံးရေနဲ့ ရောသွားတာကြောင့် အဆိပ်သင့်တာတွေလည်း ဖြစ်နိုင်ပါတယ်။

🔸မတော်တဆထိခိုက်အန္တရာယ်
မီးကြိုးတွေက ရေထဲကျနေတာကို မသိလိုက်ဘဲ ထိမိတာ၊ မြောလာတဲ့ ပစ္စည်းတွေနဲ့ မတော်တဆ ထိခိုက်မိတာ၊ ပြတ်ရှဒဏ်ရာ၊ ချော်လဲတာ၊ မြောင်းပေါက်ကျွံတာ စတဲ့ မတော်တဆ ထိခိုက်မှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။

✅ ဒါကြောင့် ရေကြီးပြီဆိုတာနဲ့ အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

🔹ရေမကြီးခင် ပညာရှင် ကြိုတင်သတိပေးတာကို ဂရုစိုက်ပါ။
🔹အိမ်မှာ သောက်ရေ၊ သုံးရေသန့်သန့်ကို ကြိုတင်သိုလှောင်ထားပါ။
🔹အရေးကြီးပစ္စည်းတွေကို ရေမစိုအောင် သိမ်းဆည်းပါ။
🔹အိမ်ပြင်ပမှာရှိပြီး ရေစီးနဲ့အတူ မြောနိုင်တာတွေ၊ ပျက်စီးနိုင်တာတွေကို အိမ်ထဲ သွင်းပါ။
🔹နေရာရွှေ့ပြောင်းရမယ်ဆိုရင် အသင့်ဖြစ်စေဖို့ အရေးကြီး စာရွက်စာတမ်း၊ ဆေးဝါး၊ အဝတ်အစား၊ အခြောက်အခြမ်း၊ ရေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို အရေးပေါ် အိတ်ထဲ ထည့်ထားပါ။
🔹ရေကြီးနေချိန်မှာ မိန်းခလုတ်တွေ ချထားပါ။

✅တကယ်လို့ ရေကြီးနေချိန် အပြင်ရောက်နေတယ်ဆိုရင်တော့
🔹ရေမတက်နိုင်တဲ့ အမြင့်တစ်နေရာမှာ ရှောင်နေပါ။
🔹ရေစီးနေတဲ့နေရာတွေ၊ ရေကြီးနေတဲ့နေရာတွေကို ဖြတ်ပြီး မသွားပါနဲ့။
🔹ကားထဲရောက်နေတုန်း ရေကြီးလာတယ်ဆိုရင် ရေမကြီးတဲ့နေရာကို ပြန်လှည့်ပါ။

🔹ရေပြန်ကျသွားပြီဆိုရင်လည်း
အလောတကြီးနဲ့ ဟိုဟိုဒီဒီမကိုင်ပါနဲ့။
🔹အိမ်မှာ အပျက်အစီးတွေ၊ ပြိုကျနိုင်တာတွေကို အရင်စစ်ဆေးပါ။
🔹အိမ်ထဲမှာ ရေကျမှ အိမ်ထဲဝင်ပါ။
🔹အိမ်ထဲဝင်တဲ့အခါ လည်ရှည်ဖိနပ်လိုမျိုး လုံခြုံတာကို စီးပါ။
🔹ပစ္စည်းတွေ၊ ချောင်တွေကို ကိုင်တော့မယ်ဆိုရင် မြွေနဲ့ အခြားသတ္တဝါတွေ ထွက်သွားအောင် အရင်ခြောက်လှန့်ပါ။
🔹ဓာတ်ကြိုးတွေ၊ မီးကြိုးတွေ ပြတ်ကျနေလားဆိုတာ အရင်စစ်ဆေးပါ။ အလျင်စလို မီးမဖွင့်ရပါ။
🔹အိမ်ရဲ့ ရေပိုက်ခေါင်းတွေ၊ ရေရင်းမြစ်တွေကို စစ်ဆေးပါ။ အထူးသဖြင့် တခြားဓာတုအရည်တွေ၊ မိလ္လာတွေ ရောနေလားဆိုတာကို စစ်ဆေးရပါမယ်။
🔹မိလ္လာပိုက် ပေါက်သွားလားဆိုတာလည်း စစ်ဆေးပါ။ မိလ္လာပိုက်ပေါက်နေရင် ရေညစ်ညမ်းနိုင်လို့ပါ။
🔹အစားအသောက်တွေ၊ သောက်သုံးရေတွေက ရေကြီးတဲ့ရေနဲ့ ထိတွေ့ထားရင် အကုန်လွှင့်ပစ် ရပါမယ်။
🔹ရေကျသွားပြီး ရက်ပိုင်းလောက်ထိ သောက်ရေ၊ သုံးရေကို သန့်စင်ပြီးမှ အသုံးပြုရပါမယ်။

✅ရေကြီးတာက သာမန်လည်း ဖြစ်နိုင်သလို သိပ်ဆိုးလွန်းရင် အသက်အန္တရာယ်ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ရေကြီးချိန်မှာ အန္တရာယ်ကင်းစေဖို့ ရေမကြီးခင်တည်းက ကြိုတင်ပြင်ဆင်ရမှာဖြစ်သလို ရေပြန်ကျသွားရင်လည်း သတိကြီးကြီးနဲ့ ပြန်လည်ရှင်းလင်းရပါမယ်။ ဒါမှ ရေကြီးခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Dr Htet Htet Zaw Win

Hello,fri japan tittok lite ကနေ  ttကြည့်ရင်း ပိုက်ဆံ ရနေပြီဆိုတာ သိ့ကြပြီလားဗျာ့။ကျွန်တော့် telegram channel လေးမှာ 1.  ...
08/09/2024

Hello,fri
japan tittok lite ကနေ ttကြည့်ရင်း ပိုက်ဆံ ရနေပြီဆိုတာ သိ့ကြပြီလားဗျာ့။

ကျွန်တော့် telegram channel လေးမှာ
1. japan titok lite acc ဖွင့် နည်း
2. japan titok lite အသုံးပြုနည်း
3. ငွေထုတ်ယူ မူ့ အစရှိ့သဖြင့်
က ကြီးကနေ အ အထိ့ ပြောပြပေးထားပါတယ်ဗျာ့။
ငွေလဲနှုန်းကလဲ တန်မှတန်
ယုံကြည်စိတ်ချ စွာ
အာမခံ ချက်အပြည့်နဲ့
လုပ်ဆောင်ပေးနေပါဗျာ့။

japan tittok lite acc အသုံးပြုပြီးတော့
ပိုက်ဆံရနိုင်ဖို့အတွက်
ကျွန်တော့ telegram channel လေးကို
joinပေးကြပါ ခဗ်ာ့
telegram channel

ဝါဆိုလပြည့်နေ့စိန်ဦးဆန်ဆိုင် မိ့သားစုမှ သောကြာကြယ် ပရဟိတပညားရေးအကူညီ(ဘ.က)ကျောင်းအားသံဃာတော်များနှင့် ကျောင်းသား/သူ များ...
21/07/2024

ဝါဆိုလပြည့်နေ့
စိန်ဦးဆန်ဆိုင် မိ့သားစုမှ
သောကြာကြယ် ပရဟိတပညားရေးအကူညီ(ဘ.က)ကျောင်းအား
သံဃာတော်များနှင့် ကျောင်းသား/သူ များကို
နေ့ဆွမ်း အဟာရဒါနပြုခြင်းပါ ခဗျာ။
မိတ်ဆွေများနှင့် ဖောက်သည်ကြီးများ
သာဓုခေါ်ဆိုနိုင်ကြပါစေဗျာ။
မိတ်ဆွေကြီးများနှင့် ဖောက်သည်ကြီးများ
အားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ခဗျာ့။

ပစ္စည်းမှန် ဈေးအသင်အတင့်နဲ့ ဆန်ဝယ်မယ်ဆိုရင်တော့ ကျွန်တော်တို့ စိန်ဦးဆန်ဆိုင်ကို သတိရလိုက်ပါ ခဗျာ့။ ပစ္စည်းအာမခံမူ 100%နဲ...
03/06/2024

ပစ္စည်းမှန် ဈေးအသင်အတင့်နဲ့
ဆန်ဝယ်မယ်ဆိုရင်တော့
ကျွန်တော်တို့ စိန်ဦးဆန်ဆိုင်ကို
သတိရလိုက်ပါ ခဗျာ့။
ပစ္စည်းအာမခံမူ 100%နဲ့
ဈေးဝယ်သူတိုင်းအတွက် အဆင်ပြေအောင်
စီစဉ်ရောင်းချပေးနေပါတယ် ခဗျာ့။
အလုပ်အကိုင် အဆင်ပြေတဲ့
မင်္ဂလာမနက်ခင်းလေး ပိုင်ဆိုင်နိုင်ကြပါစေ။

crd-benefit fermer
21/05/2024

crd-benefit fermer

👉၂၀.၅.၂၀၂၄ အတွက် နယ်အသီးသီးရှိ ကုန်စည်ဒိုင် များ၏ အရောင်းအဝယ် စျေးနှုန်းများ👈

1️⃣အောင်လံကုန်စည်ဒိုင်စျေး
(၁)နှမ်းနက်စမုံ =၃၈၀A1 /၃၇၀A2 / ၃၆၀A3 /၃၅၀၀၀၀ A မလွတ်
(၂)နှမ်းပြာ (၄၅ပိသာ) =၃၄၀၀၀၀
(၃)နှမ်းဖြူ (၄၅ပိသာ ) =၃၅၀၀၀၀
(၄)နှမ်းနီ (၄၅ပိသာ ) = ၃၄၀၀၀၀
(၅)ကုလားပဲ (၂၀ပိသာ)=၈၃၅၀၀
(၆)ကုလားပဲမြကြေး(၂၀)ပိသာ = ၈၇၀၀၀
(၇)ပဲကြီး(၂၀ပိသာ ) =၈၈၀၀၀ မှ ၈၂၀၀၀
(၈)လုံးဆံနီ (၁ပိသာ ) =၆၆၀၀
(၉)လုံးဆံဖြူ (၁ပိသာ) =၆၉၅၀~၆၉၀၀

2️⃣ရန်ကုန်ကုန်စည်ဒိုင်စျေး(ဘုရင့်နောင်ကုန်စည်ဒိုင်)
(၁) ကုလားပဲဖြူလုံး =၄၀၈၀/၄၂၅၀
(၂)ကုလားပဲ ဖြူလုံးကြီး =၄၂၅၀/၄၄၂၀
(၃)စားတော်ပဲလုံး =၄၆၆၅ /၅၃၃၅
(၄)ပဲကြီး(ကုန်း) =၄၇၈၀/၄၉၆၀
(၅)ပဲကြီး(ရွှေကျွန်း) =၅၄၈၅ /၅၆၆၅
(၆)ပဲတီစိမ်းပခုက္ကူ(သစ်)=၂၈၃၀/၃၂၅၀
(၇)ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) =၃၈၃၀
(၈)ပဲတီစိမ်းပဲခူးရွှေဝါ=၃၆၆၅
(၉)ပဲတီစိမ်း(ဝါးခယ်မ)=၃၀၅၀/၃၇၅၀
(၁၀)ပြောင်းဆံ =၁၁၈၀/၁၂၀၀
(၁၁)ပဲလွန်းဖြူ (ပဲခူး)=၃၅၀၀/ ၃၇၅၀
(၁၂)ပဲလွန်းဖြူ မြစ်ဝကျွန်းပေါ်(သစ်)=၃၂၅၀/၃၅၀၀
(၁၃) ပဲလွန်းနီမြစ်ဝကျွန်းပေါ်=၂၈၃၀ / ၃၃၃၅
(၁၄)ကုလားပဲခြမ်း=၅၅၀၀/၅၉၀၀
(၁၅)ကြက်သွန်ဖြူ ကြူကုပ်(ရှယ်) =၁၁၆၀၀/၁၁၈၀၀
(၁၆)ငြုပ် ပန်းရဲ(သစ်) =၅၅၀၀/၅၈၀၀
(၁၇)ငြုပ် မြှားနီ =၄၅၀၀/၅၅၀၀
(၁၈)ငြုပ် ပန်းတနော်(ရှည်) =၄၅၀၀/၄၇၀၀
(၁၉)ငြုပ် ဆင်ဖြူကျွန်း(ပု)=၁၁၅၀၀/၁၂၅၀၀
(၂၀)ငြုပ် မြစ်ဝ(ပု)သစ် =၁၁၅၀၀/၁၂၅၀၀
(၂၁)သကြား (ပြည်တွင်း)=၄၆၀၀

3️⃣ ဟသ်ာတကုန်စည်ဒိုင်စျေး
(၁)ပြောင်းဆံ =၂၃၅၀၀
(၂)ပဲကြီး =၈၂၀၀၀
(၃)ပဲတီစိမ်(အနီ)=၁၀၀၀၀၀
(၄)ပဲတီစိမ်း(ဝါးခယ်မ)=၇၉၀၀၀
(၅)ပဲတီစိမ်း(မြစ်ဝ)=၇၅၀၀၀
(၆)ပဲတီစိမ်း (ဆီပြောင်း) =၆၇၀၀၀

4️⃣ပခုက္ကူ ကုန်စည်ဒိုင်စျေး
(၁)ကုလားပဲ 929 =၇၉၅၀၀
(၂) ကုလားပဲ V6 = ၈၄၅၀၀
(၃) ကုလားပဲ V2 = ၀
(၄)ပဲဇီးကွက် = ၀

5️⃣မန္တလေးကုန်စည်ဒိုင်စျေး
(၁)ကုလားပဲကြီးv2သ = ၀
(၂) ကုလားပဲကြီးv7 =၂၅၇၀၀၀/၂၆၀၀၀၀
(၃) ကုလားပဲ 929သ=၀
(၄)ကုလားပဲ ထိုင်ဝမ်က = ၂၂၇၀၀၀/၂၃၀၀၀၀
(၅)ပဲစင်းငုံအကြား= ၀
(၆)ပဲတီစိမ်းအညာ =၁၉၁၀၀၀/၁၉၀၀၀၀
(၇)ပဲတီစိမ်းခွဲပဲ = ၁၃၀၀၀၀/ ၁၄၀၀၀၀
(၈)ပဲလွန်းဖြူ = ၁၉၅၀၀၀/ ၂၀၀၀၀၀
(၉)စားတော်(ကနေဒါ)=၂၉၀၀၀၀/၂၉၃၀၀၀
(၁၀)စားတော်(ယူကရိန်း) = ၀
(၁၁)တရုတ်ပဲကြီး(သေး) =၃၄၀၀၀၀
(၁၂)စမုံနှမ်းနက် =၃၇၅၀၀၀ /၄၀၀၀၀၀
(၁၃)နှမ်းဝါ =၃၁၅၀၀၀
(၁၄)နှမ်းဖြူ = ၃၇၅၀၀၀ /၃၉၅၀၀၀
(၁၅)နှမ်းညို(သ)=၃၁၅၀၀၀/၃၀၅၀၀၀
(၁၆)ဆောင်းနှမ်း =၀
(၁၇)နှမ်းဖြူ(ဂျပန်) = ၄၂၀၀၀၀/၄၂၅၀၀၀
(၁၈)ပန်းနှမ်း = ၂၀၇၀၀၀
(၁၉)s1ဆီဆံ = ၆၁၀၀/၆၂၀၀
(၂၀) s1 လုံးဆံသ = ၇၀၀၀ /၇၃၀၀
(၂၁)အနီဆီဆံ = ၀

🤝စျေးနှုန်းများကို အချိန်နဲ့တပြေးညီ သိရှိစေရန် Benefit Farmer Page ကို Like & Share vပြီး Follow သွားပါဦးနော်။🤝

#ပဲ
#ကုန်စည်ဒိုင် #ပွဲရုံ


#တောင်သူဦးကြီးများ

မင်္ဂလာပါ ခဗျာ့။ကျောက်ဆည်မြို့(စုကြီး ရက်ကွက်)မှာ ဖွင့်ထားတဲ့ "စိန်ဦး"ဆန်ဆိုင်ရဲ့ ပထမဦးဆုံး online market ဖြစ်ပါတယ် ခဗ...
06/04/2024

မင်္ဂလာပါ ခဗျာ့။
ကျောက်ဆည်မြို့(စုကြီး ရက်ကွက်)မှာ ဖွင့်ထားတဲ့
"စိန်ဦး"ဆန်ဆိုင်ရဲ့ ပထမဦးဆုံး
online market ဖြစ်ပါတယ် ခဗျာ့။
ဒီ pageက
caustomerတို့ စိတ်ကြိုက် စုံစမ်းမေးမြန်နိုင်ပြီး
("က" အစ "အ"အဆုံးထိ့)အဆင်ပြေအောင်ကူညီပေးမှာဖြစ်ပါတယ်ခဗျာ့။
orderများအတွက်လည်း
ကျောက်ဆည်မြို့(တွင်း) အိမ်အထိ့ ပို့ဆောင်ပေးပြီး
ပစ္စည်းများကို မှန်ကန်စွာရောင်းချ ပို့ဆောင်ပေးမှာဖြစ်ပါတယ် ခဗျာ့။နယ်ဝေးက customerများတွက် သက်ဆိုင်ရာ ကားဂိတ် သို့ ရောက်အောင်ပို့ဆောင်ပေးနေပါတယ် ခဗျာ့။
customerများ အဆင်မပြေတာရှိ့ရင်လည်း
pageမှတစ်ဆင့် သော်လည်းကောင်း
ဖုန်းမှတစ်ဆင့်သော်လည်းကောင်း ပြောကြားနိုင်ပါတယ် ခဗျာ့။
"စိန်ဦး"ဆန်ဆိုင်ရဲ့ ဆန်နဲ့သက်ဆိုင်ရာအကြောင်းများသာလျှင် တင်မှာဖြစ်တဲ့အတွက် pageကို follow လေးလုပ်ထားပါ ခဗျာ့။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခဗျာ့။
ph-09444035449 , 09942064333
လိပ်စာ-ကျောက်ဆည်မြို့ (စုကြီးရက်ကွက်)
သောကြာကြယ် ပရဟိတ(ဘ.က)ကျောင်းနှင့် မျက်နှာချင်းဆိုင် ဆိုင်တန်း

Address

To Sell Rices
Kyaukse
MANDALAY

Website

Alerts

Be the first to know and let us send you an email when Sein Oo -Rice Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share