10/09/2024
ကျွန်တော်တို့ deliက ခုတလော wayငြင်းမိတဲ့ကိစ္စလေးတွေ ပြောပြချင်လို့ပါဗျ ✨
1. ကျွန်တော်တို့ deliက သူငယ်ချင်းတွေ စုလုပ်တယ်ဆိုတဲ့ သဘောနဲ့ စတင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ကိုယ်ပိုင် businessအနေနဲ့ပဲ စတင်runနေတာပါဗျ။
လက်ရှိမှာ ပိုင်ရှင် ကျွန်တော်အပါအဝင် ဝန်ထမ်း2ယောက် စုစုပေါင်း 3ယောက်ပဲ ရှိတာ ဖြစ်လို့ wayများများ ကျတဲ့အခါ တစ်ချို့wayတွေ ကြန့်ကြာတာ/ ငြင်းရတာတွေ ဖြစ်လာပါတယ်ဗျ
ဝန်ထမ်းတစ်ယောက်ယောက် နေမကောင်းလို့/ကိစ္စရှိလို့ ခွင့်ယူပြီဆိုရင်လဲ ကျွန်တော်တို့မှာ ဒုက္ခများရပါတယ်။
အဲ့အတွက်လဲ ဝန်ထမ်းတွေ ထပ်ခန့်ဖို့ စီစဉ်နေပါတယ်ဗျ
2. ခုက မိုးရာသီဆိုတော့ မိုးက နေ့စဉ်နီးပါး ရွာနေပါတယ်။ ကျွန်တော်တို့မှာ deli bag, deliဘုံးတွေ မရှိသေးတဲ့အတွက် မိုးရွာတဲ့အချိန်ဆို အစားအသောက်၊ ပစ္စည်းတွေ မိုးစိုမှာစိုးလို့ deliလေး နားရပါတယ်ဗျ။
မိုးတိတ်မှ ပြန်ဆွဲရပါတယ်။
3. နောက်ပြသနာက ဆီပါ။ ဆီက ပြန်ရနေပြီဆိုပေမယ့် တန်းစီနေရတုန်းပါ။ deliတစ်ယောက်ယောက်က ဆီတန်းစီနေပြီဆို wayလေးတွေ ကြန့်ကြာနိုင်ပါတယ်ဗျ။
ဆီပြတ်ရင်တော့ deliလေး နားရပြန်ပါတယ်။ 😥
ကျွန်တော်တို့ တတ်နိုင်သလောက် အဆင်ပြေအောင် ပို့ပေးနေတာမလို့
အဆင်မပြေတာလေးတွေ ရှိသွားရင် နားလည်ခွင့်လွှတ်ပေးဖို့ ဒီpostလေးကနေ တောင်းပန်ပါတယ်ဗျ
နောက်လဲ အမြဲ အားပေးကြပါဦး ✨✨
ဘာပဲလိုလို "ဘာလိုလို deli"ကို သတိရလိုက်ပါ
📲 Phone - 09897458995 , 09985500761
📲 Telegram - 09897458995
📲 Viber - 09897458995 , 09985500761
#ဘာလိုလိုdeli #မကွေး