Yoke The' - ရုပ်သေး

Yoke The' - ရုပ်သေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoke The' - ရုပ်သေး, Food & Beverage, Mandalay.

Yoke The’ is a culturally rooted, Mandalay-based Myanmar tea brand that brings familiar tea moments into the home with warmth, care and respect for the tea farmers, tea makers and tea masters who keep Myanmar tea culture alive.

ရုပ်သေးကို နောက်ထပ် ဘယ်လိုအရသာအသစ်လေး ထုတ်စေချင်လဲ ?  🤔▶️ ပုံမှန် ၊ ပေါ့ဆိမ့်၊ ဖန်ချို၊ ဖန်ဆိမ့် ၊ ချိုဆိမ့် ဆိုပြီး လက်...
22/09/2026

ရုပ်သေးကို နောက်ထပ် ဘယ်လိုအရသာအသစ်လေး ထုတ်စေချင်လဲ ? 🤔

▶️ ပုံမှန် ၊ ပေါ့ဆိမ့်၊ ဖန်ချို၊ ဖန်ဆိမ့် ၊ ချိုဆိမ့်
ဆိုပြီး လက်ဖက်ရည်ကို အရသာကွဲတွေ ထုတ်ပေးထားသလို၊
🧊အအေးလေးလည်း သောက်လို့ရအောင်
▶️ Iced Milk Tea 🧋 ရှိမယ်၊

အချိုခြောက်ဖတ်လေးတွေ စစ်ဖို့ မလွယ်တဲ့ နေရာမှာ ဖျော်သောက်ဖို့ဆို

▶️ On The Go (ကြိုးဆွဲ)
▶️တိုင်ကီ

လက်ဖက်အချို​ခြောက်​​လေးပဲ သီးသန့်​သောက်သုံးလိုရင် ▶️ CTC BlackTea

​​ပေါ့​ပေါ့ပါးပါး Herbal Tea Blend ​လေး​တွေပဲ ​သောက်မလား ​နော်။

ရွေးချယ်စရာတွေ စုံတကာ့ စုံအောင် ထုတ်ပေးထားတဲ့ အများကြီး ဆိုပေမယ့် ... ကိုယ် မျှော်လင့်နေတဲ့ အရသာတစ်မျိုး ရှိနေသေးလား ?

💭 ကိုယ်သောက်ချင်တဲ့ အရသာ၊

💭စိတ်ကူးထဲမှာရှိနေတဲ့ အရသာလေးကို ပြောပြပေးခဲ့ပါဦး။

အကြံပြုချက်လေးတွေကို ကြားပါရ​စေရှင် 🙏

BORN in MANDALAY.
ROOTED in MYANMAR TEA CULTURE.

#ရုပ်​သေးလက်ဖက်ရည်



ရုပ်သေးမှာ လက်ဖက်ရည်ပဲ ရတာလား? တစ်ခါတလေ လက်ဖက်ရည် မသောက်ချင်တဲ့ နေ့တွေ၊  Tea Time ကို ပေါ့ပေါ့ပါးပါး ဖြစ်တာလေးပဲ သောက်ပြ...
21/09/2026

ရုပ်သေးမှာ လက်ဖက်ရည်ပဲ ရတာလား?
တစ်ခါတလေ လက်ဖက်ရည် မသောက်ချင်တဲ့ နေ့တွေ၊
Tea Time ကို ပေါ့ပေါ့ပါးပါး ဖြစ်တာလေးပဲ သောက်ပြီး အချိုလေးတွေ စားချင်တဲ့ အချိန်တွေလည်း ရှိတတ်တာပဲလေ။

အဲ့ဒီနေ့တွေအတွက် Yoke The’ Black Tea CTC ရှိပါတယ် —
နို့၊ သကြားမပါဘဲ လက်ဖက် အချိုခြောက်ရဲ့ အနံ့နဲ့ အရသာကို ရိုးရိုးရှင်းရှင်း ခံစားချင်သူတွေအတွက်ပေါ့။ 🌿

ပြီးတော့ ရိုးရိုးလက်ဖက်ခြောက်တွေပဲ သောက်ရတာ ရိုးနေလို့
တစ်ခါတစ်လေ နည်းနည်း အပြောင်းအလဲ အနံ့အရသာလေး နဲ့ သောက်ချင်ရင် Herbalious Harmony ရဲ့ herbal & green tea blends တွေလည်း ရွေးချယ်လို့ရပါတယ်။

Roselle, Butterfly Pea, Calendula, Gotu Kola တို့လို botanical ingredients တွေနဲ့ ပေါင်းစပ်ထားတဲ့ blend မျိုးစုံ — ကိုယ့် mood နဲ့ကိုယ် ရွေးသောက်ပေါ့။ 🌼🍃

ဆိုတော့ Yoke The’ မှာ လက်ဖက်ရည်တင် မဟုတ်ပါဘူး။
တစ်ခါတလေ creamy milk tea တစ်ခွက်၊
တစ်ခါတလေ black tea သန့်သန့်၊
တစ်ခါတလေ herbal tea ပေါ့ပေါ့ပါးပါးလေး။

ရုပ်သေးနဲ့ဆို Tea Time က ကိုယ့်စိတ်ကြိုက် ဖြစ်လို့ရပါတယ်။

💬 လက်ဖက်ရည် မသောက်ချင်တဲ့ အချိန်မှာဆို Black Tea ရွေးမလား၊ Herbal Tea သောက်ဖြစ်မလားရှင် ?

ဘယ်အရပ်ဒေသရောက်ရာက် ဘာ  Tea ညာ Tea တွေ နာမည်ကြီးလို့လိုက်သောက်မိလည်း ခဏပါပဲနော်။ ကိုယ့်မြန်မာ့ လက်ဖက်ရည် အရသာမှ လျှာပေါ်...
19/09/2026

ဘယ်အရပ်ဒေသရောက်ရာက်
ဘာ Tea ညာ Tea တွေ နာမည်ကြီးလို့
လိုက်သောက်မိလည်း ခဏပါပဲနော်။

ကိုယ့်မြန်မာ့ လက်ဖက်ရည် အရသာမှ
လျှာပေါ်မှာ စွဲပြီး အနံ့ ရော အရသာရော ကွက်တိကျတာမို့ နေ့တိုင်းသောက်ဖို့ဆို မြန်မာလက်ဖက်ရည်သာ သောက်ချင်ကြတာပါ။

Yoke The’ ရဲ့ On The Go နဲ့ ဆိုရင်
အနံ့ အရသာ ပြည့်ဝတဲ့ နှပ်လက်ဖက်ရည် ကောင်းကောင်းတစ်ခွက် အချိန်နေရာမရွေး သောက်သုံးနိုင်ပါတယ်။

18/09/2026

နေ့လည်​နေ့ခင်း နည်းနည်း​လေး ငိုက်လာချိန်ဆို လက်ဖက်ရည် ပူပူ​မွှေး​မွှေး​လေး တစ်ခွက် ​​သောက်ချင်​​တော့တာပဲ။
ရုပ်​​သေး တိုင်ကီ ခွက်​လေးနဲ့ဆို ရုံးမှာလည်း ​အဆင်​ပြေ၊ သွားရင်းလာရင်းလည်း အဆင်​ပြေနဲ့မို့ အိတ်ထဲမှာ အမြဲ​ဆောင်ထားပါတယ်။

#ရုပ်သေးလက်ဖက်ရည်

လက်ဖက်ရည် သောက်ရင်လေ ကြိုက်တဲ့  အရသာတစ်မျိုးတည်းကိုပဲ စွဲစွဲလမ်းလမ်း မပြောင်းဘဲ သောက်တတ်ကြတာလား ? ဒါမှမဟုတ် ရာသီဥတု နဲ့ ...
17/09/2026

လက်ဖက်ရည် သောက်ရင်လေ
ကြိုက်တဲ့ အရသာတစ်မျိုးတည်းကိုပဲ
စွဲစွဲလမ်းလမ်း မပြောင်းဘဲ သောက်တတ်ကြတာလား ?

ဒါမှမဟုတ်
ရာသီဥတု နဲ့ အချိန်အခါလိုက်ပြီး
သောက်တဲ့ အရသာ ပြောင်းဖြစ်ကြသေးလား ?

ရုပ်သေး လက်ဖက်ရည်ကိုရော
မူလစီးရီးထဲက ပုံမှန် ၊ ပေါ့ဆိမ့်၊ ဖန်ချို၊ ဖန်ဆိမ့် အပြင်
တခြားအရသာလေးတွေ ရော သောက်ဖြစ်ကြလား ?

ခုလက်ရှိထက်ပိုပြီး
နောက်ထပ် ဘာအရသာလေးတွေ သောက်ချင်တယ်များ
ရှိကြလဲ ပြောပေးသွားကြပါဦး။

#ရုပ်သေးလက်ဖက်ရည် #နှပ်ဖျော်လက်ဖက်ရည်

▪️အကျရည် ပြင်းပြင်း နဲ့ လက်ဖက်ရည်ချိုချို​လေး​လေး ကြိုက်ကြတဲ့ သူ​​တွေလား ? ▪️ အချို​ခြောက်ကို ကျကျ​လေး နှပ်ထားပြီး နို့မ...
15/09/2026

▪️အကျရည် ပြင်းပြင်း နဲ့ လက်ဖက်ရည်ချိုချို​လေး​လေး ကြိုက်ကြတဲ့ သူ​​တွေလား ?
▪️ အချို​ခြောက်ကို ကျကျ​လေး နှပ်ထားပြီး နို့များများ​​နဲ့ ​ဖျော်တာကို ကြိုက်တဲ့ ကျဆိမ့် fan လား ?
▪️ လက်ဖက်ရည်ဆို ချိုချိုဆိမ့်ဆိမ့် ​မှ လက်ဖက်ရည် မြည်တာလို့ အစွဲကြီးသူ​တွေလား ?
✅️ ဘယ်အရသာမဆို အထုပ်​လေး​ဖောက် ၊ ​ရေ​နွေးပူပူနဲ့ နှပ်​ဖျော်​ပေးရုံနဲ့ ၊ အိမ်မှာတင် ကိုယ့်အကြိုက် အရသာ ​သောက်နိုင်တာ အဆင်မ​ပြေဘူးလား ​နော် 👍

#ရုပ်သေးလက်ဖက်ရည် #နှပ်ဖျော်လက်ဖက်ရည် #လက်ဖက်ရည်သောက်ကြမယ်

လက်ဖက်ရည်က အိမ်မှာဖျော်တာဆိုတော့ “အဆင်ပြေသလိုပဲ သောက်ရမှာလား?” ဆိုရင် — မဟုတ်ပါဘူးနော်။ရုပ်သေး နဲ့ဆိုရင် အချိုခြောက်နှပ်...
12/09/2026

လက်ဖက်ရည်က အိမ်မှာဖျော်တာဆိုတော့
“အဆင်ပြေသလိုပဲ သောက်ရမှာလား?” ဆိုရင် — မဟုတ်ပါဘူးနော်။

ရုပ်သေး နဲ့ဆိုရင်
အချိုခြောက်နှပ်ဖို့ အိုးတွေခွက်တွေ အများကြီး မလိုဘဲ
လက်ဖက်ရည်ခွက်လေးထဲမှာ
ရေနွေးပူပူလေးထည့်ပြီး ခဏလောက် နှပ်ထားပေးရုံပါပဲ။

အချိုခြောက် ကို လွယ်လွယ်လေး နှပ်လို့ ရတယ်ဆိုတော့ အရသာကရော ? ပေါ့သွားမှာလား ? ဆိုရင်

☝️NO ပါနော် ။
အရသာကတော့ လျော့မနေစေရဘူး ရှင်။
ရုပ်သေး လက်ဖက်ရည် သောက်နေကျ သူတွေသာ မေးကြည့်တော့ရှင် ။

အိမ်မှာ လက်ဖက်ရည် ဖျော်ကြရင်
အဓိက အရေးကြီးဆုံးက ဘာလို့ သတ်မှတ်ထားကြလဲရှင် ?

👉လက်ဖက်ရည်အနံ့ လား ?
👉 လက်ဖက်ရည်ရဲ့ ပြည့်ဝမှု လား ?
👉 ချိုကျဆိမ့် အချိုးအစား လား ?
👉 အရာအားလုံး balance ဖြစ်နေဖို့ လား ?

လက်ဖက်ရည်ကို ဘယ်ချိန်တွေ သောက်ရတာ ပိုကြိုက်ကြလဲ ရှင် ? မနက်စာ စားရင်း သောက်ရတာ ကြိုက်လား ? နေ့လည် နေ့ခင်း အစာပြေ မုန့်လေ...
10/09/2026

လက်ဖက်ရည်ကို ဘယ်ချိန်တွေ သောက်ရတာ ပိုကြိုက်ကြလဲ ရှင် ?
မနက်စာ စားရင်း သောက်ရတာ ကြိုက်လား ?
နေ့လည် နေ့ခင်း အစာပြေ မုန့်လေးစားရင်း သောက်ရတာ ကြိုက်ကြလား ?

ဘယ်ချိန်မှာ လက်ဖက်ရည် သောက်ရတာ နှစ်သက်ကြလဲ?

မှတ်မှတ်ရရ ရှိနေတဲ့ လက်ဖက်ရည်နဲ့ ပတ်သက်တဲ့ memory လေးတွေရော ရှိကြသေးလား ... ❔

#ရုပ်သေးလက်ဖက်ရည် #နှပ်ဖျော်လက်ဖက်ရည်

အိမ်မှာရှိတဲ့ သူတိုင်း လက်ဖက်ရည် သောက်ကြပေမယ့် ကြိုက်တဲ့ အရသာချင်းတော့ မတူကြပြန်ဘူး ။ ဒါပေမယ့် ရုပ်သေး-လက်ဖက်ရည် ကြိုက်တ...
08/09/2026

အိမ်မှာရှိတဲ့ သူတိုင်း လက်ဖက်ရည် သောက်ကြပေမယ့်
ကြိုက်တဲ့ အရသာချင်းတော့ မတူကြပြန်ဘူး ။
ဒါပေမယ့် ရုပ်သေး-လက်ဖက်ရည် ကြိုက်တာခြင်းတော့ တူကြတယ်မလား ?
မိတ်ဆွေတို့ရော
အိမ်မှာ ဘယ်အရသာကို ဝယ်ဖြစ်ဆုံးလဲ ?


#ရုပ်သေးလက်ဖက်ရည်
#လက်ဖက်ရည်သောက်ကြမယ်

အချိုခြောက်ဖတ်လေးတွေ စစ်ဖို့ အချိန်မရဘူးလား ? ✈ကြိုးဆွဲထုပ်လေးနဲ့ OnTheGo  ရှိတယ်လေ ။ လက်ဖက်အချိုခြောက်လေးတွေကို tea bag...
06/09/2026

အချိုခြောက်ဖတ်လေးတွေ စစ်ဖို့ အချိန်မရဘူးလား ?
✈ကြိုးဆွဲထုပ်လေးနဲ့ OnTheGo ရှိတယ်လေ ။

လက်ဖက်အချိုခြောက်လေးတွေကို tea bag နဲ့ထုတ်ပေးထားတော့ စစ်စရာ မလိုဘူးလေ ✨

🔸အရသာထုပ်လေးကို ရေနွေးနဲ့ သေချာလေး မွှေပြီး ဖျော် ။
🔸ပြီးတာနဲ့ လက်ဖက်ခြောက်ထုပ်လေး ကို 3 - 5 မိနစ်လောက် စိမ်ပြီးနှပ်ထားပေးလိုက်။
🔸အချိုခြောက်လေးတွေ ကျပြီ ဆိုတာနဲ့ သောက်လို့ရပြီ လေ ။

#ရုပ်သေးလက်ဖက်ရည်ဖျော်နည်း ' 'ONTheGo #ကြိုးဆွဲလက်ဖက်ရည်ထုပ်

Address

Mandalay

Alerts

Be the first to know and let us send you an email when Yoke The' - ရုပ်သေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoke The' - ရုပ်သေး:

Shortcuts

Share