04/08/2025
သင်ဟာ အမြဲခေါင်းကိုက်နေရင် ဒါတွေ မကြာခဏ စားပေးပါ
လူတိုင်း ခေါင်းကိုက်တဲ့ ရောဂါကို မကြာခဏ ခံစားကြရပါတယ်။ ရာသီဥတုကြောင့် ဖြစ်ဖြစ် စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ် မကြာခဏ ခေါင်းကိုက်တက်ကြပါတယ်။
ခေါင်းကိုက်လာပြီဆိုလျှင် အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရသလို အသီးအရွက်များကို ဂရုစိုက်ပြီး စားပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာအောင် လုပ်ပေးလို့ရပါတယ်။
၁ ။ ဟင်းနုနွယ်
ဟင်းနုနွယ်ဟာဆိုရင် Vitermin များစွာ ပါ၀င်ပြီး ပိုတက်ဆီယမ်ဓာတ်လည်း ပါ၀င်သောကြောင့် ပုံမှန်လေး စားပေးလျှင် ခေါင်းကိုက်ရောဂါကို သက်သာစေပါတယ်။
အစိမ်းရင့်ရင့်ရှိသော ဟင်းနုနွယ်ရွက်ကို ချက်စားခြင်း၊ ကြော်စားခြင်းနဲ့ ပြုတ်ပြီး သုတ်စားလို့လည်းရပါတယ်။
၂။ အာလူး
အာလူးဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓာတ်များစွာ ပါ၀င်သောကြောင့် ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
လတ်လတ်ဆက်ဆက် ချက်ပြုတ်စားပေးရပါမယ်။
အသင့်စား အာလူးကြော်များကိုတော့ မစားသုံးသင့်ပါဖူး။
၃။ ငှက်ပျောသီး
ငှက်ပျောသီး စားသုံးခြင်းကလည်း ခေါင်းကိုက်ရောဂါကို သက်သာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်၀စွာ ပါ၀င်သောကြောင့် ပုံမှန်လေး စားပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။
၄။ ဖရဲသီး
ဖရဲသီးဟာဆိုရင် အရည်ရွှမ်းတဲ့ ဓာတ်တွေ များစွာ ပါ၀င်သောကြောင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။
၅။ ရေ
နောက်ဆုံးအနေနဲ့ ခေါင်းကိုက်သက်သာအောင် အဓိက လုပ်ဆောင်ရမယ့်အရာကတော့ ရေကို ဂရုစိုက်ပြီး သောက်ပေးဖို့ပါပဲ။
ဒါ့ကြောင့်မို့ ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်ချင်ရင်တော့ အထက်ပါအသီးအရွက်များကို စားသုံးခြင်းနဲ့ ရေကို လုံလောက်အောင် သောက်ပေးဖို့ မမေ့နဲ့နော်။
🤔 Think Healthy Life, Drink Water
ကံ့ကော်ခမ်း R.O သောက်ရေသန့်
လိပ်စာ 👉 ဘဘ-၁၃၊ အမှတ်(၇၄/၇၅)၊၅၀*၅၁လမ်းကြား၊ ၁၁၄လမ်း တောင်ဘက်/ ၁၁၄(D)လမ်းသွယ်၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Call # 09404414416, 09791799998