OFFEE Coffee

OFFEE Coffee Boost Your Soul

☕ ကော်ဖီကောင်းတစ်ခွက်ရဖို့ အမှုန့်ဆိုဒ်ကလည်း အရေးကြီးတယ်ဆိုတာ သိထားလားဗျ ကော်ဖီစေ့ကောင်းတယ်၊ လှော်ထားတာကောင်းတယ်ဆိုရုံနဲ...
19/08/2026

☕ ကော်ဖီကောင်းတစ်ခွက်ရဖို့
အမှုန့်ဆိုဒ်ကလည်း အရေးကြီးတယ်ဆိုတာ သိထားလားဗျ

ကော်ဖီစေ့ကောင်းတယ်၊ လှော်ထားတာကောင်းတယ်ဆိုရုံနဲ့ ကော်ဖီတစ်ခွက်က အမြဲတမ်းအရသာကောင်းနေမှာ မဟုတ်ပါဘူး။

ကော်ဖီကို ဘယ်လိုဖျော်မလဲဆိုတာနဲ့အညီ
အမှုန့်ဆိုဒ် (Grind Size) ကို မှန်မှန်ကန်ကန်
ရွေးချယ်ပေးဖို့လည်း အရေးကြီးပါတယ်။

အမှုန့်အရမ်းသေးသွားရင်
ရေက ကော်ဖီမှုန့်ထဲကို ဖြတ်သန်းရတာနှေးပြီး
အရသာပြင်း၊ ခါးသွားနိုင်ပါတယ်။

အမှုန့်အရမ်းကြီးသွားရင်တော့
ရေက မြန်မြန်ဖြတ်သွားပြီး
ကော်ဖီအရသာ ပျော့ပြီး မပြည့်စုံတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါကြောင့် V60, French Press, Espresso, Moka Pot စတဲ့
ဖျော်နည်းတစ်မျိုးချင်းစီအတွက်
သင့်တော်တဲ့ Grind Size ရှိပါတယ်။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ မှာလည်း ကော်ဖီစေ့တွေကို ကြိတ်ပေးတဲ့အခါ Food Grade Grinder တွေကို အသုံးပြုပြီး လိုအပ်တဲ့ အမှုန့်ဆိုဒ်အတိုင်း ချိန်ညှိပေးပါတယ်။

ကိုယ်သုံးမယ့် Brewing Method ကို ပြောပေးရုံနဲ့
လိုအပ်တဲ့ Grind Size ကို အဆင်ပြေအောင် ချိန်ညှိပေးနိုင်ပါတယ်။ ☕🤎

ကော်ဖီစေ့ကောင်းကောင်းတစ်စေ့ကို
မှန်ကန်တဲ့ အမှုန့်ဆိုဒ်နဲ့ ဖျော်တဲ့အခါ…

ကော်ဖီရဲ့ အရသာက ပိုပြီး ပြည့်စုံလာပါတယ်။

English Version,

☕ A great cup of coffee starts with the right grind size.

Having good coffee beans and a well-crafted roast doesn’t always guarantee a great cup.
The grind size you choose is just as important, depending on how you brew your coffee.
If the grind is too fine, water passes through the coffee more slowly, which can lead to over-extraction and a cup that tastes too strong or bitter.
If the grind is too coarse, water flows through too quickly, which can result in a weak and under-extracted cup.

That’s why different brewing methods such as V60, French Press, Espresso, and Moka Pot each require their own suitable grind size.
At OFFEE Coffee, we use Food Grade Grinders to grind our coffee beans and carefully adjust the grind size according to your preferred brewing method.
Simply tell us how you brew your coffee, and we can help you choose the right grind size for your cup. ☕🤎

Because when a good coffee bean is paired with the right grind size…

The flavor comes through even better.

OFFEE Coffee —
Good beans. Right grind. Better cup. ☕

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

19/08/2026

‎​မနက်ခင်းကို အင်အားအပြည့်နဲ့ စတင်ပြီး ကိုယ့်ရဲ့ နေ့စဉ်ကြံ့ခိုင်ရေးပန်းတိုင်တွေကို ကျော်ဖြတ်ဖို့ Offee Coffee လေးနဲ့ အတူတူ စတင်လိုက်ရအောင်နော်... ☕️

‎​💯 Offee Coffee ဟာ 100% Arabica Specialty Coffee ဖြစ်ပြီး ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်နဲ့ အလှအပကို ထိန်းသိမ်းချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။

‎​🏋️‍♀️ GYM ဆော့ရင်းနဲ့ လန်းဆန်းတက်ကြွမှုကို တစ်ပြိုင်နက် ရယူလိုက်ပါ!

‎​📥coffee မှာယူလိုပါက Page Messenger သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။

‎​

17/08/2026

‎​☕ Offee Coffee Showroom မှ မန္တလေးမြို့ခံ ချစ်မိတ်ဆွေများအတွက် ☕

‎​မနက်ခင်းတိုင်း လန်းဆန်းစေမယ့် ကိုယ်တိုင်စိတ်ကြိုက်ဖျော်စပ်သောက်သုံးဖို့အတွက် အရည်အသွေးမြင့် ကော်ဖီကိုရှာနေပြီလား?

‎​ဒါဆိုရင်တော့ မန္တလေးမြို့မှာရှိတဲ့ Offee Coffee Showroom လေးကို ကိုယ်တိုင်ကိုယ်ကျ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ 🥰

‎​📍 တည်နေရာ: ၆၂ လမ်း (B)၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
‎📲 ဆက်သွယ်ရန်: 09 788 40 33 71
‎​လမ်းကြောင်း မသေချာတာပဲဖြစ်ဖြစ်၊ အသေးစိတ်သိချင်တာလေးတွေ ရှိရင် ဖုန်းလေး တစ်ချက်လောက် ဆက်ပြီး မေးမြန်းနိုင်ပါတယ်နော်။ 📞

‎​ချစ်မိတ်ဆွေတို့ရဲ့ လာရောက်မှုကို ဝမ်းမြောက်ဝမ်းသာ စောင့်ကြိုနေလျက်ပါဗျာ။ ❤️

‎​ #ကော်ဖီဆိုင် #မန္တလေး

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ ရဲ့ ကန်လန့်ကာ နောက်ကွယ်မှာရှိတဲ့ တောင်ပေါ်က လူတွေနဲ့ မိတ်ဆက်ပေးပါရစေ… 🤎⛰️ကော်ဖီတစ်ခွက်ကို လက်ထဲကိုင်...
30/07/2026

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞
ရဲ့ ကန်လန့်ကာ နောက်ကွယ်မှာရှိတဲ့ တောင်ပေါ်က လူတွေနဲ့ မိတ်ဆက်ပေးပါရစေ… 🤎⛰️

ကော်ဖီတစ်ခွက်ကို လက်ထဲကိုင်လိုက်တဲ့အချိန်…
အနံ့လေးကို ရှူလိုက်ပြီး အရသာကို ခံစားလိုက်တဲ့အချိန်…
အဲ့ဒီကော်ဖီတစ်ခွက်ရဖို့ ဘယ်လောက်များတဲ့ လက်တွေ၊ အချိန်တွေ၊ အားထုတ်မှုတွေ ပါဝင်ထားလဲဆိုတာ တွေးမိဖူးပါသလား။

ချင်းတောင်ရဲ့ အေးမြတဲ့ တောင်တန်းတွေကြားမှာ…
မနက်ခင်း မြူခိုးတွေ မကွယ်သေးခင်ကတည်းက ကျွန်တော်တို့ရဲ့ တောင်သူတွေက ကော်ဖီခြံထဲကို ဝင်နေကြပါပြီ။

သူတို့ဟာ ကော်ဖီသီးတွေကို အမြန်ဆုံး ခူးယူတာမဟုတ်ပါဘူး။
အနီရောင်ပြည့်ပြီး အမှည့်အတိုင်းရောက်တဲ့ Coffee Cherry တွေကိုပဲ တစ်လုံးချင်းစီ လက်နဲ့ သေချာရွေးချယ်ခူးယူကြပါတယ်။

အဲ့ဒီကနေ Processing လုပ်ပြီး Green Bean ဖြစ်လာတဲ့အချိန်မှာလည်း အလုပ်က မပြီးသေးပါဘူး။

အစေ့တစ်စေ့ချင်းစီကို လူလက်နဲ့ ထပ်မံရွေးချယ်ရပါတယ်။
ပိုးစားထားတဲ့အစေ့၊ ကွဲနေတဲ့အစေ့၊ အရည်အသွေးမမီတဲ့အစေ့တွေကို ဖယ်ရှားပြီး အကောင်းဆုံးအစေ့တွေကိုသာ ကျန်အောင် စိတ်ရှည်ရှည်နဲ့ လုပ်ဆောင်ကြပါတယ်။

ဒီအလုပ်ဟာ နေ့တစ်နေ့နဲ့ ပြီးသွားတဲ့ အလုပ်မဟုတ်သလို၊ အလွယ်တကူလည်း လုပ်လို့မရပါဘူး။
ဒါပေမယ့် Specialty Coffee ဆိုတဲ့ စံနှုန်းကို ထိန်းသိမ်းထားနိုင်ဖို့အတွက်တော့ ဒီအဆင့်တိုင်းက အရေးကြီးပါတယ်။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ က ကော်ဖီကို ရောင်းချချင်ရုံမဟုတ်ပါဘူး။

ချင်းတောင်ရဲ့ အေးမြတဲ့ရာသီဥတု…
တောင်သူတွေရဲ့ ကြိုးစားအားထုတ်မှု…
လက်နဲ့ တစ်စေ့ချင်း ရွေးထားတဲ့ အရည်အသွေး…
ပြီးတော့ ကော်ဖီတစ်စေ့ချင်းစီရဲ့ ဇာတ်လမ်းကိုပါ သင့်ဆီ ယူဆောင်လာချင်တာပါ။

သင်သောက်လိုက်တဲ့ ကော်ဖီတစ်ခွက်တိုင်းမှာ…
တောင်ပေါ်က မနက်ခင်းတွေ ရှိတယ်။
တောင်သူတွေရဲ့ ချွေးနဲ့ အချိန်တွေ ရှိတယ်။
အရည်အသွေးကို အလျှော့မပေးတဲ့ စိတ်ဓာတ်လည်း ရှိတယ်။

ကော်ဖီတစ်ခွက်ရဲ့ အရသာဟာ ကော်ဖီစေ့တစ်စေ့တည်းက မစတင်ပါဘူး။
လူတွေရဲ့ စိတ်စေတနာနဲ့ စတင်တာပါ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞
From the heart of Chin Hills, to your cup. ☕🤎

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

☕ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 is Back.ရက်အနည်းငယ် စောင့်ပေးခဲ့ကြတဲ့ လူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်။ 🤎ကျွန်တော်တို့ အနားယူခဲ့တာက ကော်ဖ...
26/07/2026

☕ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 is Back.

ရက်အနည်းငယ် စောင့်ပေးခဲ့ကြတဲ့ လူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်။ 🤎

ကျွန်တော်တို့ အနားယူခဲ့တာက ကော်ဖီမရှိလို့ မဟုတ်ပါဘူး။

အစေ့တစ်စေ့ချင်းစီကို လက်နဲ့ရွေးပြီး၊ အကောင်းဆုံး Quality ကိုပဲ ပေးချင်လို့ပါ။

ဒီနေ့တော့…
အဲဒီလက်ရွေးထားတဲ့ Chin Hill Specialty Coffee တွေ အဆင်သင့်ဖြစ်နေပါပြီ။

တောင်ပေါ်ရဲ့ အေးမြတဲ့လေ၊
လူတွေရဲ့ စိတ်ရှည်လက်ရှည် ကြိုးစားမှု၊
အချိန်ယူထားတဲ့ Quality…

အားလုံးကို ခွက်တစ်ခွက်ထဲ ထည့်ပေးဖို့
𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ပြန်ရောက်လာပါပြီ။ ☕

✨ Freshly Roasted
✨ Hand Picked Green Beans
✨ Specialty Grade Arabica

📩 Order များကို ဒီနေ့မှစပြီး ပြန်လည်လက်ခံနေပါပြီ။

Welcome Back to ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ 🤎

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

23/07/2026

ဆိုင်ပဲလာဝယ်ချင်တယ်ဆိုတဲ့ ကော်ဖီချစ်သူတို့ရေ
မကြာမီ ရက်ပိုင်းအတွင်းမှာ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 Showroom လေးကို ပုံမှန်အတိုင်းပဲ ပြန်ဖွင့်ပေးတော့မယ်နော☕️☕️☕️

ကျွန်တော်တို့က လက်ရွေးသန့်စင်တဲ့အချိန်စောင့်နေရတာနဲ့ Online order လေးပဲလက်ခံ ပို့ပေးနေတဲ့အချိန်မှာ ဆိုင်လာဝယ်ယူချင်တဲ့ ချစ်တို့တွေ စောင့်နေပေးတာ ကျေးဇူး အထူးတင်ရှိပါတယ်ခမျ။

အခုဆို လက်ရွေးသန့်စင်တာတွေ ပြီးစီးမယ့် အချိန်ရောက်နေပြီမို့ ရက်ပိုင်းလေးအတွင်းမှာ Showroom လေး ပုံမှန် ပြန်ဖွင့်တော့မှာကို အသိပေးလိုက်ရပါတယ်ခမျ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

ကော်ဖီချစ်သူတွေအတွက် 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 မှ သတင်းကောင်း🌬️☘️☘️ကျနော်တို့ Showroom လေးကတော့ လက်ရှိပိတ်ထားဆဲပါ။ လက်ကားသမား ဆိုင်သု...
20/07/2026

ကော်ဖီချစ်သူတွေအတွက် 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 မှ သတင်းကောင်း🌬️☘️☘️

ကျနော်တို့ Showroom လေးကတော့ လက်ရှိပိတ်ထားဆဲပါ။
လက်ကားသမား ဆိုင်သုံးနဲ့ Hotel တွေအတွက်တော့ အပြည့်အဝ ဖြည့်ဆည်းပေးနေဆဲပါ။

ဆိုင်လာဝယ်ချင်တဲ့ချစ်တို့ကတော့ သည်းခံပေးပါအူးနော
Online order လက်ခံပေးနေတာမို့ ကျနော်တို့ရဲ့ ဆိုင်ဖုန်း, Facebook messenger, TikTok account ကနေ အော်ဒါလေးတင်ထားလို့ရပါတယ်။
ရသလောက် လက်ရွေးသန့်စင်ပြီးသားတွေကို စနစ်တကျ Profile အမှန်အကန်နဲ့ လှော်ပြီး တစ်ယောက်ချင်းစီ သေချာ ပို့ပေးနေတာမို့
မရ ရသည် မရှိနေအောင် ခုထဲက အော်ဒါတင်ထားပေးလို့ ရပါတယ် ခမျ။

ဆိုင်လေးဖွင့်ပြီး ရောင်းပေးဖို့တော့ အချိန်လေးတစ်ခု စောင့်ပေးပါအူးခမျ🥰🥰🥰

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

ဒီနေ့လည်း ကျွန်တော်တို့ လက်တွေက Green Bean တွေကို စိတ်ရှည်ရှည်နဲ့ ရွေးနေပါတယ်။မြန်မြန်ရောင်းနိုင်ဖို့ မဟုတ်ဘူး။ပိုကောင်း...
16/07/2026

ဒီနေ့လည်း ကျွန်တော်တို့ လက်တွေက Green Bean တွေကို စိတ်ရှည်ရှည်နဲ့ ရွေးနေပါတယ်။

မြန်မြန်ရောင်းနိုင်ဖို့ မဟုတ်ဘူး။

ပိုကောင်းတဲ့ 𝘾𝙤𝙛𝙛𝙚𝙚 တစ်ခွက်ကို ပေးနိုင်ဖို့ပါ။

တချို့အစေ့တွေက အရောင်မညီဘူး…

တချို့အစေ့တွေက ကျွန်တော်တို့ရဲ့ စံနှုန်းကို မမီဘူး…

အဲဒီအစေ့တွေကို ကျော်ဖြတ်ပြီးမှ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ရဲ့ Roaster ထဲကို ဝင်ခွင့်ရပါတယ်။

ဒီရက်ပိုင်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးခဲ့ကြတဲ့ လူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်။ 🤎

✨ လက်ရွေးတဲ့ အဆင့် စတင်နေပါပြီ။

မကြာခင်…

Roasting စက်ရဲ့ မွှေးပျံ့တဲ့ ရနံ့နဲ့အတူ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ပြန်လာပါတော့မယ်။

ဒီတစ်ခေါက်လည်း…

ချင်းတောင်တန်းတွေပေါ်က ကော်ဖီ ရဲ့ အရသာကို အကောင်းဆုံးပုံစံနဲ့ ယူဆောင်လာဖို့ အစွမ်းကုန် ကြိုးစားထားပါတယ်။

ခဏလေးပဲ စောင့်ပေးပါဦး…

အကောင်းဆုံးအရသာနဲ့ ပြန်ဆုံကြမယ်။ ☕🤎

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

😞စိတ်မကောင်းစွာနဲ့ပါ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞  အရောင်း ခန ရပ်နား ပါရစေ😞❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞  အတွက် Specialty Coffee ဖြစ်ဖို့  ဆိုတာ ...
12/07/2026

😞စိတ်မကောင်းစွာနဲ့ပါ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ အရောင်း ခန ရပ်နား ပါရစေ😞

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ အတွက် Specialty Coffee ဖြစ်ဖို့ ဆိုတာ လှော်လိုက်ရုံနဲ့ မပြီးပါဘူး။

ကျွန်တော်တို့ လက်ထဲရောက်လာတဲ့ Green Bean တိုင်းကို…

အရောင်မညီတဲ့အစေ့၊
ပိုးထိထားတဲ့အစေ့၊
ကွဲနေတဲ့အစေ့တွေကို…

လက်နဲ့ တစ်စေ့ချင်း ရွေးထုတ်ပါတယ်။

အချိန်ကုန်ပါတယ်။

စိတ်ရှည်ရပါတယ်။

ဒါပေမယ့်…

သင့်ခွက်ထဲရောက်မယ့် Coffee တစ်ခွက်က အကောင်းဆုံးဖြစ်ဖို့ ဒီအချိန်ကို ကျွန်တော်တို့ အမြဲပေးပါတယ်။

တချို့လူတွေက…

“ကော်ဖီလေးပဲလေ… ဘာလို့ အချိန်ယူနေရတာလဲ?” လို့ မေးကြပါတယ်။

ဒါပေမယ့်…😢

ဒီတစ်ခေါက်မှာတော့…

ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ သုံးလစာ Green Bean ဟာ မျှော်လင့်ထားတာထက် မြန်မြန်ကုန်သွားခဲ့ပါတယ်။

ဒါဟာ ❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ❞ ကို ယုံကြည်ပြီး အားပေးကြတဲ့ တစ်ယောက်ချင်းစီကြောင့်ပါ။

အဲဒီအတွက် အရမ်းကျေးဇူးတင်ပါတယ်။ 🤎

Green Bean အသစ်တွေ ရှိပီးသား ဖြစ်ပေမယ့်…

အရင်လိုပဲ တစ်စေ့ချင်း လက်နဲ့ ရွေးချယ်ပြီးမှ Roasting လုပ်ချင်ပါတယ်။

ဟုတ်ပါတယ်…

ဒီတိုင်းလည်း လှော်ရောင်းလို့ ရပါတယ်။

ဒါပေမယ့်…

ကျွန်တော်တို့ ရောင်းချင်တာ Coffee မဟုတ်ဘူး။ ယုံကြည်မှုပါ။

အဲဒီယုံကြည်မှုကို အလျှော့မပေးချင်တဲ့အတွက်…

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞ ကို ခဏလေး စောင့်ပေးပါဦး။

ပြန်လာတဲ့နေ့မှာတော့…

ပထမခွက်လိုပဲ ကောင်းတဲ့ အရသာနဲ့ ပြန်တွေ့ပါမယ်။

🤎 Thank you for choosing quality over quantity.

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞
Boost Your Soul.

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

☕️☕️ မြူတွေဆိုင်းတဲ့ ချင်းတို့ဌာနေက ပုံပြင်တစ်ပုဒ်ကို ခံစားကြည့်ရအောင်☕️☕️ကျွန်တော်က… 𝗖𝗼𝗳𝗳𝗲𝗲 𝗖𝗵𝗲𝗿𝗿𝘆 ကော်ဖီချယ်ရီသီး လေးတ...
09/07/2026

☕️☕️ မြူတွေဆိုင်းတဲ့ ချင်းတို့ဌာနေက ပုံပြင်တစ်ပုဒ်ကို ခံစားကြည့်ရအောင်☕️☕️

ကျွန်တော်က… 𝗖𝗼𝗳𝗳𝗲𝗲 𝗖𝗵𝗲𝗿𝗿𝘆 ကော်ဖီချယ်ရီသီး လေးတစ်လုံးပါ။ ကျွန်တော့်ကို 𝗖𝗵𝗶𝗻 𝗛𝗶𝗹𝗹𝘀 (ချင်းတောင်တန်းတွေ) ရဲ့ အေးမြတဲ့ လေပြေကြားမှာ မွေးဖွားခဲ့ပါတယ်။

မနက်ခင်းတိုင်း မြူခိုးတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေး ဖက်ထားပေးတယ်။

နေ့လယ်ဆိုရင် နေရောင်ခြည်က ကျွန်တော့်ကို တဖြည်းဖြည်း ရင့်မှည့်လာအောင် အားပေးတယ်။

မိုးရေတွေ၊ လေပြေညှင်းလေးတွေ၊ တောင်တန်းပေါ်က မြေရဲ့ အာဟာရတွေနဲ့ ကြီးပြင်းလာခဲ့ပြီး…

တစ်နေ့မှာတော့ လက်တစ်စုံက ကျွန်တော့်ကို ဂရုတစိုက် တယုတယ ခူးယူခဲ့တယ်။

အဲ့ဒီနေ့ကစပြီး…

ကျွန်တော့်ရဲ့ ခရီးအစစ် စတင်ခဲ့တယ်။

🌝နေရောင်အောက်မှာ ရက်ပေါင်းများစွာ အခြောက်ခံခဲ့ရတယ်။

🎚️Roaster ထဲမှာ အပူကို ဖြတ်သန်းခဲ့ရတယ်။

🛢️Grinder ထဲမှာ အမှုန့်လေးအဖြစ် ပြောင်းလဲခဲ့ရတယ်။

🏔️တောင်ကွေ့၊ လမ်းကွေ့ပေါင်းများစွာကို ကျော်ဖြတ်ပြီး…

🗻𝗖𝗵𝗶𝗻 𝗛𝗶𝗹𝗹𝘀 ရဲ့ အေးမြတဲ့ ရာသီဥတုကို လွမ်းရင်း…

🗿မြေပြန့်က လူတွေဆီ ရောက်လာခဲ့တယ်။

✈️✈️✈️ကျွန်တော် ရောက်လာတာ…

Coffee ရောင်းဖို့ မဟုတ်ပါဘူး။

ချင်းတောင်ရဲ့ လေပြေကို သယ်ဆောင်လာပေးတာပါ။ ✨✨✨
ချင်းတောင်ရဲ့ မြူဆိုင်းတဲ့ မနက်ခင်းတွေကို ယူလာပေးတာပါ ❄️❄️❄️

တောင်ပေါ်က လူတွေရဲ့ ကြိုးစားမှုနဲ့ မေတ္တာကို မျှဝေပေးဖို့ပါ။🌟🌟🌟

ဒီနေ့…

သင့်လက်ထဲမှာ OFFEE တစ်ခွက် ရှိနေတယ်ဆိုရင်…
သင်သောက်နေတာ Coffee တစ်ခွက်တည်း မဟုတ်ပါဘူး။
ချင်းတောင်ကနေ ခရီးရှည်ကြီးကို ဖြတ်သန်းလာတဲ့ ပုံပြင်တစ်ပုဒ်ကို သောက်နေတာပါ။

❝ 𝑶𝑭𝑭𝑬𝑬 𝘾𝙤𝙛𝙛𝙚𝙚 ☕️ ❞

📌62 B , 14 15 ကြား ၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့။ 🏠
☎️ 09788403371

#အကောင်းဆုံးကော်ဖီ #ကော်ဖီကောင်း

Address

62B Street, Between 14*15 Street, Aung Myay Thar Zan
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when OFFEE Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share