07/11/2025
Myan Kaung food truck လုပ်ငန်းတည်ထောင်သူနှစ်ယောက်အကြောင်းကို အခု post မှာမိတ်ဆက်ပေးပါရစေ။ ပထမ တစ်ဦးကတော့ နမ့်ဆန်မှာ ကိုယ်ပိုင်လက်ဖက်ခြံ လည်း ရှိပြီး လက်ဖက်ခြောက်ထုတ်လုပ်ရေးနဲ့ supply chain လောကမှာအတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိတဲ့ လက်ဖက်ခြောက် လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ နောက်တစ်ဦး ကတော့ စားသောက်ကုန် လောကမှာ ၁၃ နှစ်ကျော် အတွေ့အကြုံရှိတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းရှင်ကတော့ စားသောက်ကုန်အမျိုးမျိုး၏အနံ့ အရသာ (food sensory) နဲ့ ပတ်သက်ပြီး ကမ္ဘာ့ထိပ်တန်း MNC ကုမ္ပဏီကြီးများမှာ Training ပေါင်းများစွာ တက်ရောက်ခဲ့ပြီး သူတို.တွေနဲ့အတူ အောင်မြင်တဲ့ စားသောက်ကုန် project များစွာ အတူတကွ လုပ်ဆောင်ခဲ.ဖူးသူ တစ်ဦးဖြစ်ပါတယ်။
Myan Kaung ရဲ့ ရှယ်လက်ဖက်ရည်အတွက် premium grade ထိပ်တန်း အချိုခြောက်၊ imported ဘူးနို့ဆီနဲ့နို့စိမ်းကိုသာ သုံးထားပါတယ်။ အရည်အသွေးစစ်မှန်တဲ့ ပါ၀င်ပစ္စည်းတွေရဲ့ အချိုးကျကျ ပေါင်းစပ်မှုကသာ လက်ဖက်ရည်ကောင်းကောင်း ရမယ်ဆိုတာကျွန်တော်တို့ ယုံကြည်နားလည် ထားပါတယ်။
လက်ဖက်ရည်နဲ့တွဲဖက်သုံးဆောင်နိုင်ရန် တခြားသော အစားအစာများကိုလည်းမကြာမီ ရောင်းချနိုင်ရန်ကြိုးစားစီစဥ်လျက်ရှိပါတယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။