Keen Bean Coffee

Keen Bean Coffee ဒီနေ့အတွက်​ ကော်ဖီကောင်းတစ်ခွက် ရှိတယ်✨🤍

Keen Bean’s purpose is to bring great coffees from around the world closer to coffee lovers. ☕️

20/05/2026

ဒီနေ့အတွက် ကော်ဖီကောင်းတစ်ခွက်ရှိတယ်…..

☕️ From the rich soils of Myanmar's coffee regions to your cup, Keen Bean Coffee is dedicated to bringing you the finest...
27/04/2026

☕️ From the rich soils of Myanmar's coffee regions to your cup, Keen Bean Coffee is dedicated to bringing you the finest local brews! 🇲🇲✨

Our Closer Origin Blend brings you closer to exceptional Myanmar-grown coffee—crafted to connect with passionate coffee lovers like you. We believe in:

Good Coffee. Ensuring you have a perfect cup of coffee every single day.

Sharing. Creating better coffee, better moments, together.

Authentic. Delivering fine quality coffee with consistent flavor, always.

Straight forward. Simple, honest, and real coffee experiences.
Join us on a journey of taste and discovery, celebrating the rich flavors of Myanmar coffee. Experience the true essence of local coffee with Keen Bean!

Keen Bean Coffee မှ မြန်မာနှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများန...
17/04/2026

Keen Bean Coffee မှ မြန်မာနှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။
နှစ်သစ်မှာ ကော်ဖီကောင်းကောင်းလေးတွေနဲ့အတူ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ! 🙏🏻🙏🏻🙏🏻

#ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်

ဗူးအဖုံးမှာပါတဲ့ Secret Code လေးတွေက ဘာကော်ဖီဖြစ်နေမလဲ ?အခုပဲတိုက်ကြည့်လို့ရပြီနော် 😉 #ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတ...
06/04/2026

ဗူးအဖုံးမှာပါတဲ့ Secret Code လေးတွေက ဘာကော်ဖီဖြစ်နေမလဲ ?
အခုပဲတိုက်ကြည့်လို့ရပြီနော် 😉

#ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်

05/04/2026

၄.၄.၂၀၂၆ မှာ ပြုလုပ်ပြီးစီး ခဲ့တဲ့IWCA, Phama Barista Club, Three dots Coffee တို့မှ ဦးစီးပြီး ကျင်းပခဲ့တဲ့ Myanmar Coffee Tasting Experience ပွဲ မှာ ကော်ဖီအကြောင်း မေးခွန်း လေးတွေ မေးရင်း Mystery Coffee Bean Tube
လေး တွေ လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။
အခု လိုမျိူးပွဲ မှာ တစိတ်တပိုင်း ပါဝင်ခွင့် ရလို့လည်း ဦးစီး ကျင်းပ ပေးတဲ့ အဖွဲးအစည်း များကို လည်း ကျေးဇူး တင်ရှိပါတယ်။
Mystery Coffee Tube List ကို လည်း မကြာခင်မှာ ကြေညာ ပေးသွား မှာ ဖြစ်လို့ Stay Tune နော်

4.4 မှာ ကော်ဖီမေးခွန်းလေးတွေဖြေရင်း ဘယ်လို Mystery Bean မျိုးကို ကံထူးမလဲ? ☕️✨😉IWCA Myanmar/ Phama Club / Three Dots က ဦ...
02/04/2026

4.4 မှာ ကော်ဖီမေးခွန်းလေးတွေဖြေရင်း ဘယ်လို Mystery Bean မျိုးကို ကံထူးမလဲ? ☕️✨😉
IWCA Myanmar/ Phama Club / Three Dots က ဦးစီးကျင်းပတဲ့ “ Coffee Tasting Experience “ပွဲမှာ ပျော်စရာ မေးခွန်းလေးတွေဖြေရင်း…
Keen Bean ရဲ့ Mystery Coffee Tube လေးတွေထဲမှာ ဘယ်လိုထူးခြားတဲ့ ကော်ဖီအရသာတွေ ဝှက်ထားမလဲဆိုတာ ဖော်ထုတ်ကြမယ်နော် 😎

သင်္ကြန် လမှာ ကော်ဖီဖျော်သောက်စို့ ☕️🥰
Happy Thingyan & Good Luck! 💦☀️

#ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်

Gesha (Geisha) ရဲ့ ခေတ်ကုန်သွားပြီလား? သမိုင်းဝင် အောင်မြင်မှုမှသည် အနာဂတ် စိန်ခေါ်မှုများဆီသို့….Specialty Coffee လောကမ...
24/03/2026

Gesha (Geisha) ရဲ့ ခေတ်ကုန်သွားပြီလား? သမိုင်းဝင် အောင်မြင်မှုမှသည် အနာဂတ် စိန်ခေါ်မှုများဆီသို့….
Specialty Coffee လောကမှာ Gesha ဆိုတာ နာမည်ကြားရုံနဲ့တင် လူတိုင်းစိတ်ဝင်စားရတဲ့ "Iconic Variety" တစ်ခုပါ။ ဒါပေမဲ့ နောက်ဆုံးထွက် World Coffee Championships (WCC) ရလဒ်တွေအရ Gesha ရဲ့ နေရာမှာ တခြားသော Rare Species တွေက အစားထိုးလာတာကို တွေ့ရပါတယ်။ ဒီနေ့မှာတော့ Gesha ရဲ့ ဖြစ်တည်မှုနဲ့ သူ့ရဲ့ အနာဂတ်အကြောင်းကို အသေးစိတ် ဆွေးနွေးကြည့်ချင်ပါတယ်။
Gesha ဘာကြောင့် ဒီလောက် နာမည်ကြီးခဲ့တာလဲ?
၂၀၀၄ ခုနှစ် Best of Panama (BoP) လေလံပွဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ Gesha ဟာ သူ့ရဲ့ ထူးခြားတဲ့ Floral notes တွေနဲ့ Tea-like body ကြောင့် ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး ကော်ဖီအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၉ အထိ World Brewers Cup ချန်ပီယံ ၉ ယောက်မှာ ၇ ယောက်က Gesha ကိုပဲ သုံးပြီး အနိုင်ရခဲ့တာဟာ သူ့ရဲ့ အရည်အသွေးကို သက်သေပြနေတာပါ။
လက်ရှိ အပြောင်းအလဲ Gesha ရဲ့ နေရာမှာ ဘာတွေ အစားထိုးလာသလဲ?
အခုနောက်ပိုင်းမှာ Professional Barista တွေဟာ Gesha တစ်ခုတည်းကိုပဲ အားကိုးမနေတော့ပါဘူး။၂၀၂၁ WBC ချန်ပီယံ Diego Campos နဲ့ Brewers Cup ချန်ပီယံ Matt Winton တို့ဟာ Gesha အစား Arabica ရဲ့ မိခင်မျိုးစိတ်ဖြစ်တဲ့ C. eugenioides ကို သုံးပြီး အနိုင်ရခဲ့ပါတယ်။Processing Power အားကောင်းလာတာနဲ့အမျှ အခုခေတ်မှာ မျိုးစိတ်တင်မကဘဲ Carbonic Maceration, Anaerobic Fermentation , Darkroom Fermentation လိုမျိုး နည်းပညာသစ်တွေက ကော်ဖီရဲ့ အရသာကို အံ့ဩစရာကောင်းအောင် ပြောင်းလဲပေးနိုင်လာပါတယ်။ ဒါကြောင့် "နာမည်ကြီးမျိုးစိတ်" ထက် "ထူးခြားတဲ့ Processing" ပါတဲ့ ကော်ဖီတွေက ပိုပြီး နေရာရလာပါတယ်။
Gesha ရဲ့ အနာဂတ် အလားအလာ 🤔
Gesha ရဲ့ ခေတ်ကုန်သွားပြီလားလို့ မေးရင် "မဟုတ်ပါဘူး" လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ သူ့ရဲ့ ပုံစံကတော့ ပြောင်းလဲသွားနိုင်ပါတယ်-
*Gesha ဟာ "Luxury Coffee Symbol" အဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်ပြီး ဈေးနှုန်းတွေကလည်း စံချိန်တင် မြင့်တက်နေဦးမှာပါ။
*Panama တစ်ခုတည်းတင်မကဘဲ Colombia, Ethiopia နဲ့ Myanmar လို Origin တွေက ထွက်တဲ့ အရည်အသွေးမြင့် Gesha တွေရဲ့ ယှဉ်ပြိုင်မှုကို ပိုမြင်တွေ့ရမှာပါ။
*Gesha ဟာ ရာသီဥတုဒဏ်ကို ခံနိုင်ရည်နည်းတဲ့အတွက် အနာဂတ်မှာ စိုက်ပျိုးဖို့ ပိုခက်ခဲလာနိုင်ပြီး ရှားပါးမှုကြောင့် ဈေးနှုန်းက ပိုမြင့်လာနိုင်ပါတယ်။

Barista တွေအတွက် Gesha ဆိုတာ အကောင်းဆုံးမျိုးစိတ်တစ်ခု ဖြစ်နေဆဲပါ။ ဒါပေမဲ့ Professional Barista တစ်ယောက်အနေနဲ့ Gesha တစ်ခုတည်းမှာပဲ ပိတ်မိမနေဘဲ တခြားသော Rare varieties တွေနဲ့ Processing techniques အသစ်တွေကို အမြဲလေ့လာစမ်းသပ်နေဖို့ လိုအပ်ပါတယ်။

ကိုယ့်အနေနဲ့ကော Gesha ရဲ့ မူလအရသာ (Classic Floral) ကိုပဲ ကြိုက်သလား? ဒါမှမဟုတ် အခုနောက်ပိုင်း ခေတ်စားလာတဲ့ Fermentation ပြင်းပြင်းနဲ့ ထွက်လာတဲ့ Gesha အသစ်တွေကို ပိုကြိုက်သလား? ကိုယ်ကိုယ်တိုင်ရော ဘယ်လိုမျိုးစိတ်သစ်တွေကို စမ်းမြည်းကြည့်ချင်လဲ" Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရတယ်နော်။ 😍

ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်။

Coffee Shop Menu ရေးဆွဲတဲ့အခါ ရှောင်သင့်တဲ့အမှား ၃ ချက်ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ menu က Customer ဆွဲဆောင်နိုင်မှုနဲ့ စီးပွာ...
03/03/2026

Coffee Shop Menu ရေးဆွဲတဲ့အခါ ရှောင်သင့်တဲ့အမှား ၃ ချက်

ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ menu က Customer ဆွဲဆောင်နိုင်မှုနဲ့ စီးပွားရေးအောင်မြင်မှုကို တိုက်ရိုက်သက်ရောက်ပါတယ်။ ကော်ဖီဆိုင်တွေမှာ အများဆုံးတွေ့ရတဲ့ menu design အမှား ၃ ခုကို ဒီနေ့မျှဝေချင်ပါတယ်။

၁။ Flavor Diversity မရှိခြင်း (သို့မဟုတ်) ပိုင်ရှင်ကြိုက်တဲ့ကော်ဖီတွေပဲ ထည့်ခြင်း
Specialty coffee အတွေ့အကြုံရှိသူတွေက bright, clean flavor , Acidity (အချဉ်ဓာတ်များတဲ့)ကော်ဖီကို နှစ်သက်ကြပေမယ့် ကော်ဖီအသစ်သောက်သူတွေနဲ့ traditional coffee ကြိုက်သူများအတွက် ချဉ်လွန်းနေနိုင်ပါတယ်။ အချဉ်ပါတဲ့ ကော်ဖီကို နွားနို့ ၊ သကြား စတဲ့ အချိုအရသာ ရောစပ်လိုက်တဲ့အခါ အရသာ မညီမျှမှုဖြစ်ပြီး လူအများစုမကြိုက်တာတွေ့ရပါတယ်။ ဒါကြောင့် ကော်ဖီအရသာ ပြင်ဆင်တဲ့အခါ ကော်ဖီရွေးချယ်စရာ နှစ်မျိုး အနည်းဆုံးထားတာက ဆိုင်ရဲ့ ဧည့်သည်ကို လျော့မသွားအောင် တစ်ဖက်တလှမ်းက ကူညီပေးပါတယ်။
Drip Coffee တွေမှာလဲ washed / Natural/Honey စတဲ့ processing အမျိုးမျိုးထားရှိတာက ကော်ဖီသောက်သူတွေ နောက်တစ်ခါပြန်လာစေဖို့ဆွဲဆောင်မှုတစ်ခုပါ။

၂။ Price Range Strategy မရှိခြင်း
(အရည်အသွေးနဲ့ ဝယ်ယူနိုင်စွမ်း အချိုးညီမှု)
Menu ထဲက ကော်ဖီအားလုံး တူညီသော ဈေးနှုန်း တစ်ခုတည်းမှာ ရှိနေခြင်းဟာ market segment များစွာကို လက်လွတ်စေနိုင်ပါတယ်။ Premium micro-lot နဲ့ Signature menu တွေက brand image ကို မြှင့်တင်ပေးနိုင်တာမှန်ပါတယ်။ ဒါပေမယ့် နေ့စဉ်သောက်နိုင်တဲ့ approachable option များလည်း မရှိမဖြစ်လိုအပ်ပါတယ်။
Premium, Standard , Value options ဆိုပြီး ဈေးနှုန်းအဆင့် ၃ ဆင့် ထားရှိခြင်းဖြင့် —
Brand premium image ကို ထိန်းသိမ်းနိုင်ပါတယ်။
Upselling အခွင့်အလမ်းများကို ဖန်တီးနိုင်ပြီး နေ့စဉ်ဝင်ငွေကို တည်ငြိမ်စေပါတယ်။
ဥပမာနှင့်တကွပြောပြပေးပါမယ်။
Premium option → Geisha, micro-lot, experimental/ Signature Drinks
Standard option → single origin/ Bestseller menus
Value option → blend, house coffee / Classic menus
Customer ရဲ့ ဝယ်ယူနိုင်စွမ်း၊ အရသာအမြင်၊ သောက်သုံးတဲ့အကြိမ်ရေက မတူညီတဲ့အတွက် specialty coffee ကို လူတိုင်း ခံစားနိုင်အောင် အရည်အသွေးနဲ့ စျေးနှုန်းကြား မျှတစွာ စဉ်းစားဖို့ လိုပါတယ်။

၃။ Seasonality နှင့် Stock Management
Regular customers များအတွက် “အရသာတည်ငြိမ်မှု” သည် ယုံကြည်မှုတစ်ခုဖြစ်ပါတယ်။ကော်ဖီသည် စိုက်ပျိုးရေးထုတ်ကုန်ဖြစ်သောကြောင့် harvest season အလိုက် ရရှိနိုင်မှု ပြောင်းလဲပါတယ်။ Stock planning မပြည့်စုံပါက —
ကော်ဖီအရသာများ ခဏခဏ ပြောင်းလဲနေနိုင်ပြီး
ပုံမှန်လာရောက်သောက်သုံးသော customer များအတွက် consistency လျော့နည်းသွားနိုင်ပါတယ်။

ဒါကြောင့်-
Coffee bean stock ကို harvest cycle အလိုက် ကြိုတင်စီစဉ်ထားခြင်း၊Out of stock ဖြစ်မည့်အချိန်ကို ခန့်မှန်း၍ အစားထိုးနိုင်သော similar profile များ ပြင်ဆင်ထားခြင်း
Signature menu များအတွက် အခြား ingredients (milk, syrup, sauce စသည်) ကိုလည်း stock မပြတ်အောင် စီမံခြင်းတို့ လိုအပ်ပါတယ်။တစ်ခါနဲ့တစ်ခါ ဖျော်သည့်အခါ အရသာတူညီနေစေရန် recipe standardization နှင့် ingredient consistency က အရမ်းအရေးကြီးပါတယ်။

Coffee menu တစ်ခုဆိုသည်မှာ_
Customer အလွှာများကို နားလည်ခြင်း
ဝယ်ယူနိုင်စွမ်းကို စဉ်းစားခြင်း
Seasonality နှင့် Consistency ကို စီမံခန့်ခွဲခြင်းတို့၏ ပေါင်းစပ်ရလဒ်ဖြစ်ပါတယ်။

Flavor Diversity သည် ရွေးချယ်စရာကို ပေးပြီး
Price Range Strategy က လက်လှမ်းမီမှုကို တိုးမြှင့်ပေးပါတယ်
Seasonal Planning က Brand ကို အသစ်တဖန်ဖြစ်စေသော်လည်း Consistency ကတော့ယုံကြည်မှုကို တည်ဆောက်ပေးပါလိမ့်မယ်။
ဒါ့ကြောင့် Menu ဒီဇိုင်းရေးဆွဲခြင်းကို စနစ်တကျ စဉ်းစားလုပ်ဆောင်ခြင်းသည် Coffee Business တစ်ခုအတွက် မဖြစ်မနေ အရေးကြီးသောအချက်တစ်ခု ဖြစ်ပါတယ်။

#ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်

23/02/2026

ပန်းခြံလေးမှာ ကော်ဖီတစ်ခွက်ဖျော်ရင်း... 🌳☕

လေညင်းလေးတိုက်ခတ်တာ၊ ငှက်သံလေးတွေကြားရတာ၊ သစ်ရွက်တွေ လှုပ်ရှားနေတဲ့အသံလေးတွေ... သဘာဝရဲ့ ငြိမ်းချမ်းမှုကို ခံစားရင်း ကော်ဖီတစ်ခွက်ကောင်းကောင်း ဖျော်ချိန်မှာ စိတ်ကိုလည်း အနားယူခွင့်ရတယ်။

ရှုပ်ထွေးနေတဲ့ ဘဝကြီးထဲမှာ ဒီလို ခဏလေး နှေးကွေးခွင့်ရတာက အရမ်းကောင်းပါတယ်။ 🍃

မတူညီတဲ့နေရာမှာ မတူညီတဲ့ ခံစားချက်နဲ့ ကော်ဖီတွေဖျော်ချင်ပါသေးတယ်။

Drip coffee brewing from Keen Bean Coffee.
ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်

ကမ္ဘာ့ကော်ဖီပြိုင်ပွဲတွေမှာ သုံးနေကြတဲ့ Brewing Tools တွေကို သိကောင်းစရာ - Barista တွေ ဘာကြောင့် အသစ်အဆန်းတွေကို အသုံးပြ...
20/02/2026

ကမ္ဘာ့ကော်ဖီပြိုင်ပွဲတွေမှာ သုံးနေကြတဲ့ Brewing Tools တွေကို သိကောင်းစရာ - Barista တွေ ဘာကြောင့် အသစ်အဆန်းတွေကို အသုံးပြုကြသလဲ?
Filter coffee တစ်ခွက် ဖျော်ကြည့်ဖူးသူတိုင်း သိမှာပါ - တစ်ရက်နဲ့တစ်ရက် အရသာ မတူတာမျိုး ကြုံဖူးကြမှာပါ။ ကော်ဖီစေ့တူတူ၊ ရေတူတူ သုံးပေမယ့် ဘာကြောင့် အရသာ မညီသလဲဆိုတာ တွေးမိဖူးကြမှာပါ။ ကမ္ဘာ့ barista တွေလည်း ဒီပြဿနာကို ဖြေရှင်းဖို့ နှစ်တိုင်း brewer အသစ်တွေ၊ tool အသစ်တွေ ရှာဖွေစမ်းသပ်နေကြပါတယ်။ ဒါဆို သူတို့ ဘာတွေ တွေ့ရှိနေကြပြီလဲ၊ ဘာတွေ သုံးနေကြသလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ...
အဓိကအချက် - ဘာကြောင့် tool အသစ်တွေ လိုအပ်လာသလဲ?
ကော်ဖီအရသာ တစ်ခွက်နဲ့တစ်ခွက် မညီဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဖျော်တဲ့အခါ ထိန်းချုပ်ရတဲ့ variable (အပြောင်းအလဲဖြစ်နိုင်တဲ့အချက်) တွေ အများကြီးရှိနေလို့ဖြစ်ပါတယ်။
ဥပမာ -
* ရေ မြန်မြန်လောင်းသလား၊ နှေးနှေးလောင်းသလား (Flow Rate)
* ရေ ဘယ်လောက်ပူပူ သုံးသလဲ (Temperature)
* ကော်ဖီမှုန့် ညီညီမျှမျှ ကြိတ်မိသလား (Particle Size)
ဒီ variable တွေထဲမှာ တစ်ခုခုပဲ ကွာသွားရင်တောင် ကော်ဖီအရသာ ကွာသွားနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ barista တွေဟာ ဒီ variable တွေကို တတ်နိုင်သမျှ တိကျစွာ ထိန်းချုပ်နိုင်တဲ့ tool တွေကို အမြဲရှာဖွေနေကြတာဖြစ်ပါတယ်။
2025 ပြိုင်ပွဲမှာ သုံးခဲ့ကြတဲ့ Brewer တွေ
အရင်ကတော့ Classic Brewers တွေဖြစ်တဲ့ Hario V60, Kalita Wave, Chemex တို့ကသာ competition stage မှာ အများဆုံးမြင်တွေ့ရပါတယ်။ 2025 WBrC (World Brewers Cup) finals မရောက်ခင်အထိ ဒီ brewer သုံးမျိုးကသာ champion တွေ အသုံးပြုကြတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ Hario Switch, Origami, Orea စတဲ့ hybrid brewer တွေ ပေါ်လာပါတယ်။ Hario Switch ကတော့ immersion (စိမ်ဖျော်နည်း) နဲ့ percolation/pour over (စစ်ဖျော်နည်း) နှစ်မျိုးလုံးကို ရွေးချယ်သုံးနိုင်တဲ့ brewer ဖြစ်ပါတယ်။ Body, sweetness, clarity တွေကို experiment လုပ်ဖို့ ကောင်းပါတယ်။
2025 ခုနှစ် WBrC ဆုရှင် George Jinyang Peng က SOLO dripper ကို သုံးခဲ့ပါတယ်။ ဒီ brewer ရဲ့ အထူးလက္ခဏာကတော့ -
* 40° angled walls (မတ်စောင်းနံရံ)
* Large bottom hole (ကြီးသောအောက်ခြေအပိုင်း)
* Curved bottom design (ကွေးကောက်သောအောက်ခြေ)
ဒီ design တွေကြောင့် flow rate မြင့်တက်ပြီး more even extraction (ညီညာသောအရသာထွက်ပေါ်မှု) ဖြစ်စေပါတယ်။
WDT Tool ဆိုတာဘာလဲ? ဘာကြောင့် ဒါကို သုံးကြသလဲ?
ကော်ဖီကြိတ်ပြီးတိုင်း မှုန့်တွေဟာ တစ်ခုနဲ့တစ်ခု ကပ်ပြီး အတုံးအခဲ (Clump) တွေဖြစ်တတ်ပါတယ်။ အဲ့လို clump တွေဖြစ်နေရင် ရေဟာ အဲ့နေရာကို ကျော်ပြီး အက်ကွဲကြောင်းမှသာ စီးသွားတတ်ပါတယ် - ဒါကို Channeling လို့ ခေါ်ပါတယ်။ Channeling ဖြစ်တဲ့အခါ ကော်ဖီမှုန့်အားလုံးကနေ ညီညာစွာ အရသာ မထွက်တော့ပါဘူး။
WDT (Weiss Distribution Technique) tool ဆိုတာကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ အပ်သေးသေးလေးတွေနဲ့ ကော်ဖီမှုန့်တွေကို မွှေပေးတဲ့ ကိရိယာဖြစ်ပါတယ်။ မွှေပေးလိုက်ခြင်းအားဖြင့် -
* Clump တွေ ပြိုကွဲသွားပါတယ်
* Channeling ဖြစ်နိုင်ခြေ လျော့ကျသွားပါတယ်
* ကော်ဖီမှုန့်တွေ ညီညာစွာ ဖြန့်ကျဲနေပါတယ်
2022 WBC (World Barista Championship) မှာ Anthony Douglas အနိုင်ရပြီးနောက်ကတည်းက ကမ္ဘာ့ barista အများစု standard tool အဖြစ် သုံးလာကြပါတယ်။ ယနေ့တော့ home barista တွေဆီပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။
2022 World Brewers Cup Champion ဖြစ်သူ Sherry Hsu က ဒီလိုပြောပါတယ် -
"Brewing tools တွေဟာ ကျွန်မတို့ Barista တွေအတွက် ကိရိယာသက်သက်မဟုတ်ပဲ ဒီ tool တွေက human error ကို လျှော့ချပေးပြီး ကော်ဖီတိုင်းရဲ့ အကောင်းဆုံး အရသာကို ထုတ်ယူနိုင်ဖို့ ကူညီပေးပါတယ်။"
နောင်လာမည့် Coffee Tools တွေ ဘယ်လိုဖြစ်လာမလဲ?
Sherry Hsu ရဲ့ ခန့်မှန်းချက်အရ future tools တွေမှာ trend သုံးမျိုး ပိုထင်ရှားလာမှာဖြစ်ပါတယ် -
၁။ Design Evolution (ဒီဇိုင်းတိုးတက်ပြောင်းလဲမှု) ပိုကောင်းတဲ့ material တွေနဲ့ ပိုတိကျတဲ့ shape တွေ သုံးလာမှာဖြစ်ပြီး thermal stability (အပူချိန်တည်ငြိမ်မှု) ကို ပိုအာရုံစိုက်လာမှာဖြစ်ပါတယ်။
၂။ Water Quality Focus (ရေအရည်အသွေးအပေါ် အာရုံစိုက်မှု) ရေဟာ ကော်ဖီ flavor ရဲ့ အခြေခံဖြစ်ပါတယ်။ ဒါကြောင့် water chemistry ကို ပိုနားလည်ပြီး mineral တွေ ချိန်ညှိသုံးလာကြမှာဖြစ်ပါတယ်။
၃။ Data-Driven Brewing (အချက်အလက်အပေါ် အခြေခံသောဖျော်ခြင်း) "ခံစားချက်နဲ့ ဖျော်ခြင်း" ကနေ "အချက်အလက်နဲ့ ဖျော်
ခြင်း" သို့ ပြောင်းလာနေပါတယ်။ အခုဆို Flow rate scale တွေ၊ TDS refractometer တွေက standard ဖြစ်လာနေပါပြီ။

အမြဲမှတ်ထားရမှာက...
ကမ္ဘာ့ပြိုင်ပွဲကြီးတွေမှာ သုံးနေတဲ့ tool တွေဟာ နှစ်အနည်းငယ်အတွင်း home barista တွေနဲ့ coffee shop တွေဆီကိုပါ ရောက်ရှိလာတတ်ပါတယ်။ WDT tool ကိုပဲကြည့်ပါ - competition stage ကနေ ယနေ့ home setup တွေဆီ ပျံ့နှံ့သွားပြီဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ brewing trends တွေကို လိုက်ကြည့်ထားခြင်းဟာ ကျွန်တော်တို့ မြန်မာ့ specialty coffee scene အတွက်လည်း အရေးကြီးတဲ့ သင်ယူစရာတွေ ရှိနေပါတယ်။
Precision (တိကျမှု) နဲ့ simplicity (ရိုးရှင်းမှု) ကို တွဲဖက်နိုင်တဲ့ tool တွေသာ အကောင်းဆုံးဖြစ်မှာပါ။ ကိုယ်သုံးနေတဲ့ tool တွေကို နားလည်ပြီး ဘာကြောင့်သုံးသလဲဆိုတာ သိထားဖို့ကတော့ barista တိုင်းအတွက် အရေးကြီးပါတယ်။နားလည်ပြီးသုံးတဲ့ tool က နားမလည်ပဲသုံးတဲ့ စျေးကြီးတဲ့ tool တစ်ခုထက် အများကြီးပိုကောင်းပါတယ်။☕️

#ဒီနေ့အတွက်ကော်ဖီကောင်းတစ်ခွက်ရှိတယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Keen Bean Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category