Daw Tin Tin Tea

Daw Tin Tin Tea Mawlamyaing based finest quality and affordable tea distributor from Myanmar.

ဒီတစ်ပတ် ဗဟုသုတ အနေနဲ့ဝေမျှချင်တာကတော့ တရုတ်ပြည်မှာ ရေနွေကြမ်းနဲ့တွဲဖက်စားသုံးတဲ့ သရေစာတစ်မျိုးကတော့ Mooncake မြန်မာအခေါ...
17/09/2026

ဒီတစ်ပတ် ဗဟုသုတ အနေနဲ့ဝေမျှချင်တာကတော့ တရုတ်ပြည်မှာ ရေနွေကြမ်းနဲ့တွဲဖက်စားသုံးတဲ့ သရေစာတစ်မျိုးကတော့ Mooncake မြန်မာအခေါ် လမုန့်ပဲဖြစ်ပါတယ်။ လမုန့်ကို ဌာပနာအနေနဲ့ ပဲမဲ ပဲဝါ ဒူးရင်းယို နာနတ်ယို ဝက်ပေါင်ခြောက် အစရှိသည်တို့ကို ထည့်သွင်းပြီး ပြုလုပ်စားသုံးလေ့ရှိပါတယ်။

Mooncake တွေကို တရုတ်လူမျိုးတွေဟာ သူတို့ရဲ့ရိုးရာပွဲတစ်ခုဖြစ်တဲ့ Mid-Autum Festival မြန်မာအခေါ် လမုန့်ပွဲတော် ရောက်တိုင်းမှာ လက်ဆောင်အနေနဲ့ အပြန်အလှန်ပေးကမ်းလေ့ရှိပါတယ်။

တရုတ်ရိုးရာ လမုန့်နှင့် လမုန့်ပွဲတော်နဲ့သက်ဆိုင်​သော စိတ်ဝင်စားဖွယ် အချက်အလက်တစ်ချို့က​​တော့

* ကြက်ဥ/ဘဲဥငန်အနှစ်၏ အဓိပ္ပာယ်

လမုန့်အလယ်မှာ ထည့်လေ့ရှိတဲ့ ဘဲဥငန်အနှစ်သည် "ပြည့်ဝဝိုင်းစက်သော လပြည့်ဝန်း" ကို ကိုယ်စားပြုပြီး ကံကောင်းခြင်းနှင့် သာယာဝပြောခြင်း၏ သင်္ကေတကိုပုံ​ဖော်ခြင်းပဲဖြစ်ပါတယ်။

နတ်သမီး ချန်အဲ (Chang'e)ရဲ့ ဒဏ္ဍာရီ

လမုန့်ပွဲတော်သည် လမင်းပေါ်မှာရှိတဲ့ လနတ်သမီး ချန်အဲ ကို ပူဇော်သော ရိုးရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး လပြည့်ညတွင် လမုန့်နှင့် သစ်သီးများဖြင့် လနတ်သမီးအား ပူဇော်လေ့ရှိကြပါတယ်။


လမုန့်ဆိမ့်ဆိမ့် ချိုချိုလေးတွေကို အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဒေါ်တင်တင် ရေနွေးကြမ်းလေးတွေ တွဲဖက် သောက်သုံးပြီး စားကြည့်ကြပါစို့။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပတ်များကတော့....
ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။
ဖုန်း ၀၅၇-၂၅၇၂၂ ၊ ၀၉-၄၂၄၁၆၃၀၀၉
ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

အခါးမပြင်းဘဲ စလယ်ဆုံး  အရသာတစ်မျိုးတည်းပေးစွမ်းမယ့် ရှမ်းပြည်တောင်ပိုင်းမှ လာတဲ့ အရည်အသွေးမြင့် လက်ဖက်ညွှန့်လေးများကို န...
10/09/2026

အခါးမပြင်းဘဲ စလယ်ဆုံး အရသာတစ်မျိုးတည်းပေးစွမ်းမယ့် ရှမ်းပြည်တောင်ပိုင်းမှ လာတဲ့ အရည်အသွေးမြင့် လက်ဖက်ညွှန့်လေးများကို နေလှန်းအခြောက်ခံကာ
ထုတ်လုပ်ထားတဲ့ ဒေါ်တင်တင် ပင်လောင်းလက်ဖက်ခြောက်

ကျစ်လစ်ပြီးအဆီအနှစ်ပြည့်ဝတဲ့ ရွက်လိမ်ခြောက်လေးတွေကို အသုံးပြုထားတဲ့အတွက်ကြောင့် ရေနွေးထဲထည့် သောက်လိုက်တဲ့အခါမှာ အနံ့လေးမွှေးနေပြီး အခါးမပြင်းဘဲ အခါးပြေပြစ်တဲ့ အရသာကို ရရှိစေမှာပါ။ အရသာကလည်း ပြောင်းလဲသွားခြင်းမရှိဘဲ စလယ်ဆုံး အရသာတစ်မျိုးတည်းကိုသာ ပေးစွမ်းမယ့် ဒေါ်တင်တင် ပင်လောင်းလက်ဖက်ခြောက်။

ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်ကနေ ထုတ်လုပ်ထားတဲ့ ပင်လောင်းလက်ဖက်ခြောက် အထုပ်လေးများကို မော်လမြိုင်မြို့ရှိ ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါပြီ။

လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကတော့....

ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။ ဖုန်း ၀၉-၄၂၄၁၆၃၀၀၉။၀၅၇-၂၆၄၈၈။

ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂
#ဒေါ်တင်တင်
#ပင်လောင်းလက်ဖက်ခြောက်

ကုန်အမှတ်တံဆိပ်တစ်ခု နှစ်ပေါင်းဆယ်စုနှစ်များစွာကြာအောင် ရပ်တည်နေနိုင်တာဟာစားသုံးသူ အားပေးသူ Customerများကြောင့်သာ အခုလို...
03/09/2026

ကုန်အမှတ်တံဆိပ်တစ်ခု နှစ်ပေါင်းဆယ်စုနှစ်များစွာကြာအောင် ရပ်တည်နေနိုင်တာဟာ
စားသုံးသူ အားပေးသူ Customerများကြောင့်သာ အခုလိုမျိုးရပ်တည်နေနိုင်နေတာပါ။

🌱🤩ဒေါ်တင်တင်လက်ဖက်ခြောက်ကို နှစ်ပေါင်း(၄၅)နှစ်ကျော်ကြာတိုင်အောင် အစဥ်တစိုက်အားပေးလာခဲ့ကြသော Customerများကို အထူးကျေးဇူးတင်ရှိပါတယ်။

😍ကျွန်တော်တို့ ‌ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်မှလည်း အရည်အသွေးကို အကောင်းမွန်ဆုံးထိန်းသိမ်းကာ ထုတ်လုပ်ပေးလျက်ရှိပါတယ်ခင်ဗျာ။

ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်မှာဆိုရင်

ဇယန်းချဉ်နံလက်ဖက်ခြောက်
ကောက်ညှင်းမွှေးလက်ဖက်ခြောက်
ရွှေဖီမိုးလွတ်လက်ဖက်ခြောက်
ရွှေဖီညွန့်လက်ဖက်ခြောက်
နတ်သစ်ရွက်လက်ဖက်ခြောက်
ပင်လောင်းလက်ဖက်ခြောက်
လှော်မွှေးလက်ဖက်ခြောက်
ကိုးကန့်လက်ဖက်ခြောက်
ရောင်းတန်းလက်ဖက်ခြောက်
အချိုခြောက်အထုပ်လေးများကို ဝယ်ယူရရှိနိုင်ပါပြီ။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကတော့....

🏡ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။ ဖုန်း ၀၉-၄၂၄၁၆၃၀၀၉။၀၅၇-၂၆၄၈၈။

🏡ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

ဒေါ်တင်တင် လက်ဖက်ခြောက်မှ ထုတ်လုပ်ထားတဲ့ နတ်သစ်ရွက် လက်ဖက်ခြောက် (Green Tea) ခပ်ထားတဲ့ ရေနွေးကြမ်းကို ပျားရည်ရောစပ်ပြီး ...
27/08/2026

ဒေါ်တင်တင် လက်ဖက်ခြောက်မှ ထုတ်လုပ်ထားတဲ့ နတ်သစ်ရွက် လက်ဖက်ခြောက် (Green Tea) ခပ်ထားတဲ့ ရေနွေးကြမ်းကို ပျားရည်ရောစပ်ပြီး သောက်သုံးခြင်းအားဖြင့် အနံ့ အရသာ ချိုချိုမွှေးမွှေးလေး ရတဲ့အပြင် အောက်ဖော်ပြပါ ကျန်းမာရေးကောင်းကျိုးများစွာ ရရှိမှာဖြစ်ပါတယ်။

၁။ နှလုံးကို ကျန်းမာစေပြီး နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းများကို ပိုမိုကောင်းမွန် စေဖို့ အထောက်အကူပြုပါတယ်။

၂။ ကိုလက်စတရောကို လျှော့ချပေးခြင်းဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါများကို ကာကွယ်နိုင်ပါတယ်။

၃။ ခံတွင်းမှာရှိတယ့် ဘက်တီးရီးရားများနဲ့ ပိုမွှားများကို ကင်းစင်စေခြင်းကြောင့် ခံတွင်း အနံ့အသက်ဆိုးခြင်းမှကာကွယ်ပေးပါတယ်။

၄။ ပုံမှန်သောက်သုံးပါက ကျန်းမာပြီး သန်စွမ်းသော အရိုးအဆစ်များကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ပိုပြီးသင့်တော်ပါတယ်။

၅။ ရေနွေကြမ်းနှင့် ပျားရည်နှစ်မျိုးလုံးဟာ အန်တီအောက်စီဒင့် (Antioxidants) လို့ခေါ်တဲ့ ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါရှိတာကြောင့် အသားအရေကို ပိုမိုဝင်းလက် နုပျိုစေပါတယ်။ ဝက်ခြံထွက်ခြင်းကိုလည်း အထိုက်အလျှောက် သက်သာစေပါတယ်။

၆။ အမျိုးသမီး သာမက အမျိုးသားများ၌ပါ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ပိုမိုသန်စွမ်းတဲ့ ဆံကေသာကို ရရှိနိုင်ပါတယ်။

၇။ ကိုယ်ခံအားကို ပိုမိုကောင်းမွန်စေပြီး ရာသီတုပ်ကွေးမှလည်းသက်သာစေပါတယ်။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပတ်များကတော့....
ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။
ဖုန်း ၀၅၇-၂၅၇၂၂ ၊ ၀၉-၄၂၄၁၆၃၀၀၉
ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

ဘဝရဲ့ အချိုးအကွေ့တွေမှာ ကြုံရတယ့် ခါးသီးတဲ့ ဘဝအမောတွေကို ဒေါ်တင်တင် အချိုခြောက်နဲ့နှပ်ထားတဲ့ လက်ဖက်ရည်ချိုချိုလေးတစ်ခွက်...
20/08/2026

ဘဝရဲ့ အချိုးအကွေ့တွေမှာ ကြုံရတယ့် ခါးသီးတဲ့ ဘဝအမောတွေကို ဒေါ်တင်တင် အချိုခြောက်နဲ့နှပ်ထားတဲ့ လက်ဖက်ရည်ချိုချိုလေးတစ်ခွက်ဖန်တီးပြီး ရင်ဆိုင်ကျော်ဖြတ်လိုက်ကြပါစို့။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကတော့....

ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။

ဖုန်း ၀၅၇-၂၅၇၂၂ ၊ ၀၉-၄၂၄၁၆၃၀၀၉
ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

🌿ရေနွေးကြမ်းကို တမူထူးခြားတဲ့ အရသာနဲ့ သောက်သုံးချင်သူများအတွက် ဘယ်တော့မှ မပြောင်းလဲစေတဲ့  လက်ဖက်သားအရသာနဲ့"ဒေါ်တင်တင်"  ...
13/08/2026

🌿ရေနွေးကြမ်းကို တမူထူးခြားတဲ့ အရသာနဲ့ သောက်သုံးချင်သူများအတွက် ဘယ်တော့မှ
မပြောင်းလဲစေတဲ့ လက်ဖက်သားအရသာနဲ့"ဒေါ်တင်တင်" ဇယန်းချဥ်နံ့လက်ဖက်ခြောက်

🌿 ရှမ်းပြည်မြောက်ပိုင်း သဘာဝ အလှတရားများနဲ့ ပြည့်စုံရာဒေသဆီမှ ရရှိလာတဲ့
အနံ့အရသာနဲ့ပြည့်စုံသော ဇယန်းလက်ဖက်ရွက်များကို ဇကာချနေလှန်းပြီး
အခြားလက်ဖက်ခြောက်များနဲ့မတူ တမူဆန်းပြားကာ ပြုလုပ်ထားတဲ့အတွက်
လက်ဖက်အစိုကို စားနေရသလို အရသာမျိုးပေးစွမ်းနိုင်ပါတယ်။

🌿ဇယန်းလက်ဖက်ခြောက်ကပေးတဲ့ ချဥ်တဲ့အရသာဟာ စိတ်ကို ကြည်လင် လန်းဆန်းစေပြီး ရွှင်လန်းချမ်း‌မြေ့စေပါတယ်။

✌️သဘာဝတရားရဲ့ဖြစ်တည်မှုနဲ့ထပ်တူကျတဲ့ "ဒေါ်တင်တင်"ရဲ့ ဇယန်းချဥ်လက်ဖက်ခြောက်နဲ့ သင့်ရဲ့နေ့ရက်တိုင်းကို အတူတူဖြတ်သန်းလိုက်ကြရအောင်

ဆက်သွယ်မှာယူနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်များကတော့....

🏘️ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။
ဖုန်း ၀၅၇-၂၅၇၂၂ (လိုင်းခွဲ - ၂၅၃/၂၅၄)၊ ၀၅၇-၂၆၄၈၈။

🏘️ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂
#ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်



ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးတဲ့မုန့် "ဘန်းဒေါက်ဆန်း" (Bánh đậu xanh)အ​ကြောင်း ဘန်း​ဒေါက်ဆန်းဆိ...
06/08/2026

ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးတဲ့မုန့် "ဘန်းဒေါက်ဆန်း" (Bánh đậu xanh)အ​ကြောင်း

ဘန်း​ဒေါက်ဆန်းဆိုသည်မှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟိုင်ဒေါင် (Hải Dương) ပြည်နယ်မှ ထွက်ရှိသည့် နာမည်ကျော် လက်ဖက်ရည် ဒါမှမဟုတ် ​ရေ​နွေကြမ်းနဲ့ တွဲဖက်စားသုံးတဲ့ မုန့်တစ်မျိုး ဖြစ်ပါသည်။ အာရှနိုင်ငံများရှိ အခြား ပဲတီစိမ်းမုန့်များနှင့် မတူဘဲ ပါးစပ်ထဲတွင် စိမ့်ဝင်ပျော်ဝင်သွား​စေသည့် အရသာနှင့် ရွှေရောင်စက္ကူဖြင့် လှပစွာ ထုပ်ပိုးထားမှုတို့ကြောင့် ပိုမိုထင်ရှားပါသည်။

ရွှေနဂါးတံဆိပ်၏ သမိုင်းကြောင်း

ဤမုန့်၏ သမိုင်းကြောင်းမှာ ငုယင် (Nguyễn) မင်းဆက်၏ နောက်ဆုံးဧကရာဇ် ဘောက်ဒိုင် (Bảo Đại) လက်ထက်က စတင်ခဲ့ပါသည်။ ဧကရာဇ်သည် ဟိုင်ဒေါင်ပြည်နယ်သို့ ကြွရောက်စဉ် ဒေသခံများက သင်းပျံ့မွှေးကြိုင်သည့် ပဲတီစိမ်းမုန့်ကို ဆက်သခဲ့ရာ အရသာကို သဘောကျနှစ်ခြိုက်တော်မူသဖြင့် ဤမုန့်ထုပ်ပေါ်တွင် မင်းမြှောက်တံဆိပ်ဖြစ်သော "ရွှေနဂါး" (Golden Dragon / Rồng Vàng) ရုပ်ပုံ ရိုက်နှိပ်ခွင့် အမိန့်ပြန်တမ်း ထုတ်ပြန်ပေးခဲ့ပါသတယ်။ ထို့ကြောင့် ယနေ့ထက်တိုင် အကောင်းဆုံး မုန့်တံဆိပ်များတွင် ရွှေနဂါးပုံစံကို အသုံးပြုနေကြခြင်း ဖြစ်ပါသည်။

ထူးခြားသည့် ထုတ်လုပ်မှုနှင့် အရသာ

-အိစက်ပျော့ပြောင်းသည့် လျှို့ဝှက်ချက်

ပဲတီစိမ်းကို လှော်ပြီး အမှုန့်ကြိတ်ကာ သကြား၊ ဝက်ဆီ (သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ) နှင့် ကျောက်ခက်ပန်းရေ (pomelo blossom water) တို့ဖြင့် နယ်ဖတ်ပြုလုပ်ထားပါတယ်။ ဝက်ဆီရဲ့ နူးညံ့​စေမှုကြောင့် မုန့်ကို လျှာပေါ်တင်လိုက်သည်နှင့် အလွယ်တကူ ပျော်ဝင်သွားစေပါသည်။

-ရွှေရောင် အတုံးလေးများ ထုပ်ပိုးပုံ

မုန့်ကို စတုရန်းအတုံးငယ်လေးများ လှီးဖြတ်ကာ ၅ တုံး သို့မဟုတ် ၆ တုံးပါ အထုပ်ငယ်လေးများအဖြစ် ရွှေရောင် သို့မဟုတ် အနီရောင် စက္ကူဖြင့် ထုပ်ပိုးထားသဖြင့် အစိုဓာတ်မဝင်ဘဲ ပုံစံမပျက် ထိန်းသိမ်းပေးထားပါတယ်။

-လက်ဖက်ရည် သို့မဟုတ် ​ရေ​နွေးကြမ်းနှင့် တွဲဖက်သုံးဆောင်ပုံ

မုန့်တစ်ခုတည်း စားပါက အာခေါင်ကပ်သကဲ့သို့ ခံစားရနိုင်သော်လည်း ရေနွေးကြမ်း သို့မဟုတ် လက်ဖက်ရည်ပူပူ တစ်ငုံနှင့် တွဲဖက်သောက်သုံးလိုက်ပါက မုန့်၏ အချိုနှင့် ဆီအရသာသည် လျှင်မြန်စွာ ပျော်ဝင်သွားပြီး လက်ဖက်ရည်၏ ခါးသက်သက်အရသာကို မျှတသွားစေပါတယ်။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပတ်များကတော့....

🏠ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။ ဖုန်း ၀၉-၄၂၄၁၆၃၀၀၉၊ ၀၅၇-၂၆၄၈၈။

🏠ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်း လမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

“ကျန်းမာ၊လန်းဖြာဖို့ရာ နေ့စဥ်”ဒေါ်တင်တင်”ရေနွေးကြမ်းသောက်သုံးပါ”မိုးရာသီမှာ အအေးမိနှာစေးဖျားနာပါက ရေနွေးကြမ်းပူပူတစ်ခွက်...
30/07/2026

“ကျန်းမာ၊လန်းဖြာဖို့ရာ နေ့စဥ်”ဒေါ်တင်တင်”ရေနွေးကြမ်းသောက်သုံးပါ”

မိုးရာသီမှာ အအေးမိနှာစေးဖျားနာပါက ရေနွေးကြမ်းပူပူတစ်ခွက်သောက်ခြင်းဖြင့် ခန္ဓာကိုယ်အဆိပ်အတောက်များကိုဖယ်ရှားပြီး ခန္ဓာကိုယ်အပူရှိန်မြှင့်တက်မှုကို လျော့ချပေးပါတယ်။

ချောင်းခဏခဏဆိုးခြင်းကြောင့် ဖြစ်ပေါ်လာသော လည်ချောင်းနာခြင်းများအတွက်လည်း ရေနွေးကြမ်းသောက်ပြီးသက်သာပျောက်ကင်းစေကာ ခံတွင်းလည်းရှင်းစေပါတယ်။

မိုးစိုစိုမှာ အမျိုးသမီးများဓမ္မတာကြောင့် ကိုက်ခဲနေခြင်းဟာတော်တော်အဆင်မပြေတဲ့ ပြဿနာတစ်ရပ်ပါ။ ရေနွေးကြမ်းရဲ့အပူရှိန်က ဝမ်းဗိုက်ကြွက်သား တင်းခြင်းများကို သက်သာစေတာကြောင့်
အမျိုးသမီးများဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုများအတွက်အထူးသင့်တော်ပါတယ်။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်များကတော့....
ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။
ဖုန်း ၀၅၇-၂၅၇၂၂ (လိုင်းခွဲ - ၂၅၃/၂၅၄)၊ ၀၅၇-၂၆၄၈၈။
ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

#ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်



လက်ဖက်ခြောက်ကို ရေခဲသေတ္တာထဲမှာ သိမ်းလို့ရလား?လုံးဝသိမ်းလို့မရပါဘူးနော်။ အအေးခန်းထဲရော အခဲခန်းထဲပါသိမ်းလို့မရပါဘူး။ ရေခဲ...
23/07/2026

လက်ဖက်ခြောက်ကို ရေခဲသေတ္တာထဲမှာ သိမ်းလို့ရလား?

လုံးဝသိမ်းလို့မရပါဘူးနော်။ အအေးခန်းထဲရော အခဲခန်းထဲပါသိမ်းလို့မရပါဘူး။ ရေခဲ​သေတ္တာထဲမှာ ရေငွေ့စိုထိုင်းမှုများတဲ့အပြင် အနံ့အသက်တွေပါပြင်းထန်နိုင်တဲ့အတွက် လက်ဖက်ခြောက်တွေရဲ့ အနံ့အရသာကို ပျက်စီးစေပါတယ်။ တစ်ချို့ဆိုရင် လက်ဖက်ခြောက်ကို ရေခဲ​သေတ္တာထဲက အနံ့ဆိုးတွေပျောက်အောင် လက်ဖက်ခြောက် လေးတွေကိုထည့်ထားကြပါတယ်။ လက်ဖက်ခြောက်က အနံ့ဆိုးတွေကိုစုပ်ယူတဲ့အတွက်ကြောင့်ပါ။

ဒါဆို လက်ဖက်ခြောက်တွေကိုဘယ်လိုသိမ်းရင်ကောင်းမလဲ?

လက်ဖက်ခြောက်ကို အထုပ်ဖောက်ပြီးရင် လေလုံတဲ့ ဘူးခွံ ဖန်ပုလင်း အစရှိသည်တို့ထဲထည့်ပြီး စိုစွတ်မှုမရှိ နေရောင်ခြည်တိုက်ရိုက် မတွေ့ထိတဲ့ နေရာတွေမှာသိမ်းဆည်းတာ အကောင်းဆုံးပါ။

🤩လက်ဖက်ခြောက်မှာဆို ဒေါ်တင်တင်🤩

ဆက်သွယ်မှာယူနိုင်မဲ့ လိပ်စာနဲ့ ဖုန်းနံပတ်များကတော့....
ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။
ဖုန်း ၀၅၇-၂၅၇၂၂ ၊ ၀၉-၄၂၄၁၆၃၀၀၉
ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ဖုန်း ၀၅၇-၂၁၇၅၂

ရေနွေးကြမ်းကို အနံ့သင်းသင်းလေးနဲ့ သောက်သုံးချင်သူတွေအတွက် 🌾ကောက်ညှင်းမွှေးရွက်ရဲ့ ချိုအီတဲ့ အရသာနဲ့  ရွှေဖိမိုယ်းလွတ်လက်...
16/07/2026

ရေနွေးကြမ်းကို အနံ့သင်းသင်းလေးနဲ့
သောက်သုံးချင်သူတွေအတွက် 🌾ကောက်ညှင်းမွှေးရွက်ရဲ့ ချိုအီတဲ့ အရသာနဲ့ ရွှေဖိမိုယ်းလွတ်လက်ဖက်တို့
အချိုးကျကျ စနစ်တကျ ရောနှောပေါင်းစပ်ထားတာမို့ သောက်သုံးလိုက်တိုင်း ကောက်ညှင်းမွှေးရနံ့ သင်းပျံ့ပျံ့ဟာ သင့်နှလုံးအိမ်ထဲထိစွဲလန်းစေမှာပါ

နေ့ရက်တိုင်းမှာ သင်းပျံ့ပြီး ထူးခြားကောင်းမွန်တဲ့အရသာကို ပေးစွမ်းနိုင်မယ့်
ကောက်ညှင်းမွှေးလက်ဖက်ခြောက်ကို ဒေါ်တင်တင်မှာ ရရှိနိုင်ပါပြီ💞💞💞

အကောင်းဆုံးတွေသာ ထာဝစဥ်ပေးအပ်မည့် ဒေါ်တင်တင် ကောက်ညှင်းမွှေးလက်ဖက်ခြောက်

ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်ကနေထုတ်လုပ်လိုက်တဲ့ ကောက်ညှင်းမွှေး လက်ဖက်ခြောက် အထုပ်များကို မော်လမြိုင်မြို့ရှိ ဒေါ်တင်တင်အဆင့်မြင့်လက်ဖက်ခြောက်ဆိုင်များမှာ ဝယ်ယူလို့ရရှိနေပါပြီ။

ဆက်သွယ်မှာကြားနိုင်မဲ့ လိပ်စာများကတော့....

🏘️ ပွဲရုံ - အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ကျောက်စိမ်းလမ်း၊ စျေးကြိုရပ်၊ မော်လမြိုင်။
ဖုန်း ၀၅၇-၂၅၇၂၂ ၊ ၀၉-၄၂၄၁၆၃၀၀၉

🏘️ ဆိုင် - အမှတ် (၁၀/ခ)၊ ဖက်တန်းလမ်းကြား၊ စျေးကြီး၊ မော်လမြိုင်။ ph ၀၅၇-၂၁၇၅၂ သို့ဆက်သွယ်မှာကြားနိုင်ပါတယ်ခင်ဗျာ

Address

အမှတ်(၇၃)၊ ရတနာထွန်းပွဲရုံတန်း၊ ​ကျောက်စိမ်းလမ်း၊ ​စျေးချိုရပ်၊ ​မော်လမြိုင်မြို့။
Mawlamyine
12011

Telephone

+955721752

Website

Alerts

Be the first to know and let us send you an email when Daw Tin Tin Tea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share