11/10/2026
***ရည်စူးအလှူငွေ လက်ခံရရှိခြင်း..
.***11.10.2026 ရက်နေ့ ညောင်ပင်ဆိပ်ရပ်ကွက်၊ကူးတို့ဆိပ်ရပ်(မွန်စု)မှ ဘဝတပါးကူးပြောင်းသွားပြီဖြစ်သော ပါကျဲ(ခ)ရဲထွဋ်ဇော် အသက်(31)နှစ်အား ကုသိုလ်အကျိုးရရှိစေခြင်းငှာ ရည်စူးရည်မှန်းပြု၍ ကျန်ရစ်သူမိသားစုတို့မှ အသင်း၏အများအကျိုးအတွက်အသုံးပြုနိုင်ရန် အလှူငွေ(၁)သိန်းကျပ်(တစ်သိန်း)အား လှူဒါန်းခဲ့ပါသည်....
***ယခုလိုအများအကျိုးအတွက်ရည်စူး၍ လှူဒါန်းရသောကုသိုလ်ကောင်းမှုအစုစုတို့အား ကွယ်လွန်သူ ရဲထွဋ်ဇော်သည် ရောက်ရာအရပ်မှ ကျန်ရစ်သူမိသားစုနှင့်အတူ ကြားသိသာဓုခေါ်ဆိုနိုင်ပြီးလျှင် မြင့်မြတ်သောဘဝသို့ ရောက်ရှိခံစားနိုင်ပါစေကြောင်း အသင်းမှဆုတောင်းမေတ္တာပို့သအပ်ပါသည်...
#မွန်မြတ်သောနှလုံးသားပိုင်ရှင်များ နာရေးနှင့်လူမှုကူညီရေးအသင်း၊ညောင်ပင်ဆိပ်ရပ်ကွက်၊မော်လမြိုင်မြို့...