30/07/2026
လေးစားရပါသော Customer များရှင့်...
မနေ့က (ဝါဆ်ုလပြည့်နေ့) က Royal Shwe PuZun ဒံပေါက်ဆိုင်သို့ လာရောက်အားပေးခဲ့ကြသော Customer များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ပင်ရင်းဆိုင် (မော်လမြိုင်ဆိုင်) တွင် Customer များ များပြားစွာ လာရောက်အားပေးခဲ့သည့်အတွက် ပြင်ဆင်ထားသော ဒံပေါက်များ ကုန်ဆုံးသွားခဲ့ပြီး ထပ်မံချက်ပြုတ်ပြင်ဆင်ရသဖြင့် Customer အချို့အနေဖြင့် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါသည်။
အဆိုပါ အဆင်မပြေမှုများအတွက် Royal Shwe PuZun မိသားစုမှ အထူးပင် တောင်းပန်အပ်ပါသည်။ 🙏🙏
နားလည်ပေးကာ စိတ်ရှည်စွာ စောင့်ဆိုင်းအားပေးခဲ့ကြသော Customer တစ်ဦးချင်းစီ၏ ယုံကြည်အားပေးမှုကို အထူးတန်ဖိုးထား ကျေးဇူးတင်ရှိပါသည်။🥰
နောင်အခါတွင် ယခုကဲ့သို့ အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် ပြင်ဆင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး Customer များအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန် အစဉ်ကြိုးစားသွားပါမည်။
#ဒံပေါက်