20/07/2023
နောက်နေ့ လုပ်စားမယ်
"မုန့်ဦးနှောက် ကျိုနည်း" (၄)နည်း
===========================
မြန်မာမုန့်လုပ်နည်းလေး အရင်တင်ပေးမယ်နော် 😊မုန့်ဦးနှောက်
ပါဝင်ပစ္စည်းများ
1. ဆန်စိမ်းမှုန့်-(၂) ခွက် = (၃၀၀)ဂရမ်
2. သာကူစေ့-(၁)ခွက်=(၁၅၀)ဂရမ်
3. အုန်းနို့-400ml× (၃)ဗူး
4. သကြား- (၁)ခွက် နှင့် 2 tbs
5. ဆား- 1/2 tsp
6. အုန်းဆီ- (၁) ဇွန်း
7. ရေ-(၁၂)ခွက်
ပြုလုပ်ပုံ
1. ဆန်မှုန့်(၂)ခွက်ကို ရေ(၇)ခွက်နှင့်ရောမွှေ၍ခေတ္တနှပ်ထားပါ
2. အိုးတခုထဲသို့ရေ(၅)ခွက်ထည့်၍ပွက်ပွက်ဆူအောင်ကျိုပါ, ဆူလျှင်သာကူ(၁)ခွက်ထည့်ပြီးယောင်းမနှင့်မွှေပေးပါ, ထို့နောက် သကြား(၁)ခွက်ကို နည်းနည်းချင်းဆီလောင်းထည့်ပြီးအဆက်မပြတ်မွှေပေးပါ
3. သာကူမျက်ဆံ(၈၀)%ခန့်ပျောက်ပြီဆိုလျှင်မူလကခေတ္တနှပ်ထားသောဆန်မှုန့်ရည်ကိုလောင်းထည့်၍တောက်လျှောက်မွှေပေးပါ, အုန်းနို့(၄)ခွက်, ဆား ၁/၄ ဇွန်းထည့်ပြီးမိနစ်(၃၀)ခန့်ကြာသည်အထိဆက်တိုက်မွှေနေရပါမည်, နာရီဝက်ခန့်ကြာလျှင် မူလထက် ထက်ဝက်ခန့်ရေခန်းသွားပါလိမ့်မည်, မုန့်နှစ်များလည်းစေးပျစ်တွဲလာပါလိမ့်မည်
4. မုန့်နှစ်များကို လေးဘက်လေးတန်ဆီသုတ်ထားသောမုန့်ဘမ်းအတွင်းသို့လောင်းချပြီး မျက်နှာပြငိညှိပါ, နာရီဝက်ခန့်အအေးခံထားပါ, မျက်နှာပြင်တင်းလာလျှင် မုန့်ဘမ်းအပေါ်မှပလပ်စတစ်ဖြင့်အုပ်ထားပေးပါ(မျက်နှာပြင်ကွဲအက်တတ်သဖြင့်)
5. အုန်းနို့ဆီဆမ်းရန်အတွက် အုန်းနို့တဗူးကို အုန်းဆီ (၁)ဇွန်းထည့်၍မီးဖိုပေါ်၌ကျိုပါ, အချိုကြိုက်လျှင်သကြား(၂)ဇွန်းထည့်ပါ,ဆီသတ်သတ်အနှစ်သပ်သပ်ရလာလျှင်အအေးခံပါ
6. ထို့နောက်အအေးခံထားသော မုန့်ကို ဆီဝဝသုတ်ထားသောဓားဖြင့်လှီးပါ, အပေါ်မှအုန်းနို့ဆီဆမ်း၍စားသုံးနိုင်ပါပြီ
Credit to yin yin tun
*********************
မုန့်ဦးနှောက်
=========
-ငစိန်ဆန် ၄ဘူးကို ရေစင်အောင်ဆေးပါ။
မုန့်ကြိတ်ဆုံမှာကြိတ်ပြီး အိတ်မှာထည့် ရေစစ်ပါ။
မုန့် ရေစစ်ရင် နည်းနည်းနယ်ထားပါ။
သာကူစေ့ ၁၀ သားထည့်နယ်ပါ။
-အုန်းသီးတစ်လုံးကိုညှစ်ပြီး အုန်းဆီချက် ချက်ထားပါ။
-နယ်ပြီးမုန့်တွေကို ငှက်ပျောဖက်၊စလူဖက်တွေထဲထုပ်ပြီး
အောက်က ရေနွေးငွေ့ခံလို့ နာရီ၀က်လောက် ပေါင်းပါ။
ပြီးရင် အုန်းဆီချက်နဲ့သကြားဖြူ းပြီးစားနိုင်ပါတယ်။
-ငှက်ပျောရွက်ကို မီးကင်လို့ဖြစ်စေ၊
ရေနွေးထဲနှစ်လို့ဖြစ်စေ အရွက်မကွဲအောင်
လုပ်ပြီးမှ မုန့်ထည့်ထုပ်နိုင်ပါတယ်။
-နောက်တစ်နည်းက မုန့်သားနဲ့အုန်းနို့နဲ့ရောနယ်ပြီး
ပေါင်းတတ်ကြပါတယ်။
ပြီးမှ သကြားဖြူ းပြီးစားကြပါတယ်။
နှစ်သက်ရာနည်းနဲ့လုပ်စားပါ။
Credit : အန်တီလော်ရာရဲ့ဟင်းချက်နည်းနှင့်မုန့်လုပ်နည်းများ
*****************************
*
မုန့်ဦးနှောက်
---------------
ပါဝင်ပစ္စည်းများ
• မွှေးရှယ်ဆန်စိမ်းမှုန့် - ၁ဝဝ ဂရမ်
• ရေ - ၁ /၂ လီတာ
• သာဂူစေ့ - ၂၀ ဂရမ်
• သကြား - ၁၁၀ ဂရမ်
• အုန်းနို့ - စားပွဲဇွန်း ၅ ဇွန်း
• ထုံးရည်ကြည် - ကော်ဖီခွက် ၃ ခွက် (မုန့်သားပြုလုပ်ရန်)
• ဆား - လက်ဖက်ဇွန်း ၁/၂ ဇွန်း
အုန်းဆီချက်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ
• အုန်းနို့ - ၂၅၀ မီလီလီတာ
• ဆား - အနည်းငယ်
• သကြား - စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
၁။ ဆန်မှုန့်ကို ရေဖြင့် သမအောင် ရောဖျော်ပြီး ၁ နာရီခန့် စိမ်ထားပါ။ ပြီးလျှင် ရေပွက် ပွက်ဆူတဲ့ အိုးထဲ သာဂူစေ့ကိုထည့်၍ မျက်ဆံပျောက်အောင် ရေနည်းနည်းချင်း ထည့်ပြီး အဆက်မပြတ်မွှေပါ။ ပြီးလျှင် ခွက်တစ်ခုထဲ လောင်းထည့်ထားပါ။
၂။ ပြီးလျှင် အိုးထဲ ထုံးရည်ကြည်နှင့် ဖျော်ထားသော ဆန်မှုန့်ရည်တို့ကို ထည့်ပြီး မီး အသင့်အတင့်ဖြင့် ကျိုပါ။ ဆားထည့်ပြီး မွှေပါ။ ပြီးလျှင် ကျိုထားသော သာဂူ၊ သကြားနှင့် အုန်းနို့တို့ကို ထည့်ပြီး မုန့်သား ြွကက်မြီးတန်းသည်အထိ သမအောင် မွှေပြီး ကျိုပါ။
၃။ မုန့်သားအအေးခံမည့်ဗန်း (သို့) ခွက်ကို ဆီသုတ်ပါ။ ပြီးလျှင် ကျိုထားသော မုန့်သား ကို ခွက်ထဲထည့်ပြီး မုန့်သားခဲသွားအောင် ၂ နာရီခန့် အအေးခံပါ။
၄။ အုန်းဆီချက်ပြုလုပ်ရန်အတွက် ဒယ်အိုးထဲ အုန်းနို့နှင့် ဆားထည့်ပြီး အဆက် မပြတ်မွှေပါ။ ပြီးနောက် သကြားထည့်ပါ။ အုန်းဆီထွက်လာသည်အထိ အဆက် မပြတ်မွှေပြီး ကျိုပါ။ ပြီးလျှင် အအေးခံထားသော မုန့်ဦးနှောက်ကို မုန့်ခွက်ထဲမှ ထုတ်ယူ၍ အနေတော်အရွယ် အတုံးလေးများတုံးပြီး ပန်းကန်ထဲ ထည့်ပါ။ ပြီးလျှင် မုန့်အပေါ်မှာ အုန်းဆီချက်ဆမ်းပြီး စားသုံးနိုင်ပါတယ်။
----------------------------
Crd.ပန်းခရေ
******************************
နည်း - ၄
အခုနည်းကို မွေးမေမေသင်တာရယ် တင့်တင့်လက်ရာပေ့ခ်ျမှ မကြီးတင့်တင့် ရဲ့နည်းရယ် ပေါင်းစပ်ထားပါတယ်ရှင့့့်...
ပေးတဲ့အတိုင်း တိတိကျကျ လုပ်မယ်ဆို စားကောင်းပြီး ရောင်းတန်းဝင်မယ်ဆိုတာ အာမခံပါတယ်နော်....
ယိုးဒယား ဆန်မှုန့် နို့ဆီဗူး ၂ ဗူး
ရေ နို့ဆီဗူး စုစုပေါင်း ၉ ဗူး
သကြား ၁၅ ကျပ်သား
ယိုးဒယားအုန်းနို့ဗူး ကြီး ၁ဗူး
အုန်းသီးရင့်ရင့် ၂လုံး ( အရည်ညှစ်ပြီး မီးအေးအေးနဲ့ အဆီပြန်သည်အထိ ကျိုရန်)
ဆားထမင်းစား ဇွန်းဝက်
ယိုးဒယား ဘုံကျောင်းတံဆိပ် သာကူ ၅ကျပ်သား
အရင်ဆုံး...ဆန်မှုန့်ကို ရေနို့ဆီဗူး ၇ ဗူးနဲ့ ၃နာရီလောက်စိမ်ထားပါမယ်....
ကျန်တဲ့ရေ နို့ဆီဗူး ၂ ဗူးကို ဆူအောင်တည်ပါ...ဆူလာရင် သာကူထည့်ကျိုမယ်....မျက်စိပျောက်တဲ့ထိ ကျိုမယ်နော်...
သာကူမျက်စိပျောက်ရင်...သကြား ဆားထည့်ပါမယ်....
ဆန်မှုန့်ကို မွှေထည့်မယ်...
အုန်းနို့ဗူးထည့်မယ်...
ဆန်မှုန့်စထည့်ချိန်ကနေ.....အမွှေဇယား စ ပြီ နော်😉😉
မုန့်ဦးနှောက်ရယ် မုန့်ကျွဲသည်းရယ်က အမွှေနာမှ စားကောင်းပါတယ်....
၁နာရီပြင်းပြင်း မတူးမကပ်အောင် မွှေရမယ်.......
မွှေတဲ့ဇွန်းမှာ မုန့်ရည် ကြွက်မြှီးတန်းလာရင် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့် ပြီး အအေးခံပါ....
လုံးဝ အေးသွားမှ အစောက အုန်းသီးခြစ် ချက်ထားတဲ့ အုန်းဆီချက်လေးဆမ်း သုံးဆောင်ပါရှင်....
တချို့က ဖက်လေးနဲ့ထုပ်တာစားချင်တယ်ဆို...မုန့်ရည် ကြွက်မြီးတန်းရင် ဖက်ထဲထည့်ထုပ် အအေးခံပါနော့...
အုန်းဆီချက်က...အုန်းသီးရင့်အရေညှစ်ချက်တာ ပိုအဆင်ပြေပါတယ်နော်...
ယိုးဒယားအုန်းနို့ဗူးကို ကျိုရင် ချွဲပြစ်ပြစ်ကြီး ဖြစ်လို့ပါနော်....
အချိုကြိုက်ရင်...သကြားလေးဖြူးပြီး...အရသာရှိလွန်းလှတဲ့..မုန်ဦးနှောက်လေး သုံးဆောင်နိုင်ပါပြီ
ချစ်တဲ့Kwett
Chit Shwe Cookies
UNI
"မုန့်ဦးနှောက် ကျိုနည်း"
================
အခုနည်းကို မွေးမေမေသင်တာရယ် တင့်တင့်လက်ရာပေ့ချ်မှ မကြီးတင့်တင့် ရ့ဲနည်းရယ် ပေါင်းစပ်ထားပါတယ်ရှင့့့်...
ပေးတ့ဲအတိုင်း တိတိကျကျ လုပ်မယ်ဆို စားကောင်းပြီး ရောင်းတန်းဝင်မယ်ဆိုတာ အာမခံပါတယ်နော်....
ယိုးဒယား ဆန်မှုန့် နို့ဆီဗူး ၂ ဗူး
ရေ နို့ဆီဗူး စုစုပေါင်း ၉ ဗူး
သကြား ၁၅ ကျပ်သား
ယိုးဒယားအုန်းနို့ဗူး ကြီး ၁ဗူး
အုန်းသီးရင့်ရင့် ၂လုံး ( အရည်ညှစ်ပြီး မီးအေးအေးန့ဲ အဆီပြန်သည်အထိ ကျိုရန်)
ဆားထမင်းစား ဇွန်းဝက်
ယိုးဒယား ဘုံကျောင်းတံဆိပ် သာကူ ၅ကျပ်သား
အရင်ဆုံး...ဆန်မှုန့်ကို ရေနို့ဆီဗူး ၇ ဗူးန့ဲ ၃နာရီလောက်စိမ်ထားပါမယ်....
ကျန်တ့ဲရေ နို့ဆီဗူး ၂ ဗူးကို ဆူအောင်တည်ပါ...ဆူလာရင် သာကူထည့်ကျိုမယ်....မျက်စိပျောက်တ့ဲထိ ကျိုမယ်နော်...
သာကူမျက်စိပျောက်ရင်...သကြား ဆားထည့်ပါမယ်....
ဆန်မှုန့်ကို မွှေထည့်မယ်...
အုန်းနို့ဗူးထည့်မယ်...
ဆန်မှုန့်စထည့်ချိန်ကနေ.....အမွှေဇယား စ ပြီ နော်
မုန့်ဦးနှောက်ရယ် မုန့်ကျွဲသည်းရယ်က အမွှေနာမှ စားကောင်းပါတယ်....
၁နာရီပြင်းပြင်း မတူးမကပ်အောင် မွှေရမယ်.......
မွှေတ့ဲဇွန်းမှာ မုန့်ရည် ကြွက်မြှီးတန်းလာရင် ဆီသုတ်ထားတ့ဲ ဗန်းထဲ လောင်းထည့် ပြီး အအေးခံပါ....
လုံးဝ အေးသွားမှ အစောက အုန်းသီးခြစ် ချက်ထားတ့ဲ အုန်းဆီချက်လေးဆမ်း သုံးဆောင်ပါရှင်....
တချို့က ဖက်လေးန့ဲထုပ်တာစားချင်တယ်ဆို...မုန့်ရည် ကြွက်မြီးတန်းရင် ဖက်ထဲထည့်ထုပ် အအေးခံပါနော့...
အုန်းဆီချက်က...အုန်းသီးရင့်အရေညှစ်ချက်တာ ပိုအဆင်ပြေပါတယ်နော်...
ယိုးဒယားအုန်းနို့ဗူးကို ကျိုရင် ချွဲပြစ်ပြစ်ကြီး ဖြစ်လို့ပါနော်....
အချိုကြိုက်ရင်...သကြားလေးဖြူးပြီး...အရသာရှိလွန်းလှတ့ဲ..မုန်ဦးနှောက်လေး သုံးဆောင်နိုင်ပါပြီ
Crdto Shwe Kwett
*********************