09/06/2026
Pearl Taro Milk Tea (Taro Bubble Tea) ဖျော်စပ်နည်း
〽16 oz (480 ml) ခွက် ၁ ခွက်အတွက်〽
ပါဝင်ပစ္စည်းများ🔽
1.Taro Powder – 2 tbsp (30 g)
2.Black Tea – 100 ml
3.Fresh Milk – 120 ml
4.Condensed Milk – 15 ml
5.Sugar Syrup – 15 ml (အချိုနှစ်သက်သလို ပြင်နိုင်)
5.Tapioca Pearls (Boba) – 3 tbsp
6.Ice – 1 cup
ဖျော်စပ်နည်း🔰
1.Tapioca Pearls ကို Package ညွှန်ကြားချက်အတိုင်း ပြုတ်ပြီး Sugar Syrup နဲ့စိမ်ထားပါ။(အပြင်မှာလည်း ready-madeပုလဲစေ့များအလွယ်တကူဝယ်ယူလို့ရနေပါပြီ)
2.Black Tea ကို ဖျော်ပြီး အအေးခံထားပါ။
3.Shaker ထဲတွင် Taro Powder၊ Black Tea၊ Fresh Milk၊ Condensed Milk နှင့် Sugar Syrup တို့ကို ထည့်ပါ။
4.Ice ထည့်ပြီး 10–15 စက္ကန့်ခန့် ကောင်းကောင်း Shake လုပ်ပါ။
5.ခွက်အောက်ခြေတွင် Pearls ထည့်ပါ။
6.Shake လုပ်ထားသော Taro Milk Tea ကို လောင်းထည့်ပြီး အအေးခံသောက်သုံးနိုင်ပါပြီ။
အရသာ♻
Creamy & Smooth
Taro အနံ့မွှေးမွှေးလေး
Boba Pearls ၏ chewy texture ပါဝင်ပြီး Bubble Tea ဆိုင်အရသာမျိုး ရရှိနိုင်ပါသည်။
Bar Recipe Tip: Taro အရသာပိုထင်ရှားစေလိုပါက Taro Powder ကို 2½–3 tbsp အထိ တိုးသုံးနိုင်ပါသည်။