02/07/2026
နေပြည်တော်မှာ ထူးကဲအရသာပြည့်စုံတဲ့ပထမဆုံး ရန်ကုန်(ကြည့်မြင်တိုင်)စတိုင် ရွှေခေတ် ထမင်းကြော်ဆိုင်ကို ဒက္ခိဏသီရိစျေးကြီးမှာအောင်မြင်စွာဖွင့်လှစ်ခဲ့တာ အခုဆိုရင်တစ်လပြည့်ခဲ့ပါပြီ စားသုံးသူများရဲ့အားပေးမှု လိုအင်ဆန္ဒများဖြည့်ဆည်းပေးမှု စိတ်ကျေနပ်ပျော်ရွှင်စွာစားသုံးနေတာကိုတွေ့ရတဲ့တွက် ကြိုးစားရကျိုးနပ်ကြည်နူးပိတိဖြစ်ရပါတယ်ခင်ဗျာ
အခုဆိုရင်စားသုံးသူများရဲ့တောင်းဆိုချက်အရ မူလ ဝက်အူစုံ၊ဝက်သုံးထပ်သား(အချိုချက်)၊ ကြက်ပေါင်း၊ ကြက်မွကြော်၊ ကြက်ကြော်၊ ပုလောဝက်အူချောင်း၊ ဒေါ်ကျင်မြဝက်အူချောင်း အမဲနှပ် ကြက်ဥကြော်(ခုကြော်ခုစား) အပြင် အမဲကြော် ငါးပိအလိမ္မာ(ငါး) ဝက်မရမ်းပြား ဒညင်းသီးငပိချက် ဟင်းတို့ကိုတိုးချဲ့ထည့်သွင်းထားပါတယ် ထူးကဲအနံ့ အရသာအပြင် စားချင်စားဖွယ်အပြင်ဆင်များနဲ့သန့်ရှင်းလတ်ဆတ်မှုကိုအထူးအလေးထားဂရုစိုက်ဆောင်ရွက်ထားပါတယ်ခင်ဗျာ
ကြိုတင်ကြော်ထားသောထမင်းကြော်မဟုတ်ဘဲစားချိန်မှာ ခုကြော်ခုစားရွှေဘိုပေါ်ဆန်းမွှေးနဲ့ပဲဆီစစ်စစ်နဲ့ကြော်ထားတဲ့ထမင်းကြော်ပူပူနွေးနွေးကို စိတ်ချမ်းသာစွာသုံးဆောင်ကြရမှာဖြစ်ပါတယ်ခင်ဗျာပါဆယ်ဝယ်ယူသူများကိုလဲစနစ်တကျမဖိတ်မစင်သယ်ယူနိုင်အောင်စီစဉ်ပေးထားပါတယ်
မိုးရာသီကုန်ဆုံးလို့ ဟေမာန်ဆောင်းရာသီဝင်လာတဲ့အချိန်မှာ နံနက်/ည အထွက်ထမင်းကြော်ပူပူလေးနဲ့ ငါးရံ့ခြောက်မီးဖုတ် အာဗြဲခြောက်မီးဖုတ် ငါးကျည်းကျပ်တိုက်ကြော် တို့ကိုလဲထပ်လောင်းဖြည့်တင်းအားဖြည့်သွားမယ်ဆိုတာကြိုတင်သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ
လာရောက်အားပေးတဲ့စားသုံးသူများကိုလဲ တဦးချင်းစီ feedback များမေးပြီးအကောင်းဆုံးစေတနာထားစီမံချက်ပြုတ်ထားပါတယ် စားသုံးသူများကလည်း အထူးကောင်းမွန်ကြောင်း အရသာရှိကြောင်း နေပြည်တော်မှာလာရောက်ဖွင့်လှစ်ပေးတာအထူးကောင်းမွန်သင့်လျော် ကြောင်း ဒီလိုအရသာရှိတဲ့ဆိုင်လာရောက်ဖွင့်လှစ်ပေးတဲ့တွက်ကျေးဇူးတင်ကြောင်းပြောကြတဲ့တွက်အထူးကျေးနပ်ဝမ်းသာပီတိဖြစ်ရပါတယ် လာရောက်အားပေး ကြတဲ့စားသုံးသူများကိုလည်းရွှေခေတ်မိသားစုကအထူးပင်ကျေးဇူးဥပကာရတင်ရှိပါတယ် ခင်ဗျာ
ကိုယ်တိုင်မလာရောက်နိူင်သူများအတွက် Delivery နဲ့ K pay စနစ်အသုံးပြုဝယ်ယူအားပေးနိူင်ရန်လည်းစီစဉ်ထားရှိပါတယ်ခင်ဗျာ…
ဆိုင်ဖွင့်ချိန် 7:00Am - 10:00Am, 4:00Pm - 8:00Pm
Google map link - https://maps.app.goo.gl/xbg7zjUtq8mt41RaA?g_st=ic
゚ #ထမင်းကြော် #နေပြည်တော် #ရွှေခေတ်ရန်ကုန်ထမင်းကြော် #ရန်ကုန်ထမင်းကြော်