Myat Myanmar Group

Myat Myanmar Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Myanmar Group, Food stall, Nay Pyi Daw, Naypyidaw.

••Myat Myamar Food Products

••Myat Myanmar Tender Service

•Myat Myanmar Food Business Consulting


••Myat Myanmar Pharmacy License


Your Partner in Food & Business Success

18/03/2026
‼️ ထုတ်ကုန်တစ်ခု၏ pH Level အရေးပါမှု (Food Products အတွက်)Food Product တစ်ခုထုတ်လုပ်ရာတွင် pH Level သည် အလွန်အရေးကြီးသော...
13/03/2026

‼️ ထုတ်ကုန်တစ်ခု၏ pH Level အရေးပါမှု
(Food Products အတွက်)

Food Product တစ်ခုထုတ်လုပ်ရာတွင် pH Level သည် အလွန်အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ pH Level ကို သိရှိပြီး ထိန်းညှိနိုင်ခြင်းသည် အစားအစာ၏ လုံခြုံမှု (Food Safety)၊ တာရှည်ခံမှု (Shelf Life) နှင့် အရသာ (Taste) အပေါ် များစွာသက်ရောက်မှုရှိပါသည်။

✅ pH Level ဆိုတာဘာလဲ

pH Level ဆိုသည်မှာ အစားအစာ၏ အက်စစ် (Acid) နှင့် အယ်လ်ကာလိုင်း (Alkaline) အဆင့်ကို တိုင်းတာသော အညွှန်းကိန်း ဖြစ်ပါတယ်ရှင်

pH Scale သည် 0 မှ 14 အထိ ရှိပြီး—

pH 0 – 6.9 → Acidic (အက်စစ်ပိုများ)

pH 7 → Neutral

pH 7.1 – 14 → Alkaline

ဥပမာ

Lemon – pH 2 – 3

Vinegar – pH 2 – 3

Tomato – pH 4 – 4.5

Meat – pH 5.5 – 6.5

✅pH Level နှင့် Food Safety

pH Level သည် ဘက်တီးရီးယား (Bacteria) ကြီးထွားမှုကို ထိန်းချုပ်ပေးသည်။

အစားအစာတွင် pH Level မသင့်လျော်ပါက—

ဘက်တီးရီးယားများ အလွယ်တကူတိုးပွားနိုင်သည်။

အစားအစာ ပျက်စီးမြန်နိုင်သည်။

အစာအဆိပ်ဖြစ်နိုင်ပါသည်။

အထူးသဖြင့် pH 4.6 ထက်မြင့်သောအစားအစာများ တွင် ဘက်တီးရီးယားတိုးပွားမှုများ ပိုမိုဖြစ်နိုင်သည်။

ဒါကြောင့် Food Production တွင် pH Level ကို သေချာစစ်ဆေးရန်လိုအပ်ပါသည်။

✅pH Level နှင့် Shelf Life (တာရှည်ခံမှု)

pH Level မှန်ကန်စွာ ထိန်းထားနိုင်လျှင်—

✔ ထုတ်ကုန်၏ Shelf Life ပိုရှည်လာသည်
✔ ပျက်စီးမှုနှုန်းလျော့နည်းသည်
✔ Quality မကျဆင်းပဲ တာရှည်ခံနိုင်သည်

ဥပမာ—

Pickle

Sauce

Fruit Juice

စသော အစားအစာများတွင် Acid level
(pH နိမ့်)စေရန် ပြုလုပ်ကြသည်။
ထိုကြောင့် ပိုးမွှားများ မတိုးပွားနိုင်တော့ပါ။

✅ pH Level နှင့် Product Quality

pH Level သည် အစားအစာ၏—

အရသာ (Taste)

အရောင် (Color)

Texture

တို့အပေါ်တွင်လည်း သက်ရောက်မှုရှိသည်။

ဥပမာ—

pH မမှန်ပါက အရသာပြောင်းနိုင်ခြင်း

အရောင်မလှတော့ခြင်း

Texture ပြောင်းလဲနိုင်ခြင်း

ထို့ကြောင့် Food Product ထုတ်လုပ်ရာတွင် pH Control လုပ်ရန် အရေးကြီးသည်။

✅Food Business အတွက်
pH Testing အရေးပါမှု

Food Business လုပ်သူများအတွက်—

✔ Product Safety ကိုထိန်းနိုင်သည်
✔ Shelf Life သေချာသတ်မှတ်နိုင်သည်
✔ Customer ယုံကြည်မှုရရှိနိုင်သည်
✔ Quality Stable ဖြစ်စေသည်

‼️ အထက်ပါဒီအချက်တွေကြောင့် Food Production Process တွင် pH Testing ကို မဖြစ်မနေ ထည့်သွင်းအသုံးပြုသင့်ပါသည်။

Food Product တစ်ခု၏ pH Level ကို သိရှိခြင်းနှင့် ထိန်းချုပ်ခြင်းသည် Food Safety၊ Shelf Life နှင့် Product Quality အတွက် အလွန်အရေးကြီးပါသည်။

Food Business လုပ်သူများအနေဖြင့် pH Level ကို စစ်ဆေး၍ မှန်ကန်စွာ ထိန်းသိမ်းခြင်းသည် အောင်မြင်သော Food Product တစ်ခုအတွက် အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်ရှင်

Myat Myanmar Food Business Consulting

" Regional Digital Technology Exchange Seminar "   12/3/26  (MGallery Hotel),Naypyitaw
12/03/2026

" Regional Digital Technology Exchange Seminar "

12/3/26 (MGallery Hotel),Naypyitaw

12/03/2026

" Regional Digital Technology Exchange Seminar "

12/3/26 (MGallery Hotel),Naypyitaw

Seminar ပွဲက ၆နာရီ ပြန်ရောက်ပြီး ၇နာရီ Zoom Class လေး Join ။Global Food Safety Institute  မှ ပညာရှင်Trကြီး Daw Saint Yi ...
12/03/2026

Seminar ပွဲက ၆နာရီ ပြန်ရောက်ပြီး
၇နာရီ Zoom Class လေး Join ။
Global Food Safety Institute မှ ပညာရှင်
Trကြီး Daw Saint Yi Htet အားကျေးဇူးအများကြီးတင်ပါတယ်ရှင်။

မောမောပန်းပန်းကြားထဲက အချိန်လုတက်ရ​တာလေးမို့ မကိုင်ဖြစ်တဲ့ ဖုန်းလေးတွေ ၉နာရီလောက်ပြန်ခေါ်ပေးပါ့မယ်ရှင် ။

11/03/2026

ရုတ်သိမ်းဖို့လိုလာတဲ့အခါ...
"ပြန်ရုတ်သိမ်းလိုက်ပါ "..............................................................

ဆက်ဆံရေးတိုင်းကို
ကိုယ့်ဘက်က အကောင်းဆုံးဆက်ဆံပေးခဲ့ပါ
ဒါပေမယ့် ကိုယ့်ရဲ့ အများပေါ်ထားတတ်တဲ့
စိတ်ရင်းအမှန်လေးဟာ
လူတိုင်းနဲ့မတန်ဘူးလို့သိတဲ့အခါကျရင်တော့
အချိန်မလွန်ခင် ပြန်ရုတ်သိမ်းလိုက်ပါ

မထားသင့်တဲ့သူပေါ်
အလွန်အကျွံထားခဲ့တဲ့ စေတနာတွေက
ကိုယ့်အတွက် ပြန်ခါးသက်စေခဲ့တယ်

သဘောမကောင်းသင့်တဲ့သူပေါ်
သဘောအရမ်းကောင်းပေးခဲ့ခြင်းတွေက
ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှုတွေ ပိုစေခဲ့တယ်

မယုံသင့်တဲ့သူအပေါ်
အရာရာ ပုံအပ်လို့ ယုံမှတ်မိခြင်းက
ကိုယ့်ဒဏ်ရာကို ပိုနက်စေခဲ့တယ်

ရပ်တန့်သင့်တဲ့အရာတွေပေါ်
မရပ်တန့်ခဲ့မိလို့
ကိုယ့်တန်ဖိုးတွေ ဆုံးရှုံးခဲ့ဖူးတယ်

တကယ်တော့
စေတနာကိုပဲဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာကိုပဲဖြစ်ဖြစ်
ယုံကြည်မှုကိုပဲဖြစ်ဖြစ်
အနစ်နာခံတတ်ခြင်းကိုပဲဖြစ်ဖြစ်
ပေးလက်စမို့ဆိုပြီး ဆက်ပေးနေခြင်းက
ကိုယ့်သေတွင်း ကိုယ်တူနေသလိုပါပဲ
တစ်ခါတည်းမဟုတ်ပဲ
အကြိမ်ကြိမ် အခါခါ သေရတာမျိုးပါ

မပျော်တော့ဘူးထင်ရင် ရုတ်သိမ်းလိုက်ပါ

နာကျင်လွန်းနေရပြီဆိုရင် ရုတ်သိမ်းလိုက်

တန်ဖိုးထားမခံရတော့မှန်းသိရင်
ရုတ်သိမ်းလိုက်ပါ

ကိုယ့်မေတ္တာနဲ့ကိုယ်မျက်နှာငယ်နေရပြီဆိုရင်
ရုတ်သိမ်းလိုက်ပါ

ကိုယ့်အတွက် နေရာမရှိတာသေချာရင်
ရုတ်သိမ်းလိုက်ပါ

ယုံကြည်မှုတွေလား ပေးလိုက်လား
လေးစားမှုတွေလား ပေးလိုက်ပါ
စေတနာတွေလား ပေးလိုက်ပါ
စစ်မှန်ခြင်းတွေလား ပေးလိုက်ပါ
အလေးထားမှုတွေလား ပေးလိုက်ပါ

ဒါပေမယ့် အဲ့အရာတွေ ကိုယ်ပေးထားရတာ
မတန်တော့ဘူးလို့ထင်လာတဲ့အခါကျရင်တော့
ပြန်ရုတ်သိမ်းလိုက်ပါ ခပ်မြန်မြန်လေးပဲ

ဘယ်အရာကိုပဲဖြစ်ဖြစ်
ရုတ်သိမ်းသင့်တဲ့အချိန်မှာ
ပြန်ရုတ်သိမ်းလိုက်ခြင်းက
ကိုယ့်တန်ဖိုးကိုယ် ကာကွယ်ခြင်းတစ်မျိုးပါပဲ ။


crd

MGallary Hotel မှာဆုံကြမယ် --- 🥰
10/03/2026

MGallary Hotel မှာဆုံကြမယ် --- 🥰

‼️ ဘာလို့ Food Business Consulting & Service    ပိုင်းကို ရွေးချယ်ခဲ့တာလဲ?ကျွန်မမှာ Idea တွေ၊ အမြင်တွေ ရှိတယ်... ဒါပေမဲ့...
09/03/2026

‼️ ဘာလို့ Food Business Consulting & Service ပိုင်းကို ရွေးချယ်ခဲ့တာလဲ?

ကျွန်မမှာ Idea တွေ၊ အမြင်တွေ ရှိတယ်... ဒါပေမဲ့ ရှေ့ဆက်လျှောက်မယ့် လမ်းမှာ အရင်းအနှီး (ငွေ) လိုအပ်ချက်တွေ ရှိနေပါတယ်။ အဲဒီအခါမှာ ကျွန်မ စဉ်းစားမိတာတစ်ခုရှိတယ်...

"ငါကိုယ်တိုင် အကောင်အထည်မဖော်နိုင်သေးရင်တောင်၊ ငွေနိုင်တဲ့သူတွေ၊ အရင်းအနှီးရှိတဲ့သူတွေ ဒါကို ကောင်းကောင်း လုပ်နိုင်ရမယ်"

ဆိုတဲ့ စိတ်အပြည့်ရှိလို့ပါပဲ။ ငွေရှိပြီး ဝါသနာပါသူတွေက စနစ်တကျ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လုပ်ငန်းက ပိုရှေ့ရောက်မယ်၊ ပိုတိုးတက်မယ်လို့ မြင်ပါတယ်။ အဲဒီအထဲမှာ စေတနာနဲ့ ပညာလေးသာ ထည့်ပေါင်းလိုက်ရင် မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။

#အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးချင်တဲ့ ဆန္ဒ
စီးပွားရေးလုပ်ငန်းတွေ လည်ပတ်လာတဲ့အခါ လူအင်အားတွေ လိုအပ်လာမယ်၊ ဝန်ထမ်းတွေ ခန့်ရမယ်။ ဒါဟာ အလုပ်အကိုင် ရှားပါးနေသူတွေအတွက် စားဝတ်နေရေး တစ်ဖက်တစ်လမ်းက အဆင်ပြေစေမယ့် ရလဒ်ကောင်းတစ်ခုပါပဲ။

#ဖြတ်သန်းခဲ့ရတဲ့ ၅ နှစ်တာ ခရီး

ဖြစ်မလာသေးတာတွေကို တိတ်တိတ်လေး ရုန်းကန်နေရတဲ့ အချိန်တွေက တကယ်ကို လေးလံလွန်းပါတယ်။ အိပ်မက်မက်ခွင့်တောင် မရှိတဲ့ ညတွေကို ဘယ်နှစ်ရက်တောင် ဖြတ်ကျော်ခဲ့ရမှန်း မသိပါဘူး။ ဒါပေမဲ့ အဲဒီ Food Process ကာလတစ်လျှောက်မှာ အချိန်တွေ၊ ငွေတွေ ရင်းပြီး သင်ယူခဲ့တာတွေက အခုတော့ လက်တွေ့ကျကျ အသုံးချနိုင်တဲ့ ရလဒ်တွေ ဖြစ်လာခဲ့ပါပြီ။

၅ နှစ်ကျော် ကာလအတွင်းမှာ Recipe ပိုင်းထက် ပိုအရေးကြီးတဲ့-
✅ Product Idea & Innovation
✅ Brand Name & Label Concept
✅ Production Process (ထုတ်လုပ်မှုအဆင့်ဆင့်)
✅ Shelf Life Guidance (သက်တမ်းကြာရှည်ခံမှု)
✅ Packaging Suggestion
✅ Food Safety (စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး)

စတဲ့ အပိုင်းတွေကို အဓိကထား လေ့လာခဲ့ပါတယ်။ သင်ယူခြင်းကတော့ ဆုံးမှာမဟုတ်ပါဘူး။ ရှေ့ဆက်ပြီး Food နဲ့ပတ်သက်တဲ့ Diploma တက်ဖို့ထိပါ အရှိန်ယူ ပြင်ဆင်နေပါတယ်။

ဒါက ကြော်ငြာစာ မဟုတ်ပါဘူး။

ကျွန်မရဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်မယ့် ခြေလှမ်းသစ်တစ်ခုအကြောင်း
သာမန်မျှဝေခြင်းသက်သက်သာ ဖြစ်ပါတယ်ရှင် ။

Myat Myanmar Group
Food Business Consulating
Viber - 0969191390

💊 ဆေးဆိုင် / ဆေးခန်း / ဆေးကုမ္ပဏီများအတွက် အထူးဝန်ဆောင်မှုများ1️⃣ နေပြည်တော် ၈မြို့နယ်အလိုက် လက်လီ/ လက်ကားရောင်းချခွင့် ...
07/03/2026

💊 ဆေးဆိုင် / ဆေးခန်း / ဆေးကုမ္ပဏီများအတွက် အထူးဝန်ဆောင်မှုများ

1️⃣ နေပြည်တော် ၈မြို့နယ်အလိုက်
လက်လီ/ လက်ကားရောင်းချခွင့်
လိုင်စင်လျှောက်ပေးခြင်း

••လိုအပ်သော စာရွက်စာတမ်း အားလုံး စုဆောင်းပြီး

••မြန်ဆန်ပြီး အမှန်တကယ် တာဝန်ယူ လျှောက်ပေးခြင်း

2️⃣ သက်တမ်းပြန်လည် တိုးစေခြင်း (Renew)

••လိုင်စင်သက်တမ်းမကုန်မီ
သက်တမ်းကို အချိန်မီ ပြန်လည်တိုးစေခြင်း

3️⃣ အဆောက်အဦး
နေရာရွှေ့ပြောင်းလျှောက်ပေးခြင်း
••ဆေးဆိုင် / ဆေးခန်း လိပ်စာ ပြောင်းလဲချိန်
လိုအပ်သော စာရွက်စာတမ်း အားလုံးကို တာဝန်ယူ လျှောက်ပေးခြင်း

📞 အခုပဲလိုအပ်ရင်ဆက်သွယ်လိုက်ပါရှင်

–လိုင်စင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကျွန်တော်တို့ Myat Myanmar Group မှ အပြည့်အဝ တာ၀န်ယူပါရစေ ။

Viber -09691913090

‼️ နေပြည်တော်ဧရိယာမှာရှိတဲ့ အစိုးရ ဆေးရုံ  project များအတွက် Tender တင်ချင်ပါသလား?စိတ်ပူစရာမလိုဘူးနော်  – ကျမတို့  handl...
07/03/2026

‼️ နေပြည်တော်ဧရိယာမှာရှိတဲ့
အစိုးရ ဆေးရုံ project များအတွက်
Tender တင်ချင်ပါသလား?
စိတ်ပူစရာမလိုဘူးနော်

– ကျမတို့ handle လုပ်ပေး
ပါရစေ ✅

ဝန်ဆောင်မှုများအနေနဲ့ ••••

✔ Tender form ဝယ်ပေးခြင်း & Document ပြင်ဆင်ခြင်း

✔ Document စစ်ဆေးခြင်း & မှားချက်ပြင်ခြင်း

✔ Tender တင်ခြင်း

✔ Deadline မှတ်တမ်း & Follow-up

⏱ အချိန်ကုန်မှုလျှော့ချပြီး Professional service ရယူလိုက်ပါ!

📩 Messenger မှာ ဆက်သွယ်ပြီး စတင်နိုင်ပါပြီ!

Our Services Include:

✔ Tender form purchase & document preparation

✔ Document review & correction

✔ Tender submission on your behalf

✔ Deadline reminders & follow-up

✅ Save time and avoid mistakes. Professional service you can trust!

📩 Message us now to get started!

Viber -09691913090

Address

Nay Pyi Daw
Naypyidaw

Website

Alerts

Be the first to know and let us send you an email when Myat Myanmar Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share