The Nut Butter

The Nut Butter Clean Nutrition Product of Myanmar 🇲🇲

Peanut Butter ¡ Cashew Butter ¡ Chocolate ¡ Slim cookie ¡ Baby Snacks

Trusted by Families
(1)

The Nut Butter is dedicated to deliver products that taste good, feel good and do good. We weren't satisfied with existing brands and their questionable ingredients in the market. So we started making our own peanut butter. Our products are vegan, delicious and healthy which is suitable for everyone.

The Nut Butter ရဲ့ ပို့စ်တစ်ခုအောက်က Comment လေးကြောင့် ကျွန်မတို့ မျက်ရည် ဝဲခဲ့ရဖူးပါတယ် ..... 🥺"အသက် (၈၀) အရွယ် ဆီးချိ...
29/08/2026

The Nut Butter ရဲ့ ပို့စ်တစ်ခုအောက်က Comment လေးကြောင့် ကျွန်မတို့ မျက်ရည် ဝဲခဲ့ရဖူးပါတယ် ..... 🥺

"အသက် (၈၀) အရွယ် ဆီးချိုနဲ့ Dementia ရောဂါရှိတဲ့ အမေက ဆေးတွေသောက်ရတယ်။ ဆေးခါးတော့ သောက်ပြီးတိုင်း ကော်ဖီဇွန်းလေးနဲ့ The Nut Butter တစ်ဇွန်းလောက် ကျွေးလိုက်ရမှ တနေ့တာ ပြည့်စုံသွားသလိုပဲ။ သွားမရှိတဲ့ အမေ့အတွက် အာဟာရလည်း ပြည့်စုံပါတယ်..." တဲ့လေ။

သားသမီးတစ်ယောက်ရဲ့ မေတ္တာအပြည့်နဲ့ ရေးသားထားတဲ့ ဒီ Feedback လေးကို ဖတ်ရင်း ကျွန်မတို့အဖွဲ့သားတွေ မျက်ရည်လည်ရလောက်အောင် ပီတိဖြစ်ခဲ့ရပါတယ်။

ကိုယ်တွေ စေတနာအပြည့်နဲ့ ဖန်တီးလိုက်တဲ့ ထုတ်ကုန်လေးတစ်ခုက မိသားစုတစ်ခုရဲ့ နေ့စဉ်ဘဝထဲမှာ၊ အထူးသဖြင့် သက်ကြီးရွယ်အို မိဘတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အခုလို အဖော်မွန်ကောင်းအဖြစ် ပါဝင်ခွင့်ရတယ်ဆိုတဲ့ အသိက ကျွန်မတို့အတွက်တော့ တကယ်ကို အကြီးမားဆုံးသော ခွန်အားပါပဲ။ ✨

ကိုယ့်ရဲ့ ဖိုးဖိုးဖွားဖွား၊ ဖေဖေမေမေတွေ အသက်အရွယ်ရလာတဲ့အခါ... သွားတွေမကောင်းတော့လို့ အစားအသောက် ရွေးချယ်ရခက်တာ၊ ရောဂါဝေဒနာတွေကြောင့် ဆေးခါးခါးတွေကို နေ့စဉ် မျိုချနေရတာကို ကြည့်ပြီး ဘာလေးများ ကျွေးလိုက်ရရင် ကောင်းမလဲဆိုတာ သားသမီးတိုင်း အမြဲပူပန်ရတဲ့ အရာတစ်ခုပါ။

ဒီလို သားသမီးတွေရဲ့ ပူပန်မှုတွေ၊ မေတ္တာတွေကြားမှာ...

🥜 သကြားလုံးဝမပါလို့ ဆီးချိုရှိလည်း စိတ်ချလက်ချ ကျွေးနိုင်ပြီး
🥄 ဝါးစရာမလိုဘဲ ပါးစပ်ထဲမှာတင် အိအိလေး အရည်ပျော်သွားစေတဲ့အပြင်
🤎 လူကြီးတွေအတွက် လိုအပ်တဲ့ သဘာဝအာဟာရဓာတ် (Healthy Fats & Protein) တွေ အပြည့်အဝပါဝင်တဲ့ The Nut Butter လေးက ဖိုးဖိုးဖွားဖွားတို့အတွက် အကောင်းဆုံး အဖော်မွန်လေးတစ်ခု ဖြစ်ခွင့်ရခဲ့ပါတယ်။

ဒါကြောင့်လည်း The Nut Butter ဟာ သာမန်စားစရာတစ်ခုထက်ပိုပြီး မိသားစုတွေအတွက် "စိတ်အေးချမ်းမှု" ကို ပေးစွမ်းနိုင်ဖို့ 100% Clean Nutrition တွေနဲ့ အမြဲတမ်း ဂရုတစိုက် ဖန်တီးပေးလျက်ရှိနေတာပါရှင်။ 🌿

ချစ်လှစွာသော ဘိုးဘိုးဘွားဘွားဖေဖေမေမေ တို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရကိုသာ ပေးချင်တယ်ဆိုရင်တော့... The Nut Butter ရဲ့ သကြားမဲ့ Unsweetened Peanut Butter လေးကို Page Message Box ကနေတဆင့် ယခုပဲ လာရောက်မှာယူနိုင်ပါတယ်ရှင်။ 💌

🎉 "Catch The Nut Butter!" Challenge လေးရဲ့ ဖုန်းဘေလ် ကံထူးရှင်လေးတွေ ထွက်ပေါ်လာပါပြီရှင့် 🎁ပထမဆုံးအနေနဲ့ ဒီဂိမ်းလေးမှာ တ...
26/08/2026

🎉 "Catch The Nut Butter!" Challenge လေးရဲ့ ဖုန်းဘေလ် ကံထူးရှင်လေးတွေ ထွက်ပေါ်လာပါပြီရှင့် 🎁

ပထမဆုံးအနေနဲ့ ဒီဂိမ်းလေးမှာ တက်တက်ကြွကြွနဲ့ ပျော်ပျော်ရွှင်ရွှင် ပါဝင်ပေးခဲ့ကြတဲ့ The Nut Butter ချစ်သူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်။ 💕

Comment တွေထဲမှာ Screenshot လေးတွေ လာတင်ပေးကြတဲ့အထဲကနေ ပုလင်းလေးကို အလယ်တည့်တည့်မှာ သေသေချာချာ ဖမ်းမိခဲ့တဲ့ ဖုန်းဘေလ်ဆုရှင် (5) ယောက်ကို ရွေးချယ်ပေးလိုက်ပြီနော်။

ဆုရရှိသွားတဲ့ ကံထူးရှင်လေးတွေက Page Messenger လေးကို ၃ ရက်အတွင်း လာပြီး ဖုန်းနံပါတ်လေးတွေ ပို့ပေးဖို့ မမေ့နဲ့နော်။ မင်မင်တို့ဘက်က ဖုန်းဘေလ်လေးတွေ အမြန်ဆုံး လွှဲပေးပါ့မယ်ရှင့်။ 💌

ဒီတစ်ခါ ဆုမရလိုက်တဲ့ သူလေးတွေလည်း စိတ်မကောင်းမဖြစ်နဲ့နော်။ နောက်ထပ်လည်း ဒီလို ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတွေ အများကြီးလာဖို့ရှိသေးလို့ Page လေးကို ဆက်ပြီး စောင့်ကြည့်ပေးကြပါဦးရှင့်။ ✨

22/08/2026
🔥 ခဏခဏ 𝗢𝘂𝘁 𝗼𝗳 𝗦𝘁𝗼𝗰𝐤 ဖြစ်လွန်းလို့ အားလုံး မျှော်နေကြတဲ့ 𝐓𝐡𝐞 𝐍𝐮𝐭 𝐁𝐮𝐭𝐭𝐞𝐫 ရဲ့ အချစ်တော် အထုပ်လေးတွေ' ပြန်ရောက်ပါပြီဟေ့! 🎉✨ ...
13/08/2026

🔥 ခဏခဏ 𝗢𝘂𝘁 𝗼𝗳 𝗦𝘁𝗼𝗰𝐤 ဖြစ်လွန်းလို့ အားလုံး မျှော်နေကြတဲ့ 𝐓𝐡𝐞 𝐍𝐮𝐭 𝐁𝐮𝐭𝐭𝐞𝐫 ရဲ့ အချစ်တော် အထုပ်လေးတွေ' ပြန်ရောက်ပါပြီဟေ့! 🎉✨

ဘယ်နား ထားထားး၊ ခရီးသွားရင်း လမ်းမှာ ဗိုက်ဆာလာလို့ပဲစား၊ ရုံးမှာ အလုပ်တွေပိပြီး အချို တောင့်တနေချိန်ပဲ ဖျတ်ကနဲထုတ်၊ ဖောက်ပြီး တန်းစားချင်လို့ 😎

Customer တွေ နေ့တိုင်းလာမေးကြတဲ့ 🥜 သဘာဝမြေပဲထောပတ်၊ 🥜 သီဟိုဠ်ထောပတ် နဲ့ 🍫 ချောကလက်မြေပဲထောပတ် အထုပ်သေး လေးတွေ အစုံအလင် In-Stock ပြန်ဖြစ်နေပါပြီနော်။

ဒီအထုပ်သေးလေးတွေက ဘာလို့ အဲ့လောက်တောင် လူကြိုက်များပြီး အမြဲ Hot ဖြစ်နေရတာလဲဆိုရင်... 👀👇

✨ ပုလင်းကြီးတွေ သယ်စရာမလိုတော့ဘူး။ အိတ်ထဲ၊ အိတ်ကပ်ထဲ အသာလေး ထိုးထည့်သွားရုံပဲ။
✨ ဘယ်နေရာမှာ ထုပ်စားစား သိမ်းထားထား အဆင်ပြေအောင် ထုပ်ပိုးပေးထားလို့ အလေအလွင့် မရှိဘူး။
✨ သကြား၊ ဆိုးဆေး၊ တာရှည်ခံဆေး လုံးဝ (လုံးဝ) မပါဘဲ ပုလင်းထဲက Premium အရသာအတိုင်း လမ်းကြုံတိုင်း အပြည့်အဝ ခံစားလို့ရတယ်။

အိမ်မှာတင်မကဘဲ ဘယ်သွားသွား ကိုယ်နဲ့မကွာ သယ်သွားလို့ရတဲ့အတွက် "အထုပ်ချစ်သူ" လေးတွေ သီးသန့်ကို ဖြစ်လာကြတာပါလေ။ 🥰

ဒါကြောင့် လက်လီ သီးသန့် ဝယ်ယူချင်တဲ့သူတွေရော၊ ကိုယ့်ဆိုင်မှာ ပြန်တင်ရောင်းချင်တဲ့ လက်ကား 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေအတွက်ပါ အခုလို ပစ္စည်းစုံနေတဲ့ အချိန်လေးမှာ မြန်မြန်လေး အော်ဒါလာတင်ထားဖို့ သတိပေးပါရစေရှင်။ 🛒💨 (အမြဲတမ်း မြန်မြန် ကုန်သွားတတ်လို့ပါနော် 🤫)

မှာယူချင်တယ်ဆိုရင်တော့ 𝐓𝐡𝐞 𝐍𝐮𝐭 𝐁𝐮𝐭𝐭𝐞𝐫 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐚𝐠𝐞 𝐁𝐨𝐱 ကနေ အခုပဲ လာရောက် ဆက်သွယ်ဝယ်ယူနိုင်ပါပြီရှင်! 💌

"🕵️‍♀️ မျက်စိရှင်တဲ့ စုံထောက်လေးတွေအတွက် ပျော်စရာ ဂိမ်းလေးလာပါပြီ! 🔍✨"ဒီမနက်စာ ပုံလေး (၂) ပုံကြားမှာ မတူညီတဲ့ ကွာခြားချက...
07/08/2026

"🕵️‍♀️ မျက်စိရှင်တဲ့ စုံထောက်လေးတွေအတွက် ပျော်စရာ ဂိမ်းလေးလာပါပြီ! 🔍✨"

ဒီမနက်စာ ပုံလေး (၂) ပုံကြားမှာ မတူညီတဲ့ ကွာခြားချက်လေး (၇) နေရာ ပုန်းကွယ်နေပါတယ်... ဘယ်သူတွေက အရင်ဆုံး အကုန်ရှာတွေ့မလဲဆိုတာ စမ်းသပ်ကြည့်ရအောင်! 🍞🥜

အဖြေမှန်သူတွေထဲက (၅) ယောက်ကို ရွေးချယ်ပြီး ဖုန်းဘေလ် လက်ဆောင်လေးတွေ မဲဖောက်ပေးသွားမှာမို အခုပဲ ပါဝင်လိုက်တော့နော်! 🎁

ပါဝင်ရမယ့် စည်းကမ်းချက်လေးတွေကတော့ 👇
၁။ အရင်ဆုံး The Nut Butter Page ကို Like & Follow လုပ်ထားပေးပါ။
၂။ ကွာခြားချက် (၇) နေရာကို သေချာရှာပြီး Comment အောက်မှာ ဝင်ရောက်ဖြေဆိုပေးပါ။

မဲပေါက်မယ့် စုံထောက်လေးတွေကို လာမယ့် (ရက်စွဲ) ရက်နေ့မှာ ကြေညာပေးသွားမှာမို အခုပဲ မျက်လုံးပြူးပြူးလေးနဲ့ သေချာရှာကြည့်လိုက်ကြရအောင်! 👀👇

ဒီ Challenge လေးကို အတူတူ ဝင်ကစားဖို သူငယ်ချင်းတွေကိုလဲ ခေါ်ပေးပါဦးနော်။

🎉 𝗧𝗵𝗲 𝗡𝘂𝘁 𝗕𝘂𝘁𝘁𝗲𝗿 ရဲ့ (၅) နှစ်ပြည့် အထူးမေတ္တာလက်ဆောင် ကံထူးရှင်များ ကြေညာခြင်း! 🎉The Nut Butter ရဲ့ (၅) နှစ်ပြည့် အထိမ်း...
31/07/2026

🎉 𝗧𝗵𝗲 𝗡𝘂𝘁 𝗕𝘂𝘁𝘁𝗲𝗿 ရဲ့ (၅) နှစ်ပြည့် အထူးမေတ္တာလက်ဆောင် ကံထူးရှင်များ ကြေညာခြင်း! 🎉

The Nut Butter ရဲ့ (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စီစဉ်ပေးခဲ့တဲ့ Giveaway အစီအစဉ်လေးမှာ ရင်ထဲထိရှစေမယ့် နွေးထွေးတဲ့ ဆုတောင်းစကားလေးတွေရေးပေးပြီး ချစ်ခင်စွာ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို ဦးခေါင်းညွှတ်ပြီး အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ 🤍

ဒီ (၅) နှစ်တာ ကာလတစ်လျှောက်လုံး Local Brand (Made in Myanmar) လေးဖြစ်တဲ့ ကျွန်မတို့ The Nut Butter ကို ယုံကြည်စွာနဲ့ အစဉ်တစိုက် ဝန်းရံအားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းရဲ့ မေတ္တာတွေက ကျွန်မတို့အတွက်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ အကြီးမားဆုံးသော ခွန်အားတွေပါပဲ။

ကဲ... အခုဆိုရင်တော့ Local Made ကို ချစ်ခင်ကြသူတွေအတွက် မြန်မာ့ရိုးရာအငွေ့အသက်တွေ အပြည့်ပါတဲ့ 𝟗𝟎'𝙨 𝘿𝙤𝙝 𝙔𝙬𝙖𝙧 က ချစ်စရာ Blind Box လေးတွေကို မေတ္တာလက်ဆောင်အဖြစ် ပိုင်ဆိုင်သွားမယ့် ကံထူးရှင် (၅) ဦးကို ရွေးချယ်ပေးလိုက်ပါပြီနော်! 🎁✨

ကံထူးသွားတဲ့ မိသားစုဝင်တွေအနေနဲ့ လက်ဆောင်လေးတွေ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်ဖို့အတွက် Page ရဲ့ Messenger ကို နာမည်၊ ဖုန်းနံပါတ်နဲ့ လိပ်စာအပြည့်အစုံလေးတွေကို လာရောက်ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ 💌

ဒီတစ်ခေါက်မှာ မပါဝင်လိုက်ရတဲ့ သူတွေအတွက်လည်း နောက်ထပ် စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတွေ အများကြီး လာဖို့ရှိသေးတာမို့ The Nut Butter Page လေးကို ဆက်လက် စောင့်မျှော်ပေးကြပါဦးနော်။

ရှေ့ဆက်မယ့် နှစ်ပေါင်းများစွာမှာလည်း အသန့်စင်ဆုံးသော မေတ္တာတွေနဲ့အတူ ကျန်းမာရေးနဲ့ညီညွတ်တဲ့ 100% Clean Nutrition ထုတ်ကုန်တွေကို မပြောင်းလဲတဲ့ စေတနာတွေနဲ့ ဆက်လက် ဖန်တီးပေးသွားပါမယ်။ အားလုံးကို ချစ်ပါတယ်ရှင်! 🥰

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" 🌕🙏ယနေ့ ကျရောက်သော နေ့ထူးနေ့မြတ် အခါသမယတွင်မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး က...
29/07/2026

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" 🌕🙏

ယနေ့ ကျရောက်သော နေ့ထူးနေ့မြတ် အခါသမယတွင်
မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပြီး
တရားတော်၏ အေးမြသော အရိပ်အောက်တွင်
အစဉ်အမြဲ ငြိမ်းချမ်း ချမ်းသာကြပါစေကြောင်း
The Nut Butter မိသားစုမှ ဆုတောင်းမေတ္တာ ပိုသလိုက်ရပါတယ်ရှင် ။ 🌸✨

"Healthy Meals တွေ Clean Food တွေချည်းပဲ ဇွတ်မှိတ်စားရင်း 'လူတော့ ကျန်းမာလား မသိ.. စိတ်ကျန်းမာရေးကတော့ ထိနေပြီ' ဆိုပြီး ...
27/07/2026

"Healthy Meals တွေ Clean Food တွေချည်းပဲ ဇွတ်မှိတ်စားရင်း 'လူတော့ ကျန်းမာလား မသိ.. စိတ်ကျန်းမာရေးကတော့ ထိနေပြီ' ဆိုပြီး ညည်းထားတဲ့ ဟာသပို့စ်လေးတွေ ဒီတလော အများကြီး တွေ့လာရပါတယ်။ 😅

တကယ်တော့ Healthy ဖြစ်ဖို့၊ Clean Eating လုပ်ဖို့ဆိုတာ ကိုယ်ကြိုက်တဲ့ အရသာတွေကို အတင်းအကျပ် ဖြတ်တောက်ပြီး ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းရတဲ့ အလုပ်မဟုတ်ပါဘူး။
ရေရှည်မှာ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေဖို့က ပိုအရေးကြီးတယ်လေ။

ဒါကြောင့် လူလည်းကျန်းမာ၊ စိတ်လည်းမညစ်ရဘဲ Clean Food တွေကို အရသာရှိရှိ ဘယ်လို အကျင့်လုပ်စားကြမလဲဆိုတာလေးကို ဝေမျှပေးချင်ပါတယ်။

🤎 ဖြည်းဖြည်းချင်း အစားထိုးပါ
သကြားတွေ၊ အချိုတွေကို ချက်ချင်းကြီး ဖြတ်ချလိုက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်က အချိုကြိုက်တတ်တယ်ဆိုရင် သကြားအစား သဘာဝသစ်သီးတွေ (ဥပမာ - ငှက်ပျောသီး၊ ပန်းသီး၊ စတော်ဘယ်ရီ) ရဲ့ အချိုဓာတ်ကို အစားထိုး သုံးစွဲကြည့်ပါ။ အချိုစားချင်စိတ် (Cravings) ကို သဘာဝနည်းနဲ့ ဖြေဖျောက်တာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

🤎 ဟင်းခတ်အမွှေးအကြိုင်တွေကို အသုံးချပါ
Clean Food ဆိုတိုင်း ဆားမပါ၊ ဆီမပါ ပြုတ်ထားတာကြီးပဲ စားစရာမလိုပါဘူး။ ငရုတ်ကောင်း၊ ဂျင်း၊ သံပရာရည်၊ ပင်စိမ်းရွက် စတဲ့ သဘာဝ အရသာစုံလေးတွေ ထည့်သွင်းပြင်ဆင်တာက အစားအသောက်ကို မွှေးပျံ့စေပြီး ပိုပြီး စားချင်စရာ ဖြစ်စေပါတယ်။

🤎Healthy Fats နဲ့ တွဲဖက်စားသုံးပါ
ဥပမာ - ပန်းသီးလေးကို ဒီတိုင်း စားရတာ ပျင်းစရာကောင်းနေရင်၊ ဒါမှမဟုတ် Oats ပန်းကန်လေးက အရသာပေါ့ပျက်ပျက် ဖြစ်နေရင်... ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝအဆီအနှစ် (Healthy Fats) တစ်ခုခုနဲ့ တွဲဖက်စားသုံးလိုက်ပါ။ ပိုပြီး ဗိုက်ပြည့်စေသလို၊ အရသာလည်း အဆပေါင်းများစွာ ပိုကောင်းသွားစေပါတယ်။

ဒီလို တွဲဖက်စားသုံးဖို့အတွက် "အရသာမရှိမှာ" လုံးဝပူစရာမလိုတဲ့ အကောင်းဆုံး ရွေးချယ်မှုလေးကတော့ The Nut Butter ပဲ ဖြစ်ပါတယ်။ 🥜🤎

The Nut Butter ရဲ့ မြေပဲထောပတ် (Peanut Butter) နဲ့ သီဟိုဠ်ထောပတ် (Cashew Butter) တွေဟာ သကြား၊ ဆိုးဆေးနဲ့ တာရှည်ခံဆေး လုံးဝ (လုံးဝ) မပါဝင်တဲ့ 100% Clean Nutrition ဖြစ်လို့ Clean Food သမားတွေအတွက် ရာနှုန်းပြည့် စိတ်ချရပါတယ်။

ပေါ့ပျက်ပျက်ဖြစ်နေတဲ့ Healthy Meals လေးတွေအပေါ်မှာ The Nut Butter လေး တစ်ဇွန်းလောက် ထည့်စားလိုက်တာနဲ့ သဘာဝအဆီအနှစ်ရဲ့ ဆိမ့်သက်တဲ့ အရသာက Healthy Journey ကို စိတ်ပိုပြီး ပျော်စရာကောင်းသွားစေမှာ အသေအချာပါပဲ။

လူလည်းကျန်းမာ၊ စိတ်လည်းပျော်ရွှင်စေမယ့် ဒီ 100% Clean Food လေးကို ရန်ကုန်နဲ့ မန္တလေးက Branch တွေအပါအဝင် နီးစပ်ရာ ဆိုင်ကြီးတွေနဲ့ Page Message Box ကနေ အလွယ်တကူ ဝယ်ယူလိုက်ပါရှင်! ✨

25/07/2026

"📸 မျက်စိလျင်တဲ့ သူတွေအတွက် ဖုန်းဘေလ် လက်ဆောင်ယူဖို အချိန်ရောက်ပြီနော်! 🎉"

အပြေးမြန်လွန်းတဲ့ The Nut Butter ပုလင်းလေးကို အလယ်တည့်တည့် ကွက်တိရောက်တဲ့အချိန်မှာ ဖမ်းပေးနိုင်မလား? 🏃‍♀️💨

အလယ်တည့်တည့်မှာ ကွက်တိ ဖမ်းမိတဲ့ မျက်စိအလျင်ဆုံး (၅) ယောက်ကို မဲဖောက်ပြီး (၁၀,၀၀၀ ကျပ်) တန် ဖုန်းဘေလ်လေးတွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 🎁✨

ပါဝင်ဖိုက အရမ်းလွယ်ပါတယ်နော် 👇
၁။ The Nut Butter Page လေးကို Like & Follow အရင်လုပ်ပေးပါ။
၂။ အမြန်ပြေးနေတဲ့ The Nut Butter ပုလင်းလေး အလယ်တည့်တည့်ရောက်တဲ့အချိန်ကို Screenshot (ဓာတ်ပုံ) ရိုက်ပြီး ဒီ Post ရဲ့ Comment မှာ လာတင်ပေးပါ။

ကဲ... ကိုယ့်ရဲ့ မျက်စိအလျင်ဆုံး စွမ်းရည်တွေကို ထုတ်သုံးပြီး ယခုပဲ ဝင်ရောက်ကစားလိုက်ကြရအောင်! မဲပေါက်မယ့် ကံထူးရှင်တွေကိုတော့ လာမယ့် (ရက်စွဲ) မှာ ကြေညာပေးသွားပါမယ်ရှင်။ 🥳

🌿Clean Eating လုပ်ချင်ပေမယ့် အချိန်မရတဲ့သူတွေ နေ့စဉ် လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းလေးများ "Clean Eating" ဆိုတာကို ကြား...
24/07/2026

🌿Clean Eating လုပ်ချင်ပေမယ့် အချိန်မရတဲ့သူတွေ နေ့စဉ် လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းလေးများ

"Clean Eating" ဆိုတာကို ကြားလိုက်တာနဲ့ အချိန်တွေအများကြီးပေးပြီး ဟင်းသီးဟင်းရွက်တွေ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်ပြုတ်ပြီး အချိန်ကုန်ခံ ပြင်ဆင်ရမယ်လို့ ထင်နေကြပြီလား?

တကယ်တော့ အလုပ်များတဲ့သူတွေ၊ ရုံးဝန်ထမ်းတွေအတွက်လည်း Clean Eating ကို
နေ့စဉ်ဘဝမှာ အလွယ်တကူ အကျင့်လုပ်သွားလို့ ရပါတယ်။ အချိန်မရတဲ့ကြားကနေ ကိုယ့်ရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ချင်တဲ့ သူတွေအတွက် နေ့စဉ် လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်း (၄) ခုကို မျှဝေပေးလိုက်ပါတယ်ရှင်။

✨ အားလပ်ရက်မှာ ကြိုတင်ပြင်ဆင်ထားပါ။
ပိတ်ရက်လို အချိန်မျိုးမှာ တစ်ပတ်စာ လိုအပ်မယ့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ကြိုတင်ဆေးကြော လှီးဖြတ်ပြီး လေလုံဘူး လေးတွေနဲ့ ရေခဲသေတ္တာထဲ စနစ်တကျ ခွဲခြားထည့်သွင်းထားပါ။ ဒါဆိုရင် မနက်ခင်းတွေမှာ ၅ မိနစ်လောက် အချိန်ပေးရုံနဲ့ အလွယ်တကူ ထုတ်ယူစားသုံးနိုင်ပါပြီ။

✨ ပါဝင်ပစ္စည်း တွေကို ဖတ်တဲ့ အကျင့်လုပ်ပါ။
Supermarket မှာ ပစ္စည်းဝယ်တဲ့အခါ စက္ကန့်အနည်းငယ်လောက် အချိန်ပေးပြီး ကျောဘက်က ပါဝင်ပစ္စည်းစာရင်းကို ဖတ်ကြည့်ပါ။ နာမည်မသိတဲ့ ဓာတုဗေဒ အခေါ်အဝေါ်တွေ၊ ဆိုးဆေး၊ တာရှည်ခံဆေးနဲ့ သကြား တွေ အများကြီးပါနေရင် ရှောင်ပါ။

✨ ရိုးရှင်းပြီး မြန်ဆန်တဲ့ မနက်စာကို ရွေးချယ်ပါ။
Clean Eat လုပ်ဖို့အတွက် မနက်စာကို အချိန်အကြာကြီး ချက်ပြုတ်နေစရာ မလိုပါဘူး။ Whole wheat ပေါင်မုန့်ကြမ်းလေး တစ်ချပ်၊ ဒါမှမဟုတ် Oats ပန်းကန်လေးထဲကို မြေပဲထောပတ် အလွယ်တကူ ပြင်ဆင်တာက အချိန်ကုန်သက်သာစေတဲ့အပြင် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရကိုလည်း ပြည့်ဝစွာ ရရှိစေပါတယ်။

✨ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာများကို အသင့်ဆောင်ထားပါ။
ရုံးမှာ နေ့လယ်ဘက် ဗိုက်ဆာလာချိန်၊ ခေါင်းကိုက်ပြီး Stress များလာချိန်တွေမှာ အလွယ်တကူ မြင်ရတဲ့ အချိုကဲတဲ့ မုန့်တွေ၊ Bubble Tea တွေကို ကောက်စားမိတတ်ကြပါတယ်။ ဒီလိုမဖြစ်အောင် ကိုယ့်ရဲ့ ရုံးစားပွဲပေါ်မှာဖြစ်ဖြစ်၊ လွယ်အိတ်ထဲမှာဖြစ်ဖြစ် Clean ဖြစ်တဲ့ သရေစာလေးတွေကို အမြဲတမ်း အသင့်ဆောင်ထားဖို့က အရေးအကြီးဆုံး အလေ့အကျင့်တစ်ခုပါ။

💡အချိန်မရတဲ့ နေ့ရက်တွေမှာ Clean Eating ကို အလွယ်ကူဆုံးနဲ့ အရသာအရှိဆုံး ဖြစ်အောင် ကူညီပေးနိုင်တာကတော့ စားပွဲပေါ်မှာ အသင့်ရှိနေမယ့် The Nut Butter လေးပဲ ဖြစ်ပါတယ်။ 🤎

မနက်ခင်း ပေါင်မုန့်လေးပေါ်မှာ သုတ်စားမလား? Oats ထဲပဲ ထည့်စားမလား? နေ့လယ်ခင်း သရေစာအဖြစ် ပန်းသီးစိပ်လေးတွေ၊ Cracker မုန့်လေးတွေနဲ့ပဲ တွဲစားမလား? အချိန် (၁) မိနစ်တောင် ပေးစရာမလိုဘဲ ပြီးပြည့်စုံတဲ့ အရသာကို ခံစားရစေမှာပါ။

သကြား၊ ဆိုးဆေးနဲ့ တာရှည်ခံဆေး (လုံးဝ) မပါဝင်ဘဲ သဘာဝအတိုင်း အသန့်စင်ဆုံး ဖန်တီးထားတဲ့ 100% Clean Nutrition ဖြစ်လို့ ပါဝင်ပစ္စည်းတွေကို လိုက်ဖတ်ပြီး စိတ်ပူနေစရာလည်း မလိုတော့ဘူးပေါ့။

အချိန်လည်းကုန်သက်သာ၊ လူလည်းကျန်းမာစေမယ့် Clean Eating Habit လေးကို စတင်ဖို့ The Nut Butter ကို အခုပဲ ရွေးချယ်လိုက်ပါရှင်! ✨

Address

Mahabandoola Street
North Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959975654011

Website

Alerts

Be the first to know and let us send you an email when The Nut Butter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Nut Butter:

Shortcuts

Share