20/10/2024
1386 ခု သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့
17.10.2024 ကြာသာပတေးနေ့ တွင်——
မြတ်ပါရမီ လစဉ်အရုဏ်ဆွမ်းလောင်းအဖွဲ့မှ-
ပခုက္ကူမြို့ အမှတ် 1 ရပ်ကွက်ဖောင်တော်ဦးလမ်းမကြီး
ပေါ်ရှိ သဒ္ဓမ္မဇောတိကနေ့စဉ်ဆွမ်းလောင်းရုံကြီးသို့သွား
ရောက်ကာ နံနက် 5 နာရီခန့်တွင် အရပ်လေးမျက်နာ အရပ်
ရှစ်မျက်နာမှ ကြွရောက်တော်မူကြကုန်သောသံဃာအပါး
ရေ (210)ခန့်အား ဆွမ်း ဝက်သားဆီပြန်ဟင်းလျှာ ကုလား
ပဲနှပ် ပုဇွန်ခြောက်ဘာလချောင်ကြော် ပဲပင်ချဉ်သုတ်တို့
ဖြင့်လည်းကောင်း ဦးဖိုးဆန်း အောင်သပြေ မြန်မာ့ဘယ
ဆေးမိသားစုတို့မှလည်း မြန်မာ့ဆေးမျိုးစုံတို့ဖြင့်လည်း
ကောင်း လောင်းလှူပြီးစီးခဲ့ပါပြီ——
မြတ်ပါရမီ လစဉ်အရုဏ်ဆွမ်းအလှူရှင်အပေါင်းနှင့်
တကွအထက်အောက်ထက်ဝန်းကျင်စကြင်္ာဝဠာအားလုံး
ဍ် ရှိကြကုန်သော လူနတ်ဗြမ္ဗာသတ္တဝါအားလုံးတို့အား
အမျှအတန်းများပေးဝေပါသည် သာဓုခေါ်ဆိုနိုင်ကြပါ
စေသောဝ်——-
အားလုံးကြားသိသမျှ ကုသိုလ် အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော———
သာဓု သာဓု သာဓုပါ ———
အမှတ်တရပုံရိပ်များ—-