Ngwe Saung Daw Wa Toke

Ngwe Saung Daw Wa Toke Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngwe Saung Daw Wa Toke, Food Delivery Service, Myothit 3rd Street, Pathein.

04/12/2021
ကဲ ဒီနေ့တော့ အိမ်မှာ‌ေနရင်း လုပ်စားဖြစ်တဲ့ ကြက်သွန်ကြော်လေး အကြောင်းပြောပြမယ်နော်  အလွယ်တကူဝယ်လို့ရပေမယ့် ဆီသန့်သန့်လေး ...
18/09/2020

ကဲ ဒီနေ့တော့ အိမ်မှာ‌ေနရင်း လုပ်စားဖြစ်တဲ့ ကြက်သွန်ကြော်လေး အကြောင်းပြောပြမယ်နော် အလွယ်တကူဝယ်လို့ရပေမယ့် ဆီသန့်သန့်လေး နဲ့ စားစေချင်လို့ လုပ်စားလိုက်တယ်။

လိုအပ်တာတွေကတော့

ကြက်သွန်ဥကြီး။ 4လုံး
ကန်စွန်းရွက်။ 1စည်း
အကြော်မှုန့် ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
ဆား။ လက်ဖက်စားဇွန်းတစ်ဇွန်း
အချိုမှုန့်။ အနည်းငယ်
နနွင်း။ အနည်းငယ်

ကြက်သွန် 4လုံး ကို ပါးပါး လှီးထားပါ။ ကန်စွန်းရွက် ညှပ်ထားပါ။ထို့နောက် ဇလုံထဲသို့ လှီးထားသောကြက်သွန် ကန်စွန်းရွက် ထည့်ပါ။အကြော်မှုန့်ထည့်ပါ။ဆားအချိုမှုန့် နနွင်းထည့်ပါ။ရေလက်ဖက်ရည်ပန်းကန်တစ်လုံးထည့်ပါ။ထို့နောက် သမအောင်မွှေပါ။ ဒယ်အိုးထဲသို့ ဆီထည့်၍ မီး အနေတော်ဖြင့် ကြော်ပါ ။ခပ်ပါးပါး‌ေကြာ်လျှင် ‌ပိုကောင်းပါတယ်။ထူရင် ပျော့တတ်လို့ပါ။ရွှေရောင်သန်းလျှင် ဆယ်ပါ။ရွရွ ကြိုက်လျှင် ဆော်တာမှုန့် အနည်းငယ် ထည့်ပါ။ လွယ်လွယ်လေး ပါနော်။

🍜🍜လွယ်လွယ်ကုကူ ကော်ရည်လေး လုပ်စားရအောင် လူလေးယောက်စာ (ခေါက်ဆွဲ ၄၀၀တန်တထုပ်စာပါနော်)🍗ကွကျသား။           10သားမွှေးကော်မှု...
17/09/2020

🍜🍜လွယ်လွယ်ကုကူ ကော်ရည်လေး လုပ်စားရအောင် လူလေးယောက်စာ (ခေါက်ဆွဲ ၄၀၀တန်တထုပ်စာပါနော်)

🍗ကွကျသား။ 10သား
မွှေးကော်မှုန့် ထမင်းစားဇွန်း4ဇွန်း
ငြုပ်ေကာင်းမှုန့် အနည်းငယ်
ဆား လက်ဖက်စားဇွန်း 3ဇွန်း
သကြား လက်ဖက်စားဇွန်း 2ဇွန်း
တရုတ်မဆလာ အနည်းငယ်
ပဲငံပြာရည်အနောက် လက်ဖက်စားဇွန်း 2ဇွန်း
ခရုဆီ ထမင်းစားဇွန်း 1ဇွန်း
အချိုမှုန့် လက်ဖက်စားဇွန်း 2ဇွန်း
ခေါက်ဆွဲ 400တန် 1ထုပ်
ကန်စွန်းရွက် 1စည်း
ပဲပင်ပေါက် 1ထုပ်
ငရုတ်သီးစိမ်း။ 10တောင့်
ဂျင်း။ လက်တဆစ်
တရုပ်နံနံ 1စည်း
မှိုခြောက်။ အနည်းငယ်
ပုဇွန်ငါးပိ ငါးကျပ်သား
ကြက်သွန်ဖြူ။ တစ်ဥ
ကြက်ဥ။ တစ်လုံး
သံပုရာသီး။ တစ်လုံး
အီကြာကွေး။ တစ်ချောင်း

🍱ပါဝင်ပစ္စည်းများပြင်ရန်

ခေါက်ဆွဲကိုရေဆူဆူတွင်10မိနစ်ခန့် ပြုတ်ပါ။ ခေါက်ဆွဲသား အပျော့အမာ စမ်းကြည့်ပါ။အနေတော်လျှင် ရေအေးတွင် ခနစိမ်၍ ဇကာဖြင့်စစ်ပါ။
ကန်စွန်းရွက် ပဲပင်ပေါက်ကို ရေဆူဆူ တွင် အရောင် မပြောင်း အောင် ခနပြုတ်ပါ။တစ်မိနစ်ခန့်ပြုတ်ပါ။ထို့နောက်ရေအေးတွင်စိမ်ပါ။မှိုခြောက်မျာူကို ဆေး၍ စိမ်ထားပါ။ကော်မှုန့်ကို ရေဖြင့် ဖျော်ထားပါ။သံပုရာသီး များလှီးထားပါ။အီကြာကွေးကို ညှပ်ထားပါ။

🍱ငါးပိထောင်းလုပ်ရန်

မျှင်ငါးပိကို ကင်ပါ။
ငရုတ်သီးစိမ်း ကြက်သွန်ဖြူကိူ လှော် ထားပါ။
ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူကို ထောင်းပါ။ငပိထပ်ထည့်ထောင်းပါ။ငပိထောင်းရပါပြီ။

🥣ဟင်းရည်တည်ရန်

ကြက်သားကိုရေဆေး၍ အိုးထဲတွင် ထည့်ပြုတ်ပါ။ဂျင်းကိုထောင်း၍ ကြက်သားပြုတ်သည့် အထဲ ထည့်ပါ။ငြုပ်‌ေကာင်းမှုန့်အနဲငယ်ထည့်ပါ။ကြက်သားများနူးအိ‌ေန‌ေအာင်ပြုတ်ပါတယ် ဟင်းရည် ပိုချိုအောင်လို့ပါ။ ပြီးရင်တော့ ကြက်သားတံုးများကိုဆယ်ပါ။ကြက်သားများကို နွှင်ထားပါ။ထို့‌နောက် ကြက်ပြုတ်ရည်ထဲသို့(ဒယ်နီ ရေပြည့်ရန် လက်သုံးလုံး ခန့်လျော့)ရေထပ်ထည့်ပါတယ်။ ပဲငံပြာရည် အနောက် ထည့်ပါ။ပဲငံပြာရည်နဲရင် အနံ့ သိပ်မထွက်ပါဘူးနော်။ခရုဆီထည့်ပါ။ဆား သကြား အချိုမှုန့် ထည့်ပါ။မှုိ‌ေခြာက်ထည့်ပါ။အရသာ လိုသလို ထပ်ဖြည့်ပါနော်။အပေါ်က ပြောထားတာတေက ညီမ အနေနဲ့ ပြောထားတာမလို့ပါ။ ရေဆူခါနီး အချိန်မှာ ရေဖျော်ထားသော ကော်မှုန့်ကို ထည့်ပါ။အဆက်မပြတ်မွှေပါ။နွှင်ထားသော ကြက်သားထည့်ပါ။ကြက်ဥကို ဖောက်ထည့်ပြီးမွှေပါ။ ချကာနီးလျှင် တရုတ်နံနံ တရုတ်မဆလာထည့်ပါ။ဟင်းရည် ဆူလျှင် စားလို့ရပါပြီ။

🍱ပြင်ဆင်မယ်

ခေါက်ဆွဲထည့်ပါ ပြုတ်ထားသောကန်စွန်းရွက် ပဲပင်ပေါက်ကို ထည့်ပါ အီကြာကေဎးညှပ်ပြီးသားလေးတေထည့်ပါ။ ဟင်းရည် စမ်း၍ စားနိုင်ပါပြီ ။ ငပိထောင်းစပ်စပ်လေးနဲ့ သံပုရာရေ ညှစ်စားရင် ကောင်းမှကောင်းနော်။

(မင်မင်ရဲ့ အကြိုက်လေးချက်ထားတာမို့ တခြားသူတေနဲ့ ကွဲလွဲနိုင်ပါတယ်ရှင့်။ )

🌊🌊Beach Season ဖြစ်လာပြီဆိုတော့ ငွေဆောင်ကို သတိရကြပြီပေါ့တည်းခိုဖို့ပြီးရင် ဒုတိယ အရေးကြီးဆုံးက 🥣🍜🍛🍲🥗စားဖို့သောက်ဖို့ပါန...
09/03/2020

🌊🌊Beach Season ဖြစ်လာပြီဆိုတော့ ငွေဆောင်ကို သတိရကြပြီပေါ့

တည်းခိုဖို့ပြီးရင် ဒုတိယ အရေးကြီးဆုံးက 🥣🍜🍛🍲🥗စားဖို့သောက်ဖို့ပါနော်

ခရီးသွားရာသီဖြစ်လို့ တခါတလေ စားသောက်ဆိုင်တွေမှာ လူအရမ်းများတတ်ပါတယ် 🤨ဗိုက်ကဆာ ဟင်းကကြာ နေရာကမရ တခုခုမှာချင်ရင် ဝန်ထမ်းစောင့်ရ သိပ်အဆင်မပြေချင်ဘူးနော်😒😏😒😏

နေကပူ ဖုန်ကထူ ဆိုတော့လဲ လမ်းလျောက်သွားဖို့စိတ်ညစ်😣😔😣😔

‌တချို့အေးဆေး သမားလေး အပျင်းထူလေးတွေကြတော့လဲ တခါထဲဘဲ ကိုယ်နေတဲ့ အခန်းလေးမှာဘဲ အဆင်သင့် စားချင်ပြန်ရော😕😕😕🤔🤔🤔🤔

တချို့ကလဲ ပင်လယ်စာ🦐🦞🦀🦑🐙 ဆို မလတ်မှာဆိုးလို့ ကိုယ်တိုင်ဝယ်ချင်ကြည့်ချင်ပြန်ရော😉😉
ကိုယ့်ရဲ့ ပျော်စရာခရီးလေးမှာ ဒီလိုမျိုးတွေစိတ်ညစ်မခံပါနဲ့နော် အဆင်ပြေစေဖို့ ဒေါ်ဝတုတ်ကိုသာ သတိရလိုက်
နော်😀🥰🤗🤗🤗

ပင်လယ်စာ အစုံနဲ့ မြန်မာထမင်းဟင်းကို မြိန်မြိန်ကြီးစားရဖို့ ဆက်လိုက်တော့ ဇွန်း ပန်းကန် အပြည့်အစုံနဲ့ အရောက်လာပိုမှာနော်
📱📲📱📲09786981681
📱📲📱📲📱09254031801
ကိုသာဆက်လိုက်နော်

ဒါမျိုးတွေစားရမှာနော်

09/03/2020

Spicy & sour masala crub curry 🦀🦀🦀( ကဏန်းမဆလာ ချဉ်စပ်ချက်နည်း )

ဒီနည်းလေးကတော့ ကဏန်းမဆလာ ကိုမှ အနှစ်များများနဲ့ ချဉ်စပ်ကြိုက်သူတွေအတွက် သာမန် ချက်ပြတဲ့နည်းတွေနဲ့မတူတဲ့ ချက်နည်း ကိုပြောပြပေးသွားမှာပါ...

ပါဝင်ပစ္စည်း ( ingredients )

1.ကဏန်း - ၆ ကောင်
2.ကြက်သွန်နီ - ၁ လုံး
3.ကြက်သွန်ဖြူ - ၅ မွှာ
4.ဂျင်း - ၂ လက်မအရွယ် ၂ ပြား
5.ခရမ်းချဉ်သီးအမှည့် - ၂ လုံး
6.ပန်းငရုတ်ပွ- ၁ လုံး
7.ကြက် ဥ - ၂ လုံး
8.မန်ကျည်းနှစ် - ထမင်းစားဇွန်း ၁၆ ဇွန်း
9.ငရုတိသီးအကြမ်းဖက် - ၂ ဇွန်း
10.မဆလာ - ထမင်းစားဇွန်း ၂ ဇွန်း
11.ဆီ - မိမိနှစ်သက်သလောက်
​12.အရသာမှုန့် - ထမင်းစားဇွန်း၂ ဇွန်း
13.ခရုဆီ - ထမင်းစားဇွန်း ၃ ဇွန်း
14.ငရုတ်သီးအစိမ်းမှုန့် - ထမင်းစားဇွနိး ၁ ဇွန်း
15.ရှမ်းနံနံ - ၅ ပင်
16.ပင်စိမ်း - ၅ ပင်

ပြုလုပ်ပုံ အဆင့်ဆင့်

- ပထမဆုံး ကဏန်းကို စင်ကြယ်အောင်သန့်စင်ပါ
( ကဏန်းဆေးနည်း video တင်ပေးထာပါတယ်နော် ရွံ့ကဏန်းဖြစ်တဲ့အတွက် brush သုံးပြီးသေချာဆေးဖို့လိုပါမယ် )

- ဒုတိယအဆင့်ကတော့ သန်စင်ပြီးသား ကဏန်းတွေကို ဂျင်း/ကြက်သွန့်ဖြူ/မဆလာ/အရသာမှုန် တို့ဖြင့်နယ်ပြီးနှပ်ထားပါ
( ဂျင်း/ ကြက်သွန်ဖြူကထောင်းပြီးမှထည့်ပါ အရသာမှုန့် မစားသောသူများက မိမိကြိုက်နှစ်သက်တဲ့ အရသာကိုထည့်နိုင်ပါတယ် )

- ကဏန်းနှပ်နေချိန်တွင် တစ်ဖက်မှာ ကြက်သွန်ဖြူ / ဂျင်း / ကြက်သွန်နီ /ခရမ်းချဉ်သီး / ပနိးငရုတ်ပွတို့ကို အနေတော်အတုံးလေးတွေလှီးထားပါ ပြီးလျှင် blender ဖြင့်ကြိတ်ပါ
( blander မရှိလျှင် ထောင်းလို့ရပါတယ် )

- အားလုံးပြီးသွားပြီဆိုလျှင် စချက်ရပါတော့မယ်
အိုးထဲကို ဆီထည့်ပါ ဆီဆူလာပြီဆိုလျှင် ကြိတ်ထားသောအနှစ်ကိုထည့်ပါ အစိမ်းမှုန်ထည့်ပါ အကြမ်းမှုန့်ထည့်ပြီးမွှေပါအနည်းငယ်ခြောက်လာပြီဆို ​ရေအနဲငယ်ထည့်ပါ အရသာမှုန့်ထည့်ပါ ကဏန်းထည့်ပါ

- ကဏန်းကြတ်လောက်ပြီဆိုလျှင် မန်ကျည်းနှစ်ထည့်ပါ မဆလာထည့်ပါ ကြက် ဥထည့်ပါ အမွှေးအကြိုင် အရွက်တွေထည့်ပါ
(ကြက် ဥထဲကိုရေအနဲငယ်ထည့်ပြီးမွှေပါ )

ကဲအခုဆို အရသာရှိတဲ့ ကဏန်းမဆလာချဉ်စပ် လေးကို ထမင်းနဲ့နယ်စားဖို့အနှစ်များများရပါပြီ... ထည့်တဲ့အတိုင်း အရသာကို တိတိကြကြ ထည့်စရာမလိုပါဘူးနော် ပေါ့အငံ စားပုံစားနည်းက လူတိုင်းမတူလို့ ကိုယ်ကြိုက်ရာအရသာကို ပြောင်းနိုင်ပါတယ်😁
Crd to ma su zar

ကဲအစားတလိုင်းတို့ရေ ငွေဆောင်ရောက်ပြီဆိုတာနဲ့ ဘာစားရင်ကောင်းမလဲ အေးအေးဆေးဆေးလေး ရေကူးလိုက်အနားယူလိုက်နဲ့ Hotelမှာဘဲ အေးဆေ...
03/03/2020

ကဲအစားတလိုင်းတို့ရေ

ငွေဆောင်ရောက်ပြီဆိုတာနဲ့ ဘာစားရင်ကောင်းမလဲ

အေးအေးဆေးဆေးလေး ရေကူးလိုက်အနားယူလိုက်နဲ့ Hotelမှာဘဲ အေးဆေးနားရင်း စားချင်လား

ဒါမှမဟုတ် နေပူကျဲကျဲကြီးထဲမှာ စားသောက်ဆိုင်တွေကို ခြေညောင်းခံပြီး မလျောက်ဘဲ ကိုယ်နေတဲ့နေရာကို လာပို့တာလေး အဆင်သင့်စားချင်လား

ပိတ်ရက်ရှည်တွေ
အခါကြီးရက်ကြီးတွေမှာဆို
ရွာထဲမှာ လူတွေကရှုပ် ဆိုင်တွေကပြည့်နဲ့ စားဖို့သောက်ဖို့အတွက် စိတ်ရှုပ်နေမလား

ကဲဒါဆိုရင်တော့ တစ်ထဲနဲ့စုံစုံလင်လင် မှာပီး အပီဆွဲဖို ဖုန်းသာဆက်လိုက်ပေတော့

ဒေါ်ဝတုတ်ဆီမှာ ဘာတွေရနိုင်မလဲဆိုရင်တော့

🦐🦐🦐🦐🦐🦐 7500ks
ပုဇွန်ဆီပြန်
ပုဇွန်ချဉ်စပ်
ပုဇွန်အစိမ်းသုပ်
ပုဇွန်ရခိုင်သုပ်
ပုဇွန် မီးဖုတ်သုပ်

🦑🐙🦑🐙🦑🐙 7500ks
ပြည်ကြီးငါး ချဉ်စပ်
ပြည်ကြီးငါး အချိုသုပ်
ပြည်ကြီးငါး ရခိုင်သုပ်

🦀🦀🦀🦀🦀10000ks
ဂဏန်းအချိုချက်
ဂဏန်းချဉ်စပ်
ဂဏန်းမဆလာ
ဂဏန်းငရုပ်ကောင်း

🐌🐌🐌🐌 5000ks
ခရု ရခိုင်သုပ်
ခရု အချိုသုပ်

🐟🐟🐟🐟🐟
ငါးချိုချဉ်
ငါးသံပုရာပေါင်း

🐔🐔🐔 3000Ks
ကြက်ဆီပြန်
ကြက်ကုန်းဘောင်
ကြက်ချိုချဉ်
ကြက်စပါးလင်
ကြက်စပ်

🐖🐖🐖 3000ks
ဝက်ဆီပြန်
ဝက်ကုန်းဘောင်
ဝက်ချိုချဉ်
ဝက်အစပ်

တပွဲဆို 2ယောက် 3ယောက် ကောင်းကောင်းစားလို့ရတယ်နော်

သားသတ်လွတ်သမားတွေအတွက်က
☘️☘️☘️ 1500ks
ကန်စွန်းပလိန်း
ခရုဆီမုန်ညှင်း
မှိုကန်စွန်း
ခရမ်းသီးမီးဖုတ်သုပ်
အစုံကြော်

အသုပ်တွေကတော့1500ks

ကျောက်ပွင့်သုပ်
ငါးဖယ်သုပ်
ငါးနီတူသုပ်
စမခြောက်သုပ်
ဆေးဘဲဥသုပ်
ခရမ်းချဉ်သီးသုပ်

ဒါ့အပြင် Budget Trip လာတဲ့သူတွေအတွက် တယောက်လျှင် (အသားဟင်းတမျိုး (ကြက် /ဝက် /ငါး၊) အသီးရွက်ကြော်၊ ငါးပိတို့စရာ )ကို အ၀စား 2500ksနှုန်းနှင့် စီစဉ်ပေးမှာပါ။ 10ယောက်နှင့်အထက်ဆို 2000ksနှင့် လျော့ပေးအုံမှာနော်

ဆက်သွယ်မှာယူမယ်ဆိုရင်တော့
09787169248

Address

Myothit 3rd Street
Pathein

Telephone

+959254031801

Website

Alerts

Be the first to know and let us send you an email when Ngwe Saung Daw Wa Toke posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share