DHH - Food & Beverage

DHH - Food & Beverage A day is best started on a full stomach.

Hello, DHH ပြန်လာပြီနော်။ပုသိမ်မှာ ကျန်းမာရေးအခြေအနေတွေ ပြန်ငြိမ်လာပြီမို့လို့ DHH မှလည်း အစားအသောက်များ အပတ်စဉ်ပြန်လည်ရ...
18/08/2021

Hello, DHH ပြန်လာပြီနော်။

ပုသိမ်မှာ ကျန်းမာရေးအခြေအနေတွေ ပြန်ငြိမ်လာပြီမို့လို့ DHH မှလည်း အစားအသောက်များ အပတ်စဉ်ပြန်လည်ရောင်းချပါတော့မယ်။

လာမယ့် စနေနေ့မှာ ပထမဆုံးပြန်လည်ရောင်းချပေးမှာကတော့ DHH ရဲ့ လူကြိုက်အများဆုံး သီးစုံကော်ရည်ပဲ ဖြစ်ပါတယ်။ ယနေ့မှစတင် မှာယူနိုင်ပြီနော်။

အဆာပလာ အသီးအရွက်များနဲ့ အားရှိစေမယ့် ကြက်သားတွေလည်း အများကြီးပါတာမို့ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်ရှင့်။

‌တစ်ပွဲ - ၁၂၀၀ ကျပ်
ပုသိမ်မြို့တွင်း ပို့ခ အခမဲ့
သောကြာနေ့ နေ့လည်မှာ order ပိတ်မယ်နော်။

ဂရုစိုက်ကြပါနော်။ https://www.facebook.com/102421738796526/posts/110708681301165/
26/07/2021

ဂရုစိုက်ကြပါနော်။

https://www.facebook.com/102421738796526/posts/110708681301165/

အခမဲ့ ကိုဗစ် ဆေးခန်း

လက်ရှိ ဖြစ်ပွါးနေတဲ့ ကိုဗစ် ၁၉ ရောဂါအတွက် ဆရာဝန်များနဲ့ လွယ်လွယ်ကူကူ တိုင်ပင်ဆွေးနွေးနိုင်စေဖို့ ကျွန်တော်တို့ ဒီ Online ဆေးခန်းလေးကို ဖွင့်လိုက်ပါတယ်။ မနက်ဖြန် (၂၆.၇.၂၀၂၁) ကစပြီး မနက် ၈- ည ၈ နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

လူနာများကို အခမဲ့ဆွေးနွေးပေးသွားမှာ ဖြစ်ပြီး ဒီကာလမှာ ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲရှိသူတိုင်းအတွက် အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့အတွက် -

1- ပေ့ချ်ရဲ့ Messenger မှာ ဆက်သွယ်ပေးပါ။
2- Chat Bot ရဲ့ Get Started ကနေတဆင့် ဆက်သွားရင် / Hi လိုက်ရင် Viber ကနေ မေးမြန်းဖို့ Link တစ်ခုပေါ်လာပါလိမ့်မယ်ခင်ဗျာ။ အဲ့ Link ကို နှိပ်ရင် Viber ကို တန်းရောက်သွားပါမယ်။
3- Viber မှာ ရောဂါနှင့် ပတ်သက်ပြီး တာဝန်ကျဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

(Messenger Bot မှာ Oxygen Data နဲ့ ကိုဗစ် ၁၉ ဆိုင်ရာ ဗဟုသုတများကိုလည်း ရှာဖွေနိုင်ပါတယ်)

ကျွန်တော်တို့ဆီမှာ လာရောက်မေးမြန်းသော လူနာတိုင်း၏ အချက်အလက်များလုံခြုံရေးအတွက် အထူးအလေးထားပါတယ်။ အားလုံး ကိုဗစ် ၁၉ အန္တရာယ်မှ ကင်းဝေးကြပါစေ။

မင်္ဂလာပါရှင့်ပုသိမ်မြို့တွင်း လက်ရှိကိုဗစ်အခြေအနေများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့အတွက်ကြောင့် DHH ရဲ့ မုန့် del...
03/07/2021

မင်္ဂလာပါရှင့်

ပုသိမ်မြို့တွင်း လက်ရှိကိုဗစ်အခြေအနေများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့အတွက်ကြောင့် DHH ရဲ့ မုန့် delivery များ ခေတ္တခဏ ရပ်နားထားပါရစေရှင့်။ ပြည်သူလူထုရဲ့ ကျန်းမာရေးအခြေအနေများ ထိမ်းချုပ်နိုင်တဲ့အခါ menu အသစ်တွေ၊ ပိုမိုကောင်းမွန်တဲ့ စားစရာ သောက်စရာများနဲ့ ပြန်လာခဲ့ပါ့မယ်။

မိဘပြည်သူများအနေနဲ့ မဖြစ်မနေ အပြင်ထွက်တဲ့အခါ ပိုမိုလုံခြုံဖို့ surgical mask တစ်ထပ်ပေါ် အဝတ် mask တစ်ထပ်ထပ်ဝတ်ပြီးမှ ထွက်ကြပါနော်။ ကိုယ်ခံအား ကောင်းအောင် နေထိုင်ကြဖို့နဲ့ လက်ဆေးဖို့လည်း ဂရုစိုက်ကြပါရှင့်။

ကပ်ဆိုးကြီး ပြီးသွားတဲ့အခါမှ ပြန်ဆုံကြမယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ❤️

ယနေ့ ဝယ်ယူအားပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်။ အားလုံး စိတ်တိုင်းကျ ကျေနပ်ဖို့ မျှော်လင့်မိပါတယ...
27/06/2021

ယနေ့ ဝယ်ယူအားပေးခဲ့ကြတဲ့သူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်။ အားလုံး စိတ်တိုင်းကျ ကျေနပ်ဖို့ မျှော်လင့်မိပါတယ်။ ❤️

နောက်နေ့တွေမှာလည်း ဆက်လက်အားပေးကြပါဦးနော်။ မင်္ဂလာညနေခင်းလေး ဖြစ်ပါစေ။ ❤️

DHH ရဲ့ ဒုတိယမြောက် ရောင်းချသွားမယ့် ‌သီးစုံကော်ရည်လေး လာမယ့် တနင်္ဂ‌နွေနေ့အတွက် စတင်မှာယူနိုင်ပါပြီ။ယခု သီးစုံကော်ရည်လေ...
24/06/2021

DHH ရဲ့ ဒုတိယမြောက် ရောင်းချသွားမယ့် ‌သီးစုံကော်ရည်လေး လာမယ့် တနင်္ဂ‌နွေနေ့အတွက် စတင်မှာယူနိုင်ပါပြီ။

ယခု သီးစုံကော်ရည်လေးမှာ ပြောင်းဖူး၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ကန်စွန်းရွက် စတဲ့ အသီးအနှံတွေ အများကြီးပါတဲ့အတွက် သင့်တင့်မျှတတဲ့ အာဟာရနဲ့ ဗိုက်လည်းပြည့်၊ အရသာလည်းရှိပြီး ဈေးလေးလည်း ချိုပါတယ်နော်။

ဆန်ကော်ရည်လား၊ ဂျုံကော်ရည်လား၊ ကန်စွန်းရွက်ရှောင်မလား၊ အီကြာကွေးနဲ့စားမလား။ အကောင်းဆုံးဖြစ်အောင် စီမံပေးမှာမို့ ယခုပဲ စတင်မှာယူလိုက်ပါရှင့်။

သီးစုံကော်ရည် - ၁၂၀၀ ကျပ်
ပို့ခ ပုသိမ်မြို့တွင်း အခမဲ့
စနေနေ့ နေ့လည် ၁၂ နာရီတိတိမှာ Order ပိတ်မယ်နော်။

ယနေ့ ပထမဆုံးနေ့မှာ တခဲနက်ဝယ်ယူအားပေးခဲ့ကြတဲ့ စားသုံးသူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ အနည်းငယ်နောက်ကျသွားခဲ...
22/06/2021

ယနေ့ ပထမဆုံးနေ့မှာ တခဲနက်ဝယ်ယူအားပေးခဲ့ကြတဲ့ စားသုံးသူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ အနည်းငယ်နောက်ကျသွားခဲ့လို့ အဆင်မပြေမှုများရှိခဲ့ရင် တောင်းပန်ပါတယ်နော်။

နောက်နေ့တွေမှာလည်း တခြား menu များ ထပ်မံကြေညာသွားပါ့မယ်။ မင်္ဂလာညနေခင်းလေး ဖြစ်ပါစေ။ ❤️

DHH မှ ပွဲဦးထွက် အနေနဲ့ ပထမဆုံးရောင်းချသွားမယ့် ရှမ်းခေါက်ဆွဲလေး စတင်မှာယူနိုင်ပါပြီရှင့်။သံလွင်ဆီ၊ နေကြာဆီသန့်တို့အသုံး...
21/06/2021

DHH မှ ပွဲဦးထွက် အနေနဲ့ ပထမဆုံးရောင်းချသွားမယ့် ရှမ်းခေါက်ဆွဲလေး စတင်မှာယူနိုင်ပါပြီရှင့်။

သံလွင်ဆီ၊ နေကြာဆီသန့်တို့အသုံးပြုထားပြီး ပဲငံပြာရည်၊ ခရမ်းချဉ်သီးကအစ အကောင်းဆုံးရွေးချယ်ထားတာကြောင့် ကျန်းမာရေးအတွက်လည်း အလွန်သင့်တော်ပါတယ်ရှင့်။

ကျွန်တော်၊ ကျွန်မတို့လည်း အကောင်းဆုံးကိုမှ စားချင်တာမို့ ရောင်းချပေးသွားမယ့် အစားအစာများကိုလည်း စေတနာအပြည့်နဲ့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။

အာဟာရလည်းပြည့်၊ အရသာလည်းရှိ၊ ဈေးလေးချိုပြီး တစ်ပွဲမှာလည်း တစ်ပွဲ အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင်ပေးမယ့် DHH ရဲ့ ရှယ်ရှမ်းခေါက်ဆွဲလေး စတင်မှာယူနိုင်ပါပြီ။

တစ်ပွဲ - ၁၂၀၀ ကျပ်
ပို့ခ အခမဲ့

Order များ ကြိုတင်ကောက်ယူပြီး
အပတ်စဉ်အင်္ဂါနေ့တိုင်း ပို့ဆောင်ပေးပါမယ်ရှင့်။ ❤️

Address

Pathein

Opening Hours

Tuesday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959795998239

Website

Alerts

Be the first to know and let us send you an email when DHH - Food & Beverage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share