14/08/2026
River View Restaurant တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းကောင်းများကိုဖိတ်ခေါ်အပ်ပါသည်။
လျှောက်ထားနိုင်သော Positionများ
မန်နေဂျာ (Manager) - 1 ဦး
ငွေကိုင် (Cashier) - 2 ဦး
ဘားကိုင် (Bartender) - 1 ဦး
လက်ထောက် စားဖိုမှူး(Assistant Chef) - 1ဦး
ဓားကိုင် -1 ဦး
Waiter/ waitress - 2 ဦး
ဥယျာဉ်မှူး Gardener - 1ဦး
Restaurant Manager - 1 ဦး (Male)
ပညာအရည်အချင်း - တက္ကသိုလ်ဘွဲ့ရ
အသက် - ၃၀နှစ်မှ ၄၅အတွင်း
လိုအပ်ချက်များ✅
F&B Manager အတွေ့အကြုံရှိရမယ်
ပြောဆိုဆက်ဆံရေး ကောင်းမွန်ပြီး ပြဿနာများကို လိမ္မာပါးနပ်စွာဖြေရှင်းနိုင်သူဖြစ်ရမည်(communication & problem solving)
ဌာနအသီးသီးမှ ဝန်ထမ်းများကို စနစ်တကျစီမံခန့်ခွဲ ဦးဆောင်နိုင်မည် (Handling & Leadership)
ဆိုင်၏လုပ်ငန်းစဉ်များ၊ စာရင်းဇယားများနှင့် ဝန်ဆောင်မှု အရည်အသွေးကို စနစ်တကျ ထိန်းချုပ်နိုင်ရမည်။
Cashier - 2ဦး (Male or Female)
ပညာအရည်အချင်း - အနည်းဆုံးအထက်တန်းအောင်မြင်သူဖြစ်ရမည် (ဘွဲ့ရရှိသူများကိုဦးစားပေးမည်)
အသက် - ၂၀နှစ်မှ၃၀အတွင်း
လိုအပ်ချက်များ✅
စာရင်းဇယားနှင့် ဂဏန်းသင်္ချာပိုင်းတွင် တိကျသေချာပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည်။
အသွင်အပြင် ရုပ်ရည် သန့်ရှင်းသပ်ရပ်ပြီး ပျူငှာပြေပြစ်သူ ဖြစ်ရမည်။
Cashier (ငွေကိုင်) လုပ်သက် အတွေ့အကြုံရှိသူများကို ဦးစားပေးစဉ်းစားမည်။
Bartender - 1 ဦး (Male)
ပညာအရည်အချင်း: အနည်းဆုံး အထက်တန်းအောင်မြင်သူ ဖြစ်ရမည်။
လိုအပ်ချက်များ:✅
သက်ဆိုင်ရာ Bartender သင်တန်းဆင်း လက်မှတ် (Certificate) နှင့် အလုပ်အတွေ့အကြုံ ရှိရမည်။
အဖျော်ယမကာ ဖျော်စပ်မှုတွင် ကျွမ်းကျင်ပြီး သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရမည်။
ရုပ်ရည် သန့်ရှင်းစမတ်ကျပြီး တက်ကြွသွက်လက်သူ ဖြစ်ရမည်။
Assistant Chef (လက်ထောက်စားဖိုမှူး) - 1 post (Male)
လိုအပ်သော အရည်အချင်းများ:✅
စားသောက်ဆိုင် မီးဖိုချောင်ပိုင်းတွင် အတွေ့အကြုံရှိပြီး မီးဖိုချောင် လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာ ကူညီဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
ဟင်းလျာများ၏ အရသာ၊ အရည်အသွေးနှင့် သန့်ရှင်းလတ်ဆတ်မှုကို စနစ်တကျ ထိန်းသိမ်းနိုင်ရမည်။
စားဖိုမှူး (Head Chef) ကို အနီးကပ်ကူညီပြီး အဖွဲ့အစည်းနှင့် စနစ်တကျ ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
ကျန်းမာရေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ လုပ်ကိုင်တတ်သူ ဖြစ်ရမည်။
ဓားကိုင် (Kitchen Helper / Prep Cook) - 1 post (Male)
လိုအပ်သော အရည်အချင်းများ:✅
အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စသည်တို့ကို ကျွမ်းကျင်စွာ လှီးဖြတ် ပြင်ဆင်နိုင်သူ (Chopping & Prep Skills) ဖြစ်ရမည်။
စားဖိုမှူး အဆင်သင့်ချက်ပြုတ်နိုင်ရန် မြန်ဆန်စွာ ပြင်ဆင်ပေးနိုင်သူ ဖြစ်ရမည်။
မီးဖိုချောင်၏ သန့်ရှင်းရေးနှင့် စည်းကမ်းများကို တိကျစွာ လိုက်နာနိုင်သူ ဖြစ်ရမည်။
ကျန်းမာရေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ လုပ်ကိုင်တတ်သူ ဖြစ်ရမည်။
Waiter / Waitress (စားပွဲထိုး) - (၂) ရာထူး
ပညာအရည်အချင်း - အနည်းဆုံးအလယ်တန်းအောင်ရမည်
အသက် - ၁၈ နှစ်မှ၂၅အတွင်း
လိုအပ်ချက်များ:✅
ဝန်ဆောင်မှုပေးလိုစိတ် (Service Minded) အပြည့်ရှိသူ ဖြစ်ရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ပြောဆိုဆက်ဆံရေး ပြေပြစ်သူ ဖြစ်ရမည်။
စားသောက်ဆိုင် ဝန်ဆောင်မှု အတွေ့အကြုံရှိသူများကို ဦးစားပေး စဉ်းစားမည်။
မှတ်ချက် - ✅
position အားလုံးအတွက် လုပ်ငန်းအတွေ့အကြုံရှိသူများ ဦးစားပေးမည်။
မျှော်မှန်းလစာ (Expected salary) ကို CV ထဲတွင်ထည့်သွင်းရေးသား၍ လျှောက်ထားနိုင်သည်။
လျှောက်ထားလိုသူများအနေဖြင့် ✅
Viber နံပါတ် - (+66 630025017), (+95 9253009922) သို့ CV များပို့၍ လျှောက်ထားနိုင်ပါသည်။
အသေးစိတ် သိလိုသည်များကိုဖုန်းနံပါတ် - ✅09698254840, 09253009922 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဆိုင်လိပ်စာ - River View Restaurant၊ အမှတ် ၁ ကြိုးတံတားအနီး၊ ပုသိမ်မြို့။