SNOW cafe'

SNOW cafe' Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SNOW cafe', Food/Beverages, Pathein.

Burmese food, Rakkhine food, Russian food, French food, Uzbek food, American food, Singapore food, American food and Arabic food will be available in a one place.

01/04/2026

Page ကို like လုပ်ပြီး ဒီ post ကို share ပေးသူများအတွက်

Russian Plov တစ်ပွဲ (သို့မဟုတ်) ရခိုင်မျှင်ငပိတစ်ဘူး

လက်ဆောင် ဒီနေ့ လာယူလို့ရပါပြီ

လတ်တ​လော အ​ခြေအ​နေအရ ဒူဘိုင်းမှာ sold out ပါ stock ထပ်ရတဲ့အခါ လက်တို့ပါမယ် အမျိုးတို့​ရေ
04/03/2026

လတ်တ​လော အ​ခြေအ​နေအရ ဒူဘိုင်းမှာ sold out ပါ stock ထပ်ရတဲ့အခါ လက်တို့ပါမယ် အမျိုးတို့​ရေ

♦️️️ မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင်
200ml ၁ဘူး 30 aed ပါ
📣100aed မှာတဲ့အခါ free delivery ပါ

♦️️️ Singapore ကမှာချင်ရင် တစ်ပတ်အတွင်းပို့ပေးပါတယ်
📣 ကီလိုဖိုးတော့ ဆောင်ရပါမယ်ရှင်

♦️️ မြန်မာပြည်မှာဆို မြို့နယ်/တိုင်း အလိုက်ပို့ပေးပါတယ်၊ တစ်ပိသာ ၄၅၀၀၀ ကျပ်ပါရှင်
📣 delivery fees ရှိပါတယ် 🇲🇲

♦️Message us on page SNOW cafe'
SNOW cafe' messenger

♦️️️ မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင် 200ml ၁ဘူး 30 aed ပါ      📣100aed မှာတဲ့အခါ free delivery ပါ♦️️️ Singapor...
25/07/2025

♦️️️ မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင်
200ml ၁ဘူး 30 aed ပါ
📣100aed မှာတဲ့အခါ free delivery ပါ

♦️️️ Singapore ကမှာချင်ရင် တစ်ပတ်အတွင်းပို့ပေးပါတယ်
📣 ကီလိုဖိုးတော့ ဆောင်ရပါမယ်ရှင်

♦️️ မြန်မာပြည်မှာဆို မြို့နယ်/တိုင်း အလိုက်ပို့ပေးပါတယ်၊ တစ်ပိသာ ၄၅၀၀၀ ကျပ်ပါရှင်
📣 delivery fees ရှိပါတယ် 🇲🇲

♦️Message us on page SNOW cafe'
SNOW cafe' messenger

၅။ ပုသိမ်​ရောက်​တော့ အ​မေထည့်​ပေးတဲ့ ထမင်းဘူးယူပြီး အ​မေထားတဲ့​ကျောင်းမှာ စတက်ရတယ်။ ရွာမှာတုန်းက စန်းစန်းအိမ်က စားအိမ် ​...
12/04/2025

၅။ ပုသိမ်​ရောက်​တော့ အ​မေထည့်​ပေးတဲ့ ထမင်းဘူးယူပြီး အ​မေထားတဲ့​ကျောင်းမှာ စတက်ရတယ်။

ရွာမှာတုန်းက စန်းစန်းအိမ်က စားအိမ် ​နေအိမ်၊ မုန့်ဖိုး စန်းစန်းတို့​ပေး၊ ​ကျောင်းအပ်လည်း စန်းစန်းတို့ တာဝန်။

အ​မေက မကျည်းပင်တန်းလမ်း နှစ်ထပ်အိမ်ရဲ့ အ​ပေါ်ထပ်ကိုငှားပြီး ​နေခဲ့တယ်။

နေရာသစ်ဖြစ်နေတော့ ပျော်လည်းပျော်၊ တယောက်တည်းဖြစ်သလိုလည်း ခံစားရတယ်။

က​လေးငါးယောက်နဲ့ အ​မေ တစ်​ယောက်နဲ့ တစ်​နေ့တစ်​နေ့ အ​မေနားချိန်မရှိဘဲ ပင်ပန်း​နေ​တော့ ကျမနဲ့ စကား​ပြောချိန် သိပ်မရှိခဲ့။

တစ်ရက်တစ်ရက် အိမ်​ရှေ့နဲ့​နောက်​ဖေး ​လျှောက်​ပြေး​နေတဲ့ သုံးနှစ်သား ​မောင်​လေးကို လိုက်ဆွဲ​နေရတာနဲ့ကို သူ့မှာ အလုပ်တစ်လုပ်။ ​အောက်ထပ်က ဆူတယ်​ပြောမှာစိုးတော့​ ​ပြောမရရင် ခြေသလုံးတုတ်တုတ်ကို ငါ့မှာသိပ်မနာ​အောင် ရိုက်ရ​သေးတယ် လို့ တစ်ခါတစ်ခါ ပြန်​ပြောပြတယ်။

တကယ်တော့ အမေက မနိုင်ဝန်တွေထမ်းခဲ့ တာပါ။
အိမ်မှာ ဝမ်းကွဲမောင်နှမ နှစ်ယောက်လည်း လာအပ်ထားတယ်။ လူကြီးချင်း ဘယ်လို အဆင်​ပြေ​အောင်ညှိကြလဲ​တော့ ကျမငယ်​သေးလို့ နားမလည်ပါ။ အမေကတယောက်တည်း ကလေးက ငါးယောက်။

ကျမ ကျောင်းကိုဘယ် အမြဲ လိုက်ပို့ပေးလိုက်ကြိုပေးနိုင်ပါ့မလဲ၊ တယောက်တည်းသွားရတာပဲပေါ့။

စကား​ပြောစရာ လူအနီးအနားမှာ သိပ်မရှိ​တော့တဲ့ ကျမ အား​တွေ ငယ်​နေခဲ့တယ်၊ ရွာပြန်ပီး အရင်ကလို ​ပျော်​ပျော်​နေချင်တဲ့ အ​တွေးနဲ့ ​ကျောင်းပိတ်ရက်ကို ​စောင့်​နေခဲ့တယ်။

တစ်ရက် မနက်ကျောင်းသွားခါနီး လွယ်အိတ်လွယ်ပီး ခြံရှေ့ထွက်ရုံပဲရှိသေး အောက်ထပ်က ဂျက်ကီက နောက်ကပြေးလိုက်တော့ ထွက်ပြေးလေ အတင်းလိုက်လေနဲ့ ထွက်မ​ပြေးရဲ​တော့တဲ့ကျမ တဆတ်ဆတ်တုန်ပီး လမ်း​ဘေးမှာ တုပ်တုပ်မလှုပ်ရဲ​အောင် ရပ်ပီးငို​နေရုံပဲ တတ်နိုင်ခဲ့တယ်။

အသက်နဲနဲကြီးပုံရတဲ့ က​လေး​တွေ လမ်းမှာဖြတ်သွား​ဘာလို့ငို​နေတာလဲ ​ကျောင်းမတက်ချင်လို့လား ​မေးပေမဲ့ ​ခွေး​ကြောက်လို့ ​ခွေးအနားကပ်လာမှာစိုးလို့ မလှုပ်ရဲဘူးလို့​ပြောချင်​ပေမဲ့ လူစိမ်း​ကြောက်တာရယ်နဲ့ ကျယ်ကျယ်မ​ပြောရဲခဲ့ပါဘူး။

​နောက်ဆုံးတစ်​ခေါက် ဂျက်ကီ အနားကပ်လာပီး သူ့လျှာနဲ့လာရက်ဖို့လုပ်တဲ့အချိန် အရဲစွန့်ပီး ​ခြေတဖက်ဆောင့်ကြည့်လိုက်​တော့ ​ ​ကြောက်ပီးထွက်​ပြေးဖို့လုပ်တယ်၊ ထပ်အနားကပ်ဖို့လုပ် ​ခြေ​ဆောင့်ရင် ထွက်​ပြေးနဲ့၊ ဪ ငါပြန်​ခြောက်ရင် ဒီ​​ခွေးဟာ ​ကြောက်တတ်ပါလားဆိုပီး အားထည့်​ခြောက်လိုက်​တော့ ထပ်လိုက်မလာရဲ​တော့မှ ကျူရှင်​နောက်ကျ ​နေတဲ့ကျမ အိမ်လည်း ပြန်ဝင်မ​ပြော​တော့ဘဲ ထွက်လာခဲ့လိုက်တယ်၊ ​​နောက် အိမ်ပြန်​ရောက်မှ ​ပြောပြ​တော့နောက်ဆို အိမ်ကကြား​အောင် ​အော်​ခေါ်လိုက်ဆိုတာ​လောက်နဲ့ ပြီးသွား​ပါတယ်။

အဲ့ဒီ ဂျက်ကီဆိုတဲ့​ခွေးကို ခုချိန်အထိ၊ ပြန်​တွေးလိုက်တိုင်း မုန်းပါတယ်။

ပုဂံကျောင်း(ပုသိမ် အမက ၁၀) ကို တယောက်တည်းလမ်းလျှောက်ပီးသွားတက်ရတယ်၊ အသက်ရှစ်နှစ် မြို့အသစ် ကျောင်းအသစ် စကားအသစ် သူငယ်ချင်းအသစ် တွေနဲ့။

မနက် ကျောင်းသွားခါနီး စားသွားဖို့အဆင်သင့်မရှိလို့ မုန့်ဖိုးကိုအမေ့ဆီက မတောင်းရဲတာ (ငယ်ငယ်တုန်းက စန်းစန်းကို အ​မေထက် ပိုပြီး ရင်းနှီးတယ်)။ အမေသွားတော့မယ် လို့ နှစ်ခါသုံးခါပြောမှ သူ့အသိနဲ့ စကားပြောနေရင်းက အဲ့ဒါကြည့် မုန့်ဖိုးတောင်းနေတာ ဆိုပြီး တကျပ်ထုတ်ပေးတယ်။

မျက်နှာငယ်တယ်လို့ ခံစားရတာကို ကလေးဆိုတော့ ထုတ်မပြောတတ်၊ ငါဘာလို့ ပုသိမ်မှာလိုက်နေချင်တယ် ပြောခဲ့မိပါလိမ့်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ဖူးတယ်။

တကယ်တော့ မိဘတိုင်းဟာ သားသမီးတယောက်ချင်းစီကို အချိန်မှန်စားရဖို့ ခံစားချက်တွေကို အချိန်ပေးပီး နားထောင်ပေးသင့်တယ် မဟုတ်လားလို့ တွေးဖြစ်တယ်။

* * * * * * * * * *

အ​မေ့မှာလည်း တစ်​ယောက်တည်း ဆိုင်းဝိုင်းကြီး အပတ်လည်​အောင် အလုံး​စေ့​အောင် တီး​နေခဲ့ရချိန်ဆိုတာ ခု​တော့ သိသွားပါပြီ။

ပြည်ပ​ရောက်​တော့ တစ်​ယောက်စာ ချက်စား၊ တစ်ကိုယ်စာ အဝတ်​လျှော်၊ ကိုယ့်ကျန်းမာ​​ရေးကိုယ်ဂရုစိုက်တာ​လေး အတွက်ကို လုံးလည်ချာလပတ်လိုက်​နေရင်း နားလည် သွားတာပါ။

ပုဂံ​ကျောင်းစတက်​တဲ့ ပထမရက်​တွေ စက်ဘီးဘဲလ်တီးသံနဲ့ ​ကျောင်း​ခေါင်း​လောင်းထိုးသံမခွဲတတ်​သေးတဲ့ ​တောသူကျမကို မြို့ကအတန်း​ဖော်​တွေက ​ကျောင်းမဆင်း​သေးဘူး အဲ့ဒါစက်ဘီးသံလို့ သတိ​ပေးတယ်။

မုန့်ဖိုးက တစ်ကျပ်နဲ့ ​ပထမဆုံး ရေခဲ​ချောင်း ဝယ်စားခဲ့တဲ့​နေ့ဆို ခုထိမှတ်မိ​သေးတယ်။ လက်ထဲက ​ရေခဲ​ချောင်းကြည့်ပြီး ဂုဏ်ယူတာ၊ ရေခဲ​ချောင်း တစ်​ချောင်းလုံး ကိုင်စားခွင့်ရှိသွားတဲ့ ငါဟဲ့ ဆိုပီး​တော့ ​ပျော်တာဆိုတာ​လေ။

ရွာမှာ ​ဒါးလှီးရေခဲ​ချောင်းဆိုပြီး ပုံးနဲ့ ​လာရောင်းတဲ့သူရှိ​ပေမဲ့ အမြဲဝယ်မ​ကျွေး၊ စားရရင်လည်း နဲနဲ​လေးလှီးပြီး လဖက်ရည်ပန်းကန်​လေးခံ ဖြေး​ဖြေး​လေး စားရတာ၊ ​အေးတာ စားမိရင် ဖျားမှာစိုး​တော့ စန်းစန်းတို့က အဲ့လို ထားခဲ့တာမို့ ​ရေခဲချောင်း တစ်​ချောင်းကုန်​အောင် မစားဖူးခဲ့​သော ကျမပါ။

အတန်းထဲ ထိုင်ခုံနှဲ့ပြီး ထိုင်တတ်တဲ့ မာမာလွင်ဆိုတဲ့​ကောင်မ​လေးရယ်၊ စကားဝဲတဲ့ရှမ်းမ​လေးရယ်၊ ရွာက​ရောက်လာတဲ့ ကျမရယ် ခုံတန်းတစ်ခုမှာ သုံး​ယောက်အတူ ထိုင်ရတယ်။

သူများကိုသာ စကားဝဲတယ်​ပြောပြီး ကျမကိုယ်တိုင်လည်း မူလတန်းမှာ ရခိုင်သံမ​ပျောက်​သေးပါ။

တစ်ခုခု ​ပြောချင်ရင် သူတို့ သိပ်နားမလည်​တော့ ထပ်ခါထပ်ခါ​တွေ ​ပြောရတယ်၊ ဗမာလို အသံထွက် မပီရင်လည်း ဝိုင်းရယ်ကြ​လို့ ရှက်ရ​သေးတာ။

မနက်ဖက်ဆို လုံးစုံများစွာ ​မစ်တာပို့ မဆိုတတ်ဘဲ ဝါးချ၊ ​ဘေးက အသံ​တွေနား​ထောင် ကျင့်ယူရတယ်။

စာသင်ခန်းက​နေ အပြင် သွားမယ်ဆို Please may I go out! လို့​ပြောမှ သစ်သားကတ်ပြား​လေးယူပြီး မိန်းကလေးနှစ်ယောက်အတူ သွားရတယ်။

မတူတာ​တွေနဲ့ ​နေရာ​ပြောင်းရတာ​တွေ ရှစ်နှစ်အရွယ်ကစ ကျင့်ရတာ သိပ်မလွယ်သလို ဖြစ်မိတယ်။

မြို့အထာလည်းမနပ်၊ အပြင်ထွက်ဖို့ အဂ်လိပ်လို​တောင်ခွင့်မ​တောင်းတတ်တဲ့ကျမ ခုန ဘုရားစာ​တွေ သင်​ပေး အဂ်လိပ်လို ခွင့်တိုင်နည်း​တွေ သင်​ပေးတဲ့ အ​ဖော်​တွေကိုလည်း ​တော်ရုံဆို ဆတ်ဆတ်ထိမခံ ရန်ပြန်တွေ့တာ​၊ မသိတာ​တွေ ​ပြောပြဖူးတဲ့ အတန်း​ဖော် ကျေးဇူး​တွေ မသိတတ်တာ ​ပြောပါတယ်၊ မှတ်မိ​သေးတယ်။

ရှမ်းမ​လေးက ကျမကိုစိတ်ဆိုး​အောင်လုပ်​​တော့ ကျမကလည်း မခံ၊ ပြန်ရန်ဖြစ်တယ်။ တအားစိတ်ဆိုးပီး ပြန်ပြောနေတုန်း ဆရာမက တတန်းလုံးရှေ့မှာ ဆူတယ်အပြစ်တင်တယ်။

ဘာအ​ကြောင်းအရာလဲ မမှတ်မိ​တော့ပေမဲ့ ကျမက" နင့်များ ခုံတစ်တန်းတည်းထိုင်ရလို့သာ ​ပေါင်း​နေရတာ ခုနင်လွန်လာပီ နင်ဘာဖြစ်ဖြစ် ငါ့စကားထပ် လာမ​ပြောနဲ့" ဆိုပီး စိတ်ဆိုးမန်ဆိုး​ပြော​နေချိန်မှာ အတန်းပိုင် ဆရာမက စာသင်တာရပ်ပြီး ကျမနာမည်ကို​ခေါ်၊ ငါနင့်ကို ဒါ​တွေ​ကြောင့် စာမသင်ချင်တာလို့ အားလုံးကြား​အောင် ဆူခံရတယ်။

ဘာဖြစ်ကြတာလဲလို့လဲ ဖျန်ဖြေပေးဖော်မရ​၊ ​မေးလာရင် ငါမှန်​ကြောင်း တိုင်လိုက်မယ်လို့လည်း အခါအခွင့်က မသင့်ဆို​တော့ အတန်းထဲမှာ မ​​ပျော်ဘဲ မာဆတ်ဆတ်လေး ဖြစ်လာတယ်။

ကျမကို နင့်စာမသင်ချင်တာ​ပြောတဲ့ ဆရာမဟာ တစ်ရက်ဘယ်လို ဖြစ်တယ်မသိ ကျမထမင်းဘူးထဲက ရခိုင်ငပိချက်ကို လက်ယပ်ပြီး​ခေါ်​တောင်းပါတယ်၊ အရင်က ဆူခံရတာ စိတ်လည်းမဆိုးခဲ့ဘဲ ရှက်ခဲ့မိတဲ့ ကျမ အဲ့​နေ့ကျ ဆရာမက အ​ရေးတယူ​ခေါ်​ပြောလို့ ​ပျော်သွား​ပေမဲ့ "လက်နဲ့နှိုက်စားပြီးသားကြီး ဆရာမ" လို့​ပြော​ပေမဲ့ ဆရာမကြိုက်လို့ဆိုပီး ယူစားပါတယ်။ အဲ့ဒီ​နေ့က ထမင်းဘူးထဲ ဇွန်းကပါမလာလို့ လက်နဲ့ပဲ စားထားတာပါ။

အမှန်အတိုင်း ​ပြောရရင် ဆရာမရယ် မနှိုက်ရ​သေးခင် သန့်တဲ့အချိန်​လေး ယူစားပါ့လားလို့ ​စိတ်ထဲကဖြစ်မိတာ။

မာနဆိုတာလည်း ရှစ်နှစ်အရွယ် ဘာမှန်း မသိခဲ့ပါဘူး။

အ​မေနဲ့လိုက်ဖို့ဆိုတဲ့ ကျမ စကားနဲ့ အ​မေ မထားခဲ့ရက်ဘဲ ​ခေါ်လာရတာဆို​တော့ အခုအချိန်မှပဲ အမေက မြို့​ခေါ်သွားမဲ့ စာရင်းထဲ ငါ့ကို အစကတည်းက ဘာလို့မထည့်ခဲ့လဲ အခုအရွယ်​ရောက်လာမှ နားလည်ခဲ့တယ်။

အဲ့ဒီလို အထစ်အ​ငေါ့​တွေနဲ့ အချိန်မှာပဲ အိမ်က​နေ ​ကျောင်း ဖြတ်​လျှောက်သွားရတဲ့ ​ရွှေစည်းခုံလမ်းက အတန်းထဲက စာအ​တော်ဆုံး သူငယ်ချင်းမတစ်ယောက်နဲ့ အ​ဖော်ဖြစ်ခဲ့ရတယ်။

အ​မေက ဒီ​နေရာမှာ တော်ပါတယ်၊ တစ်​ယောက်တည်းဖြစ်​နေတဲ့ ကျမအတွက် သူငယ်ချင်းအိမ်မှာ စာဖတ်ဖို့ ​ဆော့ဖို့ အ​မေနှစ်​ယောက်သ​ဘောတူ ပြီး က​​လေးနှစ်​ယောက် အ​ဖော်ရ​အောင် စီစဥ်​ပေး​တော့ ကျမ အားပြန်ရှိလာပြီး တစ်ခါပြန်​ပျော်လာခဲ့ရတယ်။

သူငယ်ချင်း အိမ်မှာ နှစ်​ယောက်သား စာဖတ်ကြ၊ တအိမ်လုံး​မွှေ​နှောက်​ဆော့ကြ၊ ဝူခုံးကား အိုရှင်းကား ​ပေါင်ချိန်ကား ကြည့်ကြနဲ့ ဟုတ်​နေပါ​ရော​လေ။

တီဗီကြည့်ပြီးချိန်ဆို အ​မေကလာ​ပြန်ခေါ်၊ တစ်ခါတ​​လေ လည်း သူငယ်ချင်းအိမ်မှာပဲ ​ပေးအိပ်တယ်။ အန်တီက ကျမသူ့အိမ်မှာရှိတဲ့အချိန် သူ့မှာ သမီးနှစ်​ယောက်ရှိသလို ​စောင့်​ရှောက်​ပေးပါတယ်၊ ခုထိလည်း ​တွေ့တိုင်း ချစ်ခင်​နေတုန်းပါ။

တစ်ရက် ​ဆော့​နေကြရင်း စကားလက်ဆုံကျ​နေချိန် သူ့အ​ဖေက နိုင်ငံခြားသွား​နေလို့ သူသတိရ​​ကြောင်း​ပြောပြတယ်၊ အဲ့ဒီအချိန်မှာ ကျမ ဖြုန်းခနဲဆို အ​ဖေဆိုတဲ့ အ​ကြောင်း ​​ခေါင်းထဲ​ရောက်လာတယ်။

အ​ဖေဆိုပါလား​ပေါ့၊ သူ့အ​ဖေက နိုင်ငံခြားမှာဆို တစ်​နေ့​နေ့ပြန်လာမယ်၊ ငါ့မှာ​ကော ဆို​တော့ အ​ဖေဆုံးပြီးလို့ လူကြီး​တွေ​ပြောတာကြားဖူးထားတဲ့ ကျမ ​တော်​တော်ကြီး ​တွေးသွားတယ်။

​ဖေ​ဖေ ပြန်မလာတော့ဘူးဆိုတာ အဲ့ဒီအကြိမ် ဘဝမှာ ပထမဦးဆုံးစ​ စဥ်းစားတတ်ပြီး (​ဖေ​ဖေဆုံးပြီး သုံးနှစ်မှာ) ငါ့အ​ဖေက ပြန်မလာ​တော့ဘူးလို့ပြောရင်း ငိုချလိုက်မိတာပါပဲ။

စျေးကပြန်လာတဲ့ အန်တီက အားရပါးရငို​နေတဲ့ ကျမကို​တွေ့​တော့ ခဏ​လေးပဲထားခဲ့တာ ရန်ဖြစ်ကြပြန်ပီလား ​မေး​တော့ မသိဘူး​မေကြီး သူ့ဘာသာသူ ငိုတာ ဆိုပြီး သူငယ်ချင်းက ​ဖြေတယ်။

​နောက်မှ အန်တီနဲ့ အ​မေ ​တွေ့ပြီး ပြန်​ပြောပြကြရင်း ရယ်ကြသလား ငိုကြသလား​တော့ ကျမလည်း မသိ​တော့ပါ။

* * * * * * * * * *

ဝမ်းကွဲ ​မောင်နှမ​တွေရဲ့ မိဘ​တွေက မန်ကျည်းပင်တန်းအိမ်ကို လာလည်တတ်ကြတယ်။

တစ်ရက်မှာ လာလည်တဲ့ ဘဘက ဝရံတာမှာ ထိုင်ပြီး ပုံဆွဲ​နေတဲ့ ကျမကို ​ဝေနှင်း​ရေ..မလှုပ်နဲ့ ​ကျောက်တံကိုဒီတိုင်းကိုင်ထား ငြိမ်ငြိမ်​နေတဲ့။

ဘဘကလည်း ပုံဆွဲ​နေတာကိုဆို​တော့ ခုအချိန်ငြိမ်​နေရတာ ဝမ်းနည်းတဲ့ အထိမ်းအမှတ်​နော် အာဇာနည်​နေ့ မို့လို့ ဆိုပီးရှင်းပြတယ်။

အဲ့ဒီတုန်းက​တွေးမိတာက မြို့မှာ အာဇာနည်​နေ့ရှိပါလား​ပေါ့။

​နောက်မှ အာဇာနည်​ခေါင်း​ဆောင်ကြီးရဲ့သမီးဖြစ်တဲ့ ​ဒေါ်​အောင်ဆန်းစုကြည် ရဲ့အ​ကြောင်း​တွေ အ​မေ​ပြောပြလို့ သိရပြီး ခုအချိန်အထိ ရင်ထဲစွဲ​နေခဲ့ပါ​ရော။

ဘဘက အိမ်မှာလာ​နေတဲ့ သူ့တစ်ဦးတည်း​သော သမီးကို လာ​တွေ့တာ၊ အိမ်နာမည် ပူတူးဆို​ပေမဲ့ ကိုယ်​တွေ ​မောင်နှမက မသင်းဦးလို့ပဲ နှုတ်ကျိုး​နေကြတယ်။

မြို့မ​​ပြောင်းခင် မသင်းဦး ကျမတို့ရွာကို လာလည်ရင် စကပ်​ပေါင်တို​လေး​တွေ စမတ်ကျကျဝတ်လာတာ ​တော်​တော်ကြည့်လို့​ကောင်း၊ အခု​တော့ တီရှပ်ကြီး​တွေ တဖားဖားနဲ့ပဲ မြင်ရတာများတယ်။

ရွာမှာလို စာလည်း စိတ်မဝင်စား​တော့တဲ့ကျမ သုံးတန်းမှာ သခ်ျာ ၃၅မှတ်နဲ့ ရှုံးလို့ report card လက်မှတ်အတုထိုးဖို့ သင်ပေးတာ မသင်းဦး ပါ။
သူက ရှစ်တန်းလာတက်တာ။

ကိုးတန်းလာတက်ပြီး ရည်းစား​တွေထားတာကျ ကို​လေး ​မောင်သိန်းဝင်း၊ အ​မေ့ အစ်ကိုရဲ့ သား၊ သူ့အိမ်​ခေါ်နာမည်​ကို တအား သ​ဘောကျတာ။

ကို​လေးကို​မွေး​တော့ အကြီးဆုံးဖြစ်လို့ ကြီး တစ်လုံးယူ၊ လှတယ်လို့လည်း ယူဆ​တော့ လှ တစ်လုံးယူ၊ အဦးဆုံးလည်း ဖြစ်​တော့ ဦးတစ်လုံးယူပီး "ကြီးလှဦး" တဲ့။

ကို​လေးက အား​နေမှန်ကြည့်ပြီး ဝက်ခြံပွတ်​နေ ​မေး​စေ့ကို ဇာကနာနဲ့ ကလိ​နေတတ်တယ်။ ဘားတန်းစက်ဘီးကြီးလည်း စီး​သေး၊ ​၁၉၉၆ ခုနှစ် ပုသိမ်မှာ ကို​လေးက ဆရာကြီးပါတဲ့။

တစ်ည​နေ အိမ်ကို ဆရာမဆိုတဲ့အမျိုးသီး တစ်​ယောက် ​ရောက်ချလာတယ် ကိုသိန်းဝင်းဆီက သူ့ဓါတ်ပုံ​တွေ လာ​ပြန်​တောင်းတာတဲ့ သူအိမ်​ထောင်လည်း ကျသွားပီဆို​တော့ မ​ကောင်းဘူး​လေတဲ့၊ ကို​လေးက အိပ်ခန်းထဲက​နေ လုံးဝထွက်မ​တွေ့၊ အ​မေက ​နောက်​တော့ သူ့ကိုဆူ။

စိုင်းထီးဆိုင်ရဲ့ ချယ်ရီကိုသာပန်ပါကွယ် ဂစ်တာတီးပြီး သီချင်းဆိုရင် အရမ်းနား​ထောင်လို့​ကောင်း၊ လဖက်ရည်ဆိုင်​တွေမှာ ဖွင့်တာကြားရင် ငါ့ကို​လေးဆိုထားတဲ့ သီချင်းလို့​တောင် ထင်တာ ငယ်ငယ်က။ အတီး အဆို အရမ်း​တော်တဲ့ ကို​လေးက ကျမကို က​လေးလို့​ခေါ်ပီး အရမ်းချစ်တာ။
* * * * * * * * * *

WML
13 April 2025 Sunday 02:11

မျှင်ငပိ November လ ကစပြီး  30aed ပါရှင်
03/12/2024

မျှင်ငပိ November လ ကစပြီး 30aed ပါရှင်

မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင်
၁ဘူး ၃၀aed ပါ

30aed for one
home made shrimp paste in Dubai 🇦🇪

100aed မှာတဲ့အခါ free delivery ပါနော်

မြန်မာပြည် မြို့နယ်တိုင်းအလိုက်ပို့ပေးပါတယ်
မျှင်ငပိတစ်ပိသာ ၂၈၀၀၀ ကျပ်ပါရှင်
delivery fees ရှိပါတယ် 🇲🇲

Singapore ကမှာချင်ရင် တစ်ပတ်အတွင်းပို့ပေးပါတယ်၊ ကီလိုဖိုးတော့ယူပါတယ်ရှင် 🇲🇨

Message us on page SNOW cafe'
☎️ မြန်မာပြည် +959884454207

2024 အောက်တိုဘာလကုန်အထိ တစ်ဘူး ၂၅ ဒဟမ်းနဲ့ရောင်းပေးပါဦးမယ် နောက်လတော့ စျေးထပ်တက်ရောင်းပါတော့မယ်ရှင်
02/10/2024

2024 အောက်တိုဘာလကုန်အထိ တစ်ဘူး ၂၅ ဒဟမ်းနဲ့ရောင်းပေးပါဦးမယ် နောက်လတော့ စျေးထပ်တက်ရောင်းပါတော့မယ်ရှင်

မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင်
၁ဘူး ၃၀aed ပါ

30aed for one
home made shrimp paste in Dubai 🇦🇪

100aed မှာတဲ့အခါ free delivery ပါနော်

မြန်မာပြည် မြို့နယ်တိုင်းအလိုက်ပို့ပေးပါတယ်
မျှင်ငပိတစ်ပိသာ ၂၈၀၀၀ ကျပ်ပါရှင်
delivery fees ရှိပါတယ် 🇲🇲

Singapore ကမှာချင်ရင် တစ်ပတ်အတွင်းပို့ပေးပါတယ်၊ ကီလိုဖိုးတော့ယူပါတယ်ရှင် 🇲🇨

Message us on page SNOW cafe'
☎️ မြန်မာပြည် +959884454207

ဂျာမဏီနိုင်ငံမှအစားစာဖြုန်းတီးလို့ဒဏ်ချ~~~~~~~~အစ္စလာမ်ဘာသာကလည်း အစားအသောက်မဖြုန်းဘို့ ချွေတာဘို့ အလကားရတဲ့ရေတောင်သုံးသင...
30/08/2024

ဂျာမဏီနိုင်ငံမှအစားစာဖြုန်းတီးလို့ဒဏ်ချ
~~~~~~~~
အစ္စလာမ်ဘာသာကလည်း အစားအသောက်မဖြုန်းဘို့ ချွေတာဘို့ အလကားရတဲ့ရေတောင်သုံးသင့်သည့်အတိုင်းအတာအထိသာသုံးဘို့အတိအလင်းညွှန်ကြားပြသထားသည်
~~~~~~~~~~~~~~~~
အတုယူသင့်ပါတယ် ။ ။

ဂျာမဏီ နိုင်ငံဆိုတာ
တကယ့်ကို စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုပါ၊

အဲဒီလိုနိုင်ငံမျိုးမှာ ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံပစ္စည်းတွေနဲ့
ဘဝကို နေထိုင်ကြယ်မယ်လို့ လူတော်တော်များများဟာ
တွေးကြ ပါလိမ့်မယ်။

ကျွန်တော်တို့ ဟမ်းဘတ်ကို ရောက်တဲ့အခါ ကျွန်တော့်ရဲ့
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ဆိုင် တစ်ဆိုင်ထဲကို
လမ်းလျှောက်ပြီး သွားခဲ့ကြပါတယ်။

ကျွန်တော်သတိထားလိုက်မိတာက ဆိုင်ထဲမှာ စားပွဲတွေ
တော်တော်များမျာ လွတ်နေတယ် … ။

စားပွဲတစ်လုံးမှာတော့ လူငယ်စုံတွဲ တစ်တွဲ ထိုင်နေကြပါတယ်။

စားပွဲပေါ်မှာလည်း ပန်းကန် (၂) ခု နဲ့ ဘီယာ (၂) ဘူးပဲ ရှိတယ်။

ဒီလောက် ရိုးရှင်းတဲ့ အစားသောက်လေးတွေ နဲ့ ဆိုရင်
ဒီကောင်းမလေးက ဒီလို ကပ်စေးနဲ တဲ့ ကောင်လေးကို
မထားခဲ့ဘူးလား လို့ ကျွန်တော် တွေးမိတယ်ဗျ … ။

နောက်ထပ်စားပွဲမှာတော့ အမျိုးသမီး တစ်ချို့ရှိကြတယ်။

စားပွဲထိုးလေးက အစာအသောက်တွေ လာချပေးပြီးတော့
သူတို့စားကြ သောက်ကြတဲ့ အခါ ကျွန်တော် ကြည့်နေတယ် …

သူတို့တွေက အစားအသောက် အားလုံးကို လုံဝ မကျန်အောင်
(ရှင်းရှင်းပြောရရင်တော့ဗျာအကုန်ပြောင်အောင်)
စားလိုက်ကြတယ်။

ကျွန်တော်တို့ကလည်း ဗိုက်ဆာနေပြီဆိုတော့ ကျွန်တော့်ရဲ့
လုပ်ဖော်ကိုင်ဖက် (ကျွန်တော်တို့ နိုင်ငံကပါပဲ) က
အစားအသောက်တွေ အများကြီးမှာလိုက်တယ်။

ကျွန်တော်တို့ စားသောက်ပြီးလို့ ပြန်မယ် ဆိုပြီး
ပိုက်ဆံရှင်းတဲ့အချိန်မှာ အစားအသောက်တွေ
သုံးပုံတစ်ပုံလောက်ကို မစားရသေးဘဲ ကျန်နေ သေးတယ်။

ကျွန်တော်တို့ စားသောက်ဆိုင်ထဲက ထွက်လာတော့
အမျိုးသမီးကြီးတွေက ကျွန်တော်တို့ကို အင်္ဂလိပ်လို ပြောပါတယ် … ။

ကျွန်တော်တို့က အစားအသောက်တွေကို ကုန်အောင် မစားဘဲနဲ့ …
ချန်ထားခဲ့တဲ့အတွက် (အစားအသောက်တွေကို မလိုအပ်ဘဲ
ဖြုန်းတီးခဲ့တဲ့အတွက်)စိတ်မကောင်းကြောင်း ပြောတာပါ။

ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်က “ကျွန်တော်တို့ မှာစားတဲ့
အစားအသောက်တွေ အတွက် ကျွန်တော်တို့ ပိုက်ဆံရှင်းပြီးပြီလေ …
ကျန်တာ/ မကျန်တာ ခင်ဗျားတို့ကိစ္စမဟုတ်ပါဘူး”
လို့ ပြောလိုက်ပါတယ်။

အဲဒီလိုလည်း ပြောလိုက်ရော …
အမျိုးသမီးတွေက စိတ်ဆိုးပြီးတော့ ချက်ချင်းပဲ တစ်ယောက်က
ဟန်းဖုန်းကိုထုတ်ပြီး တစ်ယောက်ယောက်ဆီကို
ဖုန်းခေါ်လိုက်ပါတယ်။

ခဏလောက်ကြာတော့ လူမှုဖူလုံရေးအဖွဲ့အစည်း တစ်ခုရဲ့ ဝတ်စုံနဲ့
လူကြီးတစ်ယောက် ရောက်လာပါတယ် … ။

ကျွန်တော်တို့ ငြင်းပေမယ့်လည်း
ကျွန်တော်တို့ကို ယူရို ၅၀ ဒဏ်တပ်လိုက်ပါတယ်။
ကျွန်တော်တို့ အားလုံး တိတ်ဆိတ်နေကြတယ် … ။

အဲဒီလူမှုဖူလုံရေး အရာရှိက လေသံနည်းနည်းမာမာနဲ့
မင်းတို့မှာစားချင်သလို မှာစားလို့ရတယ်၊ မင်းတို့ပိုက်ဆံနဲ့ စားတာ၊

ဒါပေမယ့် အစားအသောက်တွေက
လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆိုင်တယ်၊
ကမ္ဘာနဲ့ အဝန်းမှာ အစာရေစာပြတ်လတ်နေတဲ့သူတွေ …
ငတ်နေတဲ့သူတွေ အများကြီးပဲ၊

ဘယ်လို အကြောင်းနဲ့မှ အစားအသောက်တွေကို ဖြုန်းတီးစရာ
အကြောင်းမရှိဘူး” လို့ ပြောပါတယ်။

အဲဒီလိုချမ်းသာတဲ့ နိုင်ငံကြီးတစ်နိုင်ငံက လူတွေရဲ့ စိတ်ဓာတ်က
ကျွန်တော်တို့ကို တကယ်ပဲ အရှက်ရသွားစေပါတယ် … ။

တကယ်ဆိုရင် ကျွန်တော်တို့က ချမ်းသာတဲ့ နိုင်ငံက မဟုတ်ကြပါဘူး …

ဒါပေမယ့် သူတို့ ချမ်းသာတဲ့ နိုင်ငံလိုမျိုး စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းဖို့ …
အသိမရှိခဲ့ကြဘူး … ။

ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြောင်းလဲပြီး
သူတို့ရဲ့ အလေ့အကျင့်ကောင်းကို အတုယူသင့်ပါတယ် … ။

သိပ်မှန်ပါတယ် …
မင်းတို့ပိုက်ဆံ ဆိုပေမယ့်
အစားအသောက်တွေက လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တယ် …”

ကျွန်တ်ာတို့ ကြိုးစား အတုယူရပါလိမ့်မယ် … ။

ဒါကလည်း အင်တာနက်မှာ ဖတ်မိတဲ့
WE REALLY NEED TO REFLECT ON THIS ဆိုတဲ့ စာစုလေးကို
ဆီလျော်အောင် ဘာသာပြန်ထားတာပါ။

စာဖတ်သူများ ဆပွားတွေးကြည့်ကြပါ …

မေတ္တာဖြင့်

Credit to အောင်ကိုဦး(UMK)
Categories: Articles / 0 Comments / by Ko Sai

23/07/2024

🌟1 ကီလို = 63 ကျပ်သား🌟

kg နဲ့ ပိဿာ တွက်ချက်ပုံ
🫒🫒🫒🫒🫒🫒🫒🫒
ဥပမာ 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ်

စားကြပါဦး
23/07/2024

စားကြပါဦး

in stock ရှိတယ်နော်
03/07/2024

in stock ရှိတယ်နော်

မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင် Al Rigga, Union, Salah Al Din Metro ပို့ခ free၂ဗူးနဲ့အထက်တော့ မှာပေးပေါ့နော် ၁...
03/07/2024

မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင်
Al Rigga, Union, Salah Al Din Metro ပို့ခ free
၂ဗူးနဲ့အထက်တော့ မှာပေးပေါ့နော်

၁ဘူး ၂၅ဒဟမျး ပါ
25aed for one
home made shrimp paste in Dubai 🇦🇪

မြန်မာပြည် မြို့နယ်တိုင်းအလိုက်ပို့ပေးပါတယ်
မျှင်ငပိတစ်ပိသာ ၂၆၀၀၀ ကျပ်ပါရှင်
delivery fees ရှိပါတယ် 🇲🇲

Singapore ကမှာချင်ရင် တစ်ပတ်အတွင်းပို့ပေးပါတယ်၊ ကီလိုဖိုးတော့ယူပါတယ်ရှင် 🇲🇨

Message us on page SNOW cafe'
☎️ မြန်မာပြည် +959884454207

မျှင်ငပိတွေ ဒူဘိုင်းကို ထပ်ရောက်ပါပြီရှင်
၁ဘူး ၃၀aed ပါ

30aed for one
home made shrimp paste in Dubai 🇦🇪

100aed မှာတဲ့အခါ free delivery ပါနော်

မြန်မာပြည် မြို့နယ်တိုင်းအလိုက်ပို့ပေးပါတယ်
မျှင်ငပိတစ်ပိသာ ၂၈၀၀၀ ကျပ်ပါရှင်
delivery fees ရှိပါတယ် 🇲🇲

Singapore ကမှာချင်ရင် တစ်ပတ်အတွင်းပို့ပေးပါတယ်၊ ကီလိုဖိုးတော့ယူပါတယ်ရှင် 🇲🇨

Message us on page SNOW cafe'
☎️ မြန်မာပြည် +959884454207

Food tasting
09/05/2024

Food tasting

Address

Pathein
042

Website

Alerts

Be the first to know and let us send you an email when SNOW cafe' posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category