22/05/2026
Free Baking Workshop for ages 10 - 15
ကျောင်းပညာရေးတွေ ပြီးသွားရင် အသက်မွေးဝမ်းကျောင်းပညာအတွက် မေဂျာတွေ ရွေးချယ်ကြရတဲ့အခါ ဘာကို ဝါသနာပါလဲ သေချာမသိကြတဲ့အတွက် အခြေအနေအရ အဆင်ပြေတဲ့ပညာရေးကို ရွေးချယ်ကြရတဲ့ ကျမတို့ရဲ့ နောင်လာနောက်သား သားသားမီးမီးလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။
ဒီ free workshop လေးကနေ fun နဲ့ knowledge ရပြီး ငယ်ဘဝအမှတ်တရလေး အဖြစ် ၂ ရက်တာ အပျော်လေးတစ်ခု ဖန်တီးခွင့်ရမှာပါ။
ဆိုင်လေးက အင်မတန်ကျဉ်းတဲ့အတွက် လူဦးရေ ၅ ယောက်ပဲ ရွေးချယ်သွားမှာပါ။
(ဒီ video လေးက page နဲ့ TikTok မှာ တင်ထားတဲ့အတွက် ဒီ video နှစ်ခုရဲ့ အောက်မှာရေးထားတဲ့ comment ပိုင်ရှင်တွေထဲကနေ ၅ ဦးကို ရွေးချယ်သွားမှာပါ)
လက်ဆင့်ကမ်းမဲ့ ပညာတွေကတော့ မုန့်တစ်ခု လုပ်ဖို့ အခြေခံလိုအပ်တဲ့ ပစ္စည်းတွေနဲ့ ingredients တွေအကြောင်းရှင်းပြပြီး cupcake, cookies နဲ့ birthday cake လေးတွေကိုပါ ကိုယ်တိုင် ပါဝင်ဖန်တီးစေမှာဖြစ်ပါတယ်။
တကယ့်လုပ်ငန်းခွင်ရဲ့ အတွေ့အကြုံလေးကိုပါ မြင်တွေ့ရမှာဖြစ်လို့ သားသားမီးမီးတို့အတွက် ဗဟုသုတပါ ရစေမှာပါ။
အဲဒါကြောင့် ဒီ workshop မှာ ပါဝင်ချင်တယ်ဆိုရင် ဒီ post အောက်မှာ ဖေဖေမေမေတို့က ဖြစ်စေ၊ သားသားမီးမီးကိုယ်တိုင်ကဖြစ်စေ ဘာကြောင့် ပါဝင်ချင်တာလဲဆိုတာကို သေသေချာချာလေးရေးပေးရင် ရပါတယ်။
မေလ ၂၅ ရက်နေ့မှာ ဘယ်သူတွေ ပါဝင်ခွင့်ရမလဲဆိုတာ ကြေညာပေးသွားပါမယ်ရှင့်။
မိမိအိမ်မှာ သားသားမီးမီးတွေ မရှိရင်လည်း ဒီ video လေးကို လက်ဆင့်ကမ်းပေးခြင်းဖြင့် ပညာကုသိုလ် ပါဝင်ယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Remark - video ထဲမှာ edit လုပ်တဲ့အခါ မှားပြီး teenager လို့ရေးမိပါတယ်ရှင့်
နောက်ပိုင်းကျရင် teenager လေးတွေအတွက်လည်း ဖွင့်ပေးဦးမှာပါ