Whispers of Tsuki

Whispers of Tsuki 🪼

ဂျပန်မှာနေတဲ့သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အိမ်သုံးပစ္စည်း ဂျပန်စာလုံးများဂျပန်မှာနေရင်း ပစ္စည်းတစ်ခုခုပျက်လို့ ပိုင်ရှင် ...
29/09/2026

ဂျပန်မှာနေတဲ့သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အိမ်သုံးပစ္စည်း ဂျပန်စာလုံးများ

ဂျပန်မှာနေရင်း ပစ္စည်းတစ်ခုခုပျက်လို့ ပိုင်ရှင် (သို့) မန်နေဂျာကို ပြောချင်တာပဲဖြစ်ဖြစ်၊ စူပါမားကတ်မှာ သွားဝယ်ချင်တာပဲဖြစ်ဖြစ် နာမည်မသိလို့ အခက်အခဲဖြစ်ဖူးပါသလား❓

နေ့စဉ်သုံးဖြစ်နေပေမယ့်လည်းဂျပန်လိုချက်ချင်းမခေါ်တတ်ကြတဲ့ အိမ်သုံးနေ့စဉ်သုံးပစ္စည်းတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်

#ဂျပန်စာ #ဂျပန်ဘဝ

🇯🇵 ဂျပန်မှာ သေဆုံးပြီးတဲ့သူတွေကို နာမည်အသစ်ပေးကြတယ်ဆိုတာ သိကြလား? မိနစံတို့မသိသေးတဲ့ ဂျပန်ယဉ်ကျေးမှု日本の文化တစ်ခုဂျပန်နိုင်...
21/09/2026

🇯🇵 ဂျပန်မှာ သေဆုံးပြီးတဲ့သူတွေကို နာမည်အသစ်ပေးကြတယ်ဆိုတာ သိကြလား?

မိနစံတို့မသိသေးတဲ့ ဂျပန်ယဉ်ကျေးမှု
日本の文化တစ်ခု

ဂျပန်နိုင်ငံမှာ လူတစ်ယောက်သေဆုံးသွားတဲ့အခါ ဘာသာရေးထုံးတမ်းအရ နာမည်အသစ်တစ်ခု ပေးအပ်တဲ့ဓလေ့ရှိပါတယ်

ဒီနာမည်ကို အများအားဖြင့် 戒名(かいみょう・Kaimyō) လို့ခေါ်ကြပါတယ်။

ဒါပေမယ့် ဒီနာမည်ဟာ အသက်ရှင်စဉ်က နာမည်ကို အပြီးတိုင် အစားထိုးလိုက်တာမျိုး မဟုတ်ပါဘဲဗုဒ္ဓဘာသာဆိုင်ရာ အသုဘထုံးတမ်းနဲ့ ဆက်စပ်တဲ့ အမည်တစ်ခု ဖြစ်ပါတယ်

✨ဘာကြောင့် နာမည်အသစ်ပေးကြတာလဲ?

မူလအယူအဆအရ 戒名 ဆိုတာ ဗုဒ္ဓဘာသာသွန်သင်ချက်တွေကို လိုက်နာဖို့ ကတိပြုသူကို ပေးတဲ့ ဘာသာရေးဆိုင်ရာအမည်ဖြစ်ပါတယ်။

ဂျပန်မှာတော့ သေဆုံးသူတွေအတွက် ဘုန်းကြီးက ပေးအပ်တဲ့အမည်အဖြစ် လူသိများပါတယ်

နာမည်ရွေးချယ်တဲ့အခါ သေဆုံးသူရဲ့ ဘဝ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ မိသားစုရဲ့ ဆန္ဒတွေကို ထည့်သွင်းစဉ်းစားပြီးပေးတယ်လို့သိရပါတယ်

✨နာမည်အသစ်ကို ဘယ်မှာသုံးကြလဲ?

နာမည်ကို အောက်မေ့ဖွယ်အထိမ်းအမှတ်ပြား(位牌)နဲ့ အုတ်ဂူမှာ ရေးသားထားနိုင်ပါတယ်။

မိသားစုက အောက်မေ့ဖွယ် ဘာသာရေးအခမ်းအနားတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

💴 နာမည်ပေးဖို့ ငွေပေးရလား?

အချို့သော ဘုန်းကြီးကျောင်းတွေမှာ 戒名 ပေးအပ်တဲ့အခါ お布施(おふせ) လို့ခေါ်တဲ့ အလှူငွေ ပေးရတဲ့ဓလေ့ရှိပါတယ် သောင်း 20လောက်ပေးရတယ်ပြောပါတယ် ဒါမယ့် ကုန်ကျစရိတ်က ဘုန်းကြီးကျောင်း၊ ဘာသာရေးဂိုဏ်းနဲ့ နာမည်အမျိုးအစားပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်

ဂျပန်မှာ လူတိုင်းကို မဖြစ်မနေ 戒名 ပေးရတယ်လို့ မဆိုနိုင်ပါဘူး ပေးတဲ့သူလဲရှ်သလိုမပေးတဲ့သူလဲရှိတယ်ပေါ့နော်

ဂျပန်အသုဘထုံးတမ်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲရှင်

မိနစံတို့အနေနဲ့ ဒီလိုဓလေ့ကို အရင်က သိထားကြလား?

#ဂျပန်ယဉ်ကျေးမှု

17/09/2026

🌶️ မာလာတို့ရဲ့ မိခင်ကြီး… မာလာဟင်း

မာလာအရသာတွေ ဘယ်လောက်ပဲဆန်းသစ်လာပါစေ…
တစ်ခါတလေတော့ မူလလက်ဟောင်းအရသာလေးကိုပဲ လွမ်းမိပါတယ်

တောင်ကြီးက မာလာဟင်းအရသာကို လွမ်းရင်းနဲ့ ဒီတစ်ခါတော့ komagome မိုးကုတ်သူက မာလာဟင်း ဆီ ရောက်ဖြစ်ခဲ့ပါတယ်

မာလာဆိုတာ အခုခေတ်မှာ ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ စားစရာအသစ်တွေ ပေါ်လာပေမယ့် ကိုယ်နဲ့ရင်းနှီးပြီး အမှတ်တရတွေရှိနေတဲ့ မာလာဟင်းအရသာကတော့ ထူးခြားနေဆဲပါပဲ

မာလာဟင်းကို လွမ်းနေသူတွေရှိရင် ဒီပို့စ်လေးကို မြင်တဲ့အခါ အမှတ်တရလေးတွေ ပြန်သတိရမိကြမယ်ထင်ပါတယ်။

📍 မိုးကုတ်သူ

#မာလာဟင်း #မိုးကုတ်သူ #တောင်ကြီးအရသာ

15/09/2026

30 sec လောက်နဲ့ Fuji တောင်မမြင်ရတဲ့နေ့တောင် Kawaguchiko Lake ရဲ့အလှပကိုခံစားလိုက်ပါ🗻

ဒီတစ်ခေါက်မှာတော့ Japan ရဲ့ နာမည်ကြီးခရီးသွားနေရာတစ်ခုဖြစ်တဲ့ Kawaguchiko Lake ရဲ့ အလှတရားလေးတွေကို မျှဝေပေးချင်ပါတယ်

Kawaguchiko Lake မှာ ရေကန်အလှကိုခံစားရင်း အပျော်လှေလေးတွေစီးလို့ရသလို၊ ရေကန်ပတ်ဝန်းကျင်မှာလည်း လည်ပတ်စရာနေရာလေးတွေ အများကြီးရှိပါတယ်။

အဲ့ဒီထဲမှာ နာမည်ကြီးတဲ့နေရာတစ်ခုကတော့ Oishi Park (大石公園) ပါ

Oishi Park က Kawaguchiko Lake ရဲ့ မြောက်ဘက်ကမ်းမှာရှိပြီး နောက်ခံမှာ Fuji တောင်၊ ရှေ့မှာ Lake Kawaguchi နဲ့ ရာသီအလိုက် ပန်းခင်းလေးတွေရှိတာကြောင့် ဓာတ်ပုံရိုက်ဖို့နဲ့ scenery ခံစားဖို့ အရမ်းလှတဲ့ spot တစ်ခုပါ

ဒါပေမယ့် ကျွန်မသွားတဲ့နေ့မှာတော့ မိုးရွာနေတာကြောင့် Fuji တောင်ကို မမြင်ခဲ့ရပါဘူး မိုးအုံ့ပြီး မြူတွေကျနေတဲ့ တောင်တန်းတွေ၊ ရေကန်ကြီးနဲ့ ပန်းခင်းလေးတွေ ပေါင်းစပ်နေတဲ့ view ကလည်း တစ်မျိုးလေးအေးချမ်းပြီး လှနေခဲ့ပါတယ်။

အသွားကိုတော့ Bus နဲ့သွားပြီး အပြန်မှာတော့ Hello Cycling ကနေ စက်ဘီးလေးငှားပြီး Kawaguchiko Lake ပတ်လမ်းတစ်လျှောက် အလှတရားတွေကို ခံစားရင်း စက်ဘီးနင်းခဲ့ပါတယ် Kawaguchiko မှာ နာမည်ကြီးတဲ့ Ropeway လည်းရှိပါတယ် ကျွန်မတို့ စီးမယ့်အချိန်မှာ မြူတွေက အရမ်းထူလာတာကြောင့် ဒီတစ်ခေါက်တော့ မစီးဖြစ်ခဲ့ပါဘူး။

အဲ့ဒါကြောင့် ရေကန်ဘေးမှာပဲ ခဏထိုင်ပြီး မိုးအုံ့နေတဲ့ Kawaguchiko ရဲ့ အလှကို အေးအေးဆေးဆေးခံစားပြီး Tokyo ကို ပြန်လာခဲ့ပါတယ်

Fuji တောင်ကို မမြင်ခဲ့ရပေမယ့် ဒီခရီးကတော့ Kawaguchiko ရဲ့ မတူညီတဲ့အလှတစ်မျိုးကို ခံစားခွင့်ရခဲ့တဲ့ ခရီးလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ရာသီဥတုကောင်းတဲ့နေ့မှာ Fuji တောင်ကိုပါ မြင်ရအောင် Kawaguchiko ကို တစ်ခေါက်ပြန်လာချင်ပါတယ် 🗻

📍Kawaguchiko Lake / Oishi Park, Yamanashi, Japan

#河口湖 #大石公園

08/09/2026

Your name 君の名は ထဲက real location လေးဆီ✨

Anime ထဲမှာပဲ မြင်ဖူးခဲ့တဲ့ လှေကားလေးနဲ့ နေရာတွေကို ကိုယ်တိုင် တကယ်ရောက်သွားတဲ့အချိန် တကယ်ပဲရောက်နေတာလား အိပ်မက်လားဆိုပြီး အံ့ဩပြီးပျော်ခဲ့ရပါတယ်

Tokyo ထဲမှာပဲရှိတာမို့ သွားရတာလည်း အရမ်းအဆင်ပြေတယ် Shinjuku ကနေ Marunouchi Line စီးပြီး Yotsuya ဘူတာမှာဆင်းရင်ရပါတယ်

Your Name ရဲ့ Iconic Staircase
Anime ထဲမှာ Taki နဲ့ Mitsuha ရဲ့ နောက်ဆုံးအမှတ်တရ scene ဖြစ်တဲ့ အနီရောင်လက်ရန်းပါတဲ့ လှေကားလေးကို မြင်လိုက်ရတဲ့အချိန်… အရမ်းပျော်တာပါ

ဒီနာမည်ကြီးလှေကားလေးကတော့
📍 須賀神社 (Suga Shrine) မှာရှိပါတယ်။

Yotsuya ပတ်ဝန်းကျင်မှာလည်း Taki နဲ့ Mitsuha တစ်ယောက်နဲ့တစ်ယောက် ရှာကြတဲ့ နောက်ဆုံးပိုင်းက လမ်းတွေ၊ လမ်းဆုံတွေ ကို တွေ့နိုင်ပါတယ်

ဒီတစ်ခေါက်တော့ မိုးရွာနေတဲ့အတွက် Yotsuya Station အနီးတဝိုက်က နေရာတွေကိုပဲ သွားနိုင်ခဲ့တယ်
ဒါပေမယ့် နေရာတိုင်းမှာ Your Name ထဲက ခံစားချက်လေးတွေ ကို တကယ်ရခဲ့တာပါ

ဒီလို Anime location တွေကို သွားရတာက
Anime တစ်ကားကို ပြန်ကြည့်နေတာမဟုတ်ဘဲ… ကိုယ်တိုင် Anime ထဲကို ရောက်သွားသလို ခံစားရ

Your Name ကြည့်ဖူးတဲ့သူတွေ ဒီနေရာကိုရောက်ရင် ဘယ်လောက်ရင်ခုန်မလဲဆိုတာ နားလည်ကြမယ်ထင်တယ်

⸝

📍 Location: 須賀神社 (Suga Shrine), Yotsuya, Tokyo

📌 Google Maps မှာ 「須賀神社」 လို့ရှာရုံနဲ့ရပါတယ်။ Shrine ရဲ့ official access guide မှာလည်း Marunouchi Line 四谷三丁目駅から徒歩7分 လို့ဖော်ပြထားပါတယ်။ Akasaka Exit ကထွက်ပါ

BGM credit to RADWIMPS x YOASOBI ikura 《 スパークル Sparkle 》
「 RADWIMPS 20th ANNIVERSARY LIVE TOUR 」

#君の名は #聖地巡礼 🇯🇵✨

04/09/2026

Aung Si ကအသစ်ထွက်တဲ့Tomato Spicy အနှစ်လေးနဲ့ ပင်လယ်စာမာဆလာ — ရှယ်မှရှယ်ပဲ!

စုစုပေါင်း ¥1,000 ကျော်ကျော်လောက်ပဲ သုံးပြီး ကိုယ်တိုင်ချက်စားလိုက်တာ…
လုံးဝ ဆိုင်မှာစားရတဲ့အရသာမျိုးပါပဲ!

အမှန်အတိုင်းပြောရရင် ကျမချက်ဖူးသမျှထဲမှာ အကြိုက်ဆုံးပဲ ကိုယ်ချက်ကိုယ်ကောင်း
ဒီလိုအရသာမျိုး မစားရတာလည်း အရမ်းကြာပြီရယ် ဆိုင်မှာလည်း မစားဖြစ်၊ ကိုယ်တိုင်လည်း မချက်ဖြစ်နေတာကြာပြီဆိုတော့ ဒီတစ်ခါတော့ မြန်မာက မိသားစုကိုတောင် ပြန်ချက်ကျွေးချင်စိတ်ပေါက်သွားတယ်။ 🫶🏻

Aung Si ရဲ့ Tomato Spicy အနှစ်ထုပ်လေး ထွက်လာတော့ အရင်ကတည်းက စိတ်ကူးထားတဲ့ ပင်လယ်စာချက် ကို ဒီတစ်ခါတော့ အကောင်အထည်ဖော်လိုက်ပါပြီ.....

အရသာကတော့…ဆွေမျိုးပါမေ့

ပင်လယ်စာကြိုက်တဲ့သူဆိုရင် တစ်ခါလောက်တော့ စမ်းကြည့်သင့်တယ်နော် အိမ်မှာကိုယ်တိုင်ချက်စားရင်းနဲ့ မြန်မာပြည်က အိမ်အရသာလေးကိုပါ ပြန်သတိရစေတဲ့ taste မျိုး

Promotion လဲရှိတာမလို့အဆုံးထိကြည့်ပေးနော်

#ပင်လယ်စာမာဆလာ #မြန်မာအစားအစာ

အလုပ်ကပြန်လာလို့ ပင်ပန်းနေချိန်... မြန်မာဟင်းစပ်စပ်မွှေးမွှေးလေး မိနစ်ပိုင်းအတွင်း ချက်စားချင်သူများအတွက်🍅🌶️ AUNG SI Foo...
02/09/2026

အလုပ်ကပြန်လာလို့ ပင်ပန်းနေချိန်... မြန်မာဟင်းစပ်စပ်မွှေးမွှေးလေး မိနစ်ပိုင်းအတွင်း ချက်စားချင်သူများအတွက်🍅🌶️

AUNG SI Food ရဲ့ Tomato Spicy Curry Pasteလေးထွက်လာပါပြီရှင်

ခရမ်းချဉ်သီးအရသာလေးနဲ့ စပ်စပ်မွှေးမွှေးဆိုတော့
မြန်မာဟင်းအရသာကိုကြိုက်တဲ့သူတွေအတွက် စမ်းကြည့်သင့်တဲ့အနှစ်လေးပါ ✨

တစ်ထုပ်မှာ 50g ပါပြီး ဈေးနှုန်းအနေနဲ့ကတော့
၃၀၀-၃၅၀ ယန်း ဝန်းကျင်ပါရှင့်

ပြီးတော့ အခု Promotion လေးရှိနေပြီနော်! 😍

🎁 BUY 2 GET 1 FREE
Original Curry Paste ၂ ထုပ်ဝယ်ရင်
အသစ်ထွက် Tomato Spicy ၁ ထုပ် အခမဲ့ ရမယ်တဲ့

📅 September 1 – 9
⏰ ၉ ရက်တည်းပဲနော်!

လကုန်ရက် လစာထုတ်ပြီးတာနဲ့💸
Promotion တန်တန်နဲ့
အောင်စည်လေးသာ ပြေးဝယ်လိုက်ပါ

မြန်မာဟင်းအရသာလေးတွေကို လွမ်းနေတဲ့သူတွေဆို
ဒီတစ်ထုပ်တော့ စမ်းကြည့်သင့်တယ်နော် 🍅🌶️

Promotion ရနိုင်မယ့်ဆိုင်တွေကတော့

1.Mother House Myanmar Store�169-0075, Shinjuku-ku, Takadanobaba 2-19-7
TAK 11 Building (910), Tokyo, Japan.
Tel: 03-6709-6331
https://www.facebook.com/share/1GQBLsSMqi/?mibextid=wwXIfr

2.MINGALAPAR Store
3-27-5 Sugamo
Toshima-ku, Tokyo, Japan.
�3.OK Store �Nakadai 1-43-9 Blossom Terrace Nakadai 103, Itabashi, Tokyo, Japan, 1740064 
Ph: 070-9119-9602
https://www.facebook.com/profile.php?id=61556246730982
�4.Rose Family Store �3-2-13(202)Takadanobaba
Tokyo, Japan.
Tel: 070-5594-0701
https://www.facebook.com/share/1BNFhHfWpD/?mibextid=wwXIfr
�5.SAKURA SHOPPE�Asian Mart Grocery Store
2-11-14(1F) Kita Ootsuka,
Toshima-ku, Tokyo, Japan.
Tel: 090-8485-7464
https://www.facebook.com/share/18VA9y9akD/?mibextid=wwXIfr
�6.S.K.L Mart (Shin Okubo)�No.203,Initial Annex Building. 2-10-8, Hykunincho, Shinjuku-ku, Tokyo,Japan,169-0073
Ph +818041898700
https://www.facebook.com/share/1Z1WuFy1dx/
�7.S.K.L Mart (Takadanobaba)�1F,An Building.3,Chome-2-5
Takadanobaba,Shinjuku City, Tokyo, Shinjuku-ku, Tokyo,
Japan,169-0075
Ph 07015686479

လေဆိပ်ကစက်လှေကားတွေက ကျိန်စာများမိနေသလား??လေဆိပ်က စက်လှေကားထက်မှာ ကျန်ရစ်ခဲ့တဲ့ ခွဲခွာခြင်း ဝေဒနာတွေက တကယ်တော့ မိနစံတို့...
28/08/2026

လေဆိပ်ကစက်လှေကားတွေက ကျိန်စာများမိနေသလား??

လေဆိပ်က စက်လှေကားထက်မှာ ကျန်ရစ်ခဲ့တဲ့ ခွဲခွာခြင်း ဝေဒနာတွေက တကယ်တော့ မိနစံတို့တစ်ယောက်တည်း ခံစားရတာ မဟုတ်ပါဘူး
နိုင်ငံရပ်ခြားမှာ ရုန်းကန်နေရတဲ့သူ တိုင်းလိုလိုရဲ့ ရင်ထဲမှာ အဲ့ဒီ "လေဆိပ် စက်လှေကား" ဆိုတာ ပျော်ရွှင်စရာ ကမ္ဘာနဲ့ ခွဲခွာရတဲ့ စိတ္တဇအမှတ်အသားတစ်ခုလို စွဲကျန်နေတတ်ပါတယ် ကျမက "Ko Ko Shwe Bhone"ဆိုတဲ့ Page က ကလေးလေး video တွေကိုဘာရယ်မဟုတ်ဘူး newfeed မှာတက်တက်လာတာနဲ့ ဝင်ကြည့်ရင်း အမြဲတမ်းကြည့်ဖြစ်နေတယ်ပေါ့နော် ဟိုနေ့က သူတို့မိသားစုမြန်မာပြည်အလည်ပြန်ရင်း ဂျပန်ပြန်လာတော့ တစ်မျိုးလုံးလေဆိပ်လိုက်ပို့ကြတယ်တဲ့ ကလေးလေးကမျက်ရည်ဝဲတဲတဲနဲ့ပေါ့စက်လှေကားပေါ်တက်ရင်း တာ့တာပြနှုတ်ဆက်တော့ ငိုပါလေရော အဲ့ video လေးကြည့်ရင်း ရင်ထဲ စူးခနဲ စိတ်မကောင်းဖြစ်သွားလို့ပါ

မြန်မာပြည်ကနေ ထွက်ခွာလာခဲ့တဲ့နေ့က အဖေရယ်၊ အမေရယ်၊ အဒေါ်ရယ် လေဆိပ်အထိ လိုက်ပို့ခဲ့ကြတယ်။ မသွားခင် နှစ်လအလိုကတည်းက Tik Tok မှာ လေဆိပ်ကိုလိုက်ပို့ရင်းခွဲခွာနှုတ်ဆက်ကြတဲ့ video မြင်တိုင်း ငါ့အလှည့်ကျရင်ကောဆိုပြီး ကြိုငိုခဲ့ရတာအကြိမ်ကြိမ်ပေါ့ တကယ် တမ်း ထွက်လာတဲ့နေ့က အိမ်ကနေအထွက် မိဘတွေကိုကန်တော့တော့ မျက်ရည်တွေဖြည်မဆည်နိုင်လောက်အောင်ကျခဲ့ပါတယ် လေဆိပ်ရောက်တော့စိတ်ကိုတင်းထားပြီး တခြားအာရုံလွဲပြီးနေတာနဲ့ ကျမ မျက်ရည်မကျဘဲ အားတင်းနိုင်ခဲ့ပါတယ် Bkk မှာ ၁လ နေပြီး အလည်လာတဲ့ ညီမလေးနဲ့ အဒေါ်ကိုပြန်ပို့တုန်းကလဲ အဲ့စက်လှေကားပေါ်တက်သွားတာနဲ့ ကိုယ်က ငိုတာမရပ်နိုင်ခဲ့ဘူး
ပြီးခဲ့တဲ့တစ်ခေါက် bkk သွားတော့လဲ အပြန်လေဆိပ်မှာလိုက်ပို့ကျတော့ စက်လှေကားမတက်ခင် ticket scan ဖတ်ပြီးတာနဲ့ နှုတ်ဆက်ရတော့မယ်ဆိုတာသိတော့မျက်ရည်တွေကထိန်းမရခဲ့

တခြားသူတွေအတွက်တော့ ဒါဟာ ခရီးတစ်ခုရဲ့ စတင်ခြင်း ဖြစ်ချင်ဖြစ်မယ်၊ ကျမအတွက်တော့ အဲ့ဒီ စက်လှေကားကြီးက ချစ်ရတဲ့သူတွေနဲ့ ခွဲခွာရခြင်းကို ခါးခါးသီးသီး သတိပေးနေတဲ့ ကျိန်စာတစ်ခုလိုပါပဲ။ ဘယ်နှကြိမ်ပဲ ကြုံရကြုံရ… ခွဲခွာခြင်းဆိုတဲ့ ဝေဒနာကို အခုထိ နေသားမကျနိုင်သေးပါဘူး။ လေဆိပ်က အဲ့ဒီ စက်လှေကားကြီးကို တကယ်ပဲ မုန်းမိပါတယ်…။
မိနစံတို့ရော… အဲ့ဒီ စက်လှေကားပေါ်ရောက်ရင် စိမျက်ရည်ကျခဲ့ရဖူးတဲ့ အဖြစ်မျိုးတွေ ရှိကြလားဟင်……?

📌 Japan မှာ Aquarium သွားမယ့်သူတွေ Save ထားပါ! Aquarium က ရေသတ္တဝါလေးတွေရဲ့ဂျပန်လိုအခေါ်အဝေါ်ပါ တစ်နေ့က ဂျပန်မလေးက ဒါလေး...
27/08/2026

📌 Japan မှာ Aquarium သွားမယ့်သူတွေ Save ထားပါ!

Aquarium က ရေသတ္တဝါလေးတွေရဲ့ဂျပန်လိုအခေါ်အဝေါ်ပါ တစ်နေ့က ဂျပန်မလေးက ဒါလေးကクラゲနဲ့တူတယ်ဆိုပြီးလာပြတော့ ကိုယ်ကမသိ クラゲဆိုတာဘာလဲပေါ့ အဲ့တာနဲ့ jellyfish လို့ပြောပြမှ သဘောပေါက်တယ်

ကိုယ်လဲ လေ့လာရင်း မသိမဖြစ်ဂျပန်စကားလုံးတွေဖြစ်လို့မိနစံတို့အတွက်လည်းအထောက်ကူဖြစ်စေမယ်ထင်ပါတယ်

Address

Shan State
1560057

Telephone

+959783493831

Website

Alerts

Be the first to know and let us send you an email when Whispers of Tsuki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Whispers of Tsuki:

Shortcuts

Share