ICTC International & Private High School

ICTC International & Private High School ICTC is a school that uses bilingual as medium of instruction.

10/09/2026

⚽🏆 STUDENT COUNCIL FOOTBALL CUP | VIDEO RECAP 🏆⚽

A huge congratulations to all the players, teams, Student Council members, teachers, and PTA supporters who made this tournament so exciting and memorable! 👏✨

10/09/2026

⚽🏆 STUDENT COUNCIL FOOTBALL CUP | VIDEO RECAP 🏆 ⚽️

A huge congratulations to all the players, teams, Student Council members, teachers, and PTA supporters who made this tournament so exciting and memorable! 👏✨

A few highlights from the SC Football Cup 🥅 2026
08/09/2026

A few highlights from the SC Football Cup 🥅 2026

⚽🌧️ ICTC မိုးရာသီ ဘောလုံးပွဲ 2026 Awarding 🏆မိုးရာသီရဲ့ အေးမြတဲ့အငွေ့အသက်နဲ့အတူ ICTC ကျောင်းသား/သူများရဲ့ စိတ်လှုပ်ရှားဖ...
08/09/2026

⚽🌧️ ICTC မိုးရာသီ ဘောလုံးပွဲ 2026 Awarding 🏆

မိုးရာသီရဲ့ အေးမြတဲ့အငွေ့အသက်နဲ့အတူ ICTC ကျောင်းသား/သူများရဲ့ စိတ်လှုပ်ရှားဖွယ် မိုးရာသီ ဘောလုံးပွဲ ကို ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ ⚽💪

အနိုင်ရဖို့ ကြိုးစားယှဉ်ပြိုင်ရင်း အသင်းအဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်မှု၊ အားကစားစိတ်ဓာတ်နဲ့ ချစ်ကြည်ရင်းနှီးမှု တွေကိုပါ ပိုမိုခိုင်မာစေခဲ့တဲ့ အမှတ်တရနေ့လေးတွေ ဖြစ်ခဲ့ပါတယ်။ 🏃‍♂️🏃‍♀️✨

မိုးစက်တွေကြားက ဘောလုံးပွဲ၊ ရယ်မောသံတွေနဲ့ အားပေးသံတွေကတော့ ICTC ရဲ့ လှပတဲ့အမှတ်တရတွေထဲက တစ်ခုပါပဲ။ 💙⚽

Play Together • Grow Together • Win Together! 🏆

#မိုးရာသီဘောလုံးပွဲ

🏆 ICTC Student Council Cup – Monsoon Sports Tournament 2026Grand Opening Ceremony ⚽🏀On 31 August 2026, ICTC Internationa...
01/09/2026

🏆 ICTC Student Council Cup – Monsoon Sports Tournament 2026

Grand Opening Ceremony ⚽🏀

On 31 August 2026, ICTC International School proudly hosted the Opening Ceremony of the ICTC Student Council Cup – Monsoon Football and Basketball Tournaments at the ICTC Sports Ground.

The ceremony commenced with a magnificent House March-Past, led by the ICTC Student Council and accompanied by the school marching band. Proudly carrying their House flags, the House Captains led their respective teams from the school assembly hall to the sports ground, creating a powerful and inspiring display of unity, discipline, and school spirit.

Following the March-Past, all teams took their places on the field. The Principal delivered the opening address, sharing words of encouragement and highlighting the importance of teamwork, discipline, and sportsmanship. The PTA Chairman then delivered a special message to inspire and motivate our young athletes.

The highlight of the ceremony was the Sports Oath, led by the Student Council President and recited together by all participating students. This meaningful moment reflected our commitment to fair play, respect, teamwork, responsibility, and true sportsmanship.

More than just a sporting event, the Student Council Cup is an opportunity for our students to build confidence, leadership, teamwork, friendship, and character through sports.

With the energy of our students, the dedication of our teachers, and the support of our parents, 31 August became a truly memorable and proud day for the entire ICTC family.

Let the games begin! 🏆⚽🏀

Play with Passion • Compete with Integrity • Grow Together






🏆မြို့နယ်ပညာရေးမှူး ဖလား- တံခွန်စိုက် ပထမဆု🏆👏🏻Happily played and enjoyed the day.👏🏻🏆ICTCians winning the overall champio...
14/08/2026

🏆မြို့နယ်ပညာရေးမှူး ဖလား- တံခွန်စိုက် ပထမဆု🏆

👏🏻Happily played and enjoyed the day.👏🏻

🏆ICTCians winning the overall champion🏆

Parents + Teachers = Students’ Success 💙A wonderful start to our PTA First Executive Meeting 2026–2027. Thank you for yo...
26/07/2026

Parents + Teachers = Students’ Success 💙

A wonderful start to our PTA First Executive Meeting 2026–2027. Thank you for your trust, support, and collaboration!

18/07/2026

(၇၉)နှစ်မြောက် အာဇာနည်နေ့ (အကြို)အထိမ်းအမှတ် အခမ်းအနား။

“ကလေးဉာဏ်ရည်ဖွံ့ဖြိုးဖို့ စကားများများပြောပေးပါ”“ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို တည်ဆောက်ပေးတဲ့ ပထမဆုံးဆရာဟာ မိဘဖြစ်ပြီး၊ ပထမဆ...
17/07/2026

“ကလေးဉာဏ်ရည်ဖွံ့ဖြိုးဖို့ စကားများများပြောပေးပါ”

“ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို တည်ဆောက်ပေးတဲ့ ပထမဆုံးဆရာဟာ
မိဘဖြစ်ပြီး၊ ပထမဆုံးသင်ခန်းစာကတော့ နေ့စဉ် မိဘနှင့်ကလေးအကြား
အပြန်အလှန်စကားပြောဆိုဆက်သွယ်ခြင်းပဲ ဖြစ်ပါတယ်။”

ကလေးတစ်ယောက် မွေးဖွားလာသည့်အချိန်မှစ၍ ဦးနှောက်သည် အံ့ဩဖွယ်ကောင်းလောက်အောင် လျင်မြန်စွာ ဖွံ့ဖြိုးနေပါသည်။ အသက် (၀) နှစ်မှ (၅) နှစ်အတွင်းသည် လူတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှု အလျင်မြန်ဆုံးကာလဖြစ်ပြီး၊ ထိုကာလအတွင်း ရရှိသည့် အတွေ့အကြုံများသည် ဘဝတစ်လျှောက်လုံးအတွက် အခြေခံအုတ်မြစ်ဖြစ်လာပါသည်။
ဤအရေးကြီးသောကာလတွင် မိဘများအနေဖြင့် ဈေးကြီးသော အရုပ်များ၊
နည်းပညာပစ္စည်းများ ဝယ်ပေးခြင်းထက် ပို၍ အဖိုးတန်သော လက်ဆောင်တစ်ခုရှိပါသည်။
ထိုအရာကတော့ ကလေးနှင့် စကားများများ ပြောပေးခြင်း ဖြစ်ပါသည်။

အပြန်အလှန်စကားပြောဆိုခြင်းက ဘာကြောင့် အရေးကြီးသလဲ

ပညာရှင်များ၏ သုတေသနပြုချက်များအရ ကလေးငယ်များကို
ငယ်ရွယ်စဉ်ကထဲက စကားများများပြောဆိုပေးခြင်းသည် ကလေးကို
စကားပြောတတ်စေရုံသာမကကလေး၏ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များအကြား( Neural Connections)ချိတ်ဆက်မှုများကို
အားကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပါသည်။
မိဘ၏ အသံကို ထပ်ခါတလဲလဲ ကြားရခြင်း၊ မျက်နှာချင်းဆိုင်၍စကားပြောပေးခြင်း၊မေးခွန်းမေးပြီး အပြန်အလှန်တုန့်ပြန်ပေးခြင်းတို့သည် ကလေးငယ်၏ ဦးနှောက်ကို လှုံဆော်ပေးပြီး
ဘာသာစကားစွမ်းရည် ပိုမိုဖွံ့ဖြိုးလာစေမည်၊စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလာမည်၊
မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းမွန်လာမည်၊
မေးခွန်းထုတ်တတ်ပြီး ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာမည်၊
မိမိကိုယ်ကို ယုံကြည်မှုနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း တိုးတက်လာမည်၊
လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
ဤအကျိုးကျေးဇူးများသည် ကလေး၏ ပညာရေးအောင်မြင်မှုနှင့်
အနာဂတ်ဘဝအောင်မြင်မှုတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို
တည်ဆောက်ပေးနေခြင်းဖြစ်ပါသည်။

- ကလေးက စကားမပြောတတ်သေးရင်ကော ပြောပေးသင့်သလား
အဖြေကတော့ “ဟုတ်ကဲ့၊ ပို၍တောင် ပြောပေးသင့်ပါတယ်။”

ကလေးငယ်များသည် မွေးဖွားပြီး မကြာမီကတည်းကပင် အသံများကို နားထောင်ပြီး
သင်ယူနေကြပါသည်။ စကားမပြောနိုင်သေးသော်လည်း မိဘ၏ အသံ၊ စကားလုံးနှင့် မျက်နှာအမူအရာများကို တဖြည်းဖြည်း နားလည်လာပါသည်။
ယနေ့ ကလေးကြားနေရသော စကားလုံးများသည် မနက်ဖြန် ကလေးပြောမည့်
စကားလုံးများ ဖြစ်လာပါလိမ့်မည်။
ထို့ကြောင့် “ကလေးငယ်သေးတယ် သူဘာမှနားမလည်သေးဘူး”
ဟူသောအတွေးနှင့် ကလေးကို စကားပြောဖို့ ပျက်ကွက်နေခြင်းသည်
ကလေး၏ ဘာသာစကား သင်ယူမှုကို နှောက်နေးစေရုံသာမက
ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ နေးကွေးစေနိုင်သည့်အတွက် မိဘများအားလုံး
ကလေးမွေးကင်းစအရွယ်မှစ၍ စကားများများ ပြောပေးရန် အလွန်အရေးကြီးပါသည်။

-တီဗီနှင့် ဖုန်းက မိဘကို အစားထိုးနိုင်သလား
ယနေ့ခေတ်တွင် မိဘများသည်ကလေးကို ဖုန်း၊ Tablet သို့မဟုတ် တီဗီဖြင့်
ကလေးငြိမ်နေစေရန် အသုံးပြုလာတတ်ကြသည်။
သို့သော် စက်ပစ္စည်းများသည် အပြန်အလှန် ဆက်သွယ်မှု (Interaction) ကို မပေးနိုင်ပါ။
တီဗီသည် စကားပြောသော်လည်း ကလေး၏ အဖြေကို နားမထောင်နိုင်ပါ။
ဖုန်းသည် သီချင်းဖွင့်ပေးနိုင်သော်လည်း ကလေး၏ မေးခွန်းကို မဖြေကြားနိုင်ပါ။
ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးအရာမှာ လူနှင့်လူ အပြန်အလှန် ဆက်သွယ်ပြောဆိုခြင်း ဖြစ်ပြီး၊ ထိုအရာကို မိဘကသာ အကောင်းဆုံး ပေးနိုင်ပါသည်။
ထို့ကြောင့် မိဘများသည် ကလေးများနှင့် နေ့စဉ်စကားပြောပေးသင့်ပါသည်။

နေ့စဉ် ဘယ်လိုပြောပေးသင့်သလဲ
စကားပြောပေးရန် သီးသန့်အချိန် မလိုအပ်ပါ။
နေ့စဉ်ဘဝထဲတွင်ပင် ပြုလုပ်နိုင်ပါသည်။
-အစားကျွေးနေချိန်တွင် အစားအစာအကြောင်း ပြောပေးပါ။
-ရေချိုးပေးနေချိန်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ခေါ်ပြပေးပါ။
-လမ်းလျှောက်ရင်း ပန်း၊ သစ်ပင်၊ ငှက်၊ ကားများကို ညွှန်ပြ၍ အမည်ခေါ်ပေးပါ။
-ပုံပြင်ဖတ်ပြပြီး “နောက်ဘာဖြစ်မယ် ထင်လဲ” ဟု မေးပေးပါ။
-ကလေးပြောသမျှကို စိတ်ရှည်စွာ နားထောင်ပြီး ပြန်လည်တုံ့ပြန်ပေးပါ။
အရေးကြီးဆုံးမှာ စကားများများပြောပေးရုံသာမက ကလေးကိုလည်း ပြောခွင့်ပေးခြင်း ဖြစ်ပါသည်။

စကားပြောဆိုခြင်းမှ စာဖတ်စွမ်းရည်သို့

ဘာသာစကားစွမ်းရည် ကောင်းမွန်သော ကလေးများသည် စာဖတ်သင်ယူရာတွင် ပိုမိုလွယ်ကူပါသည်။ စာဖတ်နိုင်စွမ်းကောင်းမွန်လာသည်နှင့်အမျှ သင်ခန်းစာနားလည်နိုင်စွမ်း၊ ဝေါဟာရကြွယ်ဝမှုနှင့် ဝေဖန်စဉ်းစားနိုင်စွမ်းတို့လည်း တိုးတက်လာပါသည်။
ထို့ကြောင့် ကလေးနှင့် နေ့စဉ် စကားပြောဆိုခြင်းသည် ယနေ့အတွက်သာ မဟုတ်ဘဲ အနာဂတ် ပညာရေးနှင့် ဘဝအောင်မြင်မှုအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။

မိမိကလေးကို ထူးချွန်စေချင်ရင်
နေ့စဉ် ကလေးများနှင့် စကားပြောပေးဖို့ မပျက်ကွက်ပါနှင့်ကလေးမေးသော
မေးခွန်းများကို စိတ်ရှည်စွာ ဖြေကြားပေးပါ။ပုံပြင်များ ဖတ်ပြပြီး အကြောင်းအရာကို
အတူတူပြောပေးပါ။ အမိန့်ပေးစကားများထက် အားပေးစကား နှင့် ဆွေးနွေးမှုများကို
အသုံးပြုပါ။ အစားစားချိန်နှင့် မိသားစုအချိန်များတွင် ဖုန်းနှင့် တီဗီအသုံးပြုမှုကို
လျှော့ချပါ။

ကလေးကို စကားများများ ပြောပေးခြင်းသည် ငွေကြေးမကုန်ကျသော
ပညာရေးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။
မိဘ၏ ချစ်ခြင်းမေတ္တာပြည့်ဝသောစကားသံ နှင့် အပြန်အလှန်ပြောဆိုဆက်သွယ်မှုများသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ စာဖတ်နိုင်စွမ်းနှင့် ဘဝအောင်မြင်မှုတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကိုတည်ဆောက်ပေးရုံသာမက
မိဘနှင့်သားသမီးများအကြား အပြန်အလှန်နွေးထွေးကြင်နာမှုကိုလည်း ရရှိစေပါသည်။

မိမိကိုယ်ကို ပြန်မေးကြည့်ပါ နေ့စဉ် “ မိမိကလေးနဲ့ ပုံမှန် စကားပြောဖြစ်ပါသလား၊
တစ်ရက်ကို စကားလုံးပေါင်း ဘယ်လောက်ပြောဖြစ်ပါသလဲ”
စကားလုံးများများသိလေ ဦးနှောက်ဖွံ့ဖြိုးမှု ပိုကောင်းလေဆိုတာ မှတ်ထားပေးပါ။

ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်စွမ်းတို့အတွက် အရေးကြီးဆုံးအချက်မှာ မိဘနှင့် ကလေးအကြား အပြန်အလှန် စကားပြောဆိုဆက်သွယ်ခြင်း ဖြစ်
သည်ကို မမေ့ပါနှင့်၊ မိဘနှင့် ကလေးအကြား နွေးထွေးစွာ စကားပြောဆိုပေးခြင်းသည် ကလေး၏ ဘာသာစကားစွမ်းရည်ကိုသာ တိုးတက်စေသည်မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အလွန်အရေးပါသော အခြေခံအုတ်မြစ်ဖြစ်သည်ကိုလည်း
အမြဲမှတ်ထားပေးပါ။

ယနေ့ မိဘက ပြောပေးသော စကားတစ်ခွန်းသည် မနက်ဖြန် ကလေး၏ အတွေးအခေါ်တစ်ခု ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ကလေးဘဝ အစောပိုင်းကာလတွင် သင့်ကလေးကို ချစ်ခြင်းမေတ္တာဖြင့် စကားများများ ပြောပေးရန် တိုက်တွန်းချင်ပါသည်။ ထိုစကားသံများကပင် သူ၏အနာဂတ်ကို လင်းလက်တောက်ပစေမည့် အားအင်များ ဖြစ်လာပါလိမ့်မည်။

( စိုင်းအေး )

————————————

Address

Muse, Northern Shan State
Shan State
06401

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959983006839

Alerts

Be the first to know and let us send you an email when ICTC International & Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ICTC International & Private High School:

Shortcuts

Share

Category