03/09/2026
သရက်ကသီးအားကောင်းသော်လည်းဈေးကွက်မကောင်းအရှုံးဒဏ်မခံနိုင်တော့လို့သွင်းအားစုလျော့ချတဲ့အနေနဲ့ပိုးသတ်ဆေးမဖျန်းအားဆေးမဖျန်းအပင်ခြေလောက်သာပေါင်းရှင်းသဘာဝမြေဆွေးပဲထည့်ပြီးဓါတ်မြေဩဇာလုံးဝမထည့်ပါပထမအကြိမ်ထွက်သမျှသရက်ရွက်နုများကတ်ကြေးကိုက်ပိုးကျလို့ထွက်သမျှအရွက်အကုန်ပြတ်ကျကုန်ပါတယ်ဒုတိယအကြိမ်ရွက်နုအထွက်မှာတော့ပိုးသတ်ဆေးမသုံးတဲ့အတွက်ဖျက်ပိုးတွေကိုစားသောက်မဲ့အကျိုးပြုပိုးမွှားတိရိစ္ဆာန်တွေကြောင့်သဘာဝမျှခြေဖြစ်လာပြီးသရက်ရွက်နုလေးတွေပိုးကိုက်သက်သာလာပါပြီ