Foods Lover, Htet

Foods Lover, Htet ရှမ်းပြည်နယ်ဒေသအသီးသီးကထွက်ရှိတဲ့ လတ်ဆတ်သန့်ရှင်းသော စားသောက်ကုန်များ

05/03/2026

ညဘက် ထမင်းကြော်ဆိုင်တွေမှာ နာမည်ကြီးပြီး ထမင်းကြော်နဲ့ အင်မတန် လိုက်ဖက်လွန်းတဲ့ ဝက်ချိုနှပ် ချက်နည်းကောင်းလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းနှင့် နယ်ဖတ်ရန်
ဝက်သုံးထပ်သား (၃၀ သား): ဆား၊ အရသာမှုန့်၊ တရုတ်မဆလာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ပဲငံပြာရည်အနောက် (၁ ဇွန်း) နှင့် ဂျင်းရည်ညှစ်တို့ဖြင့် နာရီဝက်ခန့် ကြိုတင်နှပ်ထားပါ။

ချက်ပြုတ်နည်း အဆင့်ဆင့်
ဆီသပ်ခြင်း: ကြက်သွန်ဖြူနှင့် ဂျင်းထောင်းထားသည်ကို ထည့်၍ ဆီသပ်ပါ။ ထိုသို့ ဆီသပ်ရာတွင် သစ်ကြမ်းပိုးခေါက် (၁) ချောင်းနှင့် နာနတ်ပွင့် (၂) ပွင့်တို့ကိုပါ တစ်ပါတည်း ထည့်ပေးပါ။

အသားကြော်ခြင်း: ကြက်သွန်ဖြူများ နီရဲပြီး အနံ့မွှေးလာပါက နယ်ထားသော ဝက်သားများကို ထည့်ကြော်ပါ။ အသားများ တင်းလာပြီး အပေါ်ယံ အရောင်တက်လာသည်အထိ ကြော်ပေးရပါမည်။

နှပ်ခြင်း: ဝက်သားများ အရောင်လှလာလျှင် ဒန်အိုးထဲသို့ ပြောင်းထည့်ပါ။ ထို့နောက် ကြက်သွန်နီကြော် (ဟင်းခပ်ဇွန်း ၁ ဇွန်း) ထည့်ပါ။ (ကြက်သွန်နီကြော် မရှိလျှင် အစိမ်းကို ပါးပါးလှီးထည့်နိုင်သော်လည်း အကြော်က ပိုမွှေးပြီး အရသာ ပိုကဲစေပါတယ်)

အရသာဖြည့်စွက်ခြင်း: ရေထည့်ပြီး မီးအေးအေးဖြင့် အသားနူးအောင် မှန်မှန်လေး တည်ထားပါ။ မိမိနှစ်သက်သလို ပဲငံပြာရည်အနောက်၊ ဆား၊ အရသာမှုန့်တို့ကို ထပ်မံဖြည့်စွက်ပါ။ (ဘဲဥပြုတ်ရှိလျှင် တစ်ပါတည်း ရောချက်နိုင်ပါတယ်)

အချောသတ်ခြင်း: ဝက်သားနူးအိလာပါက ကြက်သွန်နီဥသေးလေးများ ထည့်ပေးပြီး ရေခန်းဆီပြန်လာသည်အထိ ချက်ပေးပါ။

အကြံပြုချက်
ညဘက် ထမင်းကြော်ဆိုင်က စားနေကျစတိုင် လိုချင်ပါက ဆီမပြန်ခင် ရေစပ်စပ်လေး ကျန်ချိန်မှာ အိုးချပေးပါ။

နူးညံ့အိစက်နေတဲ့ ဝက်ချိုနှပ်လေးကို သီးစုံပဲကုလားဟင်း၊ ငပိထောင်းစပ်စပ်လေးနဲ့ တွဲဖက်စားသုံးရင်တော့ တကယ့်ကို ရှယ်ပါပဲ။

11/02/2026
07/11/2025
07/11/2025
04/12/2024
25/10/2024
24/10/2024

အသီးအရွက်မကြိုက်တဲ့ ကလေးတို့အတွက် အာဟာရ ပြည့်ဝစေမယ့် Healthy Green Smoothie တစ်ခွက်..

မေမေတို့ရဲ့ သားသားမီးမီးလေးတွေထဲမှာ အသီးအရွက်ကို အမြဲငြင်းနေတဲ့ ကလေးလေးတွေရှိရင်တော့ အသီးအရွက်ကရတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တစ်ခါတည်းရသွားစေနိုင်မယ့် Healthy Green Smoothie လေး တိုက်ပေးဖို့ အကြံပြုလိုက်ပါတယ်။

Healthy Green Smoothie မှာ ဘာတွေထည့်ရမလဲ??
🔹သီးမွှေးငှက်ပျောသီးမှည့် (၂) လုံး
🔹Blueberry Frozen (တစ်ခွက်)
🔹ရေ (သို့) နွားနို့ (ခွက်တစ်ဝက်ခန့်)
🔹ဟင်းနုနွယ် (အရွက်သီးသန့် ရိုးတံများဖယ်ပေးပါ)
🔹ရေခဲ (၈ တုံးခန့်)
🔹ပျားရည် (ထမင်းစားဇွန်း တစ်ဝက်) လိုအပ်ပါတယ်။ ကလေးက အချိုမကြိုက်ဘူးဆိုရင်တော့ ပျားရည်မထည့်လည်း ရပါတယ်။

ပြုလုပ်ပုံ..
🍹ဟင်းနုနွယ်ရွက်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံး ရောကြိတ်ပေးပါ
🍹ရေခဲနဲ့ တခြားပစ္စည်းတွေ သေချာကြေညက်စေဖို့ Blend လုပ်ပေးပါ
🍹အားလုံးကြေညက်သွားမှ ဟင်းနုနွယ်ရွက်ထပ်ထည့်ပြီး ကြိတ်ပေးပါ

ပြီးရင်တော့ အာဟာရရော အရသာပါရှိတဲ့ Healthy Green Smoothie လေးတစ်ခွက်ရပါပြီ။ အရသာ ချိုချဉ်လေးနဲ့ အရွက်စိမ်းနံ့မရလို့ ကလေးတို့ အကြိုက်တွေ့စေမယ့်အပြင် အသီးအရွက်မကြိုက်တဲ့ ကလေးတွေအတွက်လည်း အသီးအရွက်ကရတဲ့ အာဟာရဓာတ်တွေ အပြည့်အဝရစေပါတယ်။

အသီးအရွက်မကြိုက်တဲ့ မေမေတို့ရဲ့ သားသားမီးမီးလေးတွေအတွက် Healthy Green Smoothie တစ်ခွက် မလုပ်ပေးဖူးသေးရင်တော့ ဒီနည်းလမ်းလေးနဲ့ စမ်းကြည့်လိုက်တော့နော်..

Ref: ချက်ပါ ကျွေးပါ မေမေ့လက်ရာ

အကောင်းဆုံးစာအုပ်များဝယ်ရန် > https://bit.ly/3BLsCc1

ချစ်တဲ့ True Learning


#ကလေးစာပေ #ကလေးစာအုပ်

Address

Ye Htwet Oo Street
Taunggyi
06101

Telephone

+959253265985

Website

Alerts

Be the first to know and let us send you an email when Foods Lover, Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Foods Lover, Htet:

Share